ဂျပန်မှာ ၂၀၂၅ ခုနှစ်ရဲ့ဆောင်းဦးရာသီကာလ တိုတောင်းနိုင်ဖွယ်ရှိ

74

ရောင်နီ (NP News) - စက်တင်ဘာ ၂၄
ဂျပန်နိုင်ငံရဲ့အပူချိန်ဟာ နိုဝင်ဘာလနှောင်းပိုင်းဝန်းကျင်မှ သိသိသာသာကျဆင်းသွားမှာဖြစ်ပြီး ယခုနှစ် ဆောင်းဦးရာသီဟာ ပျမ်းမျှနှစ်ထက် တိုတောင်းသွားနိုင်ဖွယ်ရှိတယ်လို့ ဂျပန် မိုးလေဝသအေဂျင်စီ (JMA) ရဲ့ စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်တဲ့ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာကာလအတွက် ခန့်မှန်းချက် အရ သိရပါတယ်။
ခန့်မှန်းချက်တွေအရ၊ အောက်တိုဘာလမှာ အပူချိန် မြင့်မားနေဦးမှာဖြစ်ပြီး နိုဝင်ဘာလမှာတော့ လေအေး ကြောင့် အပူချိန် ကျဆင်းမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုဝင်ဘာလမှာ ဂျပန်နိုင်ငံမြောက်ပိုင်းဒေသ အပူချိန်ဟာ မြင့်မားနေဦးမှာ ဖြစ်ပြီး ဂျပန်အရှေ့ပိုင်းနဲ့ အိုကီနာဝါ၊ အမီမီဒေသတွေမှာ ပျမ်းမျှ သို့မဟုတ် ပျှမ်းမျှထက် ပိုမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလမှာ မှ ဆောင်းရာသီ လေဖိအားပုံစံ ပေါ်လာမှာဖြစ်ပြီး အပူချိန်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ပျမ်းမျှနှုန်းနဲ့ ကျန်နေရာတွေမှာ ပျမ်းမျှ သို့မဟုတ် ပျှမ်းမျှထက် လျော့နည်းမယ်လို့ ခန့်မှန်းထားပါတယ်။
အောက်တိုဘာလမှာ ဂျပန်အရှေ့ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ဂျပန်နိုင်ငံအနောက်ပိုင်းမှာ မိုးရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး နိုဝင်ဘာလမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုးရွာနိုင်မယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာတော့ ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက်မှာ ပုံမှန်ထက် မိုးပိုရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဆောင်းရာသီအတွက် ခန့်မှန်းချက်ကတော့ ပြင်းထန်လေအေးရွေ့လျားမှုကြောင့် ဂျပန်ပင်လယ်ဘက် ခြမ်းမှာ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနိုင်တယ်လို့ JMA က ခန့်မှန်း ပြောကြားထားပါတယ်။

Zawgyi Version:
ဂ်ပန္မွာ ၂၀၂၅ ခုႏွစ္ရဲ႕ေဆာင္းဦးရာသီကာလ တိုေတာင္းႏိုင္ဖြယ္ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၄
ဂ်ပန္ႏိုင္ငံရဲ႕အပူခ်ိန္ဟာ ႏိုဝင္ဘာလေႏွာင္းပိုင္းဝန္းက်င္မွ သိသိသာသာက်ဆင္းသြားမွာျဖစ္ၿပီး ယခုႏွစ္ ေဆာင္းဦးရာသီဟာ ပ်မ္းမွ်ႏွစ္ထက္ တိုေတာင္းသြားႏိုင္ဖြယ္ရွိတယ္လို႔ ဂ်ပန္ မိုးေလဝသေအဂ်င္စီ (JMA) ရဲ႕ စက္တင္ဘာ ၂၂ ရက္က ထုတ္ျပန္တဲ့ ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ သုံးလတာကာလအတြက္ ခန႔္မွန္းခ်က္ အရ သိရပါတယ္။
ခန႔္မွန္းခ်က္ေတြအရ၊ ေအာက္တိုဘာလမွာ အပူခ်ိန္ ျမင့္မားေနဦးမွာျဖစ္ၿပီး ႏိုဝင္ဘာလမွာေတာ့ ေလေအး ေၾကာင့္ အပူခ်ိန္ က်ဆင္းမယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ႏိုဝင္ဘာလမွာ ဂ်ပန္ႏိုင္ငံေျမာက္ပိုင္းေဒသ အပူခ်ိန္ဟာ ျမင့္မားေနဦးမွာ ျဖစ္ၿပီး ဂ်ပန္အေရွ႕ပိုင္းနဲ႔ အိုကီနာဝါ၊ အမီမီေဒသေတြမွာ ပ်မ္းမွ် သို႔မဟုတ္ ပွ်မ္းမွ်ထက္ ပိုမယ္လို႔ ဆိုပါတယ္။ ဒီဇင္ဘာလမွာ မွ ေဆာင္းရာသီ ေလဖိအားပုံစံ ေပၚလာမွာျဖစ္ၿပီး အပူခ်ိန္ဟာ ဂ်ပန္ႏိုင္ငံေျမာက္ပိုင္းမွာ ပ်မ္းမွ်ႏႈန္းနဲ႔ က်န္ေနရာေတြမွာ ပ်မ္းမွ် သို႔မဟုတ္ ပွ်မ္းမွ်ထက္ ေလ်ာ့နည္းမယ္လို႔ ခန႔္မွန္းထားပါတယ္။
ေအာက္တိုဘာလမွာ ဂ်ပန္အေရွ႕ပိုင္း ပစိဖိတ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ဂ်ပန္ႏိုင္ငံအေနာက္ပိုင္းမွာ မိုး႐ြာသြန္းမယ္လို႔ ခန႔္မွန္းထားၿပီး ႏိုဝင္ဘာလမွာေတာ့ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ မိုး႐ြာႏိုင္မယ္လို႔ ဆိုပါတယ္။ ဒီဇင္ဘာလထဲမွာေတာ့ ဂ်ပန္ႏိုင္ငံ အေရွ႕ဘက္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ ပုံမွန္ထက္ မိုးပို႐ြာသြန္းမယ္လို႔ ခန႔္မွန္းထားပါတယ္။
ေဆာင္းရာသီအတြက္ ခန႔္မွန္းခ်က္ကေတာ့ ျပင္းထန္ေလေအးေ႐ြ႕လ်ားမႈေၾကာင့္ ဂ်ပန္ပင္လယ္ဘက္ ျခမ္းမွာ ဆီးႏွင္းမ်ား ထူထပ္စြာ က်ဆင္းႏိုင္တယ္လို႔ JMA က ခန႔္မွန္း ေျပာၾကားထားပါတယ္။