ဘန်ကောက်မြို့ နာမည်ကြီး ဆေးရုံရှေ့ မြေကျွံကျ၍ ပေ ၁၅၀ အနက် ဧရာမ တွင်းပေါက်ကြီး ဖြစ်သွား

 1058

HtayOung #OungMarine(NP News)-စက်တင်ဘာ-၂၄၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြေအောက်မီးရထားလမ်း ဖောက်လုပ်စဉ် စက်တင်ဘာ ၂၄-ရက်နေ့မှာ မြေသားကျွံ ကျမှု ဖြစ်ပွားခဲ့ကြောင်း၊ နာမည်ကြီးဆေးရုံများအနက် တစ်ခုဖြစ်တဲ့ “ဝိဇယ ဆေးရုံ” အရှေ့မှာ ပေ၁၅၀ ( မီတာ ၅၀) ခန့်အနက်ရှိတဲ့ ဧရာမ တွင်းပေါက်ကြီးတစ်ခု ဖြစ်သွားတယ်လို့ စင်္ကာပူအခြေစိုက် “မားသားရှစ်” ဒစ်ဂျစ် တယ် မီဒီယာက ယနေ့ ရေးသားပါတယ်။

မြေသားကျွံကျမှု ဧရိယာဟာ ဆက်လက်ကျယ်ပြန့်လာနေတဲ့အတွက် ဘန်ကောက် အာဏာပိုင်များက ယာဉ် အသွားအလာများကို ပိတ်လိုက်ကြောင်း ကြေညာလိုက်ပြီး ထိခိုက်ဒဏ်ရာရရှိသူများနဲ့ ကြိုတင်ကာ ကွယ်မှုအ ဖြစ် အနီးနား နေထိုင်သူများကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ထိုင်းမီဒီယာများက ဖော်ပြနေကြပါတယ်။ ဒါ ပေမယ့် ယခုအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်းလည်း သတင်းရရှိပါတယ်။

ယနေ့နံနက် ၇ နာရီခန့် ဘန်ကောက်မြို့ ဆမ်ဆင်လမ်းပေါ်ရှိ ဝိဇယဆေးရုံရှေ့လမ်းမှာ မြေသားကျွံကျမှု ဖြစ်ပွား ခဲ့တယ်လို့ ဘန်ကောက်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သတင်းရရှိခဲ့ကြောင်း “နေရှင်း-ထိုင်းနိုင်ငံ” သတင်းမှာ ဖော်ပြ ထားပါတယ်။

အာဏာပိုင်များက ယာဉ်ကြောအတွင်း သွားလာမှုများကို ရပ်ဆိုင်းလိုက်ပြီး ပြုပြင်မှုများ လုပ်ဆောင်နိုင်ခဲ့ကြ ကြောင်း၊ ဆမ်ဆင် မီးသတ်နဲ့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူများရဲ့ ပြောချက်အရ အဆိုပါ တွင်းကြီးဟာ အလျား ပေ-၉၀၊ အနံ ပေ-၉၀ နဲ့ ပေ ၁၅၀ အနက်ရှိကြောင်း သိရှိရတယ်လို့ အင်္ဂလိပ်ဘာသာ“ကောင်ဆွတ်” သတင်းက ရေးပါတယ်။

ဓါတ်ပုံများနဲ့ ဗီဒီယိုဖိုင်များမှာ ပစ်ကပ်ထရပ်ကားတစ်စီးဟာ တွင်းပေါက်ကြီးအတွင်း ပြုတ်ကျလုနီး ရှိနေပြီး မြေအောက်ပိုက်လိုင်းကြီးတစ်ခုလည်း ပြတ်ထွက်သွားကြောင်း တွေ့မြင်ကြရပါတယ်။

ဆမ်ဆင်လမ်းနဲ့ အနီးပတ်ဝန်းကျင်နယ်မြေများမှာ လမ်းအသွားအလားများကို ပိတ်လိုက်ကြောင်း ဒူဆစ်ခရိုင် ရုံးက ကြေညာခဲ့ပါတယ်။ အနီးရှိ တိုက်ခန်းများမှာ နေထိုင်သူတို့ကိုလည်း ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ ပြောင်းကြရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်

