Viksit Bharat Run ခေါင်းစဉ်ဖြင့် (၅) ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲ ပြည်သူ့ရင်ပြင်တွင်ကျင်းပ

180
သန့်ဇင်(NP News)-စက်တင်ဘာ ၂၈
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် Viksit Bharat Run ခေါင်းစဉ်ဖြင့် (၅) ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အပြေးပြိုင်ပွဲကိုမြန်မာအစိုးရတာဝန်ရှိသူများနှင့် အိန္ဒိယနွယ်ဖွား အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့်ယနေ့(စက်တင်ဘာ (၂၈) ရက်) နံနက် ၆ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြေးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakurတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၅) ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲကို အမျိုးသား၊ အမျိုးမီး (၁၀၀)ဦးခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယနှင့် တတိယရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ခဲ့ကြောင်း သိရသည်။
Zawgyi Version: