သက်တမ်းတိုးဆောင်ရွက်မည့် ယာဉ်များနှင့်ယာဉ်မောင်းလိုင်စင်များကို လာမည့် စက်တင်ဘာ၂၉ ရက်မှစ၍ Online Booking လျှောက်ထားရန်မလို

 644

စော (NP News)- စက်တင်ဘာ ၂၇
လာမည့် စက်တင်ဘာ၂၉ ရက်မှစ၍ Online Booking စနစ် ရယူနိုင်ခြင်းမရှိသည့်ကာလအတွင်း သက်တမ်းတိုးဆောင်ရွက်မည် ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင်များကို Online Booking ရယူရန်မလိုဘဲ သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် သက်တမ်းတိုး ယာဉ်များအနေဖြင့် ရုံးဝန်းအတွင်းသို့ စက်တင်ဘာ ၂၉ ရက်မှစ၍ (၃)နာရီအတွင်း ရောက်ရှိမည့်ယာဉ်များကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ယာဉ်မှန် ၊ မမှန်စစ်ဆေးခြင်းနှင့် ပြောင်းလဲခြင်းယာဉ် များကို Online Booking စနစ် ရယူနိုင်ခြင်းမရှိသည့် ကာလအတွင်း ယာဉ်မှတ်ပုံတင်ထားသူ၏ မှတ်ပုံတင် အပါအဝင် ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) မူရင်းအား ခရိုင်ဦးစီးမှူးထံတင်ပြ၍ ကြိုတင်ရက်ချိန်း ရယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုပေါင်း (၂၁၃၁)မှုဖြစ်ပွားခဲ့ရာ လူ (၃၀၀၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ (၁၀၉၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
သက္တမ္းတိုးေဆာင္႐ြက္မည့္ ယာဥ္မ်ားႏွင့္ယာဥ္ေမာင္းလိုင္စင္မ်ားကို လာမည့္ စက္တင္ဘာ၂၉ ရက္ေန႔မွစ၍ Online Booking ေလွ်ာက္ထားရန္မလို
ေစာ (NP News)- စက္တင္ဘာ ၂၇
လာမည့္ စက္တင္ဘာ၂၉ ရက္မွစ၍ Online Booking စနစ္ ရယူႏိုင္ျခင္းမရွိသည့္ကာလအတြင္း သက္တမ္းတိုးေဆာင္႐ြက္မည္ ယာဥ္မ်ားႏွင့္ ယာဥ္ေမာင္းလိုင္စင္မ်ားကို Online Booking ရယူရန္မလိုဘဲ သက္တမ္းတိုး ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ေၾကာင့္ သက္တမ္းတိုး ယာဥ္မ်ားအေနျဖင့္ ႐ုံးဝန္းအတြင္းသို႔ စက္တင္ဘာ ၂၉ ရက္မွစ၍ (၃)နာရီအတြင္း ေရာက္ရွိမည့္ယာဥ္မ်ားကိုသာ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ယာဥ္မွန္ ၊ မမွန္စစ္ေဆးျခင္းႏွင့္ ေျပာင္းလဲျခင္းယာဥ္ မ်ားကို Online Booking စနစ္ ရယူႏိုင္ျခင္းမရွိသည့္ ကာလအတြင္း ယာဥ္မွတ္ပုံတင္ထားသူ၏ မွတ္ပုံတင္ အပါအဝင္ ယာဥ္မွတ္ပုံတင္စာအုပ္ (ကမ-၃) မူရင္းအား ခ႐ိုင္ဦးစီးမႉးထံတင္ျပ၍ ႀကိဳတင္ရက္ခ်ိန္း ရယူ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလမွ ဩဂုတ္လအထိ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ယာဥ္တိုက္မႈေပါင္း (၂၁၃၁)မႈျဖစ္ပြားခဲ့ရာ လူ (၃၀၀၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လူ (၁၀၉၆)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.