ထားဝယ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်တက်တရားဟောသည့်အမျိုးသားအဖမ်းခံရ

 531

NP News - စက်တင်ဘာ ၂၆

ထားဝယ်မြို့ပေါ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ် တရားဟောလေ့ရှိသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထားဝယ်ဒေသခံ သံဃာအသိုင်းအဝိုင်းထံမှ သိရသည်။
ဝဲကျွန်းရပ်ကွက် လေယာဥ်ကွင်းလမ်းတွင် တည်ထောင်ဖွင့်လှစ်ထားသည့် ယထာဘူတ ပဋိပတ္တိသာသနာ့ရိပ်သာ ဦးဆောင်သူ အသက် ၅ဝ ဝန်းကျင်အရွယ် ဦးရည်ချင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သံဃာအချို့က မိန့်သည်။
"ရဟန်းသံဃာတော်တွေကိုင်တဲ့ ယပ်တောင်ကို ကိုင်ပြီးတရားဟောတယ်။ သာသနာတော်ရဲ့အထွဋ်အထိပ်ဖြစ်တဲ့ ထီးဖြူမိုးပြီး တရားဟောတယ်။ ရဟန်းသံဃာတော်တွေ အသုံးပြုတဲ့ပလ္လင်ပေါ်ထိုင်ပြီး တရားဟောတယ်။ ရဟန်း အသွင် အယောင်အဆောင် အတုခိုးတယ်။ နံပါတ် ၅ ကတော့ ဂိုဏ်းဖွဲ့တာပေါ့" ဟု အထက်ပါ ရဟန်းက မိန့်ကြား သည်။
ဦးရည်ချင်းကို ယနေ့ စက်တင်ဘာလ ၂၅ ညနေ ၄ နာရီခန့်တွင် သာသနာရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ရိပ်သာ အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)ဖြင့် ကနဦး တရားစွဲဆိုထားကြောင်း ထားဝယ်မြို့ခံ ရဟန်းတစ်ပါးက မိန့်ကြားသည်။
အဆိုပါ ရိပ်သာအတွင်း ထီးဖြူမိုးပြီး ပလ္လင်ပေါ်တရားဟောနေသည့် ဦးရည်ချင်း၏ ဓာတ်ပုံများ ဆိုရှယ်မီဒီယာ ပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထားဝယ်ဒေသခံ သံဃာတော်များ၏ တိုက်တွန်းမှုအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သံဃာအသိုင်းအဝိုင်းထံမှ သိရသည်။
ယုံကြည်ကိုးကွယ်ရာဘာသာတစ်ခုခုကို စော်ကားသူ (သို့) စော်ကားရန် အားထုတ်သူကို ပုဒ်မ ၂၉၅(က) ဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင် ကြောင်း သာသနာဆိုင်ရာပြစ်မှုများတွင် ရေးသားဖော်ပြထားသည်။
ဖမ်းဆီးခံရသူသည် ထားဝယ်ဒေသခံ မဟုတ်ကြောင်းသိရသော်လည်း မည်သည့်ဇာတိဖြစ်ကြောင်းနှင့် လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို အတိအကျ မသိရသေးပေ။
ဦးရည်ချင်းသည် ယထာဘူတ ပဋိပတ္တိသာသနာ့ရိပ်သာ စတင်တည်ထောင်သူ မဟုတ်ဘဲ ၎င်းမတိုင်မီ ဦးဆောင်သူ များ ရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။
၎င်းအား သာသနာဆိုင်ရာပြစ်မှုမြောက်နိုင်သည့်လုပ်ရပ်များ ဆက်မလုပ်ရန် ယခင်နှစ်က ပုဂ္ဂလိက သွားရောက် သတိပေးခဲ့ဖူးသော်လည်း ရပ်တန့်ခြင်းမရှိခဲ့ကြောင်းလည်း အထက်ပါရဟန်းက မိန့်ကြားသည်။
"ဒကာကြီး လုပ်တာမှားနေတယ်ဆိုပြီး သတိပေးသေးတယ်။ ဒါပေမဲ့ ပိုပိုပြီးဆိုးလာတယ်။ ထားဝယ်မှာကတော့ ထူးထူးခြားခြား အဲဒီလိုလုပ်နေတာ သူတစ်ယောက်ပါပဲ" ဟု ၎င်းက မိန့်ကြားသည်။
ဓာတ်ပုံမှတ်တမ်းများအရ ဦးရည်ချင်းသည် ပလ္လင်ပေါ် တရားဟောနေသည်ကို တွေ့ရှိရပြီး ပလ္လင်သို့ သွားရာ လမ်းတစ်လျှောက်တွင်လည်း ထီးဖြူမိုးပေးခြင်း၊ ကြာပန်းပုံစံ ခြေနင်းများပေါ်တွင် လမ်းလျှောက်ခြင်း၊ ဧည့်ပရိသတ်များက လက်အုပ်ချီ ရှိခိုးခြင်းများ တွေ့ရသည်။
ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာ ဆောက်လုပ်ထားသည့်မြေနေရာသည် ယခင်က ရပ်ကွက်ပိုင် ဓမ္မာရုံမြေ နေရာဖြစ်ပြီး အဆိုပါ ရိပ်သာတည်ထောင်သူက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဟန်းတော်က မိန့်ကြားခဲ့ သာ်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၂ဝ ရက်ကလည်း ထီးဖြူဆောင်ပြီး ပလ္လင်ပေါ် တရားဟောသည့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါရွာက အမျိုးသမီးကြီးတစ်ဦး ဖမ်းဆီးခံရသေးသည်။

