“ကျောက်မဲကို တပ်က ဝင်မယ်ဆို ပြန်လည်ထူထောင်ဖို့ ပြည်သူတွေက ကူညီမှာပဲ”

 2561

သုတကျော် (NP News) - စက်တင်ဘာ ၂၃

TNLA လက်တွင်းကျရောက်ခဲ့ရသောကျောက်မဲမြို့သည် ကာလအချို့ကြား ၎င်းတို့၏အုပ်ချုပ်မှု အောက်တွင် နေထိုင်နေကြရသည်။ သို့သော် ယင်းတို့၏ အရပ်ဘက်အုပ်ချုပ်ရေးမှာ မည်ကာမတ္တဖြစ်ပြီး ပြည် သူများအတွက် မဆွဲဆောင်နိုင်ခဲ့ပေ။ ထို့ပြင် လူမျိုးကြီးဝါဒဆန်ဆန် ပလောင်စာကို အများသုံး ဖြစ် ရန် လုပ်ဆောင်လာခဲ့သေးသည်။ လက်ရှိတွင်မူ တပ်မတော်က နောင်ချိုမြို့ကို ထိုးစစ်ဆင်နေပြီဖြစ် သည်။ အရှုံးဘက် ရောက်နေသော TNLA တို့ကလည်း နောက်ဆုံးမီးစာ ထတောက်သည့်သဖွယ် ပြည်သူ များကို ဒလန်ဟု ခေါင်းစဉ်တပ်ကာ သွေးရူးသွေးတမ်းဖမ်းဆီးနေပြန်သည်။ ယင်းအခြေအနေများနှင့် ပတ် သက်၍ စက်တင်ဘာလ (၁၆) ရက်တွင် ကျောက်မဲမြို့မှတိမ်းရှောင်လာသောဒေသခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - လက်ရှိ အခုနောက်ဆုံး တိုက်ပွဲမဖြစ်ခင်ပေါ့လေ။ ပလောင်လက်အောက်က ကြားကာလမှာ ကျောက်မဲမြို့ စီးပွားရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - အဆိုးကြီးတော့ မဟုတ်ဘူး။ ပုံမှန်လောက်ပါပဲ။ တိုက်ပွဲဖြစ်တာနဲ့ ကိုဗစ်ဖြစ်တာနဲ့ဆိုတော့ အရင်တုန်း ကလိုတော့ မကောင်းဘူးပေါ့။

မေး - ကိုဗစ်မဖြစ်ခင်၊ တိုက်ပွဲမဖြစ်ခင်ကကော။
ဖြေ - ကောင်းတာပေါ့။ အကောင်းဆုံးတွေပေါ့။ လမ်းပန်းဆက်သွယ်ရေးကအစ ကောင်းတယ်။ စိုက်ပျိုး တာတွေလည်းကောင်းတယ်။ ကျောက်မဲက အဓိက လက်ဖက်ထွက်တာလေ။ လက်ဖက်တွေ ဘာတွေ လည်းကောင်းတယ်။

မေး - ကိုဗစ်ကာလတုန်းကကော ကျောက်မဲမြို့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - ဆိုင်တိုင်းပိတ်ရတယ်။ အဲဒီတုန်းကလည်း လူတော်တော်များများကလည်း အဆင်မပြေကြဘူး။ ခက်ခဲကြတယ်။ ဘာလို့လဲဆိုတော့ အပြင်ထွက်လို့မရ ဘူးလေ။ ကုန်စည်ကူးသန်းမှုတွေလည်းမရှိတော့ အဆင်မပြေဘူးပေါ့။ ကားဂိတ်တွေ လိုင်းကားတွေ အကုန်ပိတ်တော့လေ။

မေး - ကိုဗစ်အပြီး တိုက်ပွဲမဖြစ်ခင်ကြားကာလမှာကော မြို့အခြေအနေက ဘယ်လိုရှိခဲ့ပါသလဲ။ အဲဒီ တုန်းက စီးပွားရေး နာလန်ပြန်ထူနေပြီလား။
ဖြေ - နာလန်ထူခါစပဲရှိဦးမယ်။ နဂိုအတိုင်း ပြန်မဖြစ်သေးဘူး။ မဖြစ်သေးခင်မှာပဲ ဒီဟာကဖြစ်တော့ ပိုဆိုး သွားတယ်။

မေး - ကျောက်မဲမှာ တိုက်ပွဲမဖြစ်ခင်က သတင်းကြားရတာရှိလား။
ဖြေ - ကြားတယ်။ ကြားနေတာ ဒါပေမဲ့ ပထမတစ်ခါ ကြား မဖြစ်ခဲ့ဘူး။ ဒုတိယ တစ်ခါကြားလည်းမဖြစ်ဘူး။ တတိယတစ်ခါကြားလည်း မဖြစ်ဘူး။ ကြားနေရတာပဲ။ ရှစ်သုံးလုံးတွေ ဂဏန်းလှတဲ့နံပါတ်ရက်တွေ သတိထား ဘာညာတော့ပြောကြတယ်ပေါ့နော်။ နောက်ဆုံး မထင်မှတ်တဲ့ (၂၅) ရက် (၆) လပိုင်း (၂၀၂၄) မှာ စဖြစ်တာပဲ။

မေး - တိုက်ပွဲမဖြစ်ခင်က ကိုယ်မြို့ကို စစ်ရောက်လာမယ်လို့ ကြိုတွေးခဲ့မိလား။
ဖြေ - ထင်တယ်။ ထင်တယ်ဆိုတာက တော်တော်များများပြောနေကြတာက ကျောက်မဲမှာမဖြစ်ပေမယ့် နားစွန်နားဖျား ကြားမိကြတယ်ပေါ့နော်။ ရှမ်းမြောက် ဘက်ကဖြစ်ခဲ့ပြီးတော့ ကျောက်မဲလည်းဖြစ်လာ နိုင်တဲ့အခြေအနေရှိတာ လူတိုင်းသိနေကြတာ။ တကယ် ဖြစ်တော့လည်း ဝုန်းဒိုင်းဖြစ်တာ။ မနက်ပိုင်း ကြီးမှာ လက်နက်သံတွေစကြားတာပေါ့နော်။ ရုတ်တရက် ဖြစ်လာတာပေါ့။

မေး - တိုက်ပွဲစဖြစ်တုန်းကခံစားမှုကို နည်းနည်း ပြန်ပြောပြပေးပါလား။
ဖြေ - စစချင်းဖြစ်တုန်းကတော့ ဝေးသေးတယ်ဆိုတော့ သိပ်မဖြစ်ဘူး။ ကိုယ့်ရပ်ကွက်ထဲလာကျပြီ ဆိုတော့ ကြောက်တာပေါ့နော်။ မပြေးဘဲနဲ့လည်း မနေနိုင်ဘူးလေ။ တဒုန်းဒုန်း တဒိုင်းဒိုင်းနော်။ အကုန် ပြေးကြတာပဲ။ ကြောက်တာပေါ့။ ဒရုန်းသံ၊ လေယာဉ် သံကြားရင် ကယောင်ချောက်ချားဖြစ်တာပဲ။

မေး - ပြေးဖို့အတွက် ကြိုစီစဉ်ထားတာကောရှိလား။
ဖြေ - မရှိဘူးလေ။ အဲဒီလောက်အထိလည်းဖြစ်မယ်လို့ ဘယ်သူမှတော့မသိဘူးပေါ့နော်။ တကယ်ဖြစ်လာ တော့ ပြေးရတာပေါ့။

