ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နိုဗာစီဗစ်မြို့သို့ရောက်ရှိ

4804

သန့်ဇင် (NP News) - စက်တင်ဘာ ၂၄
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(စက်တင်ဘာ ၂၄ ရက်)၊ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ရောက်ရှိကြရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အဏုမြူသတင်း ပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum 2025) သို့ တက်ရောက်ရန်အတွက် ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ ႏိုဗာစီဗစ္ၿမိဳ႕သို႔ေရာက္ရွိ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၄
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔(စက္တင္ဘာ ၂၄ ရက္)၊ နံနက္ပိုင္းတြင္ ႐ုရွားႏိုင္ငံ၊ ႏိုဗာစီဗစ္ၿမိဳ႕၊ သာမာရွယ္ဗာေလဆိပ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါလာသည့္ အထူးေလယာဥ္သည္ ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံ၊ ႏိုဗာစီဗစ္ၿမိဳ႕၊ သာမာရွယ္ဗာေလဆိပ္သို႔ေရာက္ရွိၾကရာ ႏိုဗာစီဗစ္ေဒသအုပ္ခ်ဳပ္ေရးမႉး Mr. Travnikov Ahdrey Aleksandrovich ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားသမၼတ မစၥတာဗလာဒီမာပူတင္၏ ဖိတ္ၾကားခ်က္အရ ေမာ္စကိုၿမိဳ႕တြင္ က်င္းပမည့္ ကမာၻ႔အဏုျမဴသတင္း ပတ္ဖိုရမ္-၂၀၂၅ (World Atomic Week Forum 2025) သို႔ တက္ေရာက္ရန္အတြက္ ယေန႔(စက္တင္ဘာ ၂၄ ရက္) နံနက္ပိုင္းတြင္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ ထြက္ခြာခဲ့ေၾကာင္း သိရသည္။
အဆိုပါ ခရီးစဥ္တြင္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ႏွင့္အတူ ေကာ္မရွင္ အတြင္းေရးမႉး တြဲဖက္အမႈေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာ္မရွင္အဖြဲ႕ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးဉာဏ္ထြန္း၊ ဦးကိုကိုလြင္၊ ေဒါက္တာ မ်ိဳးသိမ္းေက်ာ္၊ ေဒါက္တာသက္ခိုင္ဝင္း၊ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္ အပါအဝင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွတာဝန္ရွိသူမ်ား လိုက္ပါသြားခဲ့ေၾကာင္း သိရသည္။