အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက် ဦးဆောင်နေ

272

ပြည်ဖြိုး (NP News) - စက်တင်ဘာ ၂၇
ပြည်တွင်းအိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်မှာ ထိပ်ဆုံးက ဦးဆောင်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရသည်။
“ဝါကျွတ်တော့မှာဆိုတော့ အိမ်အငှားရှာတဲ့သူတွေ အရမ်းများလာတယ်။ အိမ်ခြံမြေတိုက်ခန်းဝယ်ပြီးနေတဲ့သူ နည်းလာတာလည်းပါတယ်။ အိမ်အငှားဈေးကွက်က အငှားများတော့ဈေးတွေလည်းတက်လာတယ်။ ရန်ကုန် အပါအဝင် လက်နက်ကိုင်တိုက်ပွဲ မရှိတဲ့မြို့တွေမှာ ပြောင်းရွှေ့နေထိုင်သူတွေများလာတာကြောင့်ပါ” ဟု ဝါရင့် အိမ်ခြံမြေအကျိုးဆောင် ရွှေမင်းသားက ပြောသည်။
ငလျင်ဒါဏ်သင့်ဒေသများမှ ပြောင်းရွှေ့လာသောမိသားစုများ ရန်ကုန်သို့ပြောင်းရွှေ့အခြေချနေထိုင်ခြင်းကြောင့် အိမ်ငှားဈေးကွက်များကောင်းမွန်နေကြောင်း သိရသည်။
“နေပြည်တော်ဝန်ထမ်း မိသားစုတွေ ရန်ကုန်ကို ပြန်ပြောင်းလာတာရှိတယ်။ မန္တလေး၊ စစ်ကိုင်းဘက်တွေကလည်း ရန်ကုန်ကို ပြန်ပြောင်းလာတာ ဒီရက်ပိုင်းတွေ့ရတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
ပြီးခဲ့တဲ့နှစ်ပိုင်းများကတည်းက နိုင်ငံတစ်ဝန်းမှ စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင်ဒေသခံအများအပြား ရန်ကုန်မြို့ကို ရောက်နေခဲ့ပြီးဖြစ်တာကြောင့် အိမ်ခြံမြေဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်များထက် မြင့်တက်နေ ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလာသူတွေများလာခြင်းကြောင့် အိမ်ခြံမြေဈေးသည် လွန်ခဲ့သော ၂ နှစ် ဝန်းကျင်ကထက် နှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
“ပြီးခဲ့တဲ့နှစ်နှစ်လောက်က သိန်း ၈၀၀ လောက်ပေါက်တဲ့အခန်းက အခု ၁၅၀၀ ဝန်းကျင်လောက် ပေါက်သွားပြီ။ အိမ်ငှားခတွေလည်းတူတူပဲ နှစ်ဆလောက်တက်သွားတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့က တိုက်ခန်းငှားခ ဈေးနှုန်းများလည်း မြင့်တက်နေသည့်အပြင် တိုက်ခန်းရရှိရန်လည်း ခက်ခက်ခဲခဲ ရှာဖွေနေရကြောင်း ရန်ကုန်မြို့မှာ တိုက်ခန်းငှားရမ်းနေထိုင်သူတချို့ကလည်း ပြောသည်။
“အခုက အပေါ်ဆုံးထပ် သိပ်မကောင်းတဲ့တိုက်ခန်းတောင် စပေါ်ကြီးပဲ သိန်း ၅၀ လောက်အရင်တင်မှ ငှားတယ်။ လချုပ်နဲ့ ဆိုရင်လည်း တစ်ခါချုပ်တစ်ခါ လခတိုးတယ်။ အနည်းဆုံး သုံးသိန်းလောက်ကစတယ်။ အခန်းရဖို့တောင် မလွယ်ဘူး။ အခု Post တင်ထားရင် နောက်နေ့သွားမေးမရှိတော့ဘူး” တာမွေမြို့နယ်တွင်နေ ထိုင်သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ အပါအဝင် အိမ်ခြံမြေဈေးကွက်အတွင်အရောင်းအဝယ်ဈေးကွက်ထက် အိမ်အငှားဈေးကွက်မှာ များပြား လာနေပြီး အိမ်ငှားရမ်းခများလည်း မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Zawgyi Version:
အိမ္ၿခံေျမေဈးကြက္အတြင္း အငွားေဈးကြက္ ဦးေဆာင္ေန
