ဧရာဝတီတွင် ဝါသနာအရ မြင်းမွေးမြူရာမှ အဝယ်လိုက်လာသောကြောင့် စီးပွားဖြစ်မွေးမြူသူများရှိလာ

163

သတိုးနိုင် (NP News) - စက်တင်ဘာလ ၂၅
ဧရာဝတီတိုင်းဒသကြီးတွင် ဝါသနာအရ မြင်းမွေးမြူရာမှ အဝယ်လိုက်လာသောကြောင့် စီးပွား ဖြစ်မွေးမြူသူများပင်ရှိလာကြောင်း မြင်းမွေးမြူရေး လုပ်ကိုင်သူများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များ အရ သိရသည်။
ယခင်က ကျေးလက်ဒေသများတွင် ငွေ ကြေးပြည့်စုံသူများနှင့် ဝါသနာအရ မွေးမြူသူများက ရှင်ပြုပွဲနှင့် မြင်းပြိုင်ပွဲများအတွက်သာ မြင်းကိုအသုံး ပြုခဲ့ကြောင်းသိရသည်။ လက်ရှိတွင်မူ ဧရာဝတီတိုင်း အတွင်းမွေးမြူသောမြင်းမျိုးနှင့် အရည်အသွေးပေါ် မူတည်ကာ နယ်ကျော်ဝယ်ယူလာသောမြင်းအရောင်း အဝယ်ပွဲစားများလည်းရှိလာသဖြင့် စီးပွားဖြစ်မွေးသူ များရှိလာကြောင်းသိရသည်။
" လက်ရှိကတော့ မြင်းအရောင်းအဝယ် တော်တော်ကောင်းလာတယ်။ ရှမ်းပြည်ဘက်က ဆင်းဝယ်ကြတာလည်းများတယ်။ တခြားနေရာတွေ မှာလည်းဝယ်ပါတယ်။ ကျွန်တော်တို့နယ်မှာတောင် မြင်းတော်တော်မွေးကြတာ။ အိန္ဒိယမြင်းမျိုးလည်းရှိ တယ်။ သူကတော့ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ တော့ သိပ်မဝယ်မွေးကြဘူးဗျ။ ပဲခူးတို့ မိတ္ထီလာတို့မှာ လည်းမွေးတယ်"ဟု ဧရာဝတီတိုင်းမှ စီးပွားဖြစ်မြင်း မွေးနေသူတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းတွင် မြင်းမွေးမြူရေးကို ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ရေ ကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်အပြင် အခြား သောမြို့နယ်အချို့တွင်မွေးမြူကြပြီး ကျောက်မြင်း ခေါ် အလုပ်သုံးမြင်းနှင့် ပြိုင်မြင်းခေါ် ပြိုင်ပွဲဝင်မြင်း များကို အရည်အသွေးနှင့်မျိုးပေါ်မူတည်ကာ ငွေ ကျပ်(၈)သိန်းမှ သိန်းရာကျော်အထိပေါက်ဈေးရှိ ကြောင်းသိရသည်။
" အနက်သီးသန့်ဆိုရင် အမြင့်ဆုံးက သိန်း(၈၀)လောက်ရှိတယ်။ လေးဖက်ဖြူနှာတန်း ဆိုရင် သိန်း (၁၀ဝ) ကျော်ကျော်ပေးရတယ်။ မြန်မာ မြင်းမျိုးတွေပဲ။ ရှမ်းပြည်ကနေဆင်းဆင်းဝယ်ပြီး ဈေး ကောင်းလည်းပေးဝယ်တယ်။ သားဖောက်မယ်ဆိုရင် လည်း (၅)သိန်းဆို (၅)သိန်းပေးရတယ်။ ချိတ်က လည်း အဲဒီဈေးပဲပေါက်တယ်။ အတူတူပါပဲ ကာလာပဲ ကွဲတယ်။ အဖြူကတော့ အပေါ်က (၂) ခုထက်စာရင် ဈေးနိမ့်တယ်" ဟု အခြားမြင်းမွေးမြူသူတစ်ဦးက ပြောသည်။
