သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် လက်လွဲအခန်းငှားနေသူများအား အရေးယူထားဟုဆို

 1188

NP News - စက်တင်ဘာ ၂၇

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း ရှိ သုခဒဂုံပြည်သူအငှားအိမ်ရာတွင် မဲပေါက်ပြီး ကိုယ်တိုင်နေထိုင်ခြင်း မရှိဘဲ လက်လွဲတဆင့်ခံ အငှားပြန်ချနေသောတိုက်ခန်း (၂၀)ခန့်ကို အရေးယူထားပြီး အခန်း ပြန်လည်သိမ်ဆည်းထားကြောင်း ယင်း အိမ်ရာတွင်နေထိုင်သူများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးအနီးမှာရှိသော သုခဒဂုံပြည်သူ့ အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသူများအတွက်(၅)နှစ်တာ ငှားရမ်းနေထိုင်ခွင့်ပြုထားသည့်နိုင်ငံတော်ပိုင် ပြည်သူ့အငှားအိမ်ရာတစ်ခုဖြစ်သည်။
"သုခဒဂုံအငှားအိမ်ရာမှာ တရားမဝင်ရောင်းလို့ အချုပ်ထဲရောက်တဲ့သူ ရောက်နေတယ်။ အိမ်ခန်းပြန်သိမ်းခံရတာလဲ အများကြီးပါ။ မြေညီထပ်တွေ လက်ညိုးထိုးရောင်းတာကိုလည်း ကြားနေရတယ်။ ရောင်းတဲ့လူလိမ်တွေကတော့ ငွေထုပ်ပိုက်ပြေးပြီ။ သတိထားကြပါ၊ မဝယ်ကြပါနဲ့ ။ လူလိမ်တွေချည်းပါဘဲ” ဟု အိမ်ရာတွင် နေထိုင်သူတစ်ဦးကပြောသည်။
DUHD-Ygn မှ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ရရှိသူ အချို့က ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းများတွေ့ ရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုတ်သိမ်းပြီးဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ ထပ်မံဆောက်လုပ်ပြီးစီးသော တိုက်ငါးလုံးကို မဲနှိုက်နေရာချထားပေးရန်အတွက် လျှောက်လွှာတင်ထားသည့် မြို့နယ် ၇ မြို့နယ်မှ မဲနှိုက်ခွင့်ရရှိသူများနှင့် ပညာရေးဝန်ထမ်းများအနက်မှ မဲနှိုက်ခွင့်ရရှိသူများကို ဆက်သွယ်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်) (DUHD-Ygn) မှ ထုတ်ပြန်ကြေညာထားသည်။
အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ရရှိသူများသည် အိမ်ခန်းကို ထပ်ဆင့်ငှားရမ်းခြင်း ၊ လွှဲပြောင်းငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံပေးကမ်းခြင်းများမပြုလုပ်ရန် နှင့် ငှားရမ်းခွင့်ရရှိသူ ကိုယ်တိုင်နေထိုင်ရမှာဖြစ်ပြီး နေထိုင်တာမပြုဘဲ အခန်းပိတ်ထားခြင်းမျိုး မပြုလုပ်ရန် စည်းကမ်းသတ်မှတ် ထားကြောင်း သိရသည်။

