UEC ရုံးခွဲများအတွက် ဒုဦးစီးမှူးရာထူးနေရာ (၄၀)ကျော် ခေါ်ယူ

174

ချယ်ရီ (NP News) - စက်တင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး (UEC) ၏ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကော်မရှင်အဖွဲ့ခွဲ ရုံးများအတွက် ဒုတိယဦးစီးမှူးရာထူးနေရာ (၄၀) ကျော် ခေါ်ယူနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
အထက်ပါကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယဦးစီးမှူးရာထူး (၄၂) နေရာအတွက် လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရန် လိုအပ်ကာ နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ပြင် လျှောက်ထားသူသည် လာမည့်စက်တင်ဘာလ (၃၀) ရက်တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရပြီး အခြားဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ကာ အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလျှောက်လွှာများကို ကော်မရှင်ရုံး၏ Website ၌ ရယူနိုင်သည့်အပြင် နီးစပ်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင်ပါ ရယူနိုင်ပြီး လျှောက်လွှာများကို လာမည့် စက်တင်ဘာလ (၂၆) ရက်မှ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် လျှောက်လွှာများကို လာမည့် အောက်တိုဘာလ (၁ဝ)ရက်ကိုနောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ထုတ်ပြန်ထားသည်။

Zawgyi Version:
UEC ႐ုံးခြဲမ်ားအတြက္ ဒုဦးစီးမႉးရာထူးေနရာ (၄၀)ေက်ာ္ ေခၚယူ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၆
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး (UEC) ၏ တိုင္းေဒသႀကီး၊ ျပည္နယ္ႏွင့္ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ေကာ္မရွင္အဖြဲ႕ခြဲ ႐ုံးမ်ားအတြက္ ဒုတိယဦးစီးမႉးရာထူးေနရာ (၄၀) ေက်ာ္ ေခၚယူေနေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ထုတ္ျပန္ထားသည္။
အထက္ပါေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားတြင္ ဒုတိယဦးစီးမႉးရာထူး (၄၂) ေနရာအတြက္ ေလွ်ာက္ထားလိုသူမ်ားသည္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီး ကြန္ပ်ဴတာကြၽမ္းက်င္သူျဖစ္ရန္ လိုအပ္ကာ ေနရာေဒသမေ႐ြး တာဝန္ထမ္းေဆာင္ႏိုင္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ျပင္ ေလွ်ာက္ထားသူသည္ လာမည့္စက္တင္ဘာလ (၃၀) ရက္တြင္ အသက္(၃၀)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရၿပီး အျခားဝန္ထမ္းျဖစ္ပါက အသက္(၃၅)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ကာ အနည္းဆုံး(၃)ႏွစ္တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေလွ်ာက္လႊာမ်ားကို ေကာ္မရွင္႐ုံး၏ Website ၌ ရယူႏိုင္သည့္အျပင္ နီးစပ္ရာၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး မ်ားတြင္ပါ ရယူႏိုင္ၿပီး ေလွ်ာက္လႊာမ်ားကို လာမည့္ စက္တင္ဘာလ (၂၆) ရက္မွ စတင္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေလွ်ာက္လႊာမ်ားကို လာမည့္ ေအာက္တိုဘာလ (၁ဝ)ရက္ကိုေနာက္ဆုံးထား ေပးပို႔ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးက ထုတ္ျပန္ထားသည္။