ထို့ပြင် မြင်းများကို သားစပ်ရန်အတွက် လည်း သီးသန့်မွေးမြူသည်များရှိနေပြီး သားစပ်ခအ ဖြစ်လည်း ငွေကျပ်(၂)သိန်းမှ (၅)သိန်းအထိ ပေါက်ဈေးရှိကြောင်း သိရသည်။
" မြင်းစပ်ဖို့မွေးတဲ့ အိန္ဒိယနားကောက် ဆိုရင် သိန်းကတော့ (၁၀ဝ)ကျော်အထက်ရှိတယ်။ သားစပ်ခက သိန်း(၂၀)ရှိတယ်။ ရှမ်းမြင်းကတော့ သားစပ်ခ အမျိုးမျိုးပေးရတာပေါ့။ ကျွန်တော်တို့ ဘက်ကတော့ မြန်မာ့နာမည်ကျော် ဒုန်းမြင်းတွေနဲ့ပဲ မျိုးစပ်ကြတယ်ဗျ။ ကာလာပေါ်လိုက်ပြီး ဈေးကောင်း တယ်။ အနက်၊ ချိတ်၊ အဖြူတို့တော့ ပိုဈေးကောင်း တယ်ဗျ။ အဲဒီကောင်တွေဆို ကာလာများပါလို့ကတော့ ရှမ်းက သိန်းတစ်ရာကျော် နှစ်ရာလောက်ကိုပေးတာ။ မန်ကျည်းကာလာလည်းဈေးကောင်းတယ်။ အခု နောက်ပိုင်းဆို ဈေးကအဲဒါထက် နည်းနည်းလေး ပိုမြင့်လာတယ်။ မြင်းကလည်းချော အကောင်က လည်းကြီးဆိုရင်တော့ တန်ဖိုးကြီးတာလည်း မပြောနဲ့ လေဗျာ။သူနဲ့ဖောက်တဲ့မြင်းမများ အထီးကျကျ၊ အမ ကျကျ ပိုက်ဆံရတယ်" ဟု ၎င်းကဆက်ပြောသည်။
မြင်းမွေးမြူခြင်းကို ဧရာဝတီတိုင်းတွင် သာမက အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း မွေးမြူကြသော်လည်း မွေးမြူရာတွင် ကုန်ကျစရိတ် နှင့်စနစ်ကျမှုများလည်းလိုအပ်သဖြင့် အများစုအနေ ဖြင့် မွေးမြူနိုင်ခြင်းမရှိသေးပေ။

Zawgyi Version:
ဧရာဝတီတြင္ ဝါသနာအရ ျမင္းေမြးျမဴရာမွ အဝယ္လိုက္လာေသာေၾကာင့္ စီးပြားျဖစ္ေမြးျမဴသူမ်ားရွိလာ
သတိုးႏိုင္ (NP News) - စက္တင္ဘာလ ၂၅
ဧရာဝတီတိုင္းဒသႀကီးတြင္ ဝါသနာအရ ျမင္းေမြးျမဴရာမွ အဝယ္လိုက္လာေသာေၾကာင့္ စီးပြား ျဖစ္ေမြးျမဴသူမ်ားပင္ရွိလာေၾကာင္း ျမင္းေမြးျမဴေရး လုပ္ကိုင္သူမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ား အရ သိရသည္။
ယခင္က ေက်းလက္ေဒသမ်ားတြင္ ေငြ ေၾကးျပည့္စုံသူမ်ားႏွင့္ ဝါသနာအရ ေမြးျမဴသူမ်ားက ရွင္ျပဳပြဲႏွင့္ ျမင္းၿပိဳင္ပြဲမ်ားအတြက္သာ ျမင္းကိုအသုံး ျပဳခဲ့ေၾကာင္းသိရသည္။ လက္ရွိတြင္မူ ဧရာဝတီတိုင္း အတြင္းေမြးျမဴေသာျမင္းမ်ိဳးႏွင့္ အရည္အေသြးေပၚ မူတည္ကာ နယ္ေက်ာ္ဝယ္ယူလာေသာျမင္းအေရာင္း အဝယ္ပြဲစားမ်ားလည္းရွိလာသျဖင့္ စီးပြားျဖစ္ေမြးသူ မ်ားရွိလာေၾကာင္းသိရသည္။
" လက္ရွိကေတာ့ ျမင္းအေရာင္းအဝယ္ ေတာ္ေတာ္ေကာင္းလာတယ္။ ရွမ္းျပည္ဘက္က ဆင္းဝယ္ၾကတာလည္းမ်ားတယ္။ တျခားေနရာေတြ မွာလည္းဝယ္ပါတယ္။ ကြၽန္ေတာ္တို႔နယ္မွာေတာင္ ျမင္းေတာ္ေတာ္ေမြးၾကတာ။ အိႏၵိယျမင္းမ်ိဳးလည္းရွိ တယ္။ သူကေတာ့ ကြၽန္ေတာ္တို႔ ဧရာဝတီတိုင္းမွာ ေတာ့ သိပ္မဝယ္ေမြးၾကဘူးဗ်။ ပဲခူးတို႔ မိတၳီလာတို႔မွာ လည္းေမြးတယ္"ဟု ဧရာဝတီတိုင္းမွ စီးပြားျဖစ္ျမင္း ေမြးေနသူတစ္ဦးကေျပာသည္။
