ဆန်ကြမ်းအသစ်ဈေးတက်ပြီးဆန်ကြမ်းဟောင်းဈေးများကျဆင်းနေ

 274

NP News - စက်တင်ဘာ၂၄

ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်နေကြောင်း ပဲခူးတိုင်း ကုန်စည်ဒိုင်မှ သိရသည်။
ပဲခူးကုန်စည်ဒိုင်တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၈၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ် ၅၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၃၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၂၅၂၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၂၀၀၀ ကျပ်ဈေးကျဆင်း၍ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၁၀၀၀ ကျပ် ဈေးမြင့်တက်ကာ ပေါ်ဆန်း မွှေးဆန်၊ ဆန်ကွဲ နှင့် ဖွဲနု ဈေးများတည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ဧည့်မထဆန်(မနောသုခ)(ဟောင်း) ဈေး ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအား နည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) ဈေးမြင့်တက်သွားခြင်းမှာ စပါးဈေးကျဆင်း၍ ဆန်ကြိတ်ခွဲမှုလျော့သွားကာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရသည်။

Zawgyi Version:
NP News - စက်တင်ဘာ၂၄


Related news

© 2021. All rights reserved.