မေး - ပြေးတော့ ကနဦးမှာ ဘယ်တွေကိုပြေးခဲ့ကြရလဲ။
ဖြေ - အဲဒီတုန်းကတော့ ရွာတွေပဲပြေးတာ။ ဆီဆိုင်တွေက အစပိတ်ပြီ။ တခြားမြို့ရွာကိုပြေးမယ်ဆို စက် သုံးဆီကမရတော့ဘူး။ အကန့်အသတ်နဲ့ရတာ။ တကယ်ခက်ခဲပါတယ်။ တခြားမြို့တွေရှောင်တာလည်း သိပ်မချိန်ဘူး။ ရပ်ရွာတွေလည်းပြည့်ကုန်ပြီ။ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင် တွေ ကများလာတော့ သောက်ရေတွေ၊ သုံးရေတွေ မလုံလောက်တော့ နီးစပ်ရာအဆင်ပြေရာကို နောက် ပိုင်း ပြေးရတာ။ အစက ကြာမယ်မထင်ခဲ့ဘူး။

မေး - နှစ်ပိုင်းမေးချင်ပါတယ်။ စစ်ဘေးရှောင်တဲ့ အပိုင်းပေါ့လေ။ ဘယ်လို အခက်အခဲကြုံရပါသလဲ။
ဖြေ - အများကြီးကြုံရတယ်။ အခုနောက်ပိုင်း ပြေးတဲ့သူတွေက ကြိုတင်ပြင်ဆင်လို့ရတယ်။ ကျွန်မတို့ တုန်းက ရုတ်တရက်ပြေးတာဆိုတော့ ဘာမှမယူခဲ့ ရဘူးလေ။ သူများမြို့၊ သူများရွာမှာ အဆင်ပြေတယ် ဘယ်ရှိမှာလဲ။ အခက်အခဲကအများကြီးရှိတယ်။ တစ်ခုရှိတာက အခု နောက်ဆုံးပြေးတာကတော့ ပိုဆိုး သွားတယ်။ လူဦးရေက အရမ်းများသွားပြီ။ မြို့ထဲက (၉၀) ရာခိုင်နှုန်းလောက် ပြေးနေကြပြီဆိုတော့ လားရှိုးမှာ အများဆုံးပြေးတာ။ လက်ရှိဖြစ်ချိန်မှာ လေ။ တောရွာတွေမှာလည်း ထောင်နဲ့ချီပြေးတာ ရှိ တယ်။ စစ်ရှောင်အလှူရှင်ကလည်း အရင်လို မနိုင်တော့ဘူး။ ရက်ရှည်လာတယ်၊ လူဦးရေကလည်း များ တယ်။ စစ်ရှောင်စခန်းကအရမ်းများလာတယ်။ ကျောက်မဲနယ်ထဲမှာ စစ်ရှောင်စခန်းက (၅၄) နေရာရှိ တယ်။ လားရှိုးဘက်တို့ တခြားသွားတာ မဟုတ်သေးဘူး။ နောင်ပိန်နဲ့အတွင်းထဲမှာပဲ။ ရွာ သေးသေး မွှားမွှားလေးတွေကအစပေါ့။ စားနပ်ရိက္ခာတွေ တအား ဒုက္ခရောက်တာ။ ပရဟိတအဖွဲ့တွေရှိတယ်။ ဒါပေမဲ့လည်း မလုံလောက်နိုင်ဘူး။ အခက်အခဲအများကြီး ရှိတယ်။

မေး - ကျောက်မဲမှာ လက်ရှိ လူနည်းသွားတာပေါ့။
ဖြေ - (၁၀)ရာခိုင်နှုန်းလောက်တော့ရှိဦးမယ်ထင်တယ်။

မေး - ဒုတိယပိုင်းက ကျောက်မဲမှာ ပလောင်တွေဝင်ပြီး အုပ်ချုပ်တဲ့ကာလပေါ့။ သူတို့ဖော်ဆောင်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးကို ဒေသခံတွေ လက်ခံကြလား။
ဖြေ - တကယ်တမ်းပြောရမယ်ဆိုရင် လက်မခံဘူး။ ဒါပေမဲ့ နီးရာဓားကြောက်ရတာလေ။ အလျဉ်းသင့်သ လိုနေပေးရတာပေါ့။ ကြိုက်လားဆိုတော့ မကြိုက်ဘူး လေ။ မဖြစ်မနေတော့ သူတို့နဲ့အတူနေရတာပေါ့။

မေး - သူတို့ ခေတ်ကောင်းတုန်းဆိုပါစို့။ ပလောင် တွေခေတ်ကောင်းနေတုန်းက ကျောက်မဲမြို့အခြေအ နေကို နည်းနည်း ပြန်ပြောပေးလို့ရမလား။
ဖြေ - သူတို့လည်း တကယ်တမ်းက ဌာနဆိုင်ရာပိုင်းကျ လည်ပတ်နိုင်တာမရှိဘူး။ မျက်နှာကြီး မျက်နှာ ငယ် ရှိတယ်။ ဥပဒေအတိုင်းမရှိဘူး။ သူတို့ထုတ်ထားတဲ့ ဥပဒေအတိုင်းမရှိဘူး။ ထင်ရာစိုင်းတယ်။

မေး - မျက်နှာကြီး မျက်နှာငယ် ဆိုတာကျတော့။
ဖြေ - သူတို့နဲ့သိရင်သိသလိုပေါ့။ သိရင် အခွင့်သာတာပေါ့။ အခုနောက်ပိုင်း စတားလင့်ပဲသုံးရတယ်လေ ဖုန်းလိုင်းမဆင်မပြေတော့။ စတားလင့်ကလည်း လေယာဉ် ခဏခဏဗုံးကြဲလို့ ဒရုန်းတွေနဲ့ ကြဲလို့ဆိုပြီး သိမ်းတယ်။ ပေးမယ်ဆိုအကုန်ပြန်ပေး။ သိမ်းရင်လည်း အကုန်သိမ်း။ အခုက သူတို့လူမျိုးတစ်စုက သုံး လို့ရတယ်။ စစချင်းဝင်တုန်းက စတားလင့်ဆိုတာ သိန်းရာဂဏန်းအထိ ရှိတယ်လေ။ ဒီအတိုင်း သိမ်း သွားတာ။ ပြန်ရတဲ့သူရှိသလို မရတဲ့သူလည်းအများကြီးပဲ။ တချို့ကျ သုံး၊ လေး၊ ငါး သိန်းနဲ့ ရွေးယူလို့ရ တယ်။ တချို့ကျတော့လည်းမရဘူး။ သိမ်းသွားတည်းက အစအနကိုမရဘူး။ သူတို့ရုံးကို အခါက်ပေါင်း များစွာ သွားလည်းမရဘူး။ ဟိုလူကြီးမရှိတာ၊ ဒီလူကြီး ခရီးထွက်တာ ခေါင်းစဉ်အမျိုးမျိုးပြပြီး မရတာ လည်း အများကြီးရှိတယ်။ လက်ရှိဖြစ်နေတာက ပိုဆိုးတယ်။

