မင်္ဂလာတောင်ညွန့်တွင် ကား(၃)စီး ဆင့်တိုက်မှုဖြစ်ရာ (၂)ဦးသေဆုံးပြီး (၂) ဦးပြင်းထန်ဒဏ်ရာရ

 949

ချယ်ရီ (NP News) - စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အရှိန်ဖြင့် ကား(၃)စီး ဆင့်တိုက်မှု ဖြစ်ရာ (၂) ဦး သေဆုံး၍ (၂) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၃ ရက်)၊ နံနက်ပိုင်း (၄)နာရီ (၁၀) မိနစ်ဝန်းကျင်အချိန်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြက်ဘဲဈေးအရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ (၃) စီးလုံးက ကြက်တွေတင်တဲ့ကားပါပဲ။ အနီးကလူတွေ ပြောတာကတော့ နောက်ကတိုက်တဲ့ကားက အရှိန်နဲ့ မောင်းလာတယ်။ အရှေ့က ကားကြီးက ရပ်ထားလောက်တယ်။ ဒုတိယတစ်စီးကလည်း မောင်းလာတယ်။ နောက်ပြီး အနောက်က ကားမှာ လူ(၃) ယောက်ပါတယ်။ နေရာမှာတင် သေတဲ့သူကတော့ ပထမကားနဲ့ ဒုတိယကားရဲ့ ကြားထဲက ကားအောက်မှာ။ အနီးကလူတွေပြောတာတော့ သူက လမ်းဖြတ်ကူးရင်း တိုက်မိပြီး ကားအောက်ရောက်သွားတာတဲ့။ ဆေးရုံမှာသေဆုံးသွားတဲ့သူက နောက်ဆုံးကားပေါ်ကလူပဲတဲ့။ ကားပေါ်ကပြုတ်ကျပြီး ညှပ်ရိုးတွေဘာတွေကျိုးတာလားမသိဘူးတဲ့” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံးသူ အမျိုးသား(၂) ဦးမှာ အသက် (၃၀) နှစ်ကျော်အရွယ်ရှိကြောင်း သိရပြီး အခင်းဖြစ်နေရာ၌ သေဆုံးသူမှာ ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်ပသွေးထွက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ အတွင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာက (၅)ယောက်မှာ (၂) ယောက်က သေဆုံးပါတယ်။ သေဆုံးတဲ့သူထဲက တစ်ယောက်ဟာ ဖြစ်စဉ်နေရာမှာပဲ တစ်ခါတည်းဆုံးသွားတယ်။ နောက်တစ်ယောက်ကျတော့ ဆေးရုံရောက်မှ ဆုံးတာ။ ပြီးတော့ ကျန်တဲ့(၃) ယောက်က ထိခိုက်ဒဏ်ရာ ရတာ။ အနီရောင်အဆင့်ဆိုတာ ဖြစ်ဖြစ်ချင်း သတ်မှတ်ထားတာပါ။ သူတို့ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ တစ်ယောက်က မျက်လုံးထိတယ်။ တစ်ယောက်က ဘယ်ဘက်ခြေထောက် တကောက်ခွက်အောက်ဘက် ထိတယ်။ အရိုးပေါ်တဲ့အထိ ဒဏ်ရာ ရတယ်။ နောက်တစ်ယောက်ကတော့ ကျွန်တော်လည်း မသိလိုက်ဘူးခင်ဗျ” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား(၂)ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူအမျိုးသား (၃) ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
မဂၤလာေတာင္ၫြန႔္တြင္ ကား(၃)စီး ဆင့္တိုက္မႈျဖစ္ရာ (၂)ဦးေသဆုံးၿပီး (၂) ဦးျပင္းထန္ဒဏ္ရာရ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ အရွိန္ျဖင့္ ကား(၃)စီး ဆင့္တိုက္မႈ ျဖစ္ရာ (၂) ဦး ေသဆုံး၍ (၂) ဦး ျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂၃ ရက္)၊ နံနက္ပိုင္း (၄)နာရီ (၁၀) မိနစ္ဝန္းက်င္အခ်ိန္ခန႔္က မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ ၾကက္ဘဲေဈးအေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ (၃) စီးလုံးက ၾကက္ေတြတင္တဲ့ကားပါပဲ။ အနီးကလူေတြ ေျပာတာကေတာ့ ေနာက္ကတိုက္တဲ့ကားက အရွိန္နဲ႔ ေမာင္းလာတယ္။ အေရွ႕က ကားႀကီးက ရပ္ထားေလာက္တယ္။ ဒုတိယတစ္စီးကလည္း ေမာင္းလာတယ္။ ေနာက္ၿပီး အေနာက္က ကားမွာ လူ(၃) ေယာက္ပါတယ္။ ေနရာမွာတင္ ေသတဲ့သူကေတာ့ ပထမကားနဲ႔ ဒုတိယကားရဲ႕ ၾကားထဲက ကားေအာက္မွာ။ အနီးကလူေတြေျပာတာေတာ့ သူက လမ္းျဖတ္ကူးရင္း တိုက္မိၿပီး ကားေအာက္ေရာက္သြားတာတဲ့။ ေဆး႐ုံမွာေသဆုံးသြားတဲ့သူက ေနာက္ဆုံးကားေပၚကလူပဲတဲ့။ ကားေပၚကျပဳတ္က်ၿပီး ညႇပ္႐ိုးေတြဘာေတြက်ိဳးတာလားမသိဘူးတဲ့” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူ အမ်ိဳးသား(၂) ဦးမွာ အသက္ (၃၀) ႏွစ္ေက်ာ္အ႐ြယ္ရွိေၾကာင္း သိရၿပီး အခင္းျဖစ္ေနရာ၌ ေသဆုံးသူမွာ ဦးေခါင္းေနာက္ေစ့ပြင့္ဒဏ္ရာျဖင့္ ေသဆုံးသြားခဲ့ၿပီး က်န္တစ္ဦးမွာ ျပင္ပေသြးထြက္ဒဏ္ရာ ရရွိျခင္းမရွိဘဲ အတြင္ဒဏ္ရာျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ျဖစ္တာက (၅)ေယာက္မွာ (၂) ေယာက္က ေသဆုံးပါတယ္။ ေသဆုံးတဲ့သူထဲက တစ္ေယာက္ဟာ ျဖစ္စဥ္ေနရာမွာပဲ တစ္ခါတည္းဆုံးသြားတယ္။ ေနာက္တစ္ေယာက္က်ေတာ့ ေဆး႐ုံေရာက္မွ ဆုံးတာ။ ၿပီးေတာ့ က်န္တဲ့(၃) ေယာက္က ထိခိုက္ဒဏ္ရာ ရတာ။ အနီေရာင္အဆင့္ဆိုတာ ျဖစ္ျဖစ္ခ်င္း သတ္မွတ္ထားတာပါ။ သူတို႔ကေတာ့ အသက္အႏၲရာယ္ မစိုးရိမ္ရဘူး။ တစ္ေယာက္က မ်က္လုံးထိတယ္။ တစ္ေယာက္က ဘယ္ဘက္ေျခေထာက္ တေကာက္ခြက္ေအာက္ဘက္ ထိတယ္။ အ႐ိုးေပၚတဲ့အထိ ဒဏ္ရာ ရတယ္။ ေနာက္တစ္ေယာက္ကေတာ့ ကြၽန္ေတာ္လည္း မသိလိုက္ဘူးခင္ဗ်” ဟု ၎က ဆိုသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား(၂)ဦးႏွင့္ ထိခိုက္ဒဏ္ရာ ရရွိသူအမ်ိဳးသား (၃) ဦးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.