ျပည္ၿဖိဳး (NP News) - စက္တင္ဘာ ၂၇
ျပည္တြင္းအိမ္ၿခံေျမေဈးကြက္အတြင္း အငွားေဈးကြက္မွာ ထိပ္ဆုံးက ဦးေဆာင္ေနေၾကာင္း အိမ္ၿခံေျမ အက်ိဳးေဆာင္မ်ားထံမွသိရသည္။
“ဝါကြၽတ္ေတာ့မွာဆိုေတာ့ အိမ္အငွားရွာတဲ့သူေတြ အရမ္းမ်ားလာတယ္။ အိမ္ၿခံေျမတိုက္ခန္းဝယ္ၿပီးေနတဲ့သူ နည္းလာတာလည္းပါတယ္။ အိမ္အငွားေဈးကြက္က အငွားမ်ားေတာ့ေဈးေတြလည္းတက္လာတယ္။ ရန္ကုန္ အပါအဝင္ လက္နက္ကိုင္တိုက္ပြဲ မရွိတဲ့ၿမိဳ႕ေတြမွာ ေျပာင္းေ႐ႊ႕ေနထိုင္သူေတြမ်ားလာတာေၾကာင့္ပါ” ဟု ဝါရင့္ အိမ္ၿခံေျမအက်ိဳးေဆာင္ ေ႐ႊမင္းသားက ေျပာသည္။
ငလ်င္ဒါဏ္သင့္ေဒသမ်ားမွ ေျပာင္းေ႐ႊ႕လာေသာမိသားစုမ်ား ရန္ကုန္သို႔ေျပာင္းေ႐ႊ႕အေျခခ်ေနထိုင္ျခင္းေၾကာင့္ အိမ္ငွားေဈးကြက္မ်ားေကာင္းမြန္ေနေၾကာင္း သိရသည္။
“ေနျပည္ေတာ္ဝန္ထမ္း မိသားစုေတြ ရန္ကုန္ကို ျပန္ေျပာင္းလာတာရွိတယ္။ မႏၲေလး၊ စစ္ကိုင္းဘက္ေတြကလည္း ရန္ကုန္ကို ျပန္ေျပာင္းလာတာ ဒီရက္ပိုင္းေတြ႕ရတယ္” ဟု အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးက ေျပာသည္။
ၿပီးခဲ့တဲ့ႏွစ္ပိုင္းမ်ားကတည္းက ႏိုင္ငံတစ္ဝန္းမွ စစ္ေဘးေရွာင္လာသည့္ စစ္ေဘးေရွာင္ေဒသခံအမ်ားအျပား ရန္ကုန္ၿမိဳ႕ကို ေရာက္ေနခဲ့ၿပီးျဖစ္တာေၾကာင့္ အိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၿပီးခဲ့သည့္ႏွစ္မ်ားထက္ ျမင့္တက္ေန ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕သို႔ ေ႐ႊ႕ေျပာင္းလာသူေတြမ်ားလာျခင္းေၾကာင့္ အိမ္ၿခံေျမေဈးသည္ လြန္ခဲ့ေသာ ၂ ႏွစ္ ဝန္းက်င္ကထက္ ႏွစ္ဆနီးပါး ျမင့္တက္ခဲ့ေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားက ေျပာသည္။
“ၿပီးခဲ့တဲ့ႏွစ္ႏွစ္ေလာက္က သိန္း ၈၀၀ ေလာက္ေပါက္တဲ့အခန္းက အခု ၁၅၀၀ ဝန္းက်င္ေလာက္ ေပါက္သြားၿပီ။ အိမ္ငွားခေတြလည္းတူတူပဲ ႏွစ္ဆေလာက္တက္သြားတယ္” ဟု အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးက ေျပာသည္။
ထို႔အျပင္ ရန္ကုန္ၿမိဳ႕က တိုက္ခန္းငွားခ ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေနသည့္အျပင္ တိုက္ခန္းရရွိရန္လည္း ခက္ခက္ခဲခဲ ရွာေဖြေနရေၾကာင္း ရန္ကုန္ၿမိဳ႕မွာ တိုက္ခန္းငွားရမ္းေနထိုင္သူတခ်ိဳ႕ကလည္း ေျပာသည္။
“အခုက အေပၚဆုံးထပ္ သိပ္မေကာင္းတဲ့တိုက္ခန္းေတာင္ စေပၚႀကီးပဲ သိန္း ၅၀ ေလာက္အရင္တင္မွ ငွားတယ္။ လခ်ဳပ္နဲ႔ ဆိုရင္လည္း တစ္ခါခ်ဳပ္တစ္ခါ လခတိုးတယ္။ အနည္းဆုံး သုံးသိန္းေလာက္ကစတယ္။ အခန္းရဖို႔ေတာင္ မလြယ္ဘူး။ အခု Post တင္ထားရင္ ေနာက္ေန႔သြားေမးမရွိေတာ့ဘူး” တာေမြၿမိဳ႕နယ္တြင္ေန ထိုင္သူတစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕ အပါအဝင္ အိမ္ၿခံေျမေဈးကြက္အတြင္အေရာင္းအဝယ္ေဈးကြက္ထက္ အိမ္အငွားေဈးကြက္မွာ မ်ားျပား လာေနၿပီး အိမ္ငွားရမ္းခမ်ားလည္း ျမင့္တက္ေနေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။