မော်လမြိုင်တွင် Express ကားတစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးအဆောက်အဦကိုဝင်တိုက်မိ၍ ယာဉ်မောင်းဒဏ်ရာရ

330

သန့်ဇင်(NP News)-စက်တင်ဘာ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် Express ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးအဆောက်အဦကိုဝင်တိုက်မိ၍ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၂၁ရက်)၊ ည ၇နာရီခန့်က မော်လမြိုင်မြို့၊ မော်လမြိုင်-မုဒုံလမ်းမကြီး၊ သာယာကုန်တိုးဂိတ်တွင်တ္င် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက မုဒုံဘက်ကနေ မော်လမြိုင်ဘက်ကိုမောင်းလာပြီး တိုးဂိတ်က မီးတိုင်ကိုဝင်တိုက်ပြီးတော့ ညာဘက်မှာရှိတဲ့ နေအိမ်ကို ဝင်တိုက် တာ။ အဲဒီမှာ ဒရိုက်ဘာဘက်ခြမ်းက ဝင်တိုက်မိတော့ သူကညှပ်သွားတာ။ သူ့ရဲ့တည့်တည့်ကိုဝင်တိုက်တာ”ဟု ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ (၂)ဦးအနက် အသက် (၅၀) ဝန်းကျင် ယာဉ်မောင်းတွင် ခါးအောက်ပိုင်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းက အသက် (၅၀) ဝန်းကျင်ပါ။ ဘယ်လိုဒဏ်ရာတွေရသွားလဲဆိုတော့ အောက်ပိုင်းတော့ထိသွားတယ်။ စီယာတိုင်နဲ့ ညှပ်သွား တာ”ဟု ၎င်းကဆိုသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေမာ္လၿမိဳင္တြင္ Express ကားတစ္စီး ဘရိတ္ေပါက္ကာ လမ္းေဘးအေဆာက္အဦကိုဝင္တိုက္မိ၍ ယာဥ္ေမာင္းဒဏ္ရာရ
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၂
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ Express ယာဥ္တစ္စီး ဘရိတ္ေပါက္ကာ လမ္းေဘးအေဆာက္အဦကိုဝင္တိုက္မိ၍ ယာဥ္ေမာင္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာ ၂၁ရက္)၊ ည ၇နာရီခန႔္က ေမာ္လၿမိဳင္ၿမိဳ႕၊ ေမာ္လၿမိဳင္-မုဒုံလမ္းမႀကီး၊ သာယာကုန္တိုးဂိတ္တြင္တ္င္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူက မုဒုံဘက္ကေန ေမာ္လၿမိဳင္ဘက္ကိုေမာင္းလာၿပီး တိုးဂိတ္က မီးတိုင္ကိုဝင္တိုက္ၿပီးေတာ့ ညာဘက္မွာရွိတဲ့ ေနအိမ္ကို ဝင္တိုက္ တာ။ အဲဒီမွာ ဒ႐ိုက္ဘာဘက္ျခမ္းက ဝင္တိုက္မိေတာ့ သူကညႇပ္သြားတာ။ သူ႔ရဲ႕တည့္တည့္ကိုဝင္တိုက္တာ”ဟု ဘိုဘိုဝင္းအေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ကားေပၚတြင္လိုက္ပါလာသူ (၂)ဦးအနက္ အသက္ (၅၀) ဝန္းက်င္ ယာဥ္ေမာင္းတြင္ ခါးေအာက္ပိုင္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ယာဥ္ေမာင္းက အသက္ (၅၀) ဝန္းက်င္ပါ။ ဘယ္လိုဒဏ္ရာေတြရသြားလဲဆိုေတာ့ ေအာက္ပိုင္းေတာ့ထိသြားတယ္။ စီယာတိုင္နဲ႔ ညႇပ္သြား တာ”ဟု ၎ကဆိုသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားအား ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။