မေး - ဘယ်လိုဆိုးတာလဲ။
ဖြေ - လူကို ပေါ်တာဆွဲတာလေ။ လူဆွဲတာပေါ့။ လက်ဖက်ရည်ဆိုင်ထဲအထိဝင်ဆွဲတယ်။ တစ်အိမ် တက်တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းတွေ စစ်တယ်။ (၅/)တွေ၊ (၉/)တွေ မှတ်ပုံတင်ကိုင်တာ ဖမ်း တယ်။ အစောပိုင်းကလေ။ ကျွန်မတို့ဆီက လက်လုပ်လက်စားတွေများတယ်။ ပြည်မဘက်ကနေ ကြက်ခြံသွားစောင့်တာတို့၊ ဒါမှမဟုတ် သူများလက် ဖက်ခြံစောင့်တာတို့၊ လမ်း၊ တံတား ဆောက်လုပ် ရေးမှာ အလုပ်သမားလုပ်ပြီးနေတာတွေ ဒါမျိုး အများကြီး ရှိတယ်။ အဲဒီလူတွေကို ဆွဲခေါ်တယ်။ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းမှာ TNLA ဘက်က သူတို့ အခုလိုဖမ်းတာကို သတင်းမှားလို့ပြောတယ်။ ဒီသတင်း ရေးတဲ့ ပြည်ပရောက်မီဒီယာကိုလိပ်မူပြီး စာပို့တာလည်း မြင်ရတယ်။ ဆိုတော့ ပလောင်အဖွဲ့ဘက်က ဒီဟာကို မလုပ်သယောင်ပြောနေတာမြင်ရပါတယ်။
ဖြေ - DVB ရေးတဲ့သတင်းတောင် မြေပြင်မှာ လက်ရှိကြုံတွေ့နေရတာလောက်ကို မပြည့်စုံတာ။ လက် ရှိက မြေပြင်မှာ အဲဒီထက်ဆိုးတယ်။

မေး - မြို့ကနေ အများဆုံးပြေးတယ်ဆိုတာက ဒါကော တစ်ချက်ပါလား။
ဖြေ - ပါတာပေါ့။ အခုဆို ရှမ်းမှတ်ပုံတင် (၁၃/)က အစ အရွယ်ကောင်းတဲ့ကလေးတွေဆို မနေရဲတော့ ဘူးရှောင်ကြပြီ။

မေး - ဖမ်းပြီးရင် ဘာလုပ်တာလဲဆိုတာကောသိရလား။
ဖြေ -အတိအကျတော့မသိရဘူး။ တချို့ကျတော့ လည်း တူ၊ သား တစ်ယောက်ယောက်ပါရင် လိုက် တယ်။ သူတို့ ထွေအုပ်ရုံးခေါ်မှာပေါ့။ လိုက်ရင် သူတို့ က မသိဘူး ဘူးခံတယ်။ မသိဘူးဆို ကာယကံရှင်က ဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိ။ သတင်းအစအန လည်း မသိ။ ပျောက်ချင်းမလှပျောက်နေတာပဲ။ မနေ့ ကတော့ တစ်ယောက်ကပြောလာတယ်။ ဖမ်းသွားတဲ့သူတွေကို မန်တုံဘက်ကို ဆယ့်နှစ်ဘီးကားနဲ့ ခေါ် သွားတယ်ပေါ့နော်။ အဲဒီလိုတော့ ပြောတာကြားတယ်။

မေး - ဘာကြောင့် ဖမ်းတယ်လို့ပြောလဲဗျ။
ဖြေ - သူတို့ အကြောင်းပြချက်ကတော့ စစ်ပြေးပေါ့ နော်။ PDF စစ်ပြေးတွေ ဘာညာ၊ တပ်က ဒလန် လွှတ်တယ်ဆိုတာသိလို့ လိုက်ဖမ်းတယ်ပေါ့။ မသင်္ကာတဲ့သူ အကုန်ဆွဲခေါ်သွားတာ။

မေး - သူတို့ ဒလန်လို့ပြောတဲ့သူကကော ဒလန်လို့ထင်လား။
ဖြေ - အယောက်တိုင်းစေ့တော့ ကျွန်မ မသိပေမယ့် တချို့တလေတော့ သိတယ်။ သိတဲ့အထဲမှာ အဲဒီလို မရှိပါဘူး။ မျက်နှာစိမ်းလည်းသိပ်မရှိဘူး။ (၁၃/) မဟုတ်ပေမယ့် ကျောက်မဲမှာ လက်လုပ်လက်စားလာ လုပ်နေတာ တချို့ဆို အိမ်ထောင်ကျရင်း သားသမီး မြေးတွေတောင်ရနေပြီ။ လူစိမ်းမဟုတ်တော့ဘူးလေ။ မသိ၊ မခင်ပေမယ့် မျက်နှာစိမ်းမဟုတ်တော့ဘူးလေ။ အဲဒါတွေကအစ အကုန်ဆွဲခေါ်တာပဲ။

မေး - အခုဆိုရင် ကျောက်မဲမှာလည်း လူနည်းသွားပြီ။ ကျောက်မဲမြို့ပတ်ဝန်းကျင်က တိုက်ပွဲတွေဟာ ပြင်း ထန်နေလား။
ဖြေ - ပြင်းထန်တယ်။ ကျောက်မဲနဲ့ ငါးမိုင်၊ ဆယ်မိုင် တွေမှာဆို တော်တော်ပြင်းထန်တယ်။ နေ့စဉ်ရက် ဆက် အခုထိလည်း တဝုန်းဝုန်းကြားနေတုန်းပဲ။ လက်နက်ကြီးသံလည်းကြားတယ်။ လေယာဉ်သံ လည်း ကြားတယ်။ ဒရုန်းတွေနဲ့လည်းချတယ်။

မေး - တပ်က လေကြောင်းပစ်ကူသုံးပြီး လူမနာအောင်တိုက်နေတယ်လို့ ပြောနိုင်မလား။
ဖြေ - ဟုတ်တယ်။ အဲဒီနားကဒေသခံတွေလည်း အဲဒီလိုပြောကြတယ်။

မေး - ပလောင်ဘက်မှာ အရင်က အောင်စိတ်ရှိတယ်ပေါ့လေ။ အခုကျတော့ ပလောင်အဖွဲ့ အနေအထား ဘက် ဘယ်လိုမြင်ရလဲ။
ဖြေ - သူတို့ လက်အောက်ခံငယ်သားတွေကတော့ စိတ်ဓာတ်ကျမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့လူတွေ က သေနေတာကိုး။ အထက်လူတွေတော့ မပြောတတ်ဘူးပေါ့နော်။

မေး - သူတို့ဘက်ကဝင်တိုက်နေတဲ့ PDF တွေ ဘက်ကော ဘယ်လိုထင်လဲ။
ဖြေ - မလွန်ဆန်နိုင်လို့လုပ်နေတယ်လို့ ကျွန်မထင် တယ်။ တကယ်တမ်းကျတော့ သူတို့လည်း ပြီးဆုံး ချင်ပြီ၊ အေးချမ်းချင်ပြီထင်တယ်။ ဘာလို့ဆို ပြေးတဲ့ သူလည်း အများကြီးရှိတာပဲလေ။

မေး - အစ်မအနေနဲ့ ပလောင်လက်အောက်အကြောင်းလည်း သိတယ်။ အစိုးရလက်အောက်အကြောင်း လည်းသိတာဆိုတော့ ဘာကွာတယ်ထင်လဲ။ အစ်မဆို ဘယ်အစိုးရအောက်နေချင်လဲ။
ဖြေ - အများကြီးကွာတာပေါ့။ မိုးနဲ့မြေ (ရယ်လျက်)။