Zawgyi Version:
သုခဒဂုံျပည္သူ႔အငွားအိမ္ရာတြင္ လက္လြဲအခန္းငွားေနသူမ်ားအား အေရးယူထားဟုဆို
NP News - စက္တင္ဘာ ၂၇
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း ရွိ သုခဒဂုံျပည္သူအငွားအိမ္ရာတြင္ မဲေပါက္ၿပီး ကိုယ္တိုင္ေနထိုင္ျခင္း မရွိဘဲ လက္လြဲတဆင့္ခံ အငွားျပန္ခ်ေနေသာတိုက္ခန္း (၂၀)ခန႔္ကို အေရးယူထားၿပီး အခန္း ျပန္လည္သိမ္ဆည္းထားေၾကာင္း ယင္း အိမ္ရာတြင္ေနထိုင္သူမ်ားထံမွ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ ႐ြာသာႀကီးအနီးမွာရွိေသာ သုခဒဂုံျပည္သူ႔ အငွားအိမ္ရာသည္ ေနေရးအခက္အခဲရွိသူမ်ားအတြက္(၅)ႏွစ္တာ ငွားရမ္းေနထိုင္ခြင့္ျပဳထားသည့္ႏိုင္ငံေတာ္ပိုင္ ျပည္သူ႔အငွားအိမ္ရာတစ္ခုျဖစ္သည္။
"သုခဒဂုံအငွားအိမ္ရာမွာ တရားမဝင္ေရာင္းလို႔ အခ်ဳပ္ထဲေရာက္တဲ့သူ ေရာက္ေနတယ္။ အိမ္ခန္းျပန္သိမ္းခံရတာလဲ အမ်ားႀကီးပါ။ ေျမညီထပ္ေတြ လက္ညိဳးထိုးေရာင္းတာကိုလည္း ၾကားေနရတယ္။ ေရာင္းတဲ့လူလိမ္ေတြကေတာ့ ေငြထုပ္ပိုက္ေျပးၿပီ။ သတိထားၾကပါ၊ မဝယ္ၾကပါနဲ႔ ။ လူလိမ္ေတြခ်ည္းပါဘဲ” ဟု အိမ္ရာတြင္ ေနထိုင္သူတစ္ဦးကေျပာသည္။
DUHD-Ygn မွ သုခဒဂုံျပည္သူ႔အငွားအိမ္ရာမွာ ငွားရမ္းေနထိုင္ခြင့္ရရွိသူ အခ်ိဳ႕က ကိုယ္တိုင္ေနထိုင္ျခင္းမျပဳဘဲ တဆင့္ငွားရမ္းျခင္း၊ လႊဲေျပာင္းျခင္းမ်ားေတြ႕ ရွိပါက အိမ္ခန္းငွားရမ္းခြင့္ကို ႐ုတ္သိမ္းၿပီးဥပေဒႏွင့္အညီအေရးယူေဆာင္႐ြက္သြားမယ္လို႔ထုတ္ျပန္ထားသည္။
လက္ရွိအခ်ိန္၌ ထပ္မံေဆာက္လုပ္ၿပီးစီးေသာ တိုက္ငါးလုံးကို မဲႏႈိက္ေနရာခ်ထားေပးရန္အတြက္ ေလွ်ာက္လႊာတင္ထားသည့္ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္မွ မဲႏႈိက္ခြင့္ရရွိသူမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ားအနက္မွ မဲႏႈိက္ခြင့္ရရွိသူမ်ားကို ဆက္သြယ္ေပးသြားမည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန(ရန္ကုန္) (DUHD-Ygn) မွ ထုတ္ျပန္ေၾကညာထားသည္။
အိမ္ခန္းငွားရမ္းေနထိုင္ခြင့္ရရွိသူမ်ားသည္ အိမ္ခန္းကို ထပ္ဆင့္ငွားရမ္းျခင္း ၊ လႊဲေျပာင္းငွားရမ္းျခင္း၊ လႊဲေျပာင္းျခင္း၊ ေရာင္းခ်ျခင္း၊ ေပါင္ႏွံေပးကမ္းျခင္းမ်ားမျပဳလုပ္ရန္ ႏွင့္ ငွားရမ္းခြင့္ရရွိသူ ကိုယ္တိုင္ေနထိုင္ရမွာျဖစ္ၿပီး ေနထိုင္တာမျပဳဘဲ အခန္းပိတ္ထားျခင္းမ်ိဳး မျပဳလုပ္ရန္ စည္းကမ္းသတ္မွတ္ ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.