Zawgyi Version:
ထားဝယ္တြင္ ထီးျဖဴေဆာင္းၿပီး ပလႅင္ေပၚတက္တရားေဟာသည့္အမ်ိဳးသားအဖမ္းခံရ
NP News - စက္တင္ဘာ ၂၆
ထားဝယ္ၿမိဳ႕ေပၚတြင္ ထီးျဖဴေဆာင္းၿပီး ပလႅင္ေပၚ တရားေဟာေလ့ရွိသည့္ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံရေၾကာင္း ထားဝယ္ေဒသခံ သံဃာအသိုင္းအဝိုင္းထံမွ သိရသည္။
ဝဲကြၽန္းရပ္ကြက္ ေလယာဥ္ကြင္းလမ္းတြင္ တည္ေထာင္ဖြင့္လွစ္ထားသည့္ ယထာဘူတ ပဋိပတၱိသာသနာ့ရိပ္သာ ဦးေဆာင္သူ အသက္ ၅ဝ ဝန္းက်င္အ႐ြယ္ ဦးရည္ခ်င္း ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သံဃာအခ်ိဳ႕က မိန႔္သည္။
"ရဟန္းသံဃာေတာ္ေတြကိုင္တဲ့ ယပ္ေတာင္ကို ကိုင္ၿပီးတရားေဟာတယ္။ သာသနာေတာ္ရဲ႕အထြဋ္အထိပ္ျဖစ္တဲ့ ထီးျဖဴမိုးၿပီး တရားေဟာတယ္။ ရဟန္းသံဃာေတာ္ေတြ အသုံးျပဳတဲ့ပလႅင္ေပၚထိုင္ၿပီး တရားေဟာတယ္။ ရဟန္း အသြင္ အေယာင္အေဆာင္ အတုခိုးတယ္။ နံပါတ္ ၅ ကေတာ့ ဂိုဏ္းဖြဲ႕တာေပါ့" ဟု အထက္ပါ ရဟန္းက မိန႔္ၾကား သည္။
ဦးရည္ခ်င္းကို ယေန႔ စက္တင္ဘာလ ၂၅ ညေန ၄ နာရီခန႔္တြင္ သာသနာေရးတာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕က ရိပ္သာ အတြင္း ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး သာသနာဆိုင္ရာျပစ္မႈ ပုဒ္မ ၂၉၅ (က)ျဖင့္ ကနဦး တရားစြဲဆိုထားေၾကာင္း ထားဝယ္ၿမိဳ႕ခံ ရဟန္းတစ္ပါးက မိန႔္ၾကားသည္။
အဆိုပါ ရိပ္သာအတြင္း ထီးျဖဴမိုးၿပီး ပလႅင္ေပၚတရားေဟာေနသည့္ ဦးရည္ခ်င္း၏ ဓာတ္ပုံမ်ား ဆိုရွယ္မီဒီယာ ေပၚတြင္ ပ်ံ႕ႏွံ႔လာၿပီးေနာက္ ထားဝယ္ေဒသခံ သံဃာေတာ္မ်ား၏ တိုက္တြန္းမႈအရ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ ေၾကာင္း သံဃာအသိုင္းအဝိုင္းထံမွ သိရသည္။
ယုံၾကည္ကိုးကြယ္ရာဘာသာတစ္ခုခုကို ေစာ္ကားသူ (သို႔) ေစာ္ကားရန္ အားထုတ္သူကို ပုဒ္မ ၂၉၅(က) ျဖင့္ တရားစြဲဆိုႏိုင္ၿပီး ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္၂ ႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ ခ်မွတ္ႏိုင္ ေၾကာင္း သာသနာဆိုင္ရာျပစ္မႈမ်ားတြင္ ေရးသားေဖာ္ျပထားသည္။