မေး - ဘယ်လိုကွာတာလဲ။
ဖြေ - ပလောင်ကျတော့ သူတို့မှာ အတွေ့အကြုံမရှိ ဘူး။ ပညာတတ်လည်းနည်းတယ်လေ။ အုပ်ချုပ်မှု ပိုင်းမှာ ဘယ်လိုမှအဆင်မပြေဘူး။ ပလောင်ကျတော့ လူ မျိုးကြီးဝါဒလို့ပြောရမယ်။ သူတို့ပြည်နယ်လို့ မသတ်မှတ်ရသေးတဲ့ဒေသတွေမှာ ပလောင်စာ၊ ပလောင် အလံတွေအကုန်လုံး။ အုပ်ချုပ်ရေးစာတွေ အကုန်ခွာချပြီး သူတို့စာ၊ သူတို့အလံ အကုန်လုပ်ပြီးပြီ။ ရှမ်းစာတွေဆိုလည်း အကုန်ဖြုတ်ပြီးပြီ။ အဲဒီလို ကျတော့ မကောင်းဘူးလေနော်။ တရားဝင်သတ်မှတ်ထားတာ မရှိသေးဘဲနဲ့ မိုက်ရူးရဲဆန်လုပ်တာကို ပြည်သူတွေလည်း မကြိုက်ကြဘူး။ ရှမ်းပြည်နယ်မှာနေတယ်ဆိုပေမယ့် ရှမ်းမှပဲ မဟုတ်ဘူးလေ။ ဒါပေမဲ့ ရှမ်းစိတ်တော့ ရှိရမယ်လေ။ ရှမ်းအမျိုးစိတ်ဆိုတာ ရှိကြတာပဲလေနော်။ ရှမ်းမှ မဟုတ်ဘူး ဘယ်သူက ကောင်း၊ မကောင်း ဆိုတာသိကြတာလေ။

မေး - လမ်းဆိုင်းဘုတ်တွေကော အကုန်ပြောင်းတာလား။
ဖြေ - ဟုတ်တယ်။ စည်ပင်ပိုင်းဆိုင်ရာက အစ အမှိုက်မပစ်ရဆို မြန်မာစာကအောက်က။ သူတို့ ပလောင် စာက အပေါ်မှာ။ သုံးဘာသာလုပ်ထားတာ။ ဒုတိယအကြောင်းက မြန်မာစာ အမှိုက်မပစ်ရပေါ့။ အောက် ဆုံးမှာ အင်္ဂလိပ်လိုရေးထားတာ။ ဘယ်နေ ရာမဆို ပလောင်စာထိပ်ဆုံးက။ အကုန်လုံး။ ပလောင် စာကို အဓိကလုပ်ထားတာ။

မေး - ရှမ်းတစ်ယောက်အနေနဲ့ ကိုယ့်မြို့မှာ ဒီလိုလာ လုပ်တာ ဘယ်လိုခံစားရလဲ။
ဖြေ - လုံးဝမကြိုက်ဘူး။ တနုံ့နုံ့ပဲ။ လွန်ဆန်နိုင်လား ဆိုတော့ အခုလက်ရှိလည်း ဘာမှမတတ်နိုင်ဘူး။ နိုင်ရာဓားလည်း ကြောက်ရတယ်။ ဘယ်သူမှ မကြိုက် ဘူး။ ကျွန်မ ရှမ်းဆိုတော့ထားပါတော့ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ဘယ်သူမှမကြိုက်ဘူး။

မေး - ပလောင်အချင်းချင်းကော ကြိုက်ကြလား။
ဖြေ - တချို့ပလောင်လူမျိုးတွေ လက်မခံဘူး။ ဘာ လို့လဲဆိုတော့ တချို့ပညာတတ်တဲ့သူတွေလည်းရှိ တယ်။ တရားမျှတမှု ကြည့်တတ်မယ်ဆို ကြိုက်တဲ့သူ မရှိဘူး။ သူတို့လူမျိုးအချင်းချင်းလည်း မကြိုက် ဘူး။ ဘာလို့ဆို ပေါ်တာဆွဲတာမဖြစ်ခင်တည်းက သူတို့လူ မျိုးအချင်းချင်းပေါ်တာဆွဲတာက ပြင်းပြင်း ထန်ထန်ကို လုပ်ခဲ့တာဆိုတော့လေ။ ပလောင်အချင်းချင်းကိုက မကြိုက်တာ။

မေး - ကျောက်မဲကို တပ်မတော်ကပြန်သိမ်းပြီးရင် ထူထောင်ရတာလွယ်မယ်ထင်လား။ အချိန်ဘယ် လောက် ပြန်ယူရမလဲ။
ဖြေ - အစိုးရလုပ်ပေးရင်တော့ လွယ်ပါတယ်။ မဖြစ်ဘူးဆိုတာမရှိပါဘူး။ ဖြစ်အောင်လုပ်ရင်တော့ဖြစ်မှာ ပဲ။ လွယ်မှာပဲလေ။ ပြည်သူတွေကလည်း သူတို့တတ် နိုင်တဲ့အားနဲ့ ကူညီပေးကြမှာပဲ။ ဘာလို့ဆို အခုက ပလောင်ကို ဘယ်သူမှမကြိုက်ကြဘူး။ သူတို့ကို အားပေးထောက်ခံတဲ့သူဆိုတာလည်း မရှိတော့ဘူး။ အဲဒါကြောင့် တပ်ကပြန်ဝင်လာမယ်ဆို ပြန်လည်ထူထောင် ရေးမှာ ပြည်သူတွေက ကူညီမှာပဲ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
“ေက်ာက္မဲကို တပ္က ဝင္မယ္ဆို ျပန္လည္ထူေထာင္ဖို႔ ျပည္သူေတြက ကူညီမွာပဲ”
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၃
TNLA လက္တြင္းက်ေရာက္ခဲ့ရေသာေက်ာက္မဲၿမိဳ႕သည္ ကာလအခ်ိဳ႕ၾကား ၎တို႔၏အုပ္ခ်ဳပ္မႈ ေအာက္တြင္ ေနထိုင္ေနၾကရသည္။ သို႔ေသာ္ ယင္းတို႔၏ အရပ္ဘက္အုပ္ခ်ဳပ္ေရးမွာ မည္ကာမတၱျဖစ္ၿပီး ျပည္ သူမ်ားအတြက္ မဆြဲေဆာင္ႏိုင္ခဲ့ေပ။ ထို႔ျပင္ လူမ်ိဳးႀကီးဝါဒဆန္ဆန္ ပေလာင္စာကို အမ်ားသုံး ျဖစ္ ရန္ လုပ္ေဆာင္လာခဲ့ေသးသည္။ လက္ရွိတြင္မူ တပ္မေတာ္က ေနာင္ခ်ိဳၿမိဳ႕ကို ထိုးစစ္ဆင္ေနၿပီျဖစ္ သည္။ အရႈံးဘက္ ေရာက္ေနေသာ TNLA တို႔ကလည္း ေနာက္ဆုံးမီးစာ ထေတာက္သည့္သဖြယ္ ျပည္သူ မ်ားကို ဒလန္ဟု ေခါင္းစဥ္တပ္ကာ ေသြး႐ူးေသြးတမ္းဖမ္းဆီးေနျပန္သည္။ ယင္းအေျခအေနမ်ားႏွင့္ ပတ္ သက္၍ စက္တင္ဘာလ (၁၆) ရက္တြင္ ေက်ာက္မဲၿမိဳ႕မွတိမ္းေရွာင္လာေသာေဒသခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - လက္ရွိ အခုေနာက္ဆုံး တိုက္ပြဲမျဖစ္ခင္ေပါ့ေလ။ ပေလာင္လက္ေအာက္က ၾကားကာလမွာ ေက်ာက္မဲၿမိဳ႕ စီးပြားေရးအေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ - အဆိုးႀကီးေတာ့ မဟုတ္ဘူး။ ပုံမွန္ေလာက္ပါပဲ။ တိုက္ပြဲျဖစ္တာနဲ႔ ကိုဗစ္ျဖစ္တာနဲ႔ဆိုေတာ့ အရင္တုန္း ကလိုေတာ့ မေကာင္းဘူးေပါ့။

