နျူကလီးယားလက်နက်ဆိုင်ရာစာချုပ်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးမယ့် သဘောတူညီချက်ကို ဒေါ်နယ်ထရမ့်ကို ပူတင် ကမ်းလှမ်း

210

Pika (NP News) - စက်တင်ဘာ ၂၄
ရုရှားနဲ့ အမေရိကန်နှစ်နိုင်ငံစလုံးရဲ့ နျူကလီးယားလက်နက်ကန့်သတ်ချက်သဘောတူစာချုပ်ကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးပေးမယ့် နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တစ်ခုကို ရုရှားသမ္မတ ပူတင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
နျူကလီးယားလက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားကြားဆွေးနွေးမှုတွေ မလုပ်ဆောင်ခင်မှာ ပူတင်ရဲ့ကမ်းလှမ်းချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက်တွေ အများဆုံး ပိုင်ဆိုင်ထားကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
နျူကလီးယားလက်နက်အရေအတွက်ကို ကန့်သတ်ထားတဲ့နောက်ဆုံးလက်ကျန်စာချုပ်ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလ(၅)ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပူတင်က ကမ်းလှမ်းခဲ့တဲ့ သဘောတူစာချုပ်အသစ်မှာ နျူကလီးယားထိပ်ဖူးအရေအတွက်ကို ၁၅၅ဝ ပြည့်နှစ်အထိသာ ထားရှိခွင့်ပြုထား တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် စာချုပ်ကို သက်တမ်းတိုးတာမျိုး ဒါမှမဟုတ် အစားထိုးတာမျိုးမလုပ်ဆောင်ဘူးဆိုရင် အဲဒီကန့်သတ်ချက်ကို ရုရှားနဲ့ အမေရိကန်နှစ်နိုင်ငံစလုံးက ချိုးဖောက်နိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲတွေ လုပ်ဆောင်လိုတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ပူတင်ရဲ့ကမ်းလှမ်းချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။ ဒေါ်နယ်ထရမ့်က “နျူကလီးယားကင်းစင်ရေးဟာ အလွန်ကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ရုရှားကလည်း အဲဒီလိုလုပ်ဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့တရုတ်ကလည်း အဲဒီလိုမျိုးလုပ်ဖို့ ဆန္ဒရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ နျူကလီးယားလက်နက်တွေကို ပြန့်ပွားခွင့်ပြုလို့ မရပါဘူး။ နျူကလီးယား လက်နက်တွေကို တားဆီးဖို့လိုအပ်ပါတယ်။ နျူကလီးယားလက်နက်တွေက အရမ်းစွမ်းအားကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားလက္နက္ဆိုင္ရာစာခ်ဳပ္ကို ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးမယ့္ သေဘာတူညီခ်က္ကို ေဒၚနယ္ထရမ့္ကို ပူတင္ ကမ္းလွမ္း
Pika (NP News) - စက္တင္ဘာ ၂၄
႐ုရွားနဲ႔ အေမရိကန္ႏွစ္ႏိုင္ငံစလုံးရဲ႕ န်ဴကလီးယားလက္နက္ကန႔္သတ္ခ်က္သေဘာတူစာခ်ဳပ္ကို ေနာက္ထပ္ တစ္ႏွစ္သက္တမ္းတိုးေပးမယ့္ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္တစ္ခုကို ႐ုရွားသမၼတ ပူတင္က အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။
န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ ႐ုရွားၾကားေဆြးေႏြးမႈေတြ မလုပ္ေဆာင္ခင္မွာ ပူတင္ရဲ႕ကမ္းလွမ္းခ်က္ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ႐ုရွားနဲ႔ အေမရိကန္တို႔ဟာ ကမာၻေပၚမွာ န်ဴကလီးယား လက္နက္ေတြ အမ်ားဆုံး ပိုင္ဆိုင္ထားၾကတဲ့ ႏိုင္ငံေတြလည္းျဖစ္ပါတယ္။
န်ဴကလီးယားလက္နက္အေရအတြက္ကို ကန႔္သတ္ထားတဲ့ေနာက္ဆုံးလက္က်န္စာခ်ဳပ္ဟာ လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလ(၅)ရက္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပူတင္က ကမ္းလွမ္းခဲ့တဲ့ သေဘာတူစာခ်ဳပ္အသစ္မွာ န်ဴကလီးယားထိပ္ဖူးအေရအတြက္ကို ၁၅၅ဝ ျပည့္ႏွစ္အထိသာ ထားရွိခြင့္ျပဳထား တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ စာခ်ဳပ္ကို သက္တမ္းတိုးတာမ်ိဳး ဒါမွမဟုတ္ အစားထိုးတာမ်ိဳးမလုပ္ေဆာင္ဘူးဆိုရင္ အဲဒီကန႔္သတ္ခ်က္ကို ႐ုရွားနဲ႔ အေမရိကန္ႏွစ္ႏိုင္ငံစလုံးက ခ်ိဳးေဖာက္ႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔ န်ဴကလီးယားကင္းစင္ေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္လိုတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ပူတင္ရဲ႕ကမ္းလွမ္းခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။ ေဒၚနယ္ထရမ့္က “န်ဴကလီးယားကင္းစင္ေရးဟာ အလြန္ႀကီးမားတဲ့ရည္႐ြယ္ခ်က္တစ္ခုလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ႐ုရွားကလည္း အဲဒီလိုလုပ္ဖို႔ ဆႏၵရွိပါတယ္။ ၿပီးေတာ့တ႐ုတ္ကလည္း အဲဒီလိုမ်ိဳးလုပ္ဖို႔ ဆႏၵရွိမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ န်ဴကလီးယားလက္နက္ေတြကို ျပန႔္ပြားခြင့္ျပဳလို႔ မရပါဘူး။ န်ဴကလီးယား လက္နက္ေတြကို တားဆီးဖို႔လိုအပ္ပါတယ္။ န်ဴကလီးယားလက္နက္ေတြက အရမ္းစြမ္းအားႀကီးပါတယ္” လို႔ ေျပာခဲ့ပါတယ္။