ဖမ္းဆီးခံရသူသည္ ထားဝယ္ေဒသခံ မဟုတ္ေၾကာင္းသိရေသာ္လည္း မည္သည့္ဇာတိျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ မည္သည့္ေနရာ၌ ဖမ္းဆီးထားသည္ကို အတိအက် မသိရေသးေပ။
ဦးရည္ခ်င္းသည္ ယထာဘူတ ပဋိပတၱိသာသနာ့ရိပ္သာ စတင္တည္ေထာင္သူ မဟုတ္ဘဲ ၎မတိုင္မီ ဦးေဆာင္သူ မ်ား ရွိေသးေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။
၎အား သာသနာဆိုင္ရာျပစ္မႈေျမာက္ႏိုင္သည့္လုပ္ရပ္မ်ား ဆက္မလုပ္ရန္ ယခင္ႏွစ္က ပုဂၢလိက သြားေရာက္ သတိေပးခဲ့ဖူးေသာ္လည္း ရပ္တန႔္ျခင္းမရွိခဲ့ေၾကာင္းလည္း အထက္ပါရဟန္းက မိန႔္ၾကားသည္။
"ဒကာႀကီး လုပ္တာမွားေနတယ္ဆိုၿပီး သတိေပးေသးတယ္။ ဒါေပမဲ့ ပိုပိုၿပီးဆိုးလာတယ္။ ထားဝယ္မွာကေတာ့ ထူးထူးျခားျခား အဲဒီလိုလုပ္ေနတာ သူတစ္ေယာက္ပါပဲ" ဟု ၎က မိန႔္ၾကားသည္။
ဓာတ္ပုံမွတ္တမ္းမ်ားအရ ဦးရည္ခ်င္းသည္ ပလႅင္ေပၚ တရားေဟာေနသည္ကို ေတြ႕ရွိရၿပီး ပလႅင္သို႔ သြားရာ လမ္းတစ္ေလွ်ာက္တြင္လည္း ထီးျဖဴမိုးေပးျခင္း၊ ၾကာပန္းပုံစံ ေျခနင္းမ်ားေပၚတြင္ လမ္းေလွ်ာက္ျခင္း၊ ဧည့္ပရိသတ္မ်ားက လက္အုပ္ခ်ီ ရွိခိုးျခင္းမ်ား ေတြ႕ရသည္။
ယထာဘူတပဋိပတၱိသာသနာ့ရိပ္သာ ေဆာက္လုပ္ထားသည့္ေျမေနရာသည္ ယခင္က ရပ္ကြက္ပိုင္ ဓမၼာ႐ုံေျမ ေနရာျဖစ္ၿပီး အဆိုပါ ရိပ္သာတည္ေထာင္သူက ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါ ရဟန္းေတာ္က မိန႔္ၾကားခဲ့ သာ္လည္း သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
ၿပီးခဲ့သည့္ စက္တင္ဘာ ၂ဝ ရက္ကလည္း ထီးျဖဴေဆာင္ၿပီး ပလႅင္ေပၚ တရားေဟာသည့္ မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ႏွီးပေဒါ႐ြာက အမ်ိဳးသမီးႀကီးတစ္ဦး ဖမ္းဆီးခံရေသးသည္။

Related news

© 2021. All rights reserved.