ေမး - ကိုဗစ္မျဖစ္ခင္၊ တိုက္ပြဲမျဖစ္ခင္ကေကာ။
ေျဖ - ေကာင္းတာေပါ့။ အေကာင္းဆုံးေတြေပါ့။ လမ္းပန္းဆက္သြယ္ေရးကအစ ေကာင္းတယ္။ စိုက္ပ်ိဳး တာေတြလည္းေကာင္းတယ္။ ေက်ာက္မဲက အဓိက လက္ဖက္ထြက္တာေလ။ လက္ဖက္ေတြ ဘာေတြ လည္းေကာင္းတယ္။

ေမး - ကိုဗစ္ကာလတုန္းကေကာ ေက်ာက္မဲၿမိဳ႕ အေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ - ဆိုင္တိုင္းပိတ္ရတယ္။ အဲဒီတုန္းကလည္း လူေတာ္ေတာ္မ်ားမ်ားကလည္း အဆင္မေျပၾကဘူး။ ခက္ခဲၾကတယ္။ ဘာလို႔လဲဆိုေတာ့ အျပင္ထြက္လို႔မရ ဘူးေလ။ ကုန္စည္ကူးသန္းမႈေတြလည္းမရွိေတာ့ အဆင္မေျပဘူးေပါ့။ ကားဂိတ္ေတြ လိုင္းကားေတြ အကုန္ပိတ္ေတာ့ေလ။

ေမး - ကိုဗစ္အၿပီး တိုက္ပြဲမျဖစ္ခင္ၾကားကာလမွာေကာ ၿမိဳ႕အေျခအေနက ဘယ္လိုရွိခဲ့ပါသလဲ။ အဲဒီ တုန္းက စီးပြားေရး နာလန္ျပန္ထူေနၿပီလား။
ေျဖ - နာလန္ထူခါစပဲရွိဦးမယ္။ နဂိုအတိုင္း ျပန္မျဖစ္ေသးဘူး။ မျဖစ္ေသးခင္မွာပဲ ဒီဟာကျဖစ္ေတာ့ ပိုဆိုး သြားတယ္။

ေမး - ေက်ာက္မဲမွာ တိုက္ပြဲမျဖစ္ခင္က သတင္းၾကားရတာရွိလား။
ေျဖ - ၾကားတယ္။ ၾကားေနတာ ဒါေပမဲ့ ပထမတစ္ခါ ၾကား မျဖစ္ခဲ့ဘူး။ ဒုတိယ တစ္ခါၾကားလည္းမျဖစ္ဘူး။ တတိယတစ္ခါၾကားလည္း မျဖစ္ဘူး။ ၾကားေနရတာပဲ။ ရွစ္သုံးလုံးေတြ ဂဏန္းလွတဲ့နံပါတ္ရက္ေတြ သတိထား ဘာညာေတာ့ေျပာၾကတယ္ေပါ့ေနာ္။ ေနာက္ဆုံး မထင္မွတ္တဲ့ (၂၅) ရက္ (၆) လပိုင္း (၂၀၂၄) မွာ စျဖစ္တာပဲ။

ေမး - တိုက္ပြဲမျဖစ္ခင္က ကိုယ္ၿမိဳ႕ကို စစ္ေရာက္လာမယ္လို႔ ႀကိဳေတြးခဲ့မိလား။
ေျဖ - ထင္တယ္။ ထင္တယ္ဆိုတာက ေတာ္ေတာ္မ်ားမ်ားေျပာေနၾကတာက ေက်ာက္မဲမွာမျဖစ္ေပမယ့္ နားစြန္နားဖ်ား ၾကားမိၾကတယ္ေပါ့ေနာ္။ ရွမ္းေျမာက္ ဘက္ကျဖစ္ခဲ့ၿပီးေတာ့ ေက်ာက္မဲလည္းျဖစ္လာ ႏိုင္တဲ့အေျခအေနရွိတာ လူတိုင္းသိေနၾကတာ။ တကယ္ ျဖစ္ေတာ့လည္း ဝုန္းဒိုင္းျဖစ္တာ။ မနက္ပိုင္း ႀကီးမွာ လက္နက္သံေတြစၾကားတာေပါ့ေနာ္။ ႐ုတ္တရက္ ျဖစ္လာတာေပါ့။

ေမး - တိုက္ပြဲစျဖစ္တုန္းကခံစားမႈကို နည္းနည္း ျပန္ေျပာျပေပးပါလား။
ေျဖ - စစခ်င္းျဖစ္တုန္းကေတာ့ ေဝးေသးတယ္ဆိုေတာ့ သိပ္မျဖစ္ဘူး။ ကိုယ့္ရပ္ကြက္ထဲလာက်ၿပီ ဆိုေတာ့ ေၾကာက္တာေပါ့ေနာ္။ မေျပးဘဲနဲ႔လည္း မေနႏိုင္ဘူးေလ။ တဒုန္းဒုန္း တဒိုင္းဒိုင္းေနာ္။ အကုန္ ေျပးၾကတာပဲ။ ေၾကာက္တာေပါ့။ ဒ႐ုန္းသံ၊ ေလယာဥ္ သံၾကားရင္ ကေယာင္ေခ်ာက္ခ်ားျဖစ္တာပဲ။

ေမး - ေျပးဖို႔အတြက္ ႀကိဳစီစဥ္ထားတာေကာရွိလား။
ေျဖ - မရွိဘူးေလ။ အဲဒီေလာက္အထိလည္းျဖစ္မယ္လို႔ ဘယ္သူမွေတာ့မသိဘူးေပါ့ေနာ္။ တကယ္ျဖစ္လာ ေတာ့ ေျပးရတာေပါ့။

ေမး - ေျပးေတာ့ ကနဦးမွာ ဘယ္ေတြကိုေျပးခဲ့ၾကရလဲ။
ေျဖ - အဲဒီတုန္းကေတာ့ ႐ြာေတြပဲေျပးတာ။ ဆီဆိုင္ေတြက အစပိတ္ၿပီ။ တျခားၿမိဳ႕႐ြာကိုေျပးမယ္ဆို စက္ သုံးဆီကမရေတာ့ဘူး။ အကန႔္အသတ္နဲ႔ရတာ။ တကယ္ခက္ခဲပါတယ္။ တျခားၿမိဳ႕ေတြေရွာင္တာလည္း သိပ္မခ်ိန္ဘူး။ ရပ္႐ြာေတြလည္းျပည့္ကုန္ၿပီ။ စာသင္ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ စစ္ေရွာင္ ေတြ ကမ်ားလာေတာ့ ေသာက္ေရေတြ၊ သုံးေရေတြ မလုံေလာက္ေတာ့ နီးစပ္ရာအဆင္ေျပရာကို ေနာက္ ပိုင္း ေျပးရတာ။ အစက ၾကာမယ္မထင္ခဲ့ဘူး။

