ဖားကန့်တွင် ကျောက်တူးရာသီ ကောင်းစွာမစသေးသော်လည်း KIA က ကုမ္ပဏီများထံ ဆက်ကြေး စကောက်နေ

397

သက်ပိုင် (NP News) - စက်တင်ဘာ ၂၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကျောက်တူးရာသီ ကောင်းစွာမစသေးသော်လည်း KIA က ကုမ္ပဏီများထံ ဆက်ကြေးစကောက်နေပြီဖြစ်ကြောင်း ဒေသခံများက NP News သို့ပြောသည်။
ဖားကန့်တွင် ကျောက်တူးရာသီမှာ (၁၀) လပိုင်းမှ မိုးမကျမီ (၅)လပိုင်းခန့်အထိဖြစ်ပြီး မက် လင်ချောင်၊ လုံးခင်း၊ မှော်စီစာနှင့် ကျောက်တူးဖော်ရေးလုပ်ကွက်များရှိသည့်ဒေသများမှ ကျောက်တူး ဖော်ရေးလုပ်ကိုင်မည့်ကုမ္ပဏီများကို တစ်လလျှင် ငွေကျပ်(၁၀)သိန်း စတင်ကောက်ခံနေခြင်းဖြစ် ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ဆိုသည်။
“ဖားကန့်မှာ ကျောက်တူးတဲ့ကုမ္ပဏီတွေဆီက တစ်လဆယ်သိန်း ရန်ပုံငွေအတွက်ထည့်ရမယ် ဆိုပြီး မက်လင်ချောင်၊ လုံးခင်း၊ မှော်စီစာဘက်နဲ့ တခြားမှော်တွေမှာ လိုက်ကောက်နေတယ်။ အလုပ်က လုပ်ရမယ် မလုပ်ရမယ်မှန်းမသိသေးဘူး။ ပိုက်ဆံ ကောက်တာက အရင်ဆုံးခံနေရပြီ။ ပြီးတော့ သူတို့ ဘက်ကနေ ကုမ္ပဏီကိုအကူအညီပေးတယ်ဆိုတာမရှိဘူး။ စိတ်ညစ်စရာပဲ လာပေးနေတယ်လို့ လုပ်ငန်း ရှင်တွေက ညည်းညူပြီးပြောနေကြတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဖားကန့်မြို့ပေါ်၊ လုံးခင်းကျေးရွာအုပ်စုနှင့် မှော်စီစာ၊ ကံဆီး၊ မှော်ပုံ၊ ဆန်ခါ၊ မှော် ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ဗလခ၊ တောင်ပြိုနှင့် မှော် မောင်းလျှံ စသောနေရာ (၉)ခုထက်မနည်းကို တပ်မ တော်ကထိန်းချုပ်ထားပြီဖြစ်ပြီး ကျန်ဒေသများကိုလည်း ထိန်းချုပ်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိနေ ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ တပ်မတော်မှ နယ်မြေထိန်းချုပ်မှုများ လုပ်ဆောင်နိုင်သော်လည်း KIA အဖွဲ့မှ စီးပွားရေး လုပ်ငန်းရှင်များထံဆက်သွယ်ကာ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ ဆက်ကြေးတောင်းခံခြင်းများကို ပြု လုပ်နေကြခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များကဆိုသည်။
“တပ်က ထိန်းတာကထိန်းတာပဲ။ ဟိုကောင်တွေက အရပ်ဝတ်တွေနဲ့သွားနေကြတာ။ ပြီးတော့ သူတို့ကို တကယ်ဖမ်းချင်ရင် တခြားနေရာမှာ ရှာစရာမလိုဘူး။ နေ့ရောညပါဖွင့်ထားတဲ့ KTV တွေမှာ သူတို့ရှိတယ်။ အခုက အလုပ်တောင်မလုပ်ရ သေးဘူး တောင်းနေပြီ။ ဖြစ်နိုင်ရင် သူတို့တွေကို ထိထိ ရောက်ရောက်အရေးယူပေးရင် နိင်ငံတော်အ တွက်လည်းအကျိုးရှိမှာပါ”ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
လက်ရှိ ဖားကန့်ဒေသတွင် ကျောက်တူးဖော်ရေးရာသီချိန်ပြန်လည်ရောက်ရှိလာပြီဖြစ်သော် လည်း တပ်မတော်နှင့် KIA ထိတွေတိုက်ပွဲများကြောင့် ကုမ္ပဏီအချို့မှာ လုပ်ငန်းစတင်လည်ပတ်ရန် ကြန့်ကြာမှုများရှိနေကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။

