မွန်ပြည်နယ်၊ လမိုင်းမြို့တွင် အုတ်တံတိုင်းပြိုကျသဖြင့် ကျောင်းသား(၃)ဦး သေဆုံး

414

NP News စက်တင်ဘာ၂၅
မွန်ပြည်နယ် ၊ လမိုင်းမြို့ ၊ မော့ကနင် ကုန်းပေါ်ရွာသစ်တွင် ဘောလုံးပြိုင်ပွဲကြည့်နေစဥ် မိုးရွာသွန်းမှုကြောင့် အုတ်နံရံပြိုကာကျောင်းသား (၃)ဦး သေဆုံးကာ ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း နှစ်ချင်းကရင်လူမှုကူညီရေးအသင်းမှသိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့မွန်းလွဲပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်စုပေါင်းကန်သည့် ဘောလုံးပွဲကိုကြည့်နေစဥ် မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ဘုန်းကြီးကျောင်းအုတ်တံတိုင်းနံရံပြိုကျကာဖြစ်ပွားခဲ့သည်ဟု ဒေသခံများပြောကြားသည်။
“၃ ယောက် သေတယ်၊ ၂ ယောက်က မော်လမြိုင် ပို့ရတယ်။ စုစုပေါင်းထိတာ ၅ ယောက်။ အဲဒီနေရာက လှေကားထစ်လို လုပ်ထားတယ်လေ။ ထိုင်လို့ကောင်းတော့ အဲဒီနားမှာ ထိုင်ကြည့်နေတာ၊ မိုးများပြီး ပြိုကျတဲ့သဘောပေါ့”ဟုနှစ်ချင်းကရင်လူမှုကူညီရေးအသင်းကပြောသည်။
သေဆုံးခဲ့သည့် ကျောင်းသားများမှာ ကုန်းပေါ်သစ်ရွာကဖြစ်ပြီး အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ်ရှိကလေးတွေဖြစ်ကြောင်း ၊ လက်ရှိမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူများကို လမိုင်းဆေးရုံကို ပို့ဆောင်ထားကြောင်းသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း ကျောင်းသားများဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရလောက်သည်အထိ ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း သိရသည်။

zawgyi version
မြန္ျပည္နယ္၊ လမိုင္းၿမိဳ႕တြင္ အုတ္တံတိုင္းၿပိဳက်သျဖင့္ ေက်ာင္းသား(၃)ဦး ေသဆုံး
NP News စက္တင္ဘာ၂၅
မြန္ျပည္နယ္ ၊ လမိုင္းၿမိဳ႕ ၊ ေမာ့ကနင္ ကုန္းေပၚ႐ြာသစ္တြင္ ေဘာလုံးၿပိဳင္ပြဲၾကည့္ေနစဥ္ မိုး႐ြာသြန္းမႈေၾကာင့္ အုတ္နံရံၿပိဳကာေက်ာင္းသား (၃)ဦး ေသဆုံးကာ ဒဏ္ရာရရွိသူအခ်ိဳ႕ရွိခဲ့ေၾကာင္း ႏွစ္ခ်င္းကရင္လူမႈကူညီေရးအသင္းမွသိရသည္။
စက္တင္ဘာလ ၂၄ ရက္ေန႔မြန္းလြဲပိုင္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ရပ္ကြက္စုေပါင္းကန္သည့္ ေဘာလုံးပြဲကိုၾကည့္ေနစဥ္ မိုးသည္းထန္စြာ႐ြာသြန္းသည့္အတြက္ ဘုန္းႀကီးေက်ာင္းအုတ္တံတိုင္းနံရံၿပိဳက်ကာျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားေျပာၾကားသည္။
“၃ ေယာက္ ေသတယ္၊ ၂ ေယာက္က ေမာ္လၿမိဳင္ ပို႔ရတယ္။ စုစုေပါင္းထိတာ ၅ ေယာက္။ အဲဒီေနရာက ေလွကားထစ္လို လုပ္ထားတယ္ေလ။ ထိုင္လို႔ေကာင္းေတာ့ အဲဒီနားမွာ ထိုင္ၾကည့္ေနတာ၊ မိုးမ်ားၿပီး ၿပိဳက်တဲ့သေဘာေပါ့”ဟုႏွစ္ခ်င္းကရင္လူမႈကူညီေရးအသင္းကေျပာသည္။
ေသဆုံးခဲ့သည့္ ေက်ာင္းသားမ်ားမွာ ကုန္းေပၚသစ္႐ြာကျဖစ္ၿပီး အသက္ ၁၂ ႏွစ္ႏွင့္ ၁၃ ႏွစ္အ႐ြယ္ရွိကေလးေတြျဖစ္ေၾကာင္း ၊ လက္ရွိမွာ ေသဆုံးသူနဲ႔ထိခိုက္ဒဏ္ရာရရွိသူမ်ားကို လမိုင္းေဆး႐ုံကို ပို႔ေဆာင္ထားေၾကာင္းသိရသည္။
ထိခိုက္ဒဏ္ရာရရွိသူမ်ားမွာလည္း ေက်ာင္းသားမ်ားျဖစ္ၿပီး အသက္အႏၲရာယ္စိုးရိမ္ရေလာက္သည္အထိ ဒဏ္ရာျပင္းထန္ျခင္းမရွိေၾကာင္း သိရသည္။