ဧရာဝတီတိုင္းတြင္ ျမင္းေမြးျမဴေရးကို ဟသၤာတၿမိဳ႕နယ္၊ ဇလြန္ၿမိဳ႕နယ္၊ ဓႏုျဖဴၿမိဳ႕နယ္၊ ေရ ၾကည္ၿမိဳ႕နယ္ႏွင့္ ေက်ာင္းကုန္းၿမိဳ႕နယ္အျပင္ အျခား ေသာၿမိဳ႕နယ္အခ်ိဳ႕တြင္ေမြးျမဴၾကၿပီး ေက်ာက္ျမင္း ေခၚ အလုပ္သုံးျမင္းႏွင့္ ၿပိဳင္ျမင္းေခၚ ၿပိဳင္ပြဲဝင္ျမင္း မ်ားကို အရည္အေသြးႏွင့္မ်ိဳးေပၚမူတည္ကာ ေငြ က်ပ္(၈)သိန္းမွ သိန္းရာေက်ာ္အထိေပါက္ေဈးရွိ ေၾကာင္းသိရသည္။
" အနက္သီးသန႔္ဆိုရင္ အျမင့္ဆုံးက သိန္း(၈၀)ေလာက္ရွိတယ္။ ေလးဖက္ျဖဴႏွာတန္း ဆိုရင္ သိန္း (၁၀ဝ) ေက်ာ္ေက်ာ္ေပးရတယ္။ ျမန္မာ ျမင္းမ်ိဳးေတြပဲ။ ရွမ္းျပည္ကေနဆင္းဆင္းဝယ္ၿပီး ေဈး ေကာင္းလည္းေပးဝယ္တယ္။ သားေဖာက္မယ္ဆိုရင္ လည္း (၅)သိန္းဆို (၅)သိန္းေပးရတယ္။ ခ်ိတ္က လည္း အဲဒီေဈးပဲေပါက္တယ္။ အတူတူပါပဲ ကာလာပဲ ကြဲတယ္။ အျဖဴကေတာ့ အေပၚက (၂) ခုထက္စာရင္ ေဈးနိမ့္တယ္" ဟု အျခားျမင္းေမြးျမဴသူတစ္ဦးက ေျပာသည္။
ထို႔ျပင္ ျမင္းမ်ားကို သားစပ္ရန္အတြက္ လည္း သီးသန႔္ေမြးျမဴသည္မ်ားရွိေနၿပီး သားစပ္ခအ ျဖစ္လည္း ေငြက်ပ္(၂)သိန္းမွ (၅)သိန္းအထိ ေပါက္ေဈးရွိေၾကာင္း သိရသည္။
" ျမင္းစပ္ဖို႔ေမြးတဲ့ အိႏၵိယနားေကာက္ ဆိုရင္ သိန္းကေတာ့ (၁၀ဝ)ေက်ာ္အထက္ရွိတယ္။ သားစပ္ခက သိန္း(၂၀)ရွိတယ္။ ရွမ္းျမင္းကေတာ့ သားစပ္ခ အမ်ိဳးမ်ိဳးေပးရတာေပါ့။ ကြၽန္ေတာ္တို႔ ဘက္ကေတာ့ ျမန္မာ့နာမည္ေက်ာ္ ဒုန္းျမင္းေတြနဲ႔ပဲ မ်ိဳးစပ္ၾကတယ္ဗ်။ ကာလာေပၚလိုက္ၿပီး ေဈးေကာင္း တယ္။ အနက္၊ ခ်ိတ္၊ အျဖဴတို႔ေတာ့ ပိုေဈးေကာင္း တယ္ဗ်။ အဲဒီေကာင္ေတြဆို ကာလာမ်ားပါလို႔ကေတာ့ ရွမ္းက သိန္းတစ္ရာေက်ာ္ ႏွစ္ရာေလာက္ကိုေပးတာ။ မန္က်ည္းကာလာလည္းေဈးေကာင္းတယ္။ အခု ေနာက္ပိုင္းဆို ေဈးကအဲဒါထက္ နည္းနည္းေလး ပိုျမင့္လာတယ္။ ျမင္းကလည္းေခ်ာ အေကာင္က လည္းႀကီးဆိုရင္ေတာ့ တန္ဖိုးႀကီးတာလည္း မေျပာနဲ႔ ေလဗ်ာ။သူနဲ႔ေဖာက္တဲ့ျမင္းမမ်ား အထီးက်က်၊ အမ က်က် ပိုက္ဆံရတယ္" ဟု ၎ကဆက္ေျပာသည္။
ျမင္းေမြးျမဴျခင္းကို ဧရာဝတီတိုင္းတြင္ သာမက အျခားေသာ တိုင္းႏွင့္ျပည္နယ္မ်ားတြင္လည္း ေမြးျမဴၾကေသာ္လည္း ေမြးျမဴရာတြင္ ကုန္က်စရိတ္ ႏွင့္စနစ္က်မႈမ်ားလည္းလိုအပ္သျဖင့္ အမ်ားစုအေန ျဖင့္ ေမြးျမဴႏိုင္ျခင္းမရွိေသးေပ။