နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့တွေ့ဆုံ

322

သက်ပိုင် (NP News) - စက်တင်ဘာ ၂၆
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin တို့သည် စက်တင်ဘာလ (၂၅) ရက်က မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံခဲ့ကြကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ မိမိတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း (၇၀) ကျော်ရှိပြီဖြစ်ပြီး ရုရှားနိုင်ငံသို့ရောက်ရှိခဲ့ချိန်များတွင် နှစ်နိုင်ငံအကြား သဘောတူညီချက်များစွာကိုလည်း ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား ရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ ယခုကဲ့သို့ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိကြောင်း၊ မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံရေးသည်လည်း ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ လက်တွဲဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတိုင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ် လုံခြုံရေးအရထိပါးလာခဲ့ပါက ကာကွယ်ပိုင်ခွင့်ရှိသည်ကို မိမိအနေဖြင့် လက်ခံထားပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် ရုရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း မိမိအနေဖြင့် ကြိုဆိုကြောင်း၊ မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းနှင့် အနာဂတ်ကာလများတွင်လည်း မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီး မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Zawgyi Version:
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတတို႔ေတြ႕ဆုံ
သက္ပိုင္ (NP News) - စက္တင္ဘာ ၂၆
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ H.E. Vladimir Vladimirovich Putin တို႔သည္ စက္တင္ဘာလ (၂၅) ရက္က ေမာ္စကိုၿမိဳ႕ ကရင္မလင္နန္းေတာ္၌ ေတြ႕ဆုံခဲ့ၾကေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ H.E. Vladimir Vladimirovich Putin က ႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားအားလုံးကို လႈိက္လွဲစြာႀကိဳဆိုေၾကာင္း၊ မိမိတို႔ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရးသည္ ႏွစ္ေပါင္း (၇၀) ေက်ာ္ရွိၿပီျဖစ္ၿပီး ႐ုရွားႏိုင္ငံသို႔ေရာက္ရွိခဲ့ခ်ိန္မ်ားတြင္ ႏွစ္ႏိုင္ငံအၾကား သေဘာတူညီခ်က္မ်ားစြာကိုလည္း ေရးထိုးႏိုင္ခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္ ထိုကဲ့သို႔ ႏွစ္ႏိုင္ငံအစိုးရႏွစ္ရပ္အၾကား ရရွိထားသည့္ သေဘာတူညီခ်က္မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားႏိုင္ေရး အေသးစိတ္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က လုပ္ငန္းတာဝန္မ်ား မအားလပ္သည့္ၾကားမွ ယခုကဲ့သို႔ ထပ္မံေတြ႕ဆုံခြင့္ရရွိသည့္အတြက္ အထူးပင္ဝမ္းေျမာက္မိေၾကာင္း၊ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးသည္ ႏွစ္ေပါင္း (၇၀) ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္သံတမန္ဆက္ဆံေရးသည္လည္း ခိုင္ၿမဲေသာ ခ်စ္ၾကည္ရင္းႏွီးမႈျဖင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အတူတကြ လက္တြဲေဆာင္႐ြက္လ်က္ ရွိေၾကာင္း ျပန္လည္ေျပာၾကားခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ ဗိုလ္ခ်ဳပ္မႉးႀကီးက ႏိုင္ငံတိုင္းသည္ ၎တို႔၏ အခ်ဳပ္အျခာအာဏာႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြားအေပၚ လုံၿခဳံေရးအရထိပါးလာခဲ့ပါက ကာကြယ္ပိုင္ခြင့္ရွိသည္ကို မိမိအေနျဖင့္ လက္ခံထားၿပီး ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႐ုရွားႏိုင္ငံ၏ ႀကိဳးပမ္းေဆာင္႐ြက္ခ်က္မ်ားကိုလည္း မိမိအေနျဖင့္ ႀကိဳဆိုေၾကာင္း၊ မၾကာမီကာလအတြင္း လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကိုက်င္းပသြားမည္ျဖစ္ၿပီး က်င္းပၿပီးစီးပါက ဒီမိုကေရစီ စံႏႈန္းမ်ားႏွင့္အညီ ႏိုင္ငံေတာ္တာဝန္ကို လႊဲအပ္သြားမည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပခ်ိန္တြင္ ႏိုင္ငံတကာမွ ေလ့လာေရးအဖြဲ႕မ်ားကိုလည္း ဖိတ္ေခၚသြားမည္ ျဖစ္ေၾကာင္းႏွင့္ အနာဂတ္ကာလမ်ားတြင္လည္း မိမိတို႔ႏွစ္ႏိုင္ငံႏွင့္ ျပည္သူမ်ား၏ ဘုံအက်ိဳးစီးပြားမ်ားအတြက္ ႏွစ္ႏိုင္ငံအၾကားက႑ေပါင္းစုံ ပူးေပါင္းေဆာင္႐ြက္ေရးကို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။
ထို႔ေနာက္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီး မႈႏွင့္ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳေရးက႑၊ ရင္းႏွီးျမႇဳပ္ႏွံမႈက႑၊ လွ်ပ္စစ္စြမ္းအင္က႑၊ က်န္းမာေရးႏွင့္ ေဆးဝါးထုတ္လုပ္ေရးက႑၊ စိုက္ပ်ိဳးေရးက႑၊ ပညာသင္ၾကားေရးက႑၊ ကာကြယ္ေရးဆိုင္ရာပူးေပါင္း ေဆာင္႐ြက္မႈျမႇင့္တင္ေရးက႑ႏွင့္ အျခားက႑ေပါင္းစုံ၌ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာျဖင့္ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။