မင်းတုန်းမင်းနတ်ပြည်စံသက် (၁၄၇)နှစ်မြောက်အဖြစ် မတကဘတ်ပွဲ ပြုလုပ်မည်

 794

ချယ်ရီ (NP News) - စက်တင်ဘာ ၂၂
မန္တလေး ရတနာပုံမြို့တည်၊ နန်းတည် မင်းတုန်းမင်း၏ နတ်ပြည်စံသက် (၁၄၇ )နှစ်မြောက် အဖြစ် မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်းဘောင်ဆက် အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ်တင်အောင်က NP News ကို ပြောသည်။
လာမည့် စက်တင်ဘာလ (၂၇) ရက်တွင် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းမြို့ ၌ နံနက် (၈)နာရီတွင် ဓမ္မသဘင် တရားပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နံနက်(၁၁)နာရီ၌ အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ရေစက်ချ အမျှဝေခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ထူးထူးခြားခြားက အဲဒီဟာပဲပေါ့။ နန်းတွင်းထဲမှာ ဓမ္မသဘင်ပါမယ်။ အဲဒီမှာပဲ အမျှဆက်မယ်။ ပြီးရင်တော့ ရေစက်ချပွဲအခမ်းအနားကြီးက ရွှေကျင်တိုက်မှာ လုပ်မယ်။ ဒါကတော့ မင်းတုန်းမင်းကြီး နတ်ပြည်စံတဲ့ရက်ပေါ့။ မင်းတုန်းမင်းကိုပဲ ဦးတည်တာပေါ့။ ဒါပေမဲ့ အမျှဝေတာကတော့ မင်းတုန်းမင်းကို အကြောင်းပြုပြီးတော့ ကျန်တဲ့ ကွယ်လွန်ပြီးကြကုန်တဲ့ သူအားလုံးကို အမျှဝေတာပေါ့” ဟု ၎င်းက ဆိုသည်။
ထို မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲသည် ကုန်းဘောင်ဆက် မောင်နှမများ ဝိုင်းဝန်းစုပေါင်း ပံ့ပိုးကူညီမှုဖြင့် (၁၁) ကြိမ်မြောက် အခမ်းအနားဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မင္းတုန္းမင္းနတ္ျပည္စံသက္ (၁၄၇)ႏွစ္ေျမာက္အျဖစ္ မတကဘတ္ပြဲ ျပဳလုပ္မည္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၂
မႏၲေလး ရတနာပုံၿမိဳ႕တည္၊ နန္းတည္ မင္းတုန္းမင္း၏ နတ္ျပည္စံသက္ (၁၄၇ )ႏွစ္ေျမာက္ အျဖစ္ မတကဘတ္ ဆြမ္းဆက္ကပ္လႉဒါန္းပြဲကို က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ကုန္းေဘာင္ဆက္ အႏြယ္ေတာ္တစ္ဦးျဖစ္သူ ကိုထိပ္တင္ေအာင္က NP News ကို ေျပာသည္။
လာမည့္ စက္တင္ဘာလ (၂၇) ရက္တြင္ မႏၲေလးၿမိဳ႕ရွိ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္၊ နန္းၿမိဳ႕ ၌ နံနက္ (၈)နာရီတြင္ ဓမၼသဘင္ တရားပြဲ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး နံနက္(၁၁)နာရီ၌ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ မဟာဓမၼိကာရာမ ေ႐ႊက်င္တိုက္မႀကီးတြင္ ဆြမ္းကပ္လႉဒါန္းျခင္းႏွင့္ ေရစက္ခ် အမွ်ေဝျခင္းတို႔ကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ထူးထူးျခားျခားက အဲဒီဟာပဲေပါ့။ နန္းတြင္းထဲမွာ ဓမၼသဘင္ပါမယ္။ အဲဒီမွာပဲ အမွ်ဆက္မယ္။ ၿပီးရင္ေတာ့ ေရစက္ခ်ပြဲအခမ္းအနားႀကီးက ေ႐ႊက်င္တိုက္မွာ လုပ္မယ္။ ဒါကေတာ့ မင္းတုန္းမင္းႀကီး နတ္ျပည္စံတဲ့ရက္ေပါ့။ မင္းတုန္းမင္းကိုပဲ ဦးတည္တာေပါ့။ ဒါေပမဲ့ အမွ်ေဝတာကေတာ့ မင္းတုန္းမင္းကို အေၾကာင္းျပဳၿပီးေတာ့ က်န္တဲ့ ကြယ္လြန္ၿပီးၾကကုန္တဲ့ သူအားလုံးကို အမွ်ေဝတာေပါ့” ဟု ၎က ဆိုသည္။
ထို မတကဘတ္ ဆြမ္းဆက္ကပ္လႉဒါန္းပြဲသည္ ကုန္းေဘာင္ဆက္ ေမာင္ႏွမမ်ား ဝိုင္းဝန္းစုေပါင္း ပံ့ပိုးကူညီမႈျဖင့္ (၁၁) ႀကိမ္ေျမာက္ အခမ္းအနားျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.