မြေကျွံကျရာမှာ အနီးနားရှိ ဆမ်ဆင်ရဲစခန်းမှ လျှပ်စစ်ဓာတ်တိုင်နှစ်တိုင်နဲ့ တွဲဆွဲ ထရပ်ကားတစ်စင်းလည်း တွင်းထဲသို့ ပြုတ်ကျခဲ့ကြောင်း၊ မြေကျွံဧရိယာ ကျယ်ပြန့်လာတဲ့အတွက် တွင်းပေါက်ကြီးအနီး ရောက်ရှိနေတဲ့ အလုပ်သမားများနဲ့ လမ်းသွားလမ်းလာများဟာ နောက်ပြန်ဆုတ်သွားကြကြောင်း X လူမှုကွန်မှာ မျှဝေထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုက ပြသနေပါတယ်။

အခင်းဖြစ်လျင် ဖြစ်ချင်း ဝိဇယဆေးရုံရဲ့ ပြင်ပလူနာ ဝန်ဆောင်မှုကို ပိတ်ပစ်ခဲ့ပြီး အဲ့ဒီမှာ ရှိနေတဲ့ လူနာအား လုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း Thai PBS World က ဖော်ပြပါတယ်။

ဘန်ကောက်မြို့ တော်ဝန် ချတ်ချရတ် ဆစ်တီပွန့်ကတော့ မြေအောက်မီးထားလမ်းဖောက်လုပ်စဉ် မြေအောက် ဥမင်လိုဏ်ခေါင်းအတွင်း မြေသားပြိုကျခဲ့ကြောင်း၊ အပေါ်မြေမျက်နှာပြင်ရှိ လမ်းအစိတ်အပိုင်းများ ကျွံကျသွား ခြင်းဖြစ်ပြီး ပြုပြင်မှုများကို အမြန်ဆုံး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
.

===

Zawgyi Version:
ဘန္ေကာက္ၿမိဳ႕ နာမည္ႀကီး ေဆး႐ုံေရွ႕ ေျမကြၽံက်၍ ေပ ၁၅၀ အနက္ ဧရာမ တြင္းေပါက္ႀကီး ျဖစ္သြား
HtayOung #OungMarine(NP News)-စက္တင္ဘာ-၂၄၊ ၂၀၂၅
==
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ေျမေအာက္မီးရထားလမ္း ေဖာက္လုပ္စဥ္ စက္တင္ဘာ ၂၄-ရက္ေန႔မွာ ေျမသားကြၽံ က်မႈ ျဖစ္ပြားခဲ့ေၾကာင္း၊ နာမည္ႀကီးေဆး႐ုံမ်ားအနက္ တစ္ခုျဖစ္တဲ့ “ဝိဇယ ေဆး႐ုံ” အေရွ႕မွာ ေပ၁၅၀ ( မီတာ ၅၀) ခန႔္အနက္ရွိတဲ့ ဧရာမ တြင္းေပါက္ႀကီးတစ္ခု ျဖစ္သြားတယ္လို႔ စကၤာပူအေျခစိုက္ “မားသားရွစ္” ဒစ္ဂ်စ္ တယ္ မီဒီယာက ယေန႔ ေရးသားပါတယ္။

ေျမသားကြၽံက်မႈ ဧရိယာဟာ ဆက္လက္က်ယ္ျပန႔္လာေနတဲ့အတြက္ ဘန္ေကာက္ အာဏာပိုင္မ်ားက ယာဥ္ အသြားအလာမ်ားကို ပိတ္လိုက္ေၾကာင္း ေၾကညာလိုက္ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားနဲ႔ ႀကိဳတင္ကာ ကြယ္မႈအ ျဖစ္ အနီးနား ေနထိုင္သူမ်ားကို အေရးေပၚ ေ႐ႊ႕ေျပာင္းခဲ့ရတယ္လို႔ ထိုင္းမီဒီယာမ်ားက ေဖာ္ျပေနၾကပါတယ္။ ဒါ ေပမယ့္ ယခုအခ်ိန္ထိ ထိခိုက္ဒဏ္ရာရရွိသူ မရွိေသးေၾကာင္းလည္း သတင္းရရွိပါတယ္။

ယေန႔နံနက္ ၇ နာရီခန႔္ ဘန္ေကာက္ၿမိဳ႕ ဆမ္ဆင္လမ္းေပၚရွိ ဝိဇယေဆး႐ုံေရွ႕လမ္းမွာ ေျမသားကြၽံက်မႈ ျဖစ္ပြား ခဲ့တယ္လို႔ ဘန္ေကာက္ယာဥ္ထိန္းရဲတပ္ဖြဲ႕ထံမွ သတင္းရရွိခဲ့ေၾကာင္း “ေနရွင္း-ထိုင္းႏိုင္ငံ” သတင္းမွာ ေဖာ္ျပ ထားပါတယ္။