ေမး - ႏွစ္ပိုင္းေမးခ်င္ပါတယ္။ စစ္ေဘးေရွာင္တဲ့ အပိုင္းေပါ့ေလ။ ဘယ္လို အခက္အခဲႀကဳံရပါသလဲ။
ေျဖ - အမ်ားႀကီးႀကဳံရတယ္။ အခုေနာက္ပိုင္း ေျပးတဲ့သူေတြက ႀကိဳတင္ျပင္ဆင္လို႔ရတယ္။ ကြၽန္မတို႔ တုန္းက ႐ုတ္တရက္ေျပးတာဆိုေတာ့ ဘာမွမယူခဲ့ ရဘူးေလ။ သူမ်ားၿမိဳ႕၊ သူမ်ား႐ြာမွာ အဆင္ေျပတယ္ ဘယ္ရွိမွာလဲ။ အခက္အခဲကအမ်ားႀကီးရွိတယ္။ တစ္ခုရွိတာက အခု ေနာက္ဆုံးေျပးတာကေတာ့ ပိုဆိုး သြားတယ္။ လူဦးေရက အရမ္းမ်ားသြားၿပီ။ ၿမိဳ႕ထဲက (၉၀) ရာခိုင္ႏႈန္းေလာက္ ေျပးေနၾကၿပီဆိုေတာ့ လားရႈိးမွာ အမ်ားဆုံးေျပးတာ။ လက္ရွိျဖစ္ခ်ိန္မွာ ေလ။ ေတာ႐ြာေတြမွာလည္း ေထာင္နဲ႔ခ်ီေျပးတာ ရွိ တယ္။ စစ္ေရွာင္အလႉရွင္ကလည္း အရင္လို မႏိုင္ေတာ့ဘူး။ ရက္ရွည္လာတယ္၊ လူဦးေရကလည္း မ်ား တယ္။ စစ္ေရွာင္စခန္းကအရမ္းမ်ားလာတယ္။ ေက်ာက္မဲနယ္ထဲမွာ စစ္ေရွာင္စခန္းက (၅၄) ေနရာရွိ တယ္။ လားရႈိးဘက္တို႔ တျခားသြားတာ မဟုတ္ေသးဘူး။ ေနာင္ပိန္နဲ႔အတြင္းထဲမွာပဲ။ ႐ြာ ေသးေသး မႊားမႊားေလးေတြကအစေပါ့။ စားနပ္ရိကၡာေတြ တအား ဒုကၡေရာက္တာ။ ပရဟိတအဖြဲ႕ေတြရွိတယ္။ ဒါေပမဲ့လည္း မလုံေလာက္ႏိုင္ဘူး။ အခက္အခဲအမ်ားႀကီး ရွိတယ္။

ေမး - ေက်ာက္မဲမွာ လက္ရွိ လူနည္းသြားတာေပါ့။
ေျဖ - (၁၀)ရာခိုင္ႏႈန္းေလာက္ေတာ့ရွိဦးမယ္ထင္တယ္။

ေမး - ဒုတိယပိုင္းက ေက်ာက္မဲမွာ ပေလာင္ေတြဝင္ၿပီး အုပ္ခ်ဳပ္တဲ့ကာလေပါ့။ သူတို႔ေဖာ္ေဆာင္တဲ့ အရပ္ဘက္အုပ္ခ်ဳပ္ေရးကို ေဒသခံေတြ လက္ခံၾကလား။
ေျဖ - တကယ္တမ္းေျပာရမယ္ဆိုရင္ လက္မခံဘူး။ ဒါေပမဲ့ နီးရာဓားေၾကာက္ရတာေလ။ အလ်ဥ္းသင့္သ လိုေနေပးရတာေပါ့။ ႀကိဳက္လားဆိုေတာ့ မႀကိဳက္ဘူး ေလ။ မျဖစ္မေနေတာ့ သူတို႔နဲ႔အတူေနရတာေပါ့။

ေမး - သူတို႔ ေခတ္ေကာင္းတုန္းဆိုပါစို႔။ ပေလာင္ ေတြေခတ္ေကာင္းေနတုန္းက ေက်ာက္မဲၿမိဳ႕အေျခအ ေနကို နည္းနည္း ျပန္ေျပာေပးလို႔ရမလား။
ေျဖ - သူတို႔လည္း တကယ္တမ္းက ဌာနဆိုင္ရာပိုင္းက် လည္ပတ္ႏိုင္တာမရွိဘူး။ မ်က္ႏွာႀကီး မ်က္ႏွာ ငယ္ ရွိတယ္။ ဥပေဒအတိုင္းမရွိဘူး။ သူတို႔ထုတ္ထားတဲ့ ဥပေဒအတိုင္းမရွိဘူး။ ထင္ရာစိုင္းတယ္။

ေမး - မ်က္ႏွာႀကီး မ်က္ႏွာငယ္ ဆိုတာက်ေတာ့။
ေျဖ - သူတို႔နဲ႔သိရင္သိသလိုေပါ့။ သိရင္ အခြင့္သာတာေပါ့။ အခုေနာက္ပိုင္း စတားလင့္ပဲသုံးရတယ္ေလ ဖုန္းလိုင္းမဆင္မေျပေတာ့။ စတားလင့္ကလည္း ေလယာဥ္ ခဏခဏဗုံးႀကဲလို႔ ဒ႐ုန္းေတြနဲ႔ ႀကဲလို႔ဆိုၿပီး သိမ္းတယ္။ ေပးမယ္ဆိုအကုန္ျပန္ေပး။ သိမ္းရင္လည္း အကုန္သိမ္း။ အခုက သူတို႔လူမ်ိဳးတစ္စုက သုံး လို႔ရတယ္။ စစခ်င္းဝင္တုန္းက စတားလင့္ဆိုတာ သိန္းရာဂဏန္းအထိ ရွိတယ္ေလ။ ဒီအတိုင္း သိမ္း သြားတာ။ ျပန္ရတဲ့သူရွိသလို မရတဲ့သူလည္းအမ်ားႀကီးပဲ။ တခ်ိဳ႕က် သုံး၊ ေလး၊ ငါး သိန္းနဲ႔ ေ႐ြးယူလို႔ရ တယ္။ တခ်ိဳ႕က်ေတာ့လည္းမရဘူး။ သိမ္းသြားတည္းက အစအနကိုမရဘူး။ သူတို႔႐ုံးကို အခါက္ေပါင္း မ်ားစြာ သြားလည္းမရဘူး။ ဟိုလူႀကီးမရွိတာ၊ ဒီလူႀကီး ခရီးထြက္တာ ေခါင္းစဥ္အမ်ိဳးမ်ိဳးျပၿပီး မရတာ လည္း အမ်ားႀကီးရွိတယ္။ လက္ရွိျဖစ္ေနတာက ပိုဆိုးတယ္။

