World Robot Olympiad Asia Pacific Open Championship Philippines 2025 ပြိုင်ပွဲ တွင် ရှာဖွေ၊ ကယ် ဆယ်ရေး စက်ရုပ်ကား ဖြင့် မြန်မာ အသင်း က ပထမဆုရ

 777

သုတကျော် (NP News) - စက်တင်ဘာ ၂၂
World Robot Olympiad Asia Pacific Open Championship Philippines 2025 ပြိုင်ပွဲ တွင် ရှာဖွေ၊ ကယ်ဆယ်ရေး စက်ရုပ်ကား ဖြင့် မြန်မာအသင်းက ပထမဆုရခဲ့ကြောင်း သိရသည်။
World Robot Olympiad Asia Pacific Open Championship Philippines 2025 ပြိုင်ပွဲကို ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် Future Innovators (Junior) ပြိုင်ပွဲတွင် We Are Genius MYANMAR အသင်းက AI-Powered Search And Rescue Robotic Car ဖြင့် ပထမဆုရခဲ့ခြင်းဖြစ်ပြီး ယင်းဆုကို ပွဲ၏ နောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာလ ၂၁ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းပွဲ ကာလတလျှောက်တွင် ပါဝင်ယှဉ်ပြိုင်သည့် ပစ္စည်းများကိုလည်း အသင်းလိုက် ရှင်းလင်းပြသခဲ့ရာ မြန်မာအသင်း ၏ AI-Powered Search And Rescue Robotic Car ကို လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ကြောင်း သိရသည်။
“Project က AI Powered Search and Rescue Robotic Car - မြန်မာနိုင်ငံ ငလျင်ဒဏ်ခံရလို့ AI သုံးပြီး Robotic Car က အလိုအလျောက် လူနာရှာကယ်ဆယ်ရေးလုပ်မယ့်ပရောဂျက်” ဟု We Are Genius ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြထားသည်။

Zawgyi Version:
World Robot Olympiad Asia Pacific Open Championship Philippines 2025 ၿပိဳင္ပြဲ တြင္ ရွာေဖြ၊ ကယ္ ဆယ္ေရး စက္႐ုပ္ကား ျဖင့္ ျမန္မာ အသင္း က ပထမဆုရ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၂
World Robot Olympiad Asia Pacific Open Championship Philippines 2025 ၿပိဳင္ပြဲ တြင္ ရွာေဖြ၊ ကယ္ဆယ္ေရး စက္႐ုပ္ကား ျဖင့္ ျမန္မာအသင္းက ပထမဆုရခဲ့ေၾကာင္း သိရသည္။
World Robot Olympiad Asia Pacific Open Championship Philippines 2025 ၿပိဳင္ပြဲကို ဖိလစ္ပိုင္ ႏိုင္ငံ၊ မနီလာၿမိဳ႕ ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ ကမာၻ႔ႏိုင္ငံေပါင္း ၄၀ ေက်ာ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္အနက္ Future Innovators (Junior) ၿပိဳင္ပြဲတြင္ We Are Genius MYANMAR အသင္းက AI-Powered Search And Rescue Robotic Car ျဖင့္ ပထမဆုရခဲ့ျခင္းျဖစ္ၿပီး ယင္းဆုကို ပြဲ၏ ေနာက္ဆုံးေန႔ျဖစ္ေသာ စက္တင္ဘာလ ၂၁ ရက္တြင္ ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ယင္းပြဲ ကာလတေလွ်ာက္တြင္ ပါဝင္ယွဥ္ၿပိဳင္သည့္ ပစၥည္းမ်ားကိုလည္း အသင္းလိုက္ ရွင္းလင္းျပသခဲ့ရာ ျမန္မာအသင္း ၏ AI-Powered Search And Rescue Robotic Car ကို လူစိတ္ဝင္စားမႈ ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
“Project က AI Powered Search and Rescue Robotic Car - ျမန္မာႏိုင္ငံ ငလ်င္ဒဏ္ခံရလို႔ AI သုံးၿပီး Robotic Car က အလိုအေလ်ာက္ လူနာရွာကယ္ဆယ္ေရးလုပ္မယ့္ပေရာဂ်က္” ဟု We Are Genius ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.