နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးသွားရောက်မည်

431

ပီယ (NP News) - စက်တင်ဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာဇတ်စတန်နိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ယင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ သည် ကာဇတ်စတန်နိုင်ငံသမ္မတ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံ များနှင့် အထင် ကရနေရာများသို့ သွားရောက်လေ့လာခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ က ကာဇက္စတန္ႏိုင္ငံသို႔ တရားဝင္အလုပ္သေဘာခရီးသြားေရာက္မည္
ပီယ (NP News) - စက္တင္ဘာ ၂၅
ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ကာဇတ္စတန္ႏိုင္ငံသို႔ အလုပ္သေဘာ ခရီးသြားေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ မစၥတာ ဗလာဒီမာပူတင္၏ ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕သို႔ ေရာက္ရွိေနသည့္ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ကာဇတ္စတန္ႏိုင္ငံသမၼတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ္ၾကားခ်က္အရ မၾကာမီရက္ပိုင္းအတြင္း ယင္းႏိုင္ငံသို႔ သြားေရာက္မည္ ျဖစ္သည္။
ခရီးစဥ္အတြင္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ သည္ ကာဇတ္စတန္ႏိုင္ငံသမၼတ အပါအဝင္ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္း၊ စက္႐ုံ၊ အလုပ္႐ုံ မ်ားႏွင့္ အထင္ ကရေနရာမ်ားသို႔ သြားေရာက္ေလ့လာျခင္းမ်ားေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးဆိုင္ရာမ်ားကို ေဆြးေႏြးသြား မည္ျဖစ္ေၾကာင္း သိရသည္။