လှိုင်မြို့နယ်တွင် မောင်းပြေးသော ကား ကို ယာဉ်ထိန်းရဲ က ရုပ်ရှင်ဆန်ဆန် ယာဉ်ဘေးမှ တွဲလွဲခိုကာ လိုက်လံ ဖမ်းဆီး
                        
                            
                             
 2520
 
                             
                            
                            
                         
                        
                        သန့်ဇင်(NP News)-စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် မောင်းပြေးသော ကား ကို ယာဉ်ထိန်းရဲ က ရုပ်ရှင်ဆန်ဆန် ယာဉ်ဘေးမှ တွဲလွဲခိုကာ လိုက်လံ ဖမ်းဆီး သော ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ယင်း ဗွီဒီယို ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက် အသုံးပြုသူ တစ်ဦးက တင်ခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ် ဖြစ်ပွားချိန်မှာ စက်တင်ဘာလ ၂၅ ရက် ညပိုင်း ၆ နာရီ ၂၅ မိနစ် အချိန်က ပါရမီ မီးပွိုင့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
ဗွီဒီယို အရ SUZUKI ဟိုက်ဂျက်ကား က မောင်းပြေးစဥ် ယာဉ်ထိန်းရဲက ယာဉ်မောင်းကို ဖမ်းရန် ဘေးမှ တွဲလွဲခိုကာ လိုက်သွားခဲ့ခြင်း ဖြစ်ပြီး အခြား အငှားယာဉ် (၂) စီးက ပိတ်ရပ်ကာ ကူညီ ဖမ်းပေးခဲ့ကြသည်။ 
“လှိုင်မှာ ဖြစ်တာ။ ဘာကြောင့်ဖမ်းလဲတော့ မသိဘူး။ လိုက်ဖမ်းတာ။ ကားသမားတွေကလည်း ဖမ်းပေးတာပေါ့” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ 
အဆိုပါဖြစ်စဉ်သည် အင်တာနက် လူမှုကွန်ယက်အသုံးပြုသူများအကြား တစ်ခဏအတွင်း ကျော်ကြားသွားခဲ့ရာ မောင်းနှင်နေသော ကားအား တွဲလဲ ခိုကာတရွတ်တိုက်လိုက်လံဖမ်းဆီးပေးခဲ့သည့် ယာဉ်ထိန်းရဲအား ချီးကျူးထားသည့် မှတ်ချက်များကိုလည်း မြင်တွေ့ရသည်။
                     
                        
                                                                    
Zawgyi Version:
လႈိင္ၿမိဳ႕နယ္တြင္ ေမာင္းေျပးေသာ ကား ကို ယာဥ္ထိန္းရဲ က ႐ုပ္ရွင္ဆန္ဆန္ ယာဥ္ေဘးမွ တြဲလြဲခိုကာ လိုက္လံ ဖမ္းဆီး 
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၆
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္တြင္ ေမာင္းေျပးေသာ ကား ကို ယာဥ္ထိန္းရဲ က ႐ုပ္ရွင္ဆန္ဆန္ ယာဥ္ေဘးမွ တြဲလြဲခိုကာ လိုက္လံ ဖမ္းဆီး ေသာ ျဖစ္စဥ္ တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ယင္း ဗြီဒီယို ကို ေဖ့စ္ဘြတ္ခ္ လူမႈကြန္ယက္ အသုံးျပဳသူ တစ္ဦးက တင္ခဲ့ျခင္း ျဖစ္ၿပီး ျဖစ္စဥ္ ျဖစ္ပြားခ်ိန္မွာ စက္တင္ဘာလ ၂၅ ရက္ ညပိုင္း ၆ နာရီ ၂၅ မိနစ္ အခ်ိန္က ပါရမီ မီးပြိဳင့္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ 
ဗြီဒီယို အရ SUZUKI ဟိုက္ဂ်က္ကား က ေမာင္းေျပးစဥ္ ယာဥ္ထိန္းရဲက ယာဥ္ေမာင္းကို ဖမ္းရန္ ေဘးမွ တြဲလြဲခိုကာ လိုက္သြားခဲ့ျခင္း ျဖစ္ၿပီး အျခား အငွားယာဥ္ (၂) စီးက ပိတ္ရပ္ကာ ကူညီ ဖမ္းေပးခဲ့ၾကသည္။ 
“လႈိင္မွာ ျဖစ္တာ။ ဘာေၾကာင့္ဖမ္းလဲေတာ့ မသိဘူး။ လိုက္ဖမ္းတာ။ ကားသမားေတြကလည္း ဖမ္းေပးတာေပါ့” ဟု ရဲတပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။ 
အဆိုပါျဖစ္စဥ္သည္ အင္တာနက္ လူမႈကြန္ယက္အသုံးျပဳသူမ်ားအၾကား တစ္ခဏအတြင္း ေက်ာ္ၾကားသြားခဲ့ရာ ေမာင္းႏွင္ေနေသာ ကားအား တြဲလဲ ခိုကာတ႐ြတ္တိုက္လိုက္လံဖမ္းဆီးေပးခဲ့သည့္ ယာဥ္ထိန္းရဲအား ခ်ီးက်ဴးထားသည့္ မွတ္ခ်က္မ်ားကိုလည္း ျမင္ေတြ႕ရသည္။