မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် မင်းတုန်းမင်းနတ်ပြည်စံသက် (၁၄၇) နှစ်မြောက် မတကဘတ်ပွဲ ကျင်းပပြုလုပ်

 577

ချယ်ရီ (NP News) - စက်တင်ဘာ ၂၇
မန္တလေးရတနာပုံမြို့တည်၊ နန်းတည် မင်းတုန်းမင်းနတ်ပြည်စံသက် (၁၄၇) နှစ်မြောက် မတကဘတ်ပွဲကို မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း အနွယ်တော်တစ်ဦးဖြစ်သူကို ထိပ်တင်စည်သူဟိန်းက NP News ကို ပြောသည်။
ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက်ပိုင်းက မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၌ ဓမ္မသဘင် ပြုလုပ်ခဲ့ပြီး နံနက်(၁၁)နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ဆွမ်းကပ်လှူဒါန်းခြင်း နှင့် ရေစက်ချ အမျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဒီနေ့က ကျတော့လေ အဓိက က ကုန်းဘောင်ဆက်မောင်နှမများဆိုတာ မန္တလေးမြို့မှာရှိကြတဲ့ ကုန်းဘောင်ဆက်မောင်နှမများဆိုတဲ့ အစ်ကိုတွေက ကျင်းပတာပါ ခင်ဗျ။ ကျွန်တော်က ဧည့်သည်တော်အနေနဲ့၊ ဆွေတော်မျိုးတော်အနေနဲ့သွားပြီးတော့ ကုသိုလ်ယူတာပေါ့နော်” ဟု အနွယ်တော်တစ်ဦး ဖြစ်သူကို ထိပ်တင်စည်သူဟိန်း က ဆိုသည်။
ပွဲတက်ရောက်လာကြသည့် လူဦးရေမှာ (၁၅၀) ဦးဝန်းကျင်ခန့် ရှိပြီး ၎င်းတို့အနက်မှ ဆွေတော်မျိုးတော် (၃၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ႀကီးတြင္ မင္းတုန္းမင္းနတ္ျပည္စံသက္ (၁၄၇) ႏွစ္ေျမာက္ မတကဘတ္ပြဲ က်င္းပျပဳလုပ္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၇
မႏၲေလးရတနာပုံၿမိဳ႕တည္၊ နန္းတည္ မင္းတုန္းမင္းနတ္ျပည္စံသက္ (၁၄၇) ႏွစ္ေျမာက္ မတကဘတ္ပြဲကို ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ႀကီးတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း အႏြယ္ေတာ္တစ္ဦးျဖစ္သူကို ထိပ္တင္စည္သူဟိန္းက NP News ကို ေျပာသည္။
ယေန႔ (စက္တင္ဘာလ ၂၇ ရက္) နံနက္ပိုင္းက မႏၲေလးၿမိဳ႕ရွိ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္၌ ဓမၼသဘင္ ျပဳလုပ္ခဲ့ၿပီး နံနက္(၁၁)နာရီတြင္ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ မဟာဓမၼိကာရာမ ေ႐ႊက်င္တိုက္မႀကီးတြင္ ဆြမ္းကပ္လႉဒါန္းျခင္း ႏွင့္ ေရစက္ခ် အမွ်ေဝျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
“ ဒီေန႔က က်ေတာ့ေလ အဓိက က ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားဆိုတာ မႏၲေလးၿမိဳ႕မွာရွိၾကတဲ့ ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားဆိုတဲ့ အစ္ကိုေတြက က်င္းပတာပါ ခင္ဗ်။ ကြၽန္ေတာ္က ဧည့္သည္ေတာ္အေနနဲ႔၊ ေဆြေတာ္မ်ိဳးေတာ္အေနနဲ႔သြားၿပီးေတာ့ ကုသိုလ္ယူတာေပါ့ေနာ္” ဟု အႏြယ္ေတာ္တစ္ဦး ျဖစ္သူကို ထိပ္တင္စည္သူဟိန္း က ဆိုသည္။
ပြဲတက္ေရာက္လာၾကသည့္ လူဦးေရမွာ (၁၅၀) ဦးဝန္းက်င္ခန႔္ ရွိၿပီး ၎တို႔အနက္မွ ေဆြေတာ္မ်ိဳးေတာ္ (၃၀) ဦးခန႔္ ပါဝင္တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.