လားရှိုးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး (၅၀၀) အခမဲ့ပေးဝေ

444

Pearl (NP News)- စက်တင်ဘာ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းမြောက်)နှင့် အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး) တို့ပူးပေါင်း၍ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန့်ဇင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက် ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ်စီးနင်း သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ဆိုင်ကယ်တစ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ် တစ်လုံးနှုန်းဖြင့် စုစုပေါင်းဆိုင်ကယ်စီးဦးထုပ် အလုံး (၅၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မော်တော်ဆိုင်ကယ်စီးနင်း သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် နှစ်အလိုက် ယာဉ်တိုက်မှုနှိုင်းယှဉ်ချက်၊ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့် အချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်း လမ်းညွန်များ၊ ယာဉ်မမောင်းမီစစ်ဆေးရန်အချက်များ၊ မော်တော်ဆိုင်ကယ် စီးနင်းသူများလိုက်နာရန်အချက်များ စသည့်အကြောင်းအရာများပါဝင်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲအား ပြသခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
လားရႈိးၿမိဳ႕တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ဆိုင္ကယ္စီးဦးထုပ္အလုံး (၅၀၀) အခမဲ့ေပးေဝ
Pearl (NP News)- စက္တင္ဘာ၂၅
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕တြင္ အမွတ္ (၂၀) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံး (ရွမ္းေျမာက္)ႏွင့္ အမွတ္ (၁၂၃) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (လားရႈိး) တို႔ပူးေပါင္း၍ (၆၁)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ဆိုင္ကယ္စီးဦးထုပ္မ်ား အခမဲ့ေပးေဝျခင္းႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအသိပညာေပးျခင္းအခမ္းအနားကို ယေန႔နံနက္ (၉)နာရီက အမွတ္ (၂၀) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံးေရွ႕ရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အခမ္းအနားသို႔ ျပည္နယ္အစိုးရအုပ္ခ်ဳပ္ေရးအဖြဲ႕ခြဲ (ရွမ္းေျမာက္) ဥကၠဌ ဦးျမင့္သန္းဝင္း၊ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး သန္႔ဇင္၊ ခ႐ိုင္စီမံခန္႔ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီ ဥကၠဌ ဦးမ်ိဳးမင္းထြန္း၊ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီးျမင့္ေအာင္ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားတက္ ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ေမာ္ေတာ္ဆိုင္ကယ္စီးနင္း သြားလာလ်က္ရွိသည့္ ေဒသခံျပည္သူမ်ားအား ဆိုင္ကယ္တစ္စီးလွ်င္ ဆိုင္ကယ္စီးဦးထုပ္ တစ္လုံးႏႈန္းျဖင့္ စုစုေပါင္းဆိုင္ကယ္စီးဦးထုပ္ အလုံး (၅၀၀) အား အခမဲ့ျဖန႔္ေဝေပးခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေမာ္ေတာ္ဆိုင္ကယ္စီးနင္း သြားလာလ်က္ရွိသည့္ ေဒသခံျပည္သူမ်ားအား ယာဥ္အႏၲရာယ္ကင္းရွင္းေစေရးအတြက္ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားခဲ့သည့္ ႏွစ္အလိုက္ ယာဥ္တိုက္မႈႏႈိင္းယွဥ္ခ်က္၊ ၂၀၂၀ ျပည့္ႏွစ္ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန႔္ခြဲမႈ ဥပေဒ၊ ယာဥ္တိုက္မႈျဖစ္လွ်င္ ေဆာင္႐ြက္ရမည့္ အခ်က္မ်ား၊ တားျမစ္ျခင္းႏွင့္ ကန႔္သတ္ျခင္း လမ္းၫြန္မ်ား၊ ယာဥ္မေမာင္းမီစစ္ေဆးရန္အခ်က္မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းသူမ်ားလိုက္နာရန္အခ်က္မ်ား စသည့္အေၾကာင္းအရာမ်ားပါဝင္သည့္ ယာဥ္စည္းကမ္း၊ လမ္းစည္ကမ္း အသိပညာေပးလက္ကမ္းစာေစာင္မ်ားျဖန႔္ေဝခဲ့ၿပီး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးနံရံကပ္စာေစာင္ ဓာတ္ပုံျပပြဲအား ျပသခဲ့ေၾကာင္းလည္း သိရသည္။