တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသူများကို အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ချ
                        
                            
                             
 843
 
                             
                            
                            
                         
                        
သက်ပိုင်(NP News) - စက်တင်ဘာ ၂၅
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ မ-----၊ (၁၉) နှစ်သည် လူမှုကွန်ရက် Tiktok Xiao Mei@ xiaomei 7711 အကောင့်မှ တရုတ်ပြည်ဘက်တွင် ကောင်မလေးများခေါ်သည်၊ အာမခံစီစဉ်ပေးသည်၊ နယ်ဝေး ကားစီစဉ် ပေးသည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ ရှမ်းပြည်နယ် မူဆယ်မြို့နေ အကောင့်ပိုင်ရှင် ကံ့ကော်ဦး (ခ) မီးမီးမှ တရုတ်အငှားမယားလုပ်ရမည်၊ တစ်နှစ်တရုတ်ယောက်ျားနှင့် အတူနေရမည်၊ ငွေကျပ် သိန်း ၈၀ ရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ စည်းရုံးပြောဆိုပြီးနောက် မိတ္ထီလာမြို့သို့ လာရောက်ရန်ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ မိတ္ထီလာမြို့ကားဂိတ်တွင် ကံကော်ဦး (ခ) မီးမီးနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နေ ဘိုဘိုတို့က လာကြိုခဲ့ကြရာ ၎င်းတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် မိတ္ထီလာမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်း (ပ) ၁၂/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ (၂၃) ရက်တွင် မိတ္ထီလာခရိုင် တရားရုံးမှ တရားခံ ကံ့ကော်ဦး (ခ) မီးမီးနှင့် ဘိုဘိုတို့ နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်းသိရသည်။
လက်ရှိတွင် ဆိုရှယ်မီမီဒီယာ ပလက်ဖောင်းများ၌ တရုတ်အငှားမယားလုပ်ရမည်ဟုဆိုကာ သွေးဆောင် ဖျားယောင်းမှုများရှိနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
                     
                        
                                                                    
Zawgyi Version:
တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ခဲ့ၾကသူမ်ားကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀)ႏွစ္ ခ်
သက္ပိုင္(NP News) - စက္တင္ဘာ ၂၅
အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ခဲ့ၾကသူမ်ားအား လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ေန မ-----၊ (၁၉) ႏွစ္သည္ လူမႈကြန္ရက္ Tiktok Xiao Mei@ xiaomei 7711 အေကာင့္မွ တ႐ုတ္ျပည္ဘက္တြင္ ေကာင္မေလးမ်ားေခၚသည္၊ အာမခံစီစဥ္ေပးသည္၊ နယ္ေဝး ကားစီစဥ္ ေပးသည္ဟု ေၾကာ္ျငာထားသည္ကို ေတြ႕ရွိသျဖင့္ ဆက္သြယ္ခဲ့ရာ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕ေန အေကာင့္ပိုင္ရွင္ ကံ့ေကာ္ဦး (ခ) မီးမီးမွ တ႐ုတ္အငွားမယားလုပ္ရမည္၊ တစ္ႏွစ္တ႐ုတ္ေယာက္်ားႏွင့္ အတူေနရမည္၊ ေငြက်ပ္ သိန္း ၈၀ ရမည္ဟု စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စည္း႐ုံးေျပာဆိုၿပီးေနာက္ မိတၳီလာၿမိဳ႕သို႔ လာေရာက္ရန္ေခၚေဆာင္သျဖင့္ သြားေရာက္ခဲ့ရာ မိတၳီလာၿမိဳ႕ကားဂိတ္တြင္ ကံေကာ္ဦး (ခ) မီးမီးႏွင့္ မႏၲေလးတိုင္းေဒသႀကီး မိတၳီလာၿမိဳ႕ေန ဘိုဘိုတို႔က လာႀကိဳခဲ့ၾကရာ ၎တို႔ကို ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မိတၳီလာၿမိဳ႕နယ္ အမွတ္ (၂) နယ္ေျမရဲစခန္း (ပ) ၁၂/ ၂၀၂၅၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅/ ၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ၿပီး စက္တင္ဘာ (၂၃) ရက္တြင္ မိတၳီလာခ႐ိုင္ တရား႐ုံးမွ တရားခံ ကံ့ေကာ္ဦး (ခ) မီးမီးႏွင့္ ဘိုဘိုတို႔ ႏွစ္ဦးကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ ေၾကာင္းသိရသည္။
လက္ရွိတြင္ ဆိုရွယ္မီမီဒီယာ ပလက္ေဖာင္းမ်ား၌ တ႐ုတ္အငွားမယားလုပ္ရမည္ဟုဆိုကာ ေသြးေဆာင္ ဖ်ားေယာင္းမႈမ်ားရွိေနၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္လည္း ဖမ္းဆီးအေရးယူမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။