ေမး - ဘယ္လိုဆိုးတာလဲ။
ေျဖ - လူကို ေပၚတာဆြဲတာေလ။ လူဆြဲတာေပါ့။ လက္ဖက္ရည္ဆိုင္ထဲအထိဝင္ဆြဲတယ္။ တစ္အိမ္ တက္တစ္အိမ္ဆင္း အိမ္ေထာင္စုစာရင္းေတြ စစ္တယ္။ (၅/)ေတြ၊ (၉/)ေတြ မွတ္ပုံတင္ကိုင္တာ ဖမ္း တယ္။ အေစာပိုင္းကေလ။ ကြၽန္မတို႔ဆီက လက္လုပ္လက္စားေတြမ်ားတယ္။ ျပည္မဘက္ကေန ၾကက္ၿခံသြားေစာင့္တာတို႔၊ ဒါမွမဟုတ္ သူမ်ားလက္ ဖက္ၿခံေစာင့္တာတို႔၊ လမ္း၊ တံတား ေဆာက္လုပ္ ေရးမွာ အလုပ္သမားလုပ္ၿပီးေနတာေတြ ဒါမ်ိဳး အမ်ားႀကီး ရွိတယ္။ အဲဒီလူေတြကို ဆြဲေခၚတယ္။ ဆိုးဆိုး႐ြား႐ြား ျဖစ္ခဲ့တယ္။

ေမး - ၿပီးခဲ့တဲ့ရက္ပိုင္းမွာ TNLA ဘက္က သူတို႔ အခုလိုဖမ္းတာကို သတင္းမွားလို႔ေျပာတယ္။ ဒီသတင္း ေရးတဲ့ ျပည္ပေရာက္မီဒီယာကိုလိပ္မူၿပီး စာပို႔တာလည္း ျမင္ရတယ္။ ဆိုေတာ့ ပေလာင္အဖြဲ႕ဘက္က ဒီဟာကို မလုပ္သေယာင္ေျပာေနတာျမင္ရပါတယ္။
ေျဖ - DVB ေရးတဲ့သတင္းေတာင္ ေျမျပင္မွာ လက္ရွိႀကဳံေတြ႕ေနရတာေလာက္ကို မျပည့္စုံတာ။ လက္ ရွိက ေျမျပင္မွာ အဲဒီထက္ဆိုးတယ္။

ေမး - ၿမိဳ႕ကေန အမ်ားဆုံးေျပးတယ္ဆိုတာက ဒါေကာ တစ္ခ်က္ပါလား။
ေျဖ - ပါတာေပါ့။ အခုဆို ရွမ္းမွတ္ပုံတင္ (၁၃/)က အစ အ႐ြယ္ေကာင္းတဲ့ကေလးေတြဆို မေနရဲေတာ့ ဘူးေရွာင္ၾကၿပီ။

ေမး - ဖမ္းၿပီးရင္ ဘာလုပ္တာလဲဆိုတာေကာသိရလား။
ေျဖ -အတိအက်ေတာ့မသိရဘူး။ တခ်ိဳ႕က်ေတာ့ လည္း တူ၊ သား တစ္ေယာက္ေယာက္ပါရင္ လိုက္ တယ္။ သူတို႔ ေထြအုပ္႐ုံးေခၚမွာေပါ့။ လိုက္ရင္ သူတို႔ က မသိဘူး ဘူးခံတယ္။ မသိဘူးဆို ကာယကံရွင္က ဘယ္ကိုလိုက္လို႔လိုက္ရမွန္းမသိ။ သတင္းအစအန လည္း မသိ။ ေပ်ာက္ခ်င္းမလွေပ်ာက္ေနတာပဲ။ မေန႔ ကေတာ့ တစ္ေယာက္ကေျပာလာတယ္။ ဖမ္းသြားတဲ့သူေတြကို မန္တုံဘက္ကို ဆယ့္ႏွစ္ဘီးကားနဲ႔ ေခၚ သြားတယ္ေပါ့ေနာ္။ အဲဒီလိုေတာ့ ေျပာတာၾကားတယ္။

ေမး - ဘာေၾကာင့္ ဖမ္းတယ္လို႔ေျပာလဲဗ်။
ေျဖ - သူတို႔ အေၾကာင္းျပခ်က္ကေတာ့ စစ္ေျပးေပါ့ ေနာ္။ PDF စစ္ေျပးေတြ ဘာညာ၊ တပ္က ဒလန္ လႊတ္တယ္ဆိုတာသိလို႔ လိုက္ဖမ္းတယ္ေပါ့။ မသကၤာတဲ့သူ အကုန္ဆြဲေခၚသြားတာ။

ေမး - သူတို႔ ဒလန္လို႔ေျပာတဲ့သူကေကာ ဒလန္လို႔ထင္လား။
ေျဖ - အေယာက္တိုင္းေစ့ေတာ့ ကြၽန္မ မသိေပမယ့္ တခ်ိဳ႕တေလေတာ့ သိတယ္။ သိတဲ့အထဲမွာ အဲဒီလို မရွိပါဘူး။ မ်က္ႏွာစိမ္းလည္းသိပ္မရွိဘူး။ (၁၃/) မဟုတ္ေပမယ့္ ေက်ာက္မဲမွာ လက္လုပ္လက္စားလာ လုပ္ေနတာ တခ်ိဳ႕ဆို အိမ္ေထာင္က်ရင္း သားသမီး ေျမးေတြေတာင္ရေနၿပီ။ လူစိမ္းမဟုတ္ေတာ့ဘူးေလ။ မသိ၊ မခင္ေပမယ့္ မ်က္ႏွာစိမ္းမဟုတ္ေတာ့ဘူးေလ။ အဲဒါေတြကအစ အကုန္ဆြဲေခၚတာပဲ။

ေမး - အခုဆိုရင္ ေက်ာက္မဲမွာလည္း လူနည္းသြားၿပီ။ ေက်ာက္မဲၿမိဳ႕ပတ္ဝန္းက်င္က တိုက္ပြဲေတြဟာ ျပင္း ထန္ေနလား။
ေျဖ - ျပင္းထန္တယ္။ ေက်ာက္မဲနဲ႔ ငါးမိုင္၊ ဆယ္မိုင္ ေတြမွာဆို ေတာ္ေတာ္ျပင္းထန္တယ္။ ေန႔စဥ္ရက္ ဆက္ အခုထိလည္း တဝုန္းဝုန္းၾကားေနတုန္းပဲ။ လက္နက္ႀကီးသံလည္းၾကားတယ္။ ေလယာဥ္သံ လည္း ၾကားတယ္။ ဒ႐ုန္းေတြနဲ႔လည္းခ်တယ္။

ေမး - တပ္က ေလေၾကာင္းပစ္ကူသုံးၿပီး လူမနာေအာင္တိုက္ေနတယ္လို႔ ေျပာႏိုင္မလား။
ေျဖ - ဟုတ္တယ္။ အဲဒီနားကေဒသခံေတြလည္း အဲဒီလိုေျပာၾကတယ္။

ေမး - ပေလာင္ဘက္မွာ အရင္က ေအာင္စိတ္ရွိတယ္ေပါ့ေလ။ အခုက်ေတာ့ ပေလာင္အဖြဲ႕ အေနအထား ဘက္ ဘယ္လိုျမင္ရလဲ။
ေျဖ - သူတို႔ လက္ေအာက္ခံငယ္သားေတြကေတာ့ စိတ္ဓာတ္က်မွာပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔လူေတြ က ေသေနတာကိုး။ အထက္လူေတြေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။

