အချိန်(၂၉)မိနစ်နှင့် (၃)စက္ကန့်ကြာအောင် ရေအောက်၌ အသက်အောင့်ထားပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သူ
                        
                            
                             
 245
 
                             
                            
                            
                         
                        
Pika  (NP News) - စက်တင်ဘာလ ၂၅
     ခရိုအေးရှားနိုင်ငံမှ အလွတ်တန်းရေငုပ် သမား Vitomir Maričić  သည် အနက်(၃)မီတာရှိသောရေကန်၏ အောက်ခြေတွင် အချိန်(၂၉)မိနစ်နှင့်(၃)စက္ကန့်ကြာအောင် အသက်အောင့်ထားပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ Vitomir Maričić သည် ရေအောက်တွင် အကြာဆုံးအသက်အောင့်မှုအတွက် ယခင်စံချိန် ဟောင်းထက် အချိန်(၅)မိနစ်ပိုကြာအောင်  အသက်အောင့်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
	လူအများစုသည် အသက်အောင့်ခြင်းကို စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်အထိသာလုပ်ဆောင်နိုင် သော်လည်း မှန်ကန်သောလေ့ကျင့်မှုများနှင့်အတူ လူအချို့သည် ရေအောက်တွင် အသက်အောင့်ခြင်းကို အချိန်အကြာကြီးလုပ်ဆောင်နိုင်ကြောင်းလည်း သိရသည်။ အသက်ရှုခြင်း၊ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်း နှင့် တရားထိုင်ခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများစွာကို လုပ်ဆောင်ထားသော လူအများစုသည် ပုံမှန်မဟုတ်သော လုပ်ဆောင်မှုများကို လုပ် ဆောင်နိုင်စွမ်းရှိကြကြောင်းလည်း သိရသည်။ Vitomir Maričić က "ရေအောက်မှာ အချိန် အကြာကြီး အသက်အောင့်ထားရတဲ့အချိန်မှာ အချိန် ကြာလာတာနဲ့ ရုပ်ပိုင်းဆိုင်ရာဆိုးရွားမှုတွေတော့ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း မိနစ်(၂၀)ကျော်သွား ရင်တော့ စိတ်ပိုင်းဆိုင်ရာက ပိုပြီးလွယ်ကူလာပါတယ်" ဟုပြောခဲ့သည်။
	အသက်ရှူခြင်းကို ထိန်းလိုက်သည့်အချိန်တွင် သွေးထဲတွင် အောက်ဆီဂျင်ပမာဏကျ ဆင်းသွားကာ ကာဗွန်ဒိုင်အောက်ဆိုက်များ မြင့်တက်လာကြောင်း  သိရသည်။ မိနစ်အနည်းငယ်ကြာ သည့်အချိန်တွင် အသက်ရှူခြင်း၏ ပင်ကြွက်သားသည် အလိုအလျောက်ကျုံ့သွားကာ ပြန်လည် အသက်ရှူရန် အလိုအလျောက် တုံ့ပြန်မှုများကို ဖြစ် ပေါ်စေကြောင်းသိရသည်။
                     
                        
                                                                    
Zawgyi Version: 
အခ်ိန္(၂၉)မိနစ္ႏွင့္ (၃)စကၠန႔္ၾကာေအာင္ ေရေအာက္၌ အသက္ေအာင့္ထားျပခဲ့ၿပီး   ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သူ
Pika  (NP News) - စက္တင္ဘာလ ၂၅ 
     ခ႐ိုေအးရွားႏိုင္ငံမွ အလြတ္တန္းေရငုပ္ သမား Vitomir Maričić  သည္ အနက္(၃)မီတာရွိေသာေရကန္၏ ေအာက္ေျခတြင္ အခ်ိန္(၂၉)မိနစ္ႏွင့္(၃)စကၠန႔္ၾကာေအာင္ အသက္ေအာင့္ထားျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ Vitomir Maričić သည္ ေရေအာက္တြင္ အၾကာဆုံးအသက္ေအာင့္မႈအတြက္ ယခင္စံခ်ိန္ ေဟာင္းထက္ အခ်ိန္(၅)မိနစ္ပိုၾကာေအာင္  အသက္ေအာင့္ျပခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
	လူအမ်ားစုသည္ အသက္ေအာင့္ျခင္းကို စကၠန႔္အနည္းငယ္မွ မိနစ္အနည္းငယ္အထိသာလုပ္ေဆာင္ႏိုင္ ေသာ္လည္း မွန္ကန္ေသာေလ့က်င့္မႈမ်ားႏွင့္အတူ လူအခ်ိဳ႕သည္ ေရေအာက္တြင္ အသက္ေအာင့္ျခင္းကို အခ်ိန္အၾကာႀကီးလုပ္ေဆာင္ႏိုင္ေၾကာင္းလည္း သိရသည္။ အသက္ရႈျခင္း၊ ႏွလုံးေသြးေၾကာဆိုင္ရာ ေလ့က်င့္ခန္း ႏွင့္ တရားထိုင္ျခင္း အပါအဝင္ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာေလ့က်င့္မႈမ်ားစြာကို လုပ္ေဆာင္ထားေသာ လူအမ်ားစုသည္ ပုံမွန္မဟုတ္ေသာ လုပ္ေဆာင္မႈမ်ားကို လုပ္ ေဆာင္ႏိုင္စြမ္းရွိၾကေၾကာင္းလည္း သိရသည္။ Vitomir Maričić က "ေရေအာက္မွာ အခ်ိန္ အၾကာႀကီး အသက္ေအာင့္ထားရတဲ့အခ်ိန္မွာ အခ်ိန္ ၾကာလာတာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာဆိုး႐ြားမႈေတြေတာ့ျဖစ္လာပါတယ္။ ဒါေပမဲ့လည္း မိနစ္(၂၀)ေက်ာ္သြား ရင္ေတာ့ စိတ္ပိုင္းဆိုင္ရာက ပိုၿပီးလြယ္ကူလာပါတယ္" ဟုေျပာခဲ့သည္။
	အသက္ရႉျခင္းကို ထိန္းလိုက္သည့္အခ်ိန္တြင္ ေသြးထဲတြင္ ေအာက္ဆီဂ်င္ပမာဏက် ဆင္းသြားကာ ကာဗြန္ဒိုင္ေအာက္ဆိုက္မ်ား ျမင့္တက္လာေၾကာင္း  သိရသည္။ မိနစ္အနည္းငယ္ၾကာ သည့္အခ်ိန္တြင္ အသက္ရႉျခင္း၏ ပင္ႂကြက္သားသည္ အလိုအေလ်ာက္က်ဳံ႕သြားကာ ျပန္လည္ အသက္ရႉရန္ အလိုအေလ်ာက္တုံ႔ျပန္မႈမ်ားကို ျဖစ္ေပၚေစေၾကာင္းသိရသည္။