တစညပါတီမှအမျိုးသမီးကိုယ်စားလှယ်လောင်း(၃၀)ရာခိုင်နှုန်းအထက်ပါဝင်ရန်ဆောင်ရွက်ထားဟုဆို

187

သက်ပိုင်( NP News) - စက်တင်ဘာ ၂၄
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း (၃၀) ရာခိုင်နှုန်းအထက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ဆောင်ရွက်ထားကြောင်း ပါတီဥက္ကဌ ဦးဟန်ရွှေက ပြောသည်။
ယနေ့(စက်တင်ဘာလ (၂၄) ရက်) က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၁၅)၊ကေမ္ဘာဇဝင်း၊တစညပါတီ ဗဟိုပါတီဌာနချုပ်တွင် သတင်းမီဒီများနှင့်တွေ့ဆုံစဉ် မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အမျိုးသမီးကိုယ်စားလှယ်လောင်းကို အတတ်နိုင်ဆုံး (၃၀) ရာခိုင်နှုန်းပါနိုင်အောင် ကြိုးစားနေပါတယ်။ လက်ရှိမှာ စာရင်းတွေအရ ပြန်စိစစ်တာတွေ လုပ်ဆောင်နေသေးတဲ့အတွက် ဘယ်လောက် ရာခိုင်နှုန်းပါဝင်တယ်ဆိုတာကိုတော့ အခုအချိန်မှာ တိတိကျကျ မပြောနိုင်သေးပါဘူး။ဒါပေမဲ့ အနည်းဆုံး ကတော့ (၃၀) ရာခိုင်နှုန်းလို့ သတ်မှတ်ထားပါတယ် ” ဟု ဦးဟန်ရွှေက ဆိုသည်။
လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်(UEC)သို့ ကိုယ်စားလှယ်လောင်း (၆၉၄)ဦးတင်သွင်းထားပြီး လူငယ်ကိုယ်ကိုယ်စားလှယ်လောင်းလည်း မည်မျှပါဝင်သည်ကို စိစစ်လျက်ရှိကြောင်းနှင့် မိမိတို့အနေဖြင့် ပါတီအတွင်း လူငယ်များပါဝင်လာနိုင်ရေးအတွက် လူငယ်ရေးရာကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ လူငယ်တွေ ပါတီနိုင်ငံရေးကိုစိတ်ဝင်စားမှုရှိအောင် ၊နိုင်ငံရေးအပေါ်မှာ ယုံကြည်ချက်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ပါတီမှာ Branch တစ်ခုအနေနဲ့ လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးဟန်ရွှေက ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ မှ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၄)ရက်တွင် အမည်ပြောင်းခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသည့် ပါတီဖြစ်ကာ လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုလည်းဖြစ်သည်။

Zawgyi Version:
တစညပါတီမွအမ်ိဳးသမီးကိုယ္စားလွယ္ေလာင္း(၃၀)ရာခိုင္ႏႈန္းအထက္ပါဝင္ရန္ေဆာင္႐ြက္ထားဟုဆို
သက္ပိုင္( NP News) - စက္တင္ဘာ ၂၄
တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ(တစည) အေနျဖင့္ လာမည့္ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္း (၃၀) ရာခိုင္ႏႈန္းအထက္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္ေဆာင္႐ြက္ထားေၾကာင္း ပါတီဥကၠဌ ဦးဟန္ေ႐ႊက ေျပာသည္။
ယေန႔(စက္တင္ဘာလ (၂၄) ရက္) က ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္၊တကၠသိုလ္ရိပ္သာလမ္း၊ အမွတ္(၁၅)၊ကေမာၻဇဝင္း၊တစညပါတီ ဗဟိုပါတီဌာနခ်ဳပ္တြင္ သတင္းမီဒီမ်ားႏွင့္ေတြ႕ဆုံစဥ္ မီဒီယာမ်ား၏ ေမးျမန္းခ်က္ကို ေျဖၾကားတြင္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
“အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းကို အတတ္ႏိုင္ဆုံး (၃၀) ရာခိုင္ႏႈန္းပါႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ လက္ရွိမွာ စာရင္းေတြအရ ျပန္စိစစ္တာေတြ လုပ္ေဆာင္ေနေသးတဲ့အတြက္ ဘယ္ေလာက္ ရာခိုင္ႏႈန္းပါဝင္တယ္ဆိုတာကိုေတာ့ အခုအခ်ိန္မွာ တိတိက်က် မေျပာႏိုင္ေသးပါဘူး။ဒါေပမဲ့ အနည္းဆုံး ကေတာ့ (၃၀) ရာခိုင္ႏႈန္းလို႔ သတ္မွတ္ထားပါတယ္ ” ဟု ဦးဟန္ေ႐ႊက ဆိုသည္။
လက္ရွိတြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)သို႔ ကိုယ္စားလွယ္ေလာင္း (၆၉၄)ဦးတင္သြင္းထားၿပီး လူငယ္ကိုယ္ကိုယ္စားလွယ္ေလာင္းလည္း မည္မွ်ပါဝင္သည္ကို စိစစ္လ်က္ရွိေၾကာင္းႏွင့္ မိမိတို႔အေနျဖင့္ ပါတီအတြင္း လူငယ္မ်ားပါဝင္လာႏိုင္ေရးအတြက္ လူငယ္ေရးရာေကာ္မတီတစ္ရပ္ကိုလည္း ဖြဲ႕စည္းကာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎ကဆိုသည္။
“တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွာ လူငယ္ေတြ ပါတီႏိုင္ငံေရးကိုစိတ္ဝင္စားမႈရွိေအာင္ ၊ႏိုင္ငံေရးအေပၚမွာ ယုံၾကည္ခ်က္နဲ႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြမွာ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ပါတီမွာ Branch တစ္ခုအေနနဲ႔ လူငယ္ေရးရာေကာ္မတီကို ဖြဲ႕စည္းၿပီး ေဆာင္႐ြက္ေနပါတယ္” ဟု ဦးဟန္ေ႐ႊက ေျပာသည္။
တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီသည္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီမွ မွ ၁၉၈၈ ခုႏွစ္ စက္တင္ဘာလ (၂၄)ရက္တြင္ အမည္ေျပာင္းခဲ့ျခင္းျဖစ္ၿပီး ျမန္မာ့ဆိုရွယ္လမ္းစဥ္ပါတီ၏ အေမြကိုဆက္ခံယူထားသည့္ ပါတီျဖစ္ကာ လာမည့္ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုအဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခုလည္းျဖစ္သည္။