ေမး - သူတို႔ဘက္ကဝင္တိုက္ေနတဲ့ PDF ေတြ ဘက္ေကာ ဘယ္လိုထင္လဲ။
ေျဖ - မလြန္ဆန္ႏိုင္လို႔လုပ္ေနတယ္လို႔ ကြၽန္မထင္ တယ္။ တကယ္တမ္းက်ေတာ့ သူတို႔လည္း ၿပီးဆုံး ခ်င္ၿပီ၊ ေအးခ်မ္းခ်င္ၿပီထင္တယ္။ ဘာလို႔ဆို ေျပးတဲ့ သူလည္း အမ်ားႀကီးရွိတာပဲေလ။

ေမး - အစ္မအေနနဲ႔ ပေလာင္လက္ေအာက္အေၾကာင္းလည္း သိတယ္။ အစိုးရလက္ေအာက္အေၾကာင္း လည္းသိတာဆိုေတာ့ ဘာကြာတယ္ထင္လဲ။ အစ္မဆို ဘယ္အစိုးရေအာက္ေနခ်င္လဲ။
ေျဖ - အမ်ားႀကီးကြာတာေပါ့။ မိုးနဲ႔ေျမ (ရယ္လ်က္)။

ေမး - ဘယ္လိုကြာတာလဲ။
ေျဖ - ပေလာင္က်ေတာ့ သူတို႔မွာ အေတြ႕အႀကဳံမရွိ ဘူး။ ပညာတတ္လည္းနည္းတယ္ေလ။ အုပ္ခ်ဳပ္မႈ ပိုင္းမွာ ဘယ္လိုမွအဆင္မေျပဘူး။ ပေလာင္က်ေတာ့ လူ မ်ိဳးႀကီးဝါဒလို႔ေျပာရမယ္။ သူတို႔ျပည္နယ္လို႔ မသတ္မွတ္ရေသးတဲ့ေဒသေတြမွာ ပေလာင္စာ၊ ပေလာင္ အလံေတြအကုန္လုံး။ အုပ္ခ်ဳပ္ေရးစာေတြ အကုန္ခြာခ်ၿပီး သူတို႔စာ၊ သူတို႔အလံ အကုန္လုပ္ၿပီးၿပီ။ ရွမ္းစာေတြဆိုလည္း အကုန္ျဖဳတ္ၿပီးၿပီ။ အဲဒီလို က်ေတာ့ မေကာင္းဘူးေလေနာ္။ တရားဝင္သတ္မွတ္ထားတာ မရွိေသးဘဲနဲ႔ မိုက္႐ူးရဲဆန္လုပ္တာကို ျပည္သူေတြလည္း မႀကိဳက္ၾကဘူး။ ရွမ္းျပည္နယ္မွာေနတယ္ဆိုေပမယ့္ ရွမ္းမွပဲ မဟုတ္ဘူးေလ။ ဒါေပမဲ့ ရွမ္းစိတ္ေတာ့ ရွိရမယ္ေလ။ ရွမ္းအမ်ိဳးစိတ္ဆိုတာ ရွိၾကတာပဲေလေနာ္။ ရွမ္းမွ မဟုတ္ဘူး ဘယ္သူက ေကာင္း၊ မေကာင္း ဆိုတာသိၾကတာေလ။

ေမး - လမ္းဆိုင္းဘုတ္ေတြေကာ အကုန္ေျပာင္းတာလား။
ေျဖ - ဟုတ္တယ္။ စည္ပင္ပိုင္းဆိုင္ရာက အစ အမႈိက္မပစ္ရဆို ျမန္မာစာကေအာက္က။ သူတို႔ ပေလာင္ စာက အေပၚမွာ။ သုံးဘာသာလုပ္ထားတာ။ ဒုတိယအေၾကာင္းက ျမန္မာစာ အမႈိက္မပစ္ရေပါ့။ ေအာက္ ဆုံးမွာ အဂၤလိပ္လိုေရးထားတာ။ ဘယ္ေန ရာမဆို ပေလာင္စာထိပ္ဆုံးက။ အကုန္လုံး။ ပေလာင္ စာကို အဓိကလုပ္ထားတာ။

ေမး - ရွမ္းတစ္ေယာက္အေနနဲ႔ ကိုယ့္ၿမိဳ႕မွာ ဒီလိုလာ လုပ္တာ ဘယ္လိုခံစားရလဲ။
ေျဖ - လုံးဝမႀကိဳက္ဘူး။ တႏုံ႔ႏုံ႔ပဲ။ လြန္ဆန္ႏိုင္လား ဆိုေတာ့ အခုလက္ရွိလည္း ဘာမွမတတ္ႏိုင္ဘူး။ ႏိုင္ရာဓားလည္း ေၾကာက္ရတယ္။ ဘယ္သူမွ မႀကိဳက္ ဘူး။ ကြၽန္မ ရွမ္းဆိုေတာ့ထားပါေတာ့ က်န္တဲ့ တိုင္းရင္းသားေတြလည္း ဘယ္သူမွမႀကိဳက္ဘူး။

ေမး - ပေလာင္အခ်င္းခ်င္းေကာ ႀကိဳက္ၾကလား။
ေျဖ - တခ်ိဳ႕ပေလာင္လူမ်ိဳးေတြ လက္မခံဘူး။ ဘာ လို႔လဲဆိုေတာ့ တခ်ိဳ႕ပညာတတ္တဲ့သူေတြလည္းရွိ တယ္။ တရားမွ်တမႈ ၾကည့္တတ္မယ္ဆို ႀကိဳက္တဲ့သူ မရွိဘူး။ သူတို႔လူမ်ိဳးအခ်င္းခ်င္းလည္း မႀကိဳက္ ဘူး။ ဘာလို႔ဆို ေပၚတာဆြဲတာမျဖစ္ခင္တည္းက သူတို႔လူ မ်ိဳးအခ်င္းခ်င္းေပၚတာဆြဲတာက ျပင္းျပင္း ထန္ထန္ကို လုပ္ခဲ့တာဆိုေတာ့ေလ။ ပေလာင္အခ်င္းခ်င္းကိုက မႀကိဳက္တာ။

ေမး - ေက်ာက္မဲကို တပ္မေတာ္ကျပန္သိမ္းၿပီးရင္ ထူေထာင္ရတာလြယ္မယ္ထင္လား။ အခ်ိန္ဘယ္ ေလာက္ ျပန္ယူရမလဲ။
ေျဖ - အစိုးရလုပ္ေပးရင္ေတာ့ လြယ္ပါတယ္။ မျဖစ္ဘူးဆိုတာမရွိပါဘူး။ ျဖစ္ေအာင္လုပ္ရင္ေတာ့ျဖစ္မွာ ပဲ။ လြယ္မွာပဲေလ။ ျပည္သူေတြကလည္း သူတို႔တတ္ ႏိုင္တဲ့အားနဲ႔ ကူညီေပးၾကမွာပဲ။ ဘာလို႔ဆို အခုက ပေလာင္ကို ဘယ္သူမွမႀကိဳက္ၾကဘူး။ သူတို႔ကို အားေပးေထာက္ခံတဲ့သူဆိုတာလည္း မရွိေတာ့ဘူး။ အဲဒါေၾကာင့္ တပ္ကျပန္ဝင္လာမယ္ဆို ျပန္လည္ထူေထာင္ ေရးမွာ ျပည္သူေတြက ကူညီမွာပဲ။

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Picture

Zawoo Than

24/09/2025 16:41

Very good😊

Related news

© 2021. All rights reserved.