အာဏာပိုင္မ်ားက ယာဥ္ေၾကာအတြင္း သြားလာမႈမ်ားကို ရပ္ဆိုင္းလိုက္ၿပီး ျပဳျပင္မႈမ်ား လုပ္ေဆာင္ႏိုင္ခဲ့ၾက ေၾကာင္း၊ ဆမ္ဆင္ မီးသတ္နဲ႔ ကယ္ဆယ္ေရးစခန္း တာဝန္ရွိသူမ်ားရဲ႕ ေျပာခ်က္အရ အဆိုပါ တြင္းႀကီးဟာ အလ်ား ေပ-၉၀၊ အနံ ေပ-၉၀ နဲ႔ ေပ ၁၅၀ အနက္ရွိေၾကာင္း သိရွိရတယ္လို႔ အဂၤလိပ္ဘာသာ“ေကာင္ဆြတ္” သတင္းက ေရးပါတယ္။

ဓါတ္ပုံမ်ားနဲ႔ ဗီဒီယိုဖိုင္မ်ားမွာ ပစ္ကပ္ထရပ္ကားတစ္စီးဟာ တြင္းေပါက္ႀကီးအတြင္း ျပဳတ္က်လုနီး ရွိေနၿပီး ေျမေအာက္ပိုက္လိုင္းႀကီးတစ္ခုလည္း ျပတ္ထြက္သြားေၾကာင္း ေတြ႕ျမင္ၾကရပါတယ္။

ဆမ္ဆင္လမ္းနဲ႔ အနီးပတ္ဝန္းက်င္နယ္ေျမမ်ားမွာ လမ္းအသြားအလားမ်ားကို ပိတ္လိုက္ေၾကာင္း ဒူဆစ္ခ႐ိုင္ ႐ုံးက ေၾကညာခဲ့ပါတယ္။ အနီးရွိ တိုက္ခန္းမ်ားမွာ ေနထိုင္သူတို႔ကိုလည္း ေဘးလြတ္ရာသို႔ အျမန္ဆုံး ေ႐ႊ႕ ေျပာင္းၾကရန္ ၫႊန္ၾကားထားတယ္လို႔ ဆိုပါတယ္

ေျမကြၽံက်ရာမွာ အနီးနားရွိ ဆမ္ဆင္ရဲစခန္းမွ လွ်ပ္စစ္ဓာတ္တိုင္ႏွစ္တိုင္နဲ႔ တြဲဆြဲ ထရပ္ကားတစ္စင္းလည္း တြင္းထဲသို႔ ျပဳတ္က်ခဲ့ေၾကာင္း၊ ေျမကြၽံဧရိယာ က်ယ္ျပန႔္လာတဲ့အတြက္ တြင္းေပါက္ႀကီးအနီး ေရာက္ရွိေနတဲ့ အလုပ္သမားမ်ားနဲ႔ လမ္းသြားလမ္းလာမ်ားဟာ ေနာက္ျပန္ဆုတ္သြားၾကေၾကာင္း X လူမႈကြန္မွာ မွ်ေဝထားတဲ့ ဗြီဒီယိုဖိုင္တစ္ခုက ျပသေနပါတယ္။

အခင္းျဖစ္လ်င္ ျဖစ္ခ်င္း ဝိဇယေဆး႐ုံရဲ႕ ျပင္ပလူနာ ဝန္ေဆာင္မႈကို ပိတ္ပစ္ခဲ့ၿပီး အဲ့ဒီမွာ ရွိေနတဲ့ လူနာအား လုံးကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း Thai PBS World က ေဖာ္ျပပါတယ္။

ဘန္ေကာက္ၿမိဳ႕ ေတာ္ဝန္ ခ်တ္ခ်ရတ္ ဆစ္တီပြန႔္ကေတာ့ ေျမေအာက္မီးထားလမ္းေဖာက္လုပ္စဥ္ ေျမေအာက္ ဥမင္လိုဏ္ေခါင္းအတြင္း ေျမသားၿပိဳက်ခဲ့ေၾကာင္း၊ အေပၚေျမမ်က္ႏွာျပင္ရွိ လမ္းအစိတ္အပိုင္းမ်ား ကြၽံက်သြား ျခင္းျဖစ္ၿပီး ျပဳျပင္မႈမ်ားကို အျမန္ဆုံး လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။
.

===

Related news

© 2021. All rights reserved.