Zawgyi Version:
ဖားကန႔္တြင္ ေက်ာက္တူးရာသီ ေကာင္းစြာမစေသးေသာ္လည္း KIA က ကုမၸဏီမ်ားထံ ဆက္ေၾကး စေကာက္ေန
သက္ပိုင္ (NP News) - စက္တင္ဘာ ၂၃
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္တြင္ ေက်ာက္တူးရာသီ ေကာင္းစြာမစေသးေသာ္လည္း KIA က ကုမၸဏီမ်ားထံ ဆက္ေၾကးစေကာက္ေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ဖားကန႔္တြင္ ေက်ာက္တူးရာသီမွာ (၁၀) လပိုင္းမွ မိုးမက်မီ (၅)လပိုင္းခန႔္အထိျဖစ္ၿပီး မက္ လင္ေခ်ာင္၊ လုံးခင္း၊ ေမွာ္စီစာႏွင့္ ေက်ာက္တူးေဖာ္ေရးလုပ္ကြက္မ်ားရွိသည့္ေဒသမ်ားမွ ေက်ာက္တူး ေဖာ္ေရးလုပ္ကိုင္မည့္ကုမၸဏီမ်ားကို တစ္လလွ်င္ ေငြက်ပ္(၁၀)သိန္း စတင္ေကာက္ခံေနျခင္းျဖစ္ ေၾကာင္း အမည္မေဖာ္လိုသည့္ေဒသခံတစ္ဦးက ဆိုသည္။
“ဖားကန႔္မွာ ေက်ာက္တူးတဲ့ကုမၸဏီေတြဆီက တစ္လဆယ္သိန္း ရန္ပုံေငြအတြက္ထည့္ရမယ္ ဆိုၿပီး မက္လင္ေခ်ာင္၊ လုံးခင္း၊ ေမွာ္စီစာဘက္နဲ႔ တျခားေမွာ္ေတြမွာ လိုက္ေကာက္ေနတယ္။ အလုပ္က လုပ္ရမယ္ မလုပ္ရမယ္မွန္းမသိေသးဘူး။ ပိုက္ဆံ ေကာက္တာက အရင္ဆုံးခံေနရၿပီ။ ၿပီးေတာ့ သူတို႔ ဘက္ကေန ကုမၸဏီကိုအကူအညီေပးတယ္ဆိုတာမရွိဘူး။ စိတ္ညစ္စရာပဲ လာေပးေနတယ္လို႔ လုပ္ငန္း ရွင္ေတြက ညည္းညဴၿပီးေျပာေနၾကတယ္” ဟု ၎ကဆိုသည္။
လက္ရွိတြင္ ဖားကန႔္ၿမိဳ႕ေပၚ၊ လုံးခင္းေက်း႐ြာအုပ္စုႏွင့္ ေမွာ္စီစာ၊ ကံဆီး၊ ေမွာ္ပုံ၊ ဆန္ခါ၊ ေမွာ္ ဝမ္းႀကီး၊ ေမွာ္ဝမ္းေလး၊ ဗလခ၊ ေတာင္ၿပိဳႏွင့္ ေမွာ္ ေမာင္းလွ်ံ စေသာေနရာ (၉)ခုထက္မနည္းကို တပ္မ ေတာ္ကထိန္းခ်ဳပ္ထားၿပီျဖစ္ၿပီး က်န္ေဒသမ်ားကိုလည္း ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ႀကိဳးပမ္းလ်က္ရွိေန ေၾကာင္း အမည္မေဖာ္လိုသည့္ေဒသခံတစ္ဦးကေျပာသည္။
ထိုသို႔ တပ္မေတာ္မွ နယ္ေျမထိန္းခ်ဳပ္မႈမ်ား လုပ္ေဆာင္ႏိုင္ေသာ္လည္း KIA အဖြဲ႕မွ စီးပြားေရး လုပ္ငန္းရွင္မ်ားထံဆက္သြယ္ကာ ၿခိမ္းေျခာက္ေငြ ေတာင္းခံျခင္း၊ ဆက္ေၾကးေတာင္းခံျခင္းမ်ားကို ျပဳ လုပ္ေနၾကျခင္းျဖစ္ေၾကာင္း လုပ္ငန္းရွင္မ်ားကဆိုသည္။
“တပ္က ထိန္းတာကထိန္းတာပဲ။ ဟိုေကာင္ေတြက အရပ္ဝတ္ေတြနဲ႔သြားေနၾကတာ။ ၿပီးေတာ့ သူတို႔ကို တကယ္ဖမ္းခ်င္ရင္ တျခားေနရာမွာ ရွာစရာမလိုဘူး။ ေန႔ေရာညပါဖြင့္ထားတဲ့ KTV ေတြမွာ သူတို႔ရွိတယ္။ အခုက အလုပ္ေတာင္မလုပ္ရ ေသးဘူး ေတာင္းေနၿပီ။ ျဖစ္ႏိုင္ရင္ သူတို႔ေတြကို ထိထိ ေရာက္ေရာက္အေရးယူေပးရင္ နိင္ငံေတာ္အ တြက္လည္းအက်ိဳးရွိမွာပါ”ဟု အမည္မေဖာ္လိုသူတစ္ဦးက ေျပာသည္။
လက္ရွိ ဖားကန႔္ေဒသတြင္ ေက်ာက္တူးေဖာ္ေရးရာသီခ်ိန္ျပန္လည္ေရာက္ရွိလာၿပီျဖစ္ေသာ္ လည္း တပ္မေတာ္ႏွင့္ KIA ထိေတြတိုက္ပြဲမ်ားေၾကာင့္ ကုမၸဏီအခ်ိဳ႕မွာ လုပ္ငန္းစတင္လည္ပတ္ရန္ ၾကန႔္ၾကာမႈမ်ားရွိေနေၾကာင္း လုပ္ငန္းရွင္မ်ားထံမွသိရသည္။