ကျိုက်ထီးရိုးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အောက်တိုဘာလ (၆) ရက် မှ စတင်ကာ (၇)လတိုင်တိုင် ကျင်းပပြုလုပ်မည်

97

ချယ်ရီ (NP News) - စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည်နေ့ (အောက်တိုဘာလ ၆ ရက်) မှစ၍ (၇)လတိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှက NP News ကို ပြောသည်။
အဆိုပါပွဲတော်ကို လာမည့် အောက်တိုဘာလ (၆) ရက်မှ စ၍ ဧပြီလ (၃၀) ရက်၊ ကဆုန်လပြည့်နေ့အထိ (၇)လတိုင်တိုင် ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပွဲတော်ကာလ(၇)လကို တောင်တက်ကား (၁၅၂)စီးကို အလှည့်ကျအနေနဲ့ ခရုပတ် ပြေးဆွဲပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကျရင် ပွဲတော်ဖွင့်ပွဲအတွက်ကို ကျိုက်ထီးရိုးရင်ပြင်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီလိုကျင်းပတဲ့အခါမှာ သွားလာရေး၊ စားသောက်နေထိုင်ရေးအဆင်ပြေအောင်စီစဉ်ထားပါတယ်။ လုံခြုံရေးအပိုင်းကိုလည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ကျိုက်ထီးရိုးဂေါပကအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ အမြဲတမ်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ဦးစိုးလှက ရှင်းပြသည်။
ထို့ပြင် ပွဲတော်ကာလအတွင်း၌ ဆိုင်ခန်းပေါင်း (၂၀၀) ကျော်စီစဉ်ထားပြီး ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာနိုင်သည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့နှစ် (၂၀၂၄- ၂၀၂၅)၊ သီတင်းကျွတ်လပြည့်နေ့ကနေ အခု(၉)လပိုင်းအထိကို ခရီးသွားဝင်ရောက်မှုက (၁၂) သိန်းကျော်ဖြစ်ပါတယ်။ ပြည်ပက (၄)သောင်းကျော် ဖြစ်ပါတယ်။ ပြည်ပရဲ့ အများဆုံးလာတဲ့နိုင်ငံက ထိုင်းနိုင်ငံဖြစ်ပါတယ်။ ဒီနှစ်ကတော့ ပိုပြီးများလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

Zawgyi Version:
က်ိဳက္ထီး႐ိုးေစတီေတာ္ဗုဒၶပူဇနိယပြဲေတာ္ႀကီးကို ေအာက္တိုဘာလ (၆) ရက္ မွ စတင္ကာ (၇)လတိုင္တိုင္ က်င္းပျပဳလုပ္မည္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၅
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္ဗုဒၶပူဇနိယပြဲေတာ္ႀကီးကို သီတင္းကြၽတ္လျပည္ေန႔ (ေအာက္တိုဘာလ ၆ ရက္) မွစ၍ (၇)လတိုင္တိုင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕ေခါင္းေဆာင္ ဦးစိုးလွက NP News ကို ေျပာသည္။
အဆိုပါပြဲေတာ္ကို လာမည့္ ေအာက္တိုဘာလ (၆) ရက္မွ စ၍ ဧၿပီလ (၃၀) ရက္၊ ကဆုန္လျပည့္ေန႔အထိ (၇)လတိုင္တိုင္ က်ိဳက္ထီး႐ိုးရင္ျပင္ေတာ္ေပၚ၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ပြဲေတာ္ကာလ(၇)လကို ေတာင္တက္ကား (၁၅၂)စီးကို အလွည့္က်အေနနဲ႔ ခ႐ုပတ္ ေျပးဆြဲပါတယ္။ သီတင္းကြၽတ္လျပည့္ေန႔က်ရင္ ပြဲေတာ္ဖြင့္ပြဲအတြက္ကို က်ိဳက္ထီး႐ိုးရင္ျပင္ေတာ္မွာ က်င္းပမွာျဖစ္ပါတယ္။ အဲဒီလိုက်င္းပတဲ့အခါမွာ သြားလာေရး၊ စားေသာက္ေနထိုင္ေရးအဆင္ေျပေအာင္စီစဥ္ထားပါတယ္။ လုံၿခဳံေရးအပိုင္းကိုလည္း သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕အစည္းေတြနဲ႔ က်ိဳက္ထီး႐ိုးေဂါပကအဖြဲ႕နဲ႔ ညႇိႏႈိင္းၿပီးေတာ့ အၿမဲတမ္းေဆာင္႐ြက္လ်က္ ရွိပါတယ္” ဟု ဦးစိုးလွက ရွင္းျပသည္။
ထို႔ျပင္ ပြဲေတာ္ကာလအတြင္း၌ ဆိုင္ခန္းေပါင္း (၂၀၀) ေက်ာ္စီစဥ္ထားၿပီး ယခင္ႏွစ္ထက္ ခရီးသြားဝင္ေရာက္မႈ ပိုမိုမ်ားျပားလာႏိုင္သည္ဟု ေမွ်ာ္မွန္းထားေၾကာင္း ၎က ဆိုသည္။
“ၿပီးခဲ့တဲ့ႏွစ္ (၂၀၂၄- ၂၀၂၅)၊ သီတင္းကြၽတ္လျပည့္ေန႔ကေန အခု(၉)လပိုင္းအထိကို ခရီးသြားဝင္ေရာက္မႈက (၁၂) သိန္းေက်ာ္ျဖစ္ပါတယ္။ ျပည္ပက (၄)ေသာင္းေက်ာ္ ျဖစ္ပါတယ္။ ျပည္ပရဲ႕ အမ်ားဆုံးလာတဲ့ႏိုင္ငံက ထိုင္းႏိုင္ငံျဖစ္ပါတယ္။ ဒီႏွစ္ကေတာ့ ပိုၿပီးမ်ားလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဟု က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕ေခါင္းေဆာင္ ဦးစိုးလွက ေျပာသည္။