မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ လာရောက်ရာတွင် အဆင်ပြေရန် ပြည်ဝင်ခွင့်ဗီဇာများ ဖြေလျော့ပေးနေဟု နိုင်ငံတော်ဝန်ကြီးချုပ်ပြော

 156

သန့်ဇင်(NP News)-စက်တင်ဘာ ၂၈

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ လာရောက်ရာတွင် အဆင်ပြေရန် ပြည်ဝင်ခွင့်ဗီဇာများ ဖြေလျော့ပေးနေကြောင်း နိုင်ငံတော်ဝန် ကြီးချုပ် ဦးညိုစောကယမန်နေ့(စက်တင်ဘာ ၂၇ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် စွန့်ဦး တီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်အတွက်လည်း အခွင့်အလမ်းများစွာ ဖန်တီးပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန် ကြီးချုပ်က ဆိုသည်။

ထို့ပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အစိတ်အပိုင်းများ ဖြစ်သည့်အတွက် ခရီးသွားများစိတ်ဝင်စားသည့် ထုတ်ကုန်များကို ချဲ့ထွင်၍ရင်းနှီးမြှုပ်နှံကြရန်လိုကြောင်းလည်း နိုင်ငံတော်ဝန် ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချော မွေ့စေရန် အတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း နိုင်ငံတော်ဝန် ကြီးချုပ်က ဆိုသည်။

နိုင်ငံတကာတွင် ကျင်းပသည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်းများ ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်ဆောင်ရွက်ခြင်းများအပြင် ဒီဂျစ်တယ်နည်းပညာသုံး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မိမိတို့နိုင်ငံသည် ခရီးသွားအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းများစွာရှိသည့်အပြင် ရှိရင်းစွဲခရီးသွားအရင်းအမြစ်များကို စနစ်တကျရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် ခရီးစဉ်အသစ်များ ဖော်ထုတ်နိုင်ရန်လည်း အရေးကြီးကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရေရှည်တည်တံ့သည့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများကိုလည်း လိုက်ပါဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများတွင် Green Energy အသုံးပြုမှုကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်သကဲ့သို့ ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ဖော်ဆောင် နိုင်ခြင်းကြောင့် ရှင်းလင်းတိကျသည့် ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး နိုင်ငံတော်နှင့်ပြည်သူများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကြံ့ကြံ့ခံနိုင်သည့် အနာဂတ်ကိုတည်ဆောက်နိုင်ရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုသည်။

Zawgyi Version:
ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားမ်ား လာေရာက္ရာတြင္ အဆင္ေျပရန္ ျပည္ဝင္ခြင့္ဗီဇာမ်ား ေျဖေလ်ာ့ေပးေနဟု ႏိုင္ငံေတာ္ဝန္ ႀကီးခ်ဳပ္ေျပာ
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၈

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားမ်ား လာေရာက္ရာတြင္ အဆင္ေျပရန္ ျပည္ဝင္ခြင့္ဗီဇာမ်ား ေျဖေလ်ာ့ေပးေနေၾကာင္း ႏိုင္ငံေတာ္ဝန္ ႀကီးခ်ဳပ္ ဦးညိဳေစာကယမန္ေန႔(စက္တင္ဘာ ၂၇ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ မဂၤလာသီရိဟိုတယ္၌ က်င္းပေသာ ၂၀၂၅ ခုႏွစ္၊ ကမာၻ႔ခရီးသြားလုပ္ငန္းေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ခရီးသြားလုပ္ငန္း စဥ္ဆက္မျပတ္ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေစရန္ နည္းပညာဆိုင္ရာကြၽမ္းက်င္မႈမ်ား၊ တီထြင္ဆန္းသစ္မႈမ်ားႏွင့္ စြန႔္ဦး တီထြင္လုပ္ငန္းရွင္မ်ား ေပၚထြက္လာေစရန္အတြက္လည္း အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ ႀကီးခ်ဳပ္က ဆိုသည္။

ထို႔ျပင္ အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားသည္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးပါသည့္အစိတ္အပိုင္းမ်ား ျဖစ္သည့္အတြက္ ခရီးသြားမ်ားစိတ္ဝင္စားသည့္ ထုတ္ကုန္မ်ားကို ခ်ဲ႕ထြင္၍ရင္းႏွီးျမႇဳပ္ႏွံၾကရန္လိုေၾကာင္းလည္း ႏိုင္ငံေတာ္ဝန္ ႀကီးခ်ဳပ္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အေနျဖင့္လည္း ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္ရာတြင္ အဆင္ေျပေခ်ာ ေမြ႕ေစရန္ အတြက္ ျပည္ဝင္ခြင့္ဗီဇာဆိုင္ရာကိစၥရပ္မ်ားတြင္ ေျဖေလ်ာ့မႈမ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္ဝန္ ႀကီးခ်ဳပ္က ဆိုသည္။

ႏိုင္ငံတကာတြင္ က်င္းပသည့္ ခရီးသြားျပပြဲမ်ားတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳခရီးသြားျပခန္းမ်ား ပါဝင္ျပသျခင္း၊ ရင္းႏွီးကြၽမ္းဝင္မႈ ခရီးစဥ္ေဆာင္႐ြက္ျခင္းမ်ားအျပင္ ဒီဂ်စ္တယ္နည္းပညာသုံး ခရီးသြားျမႇင့္တင္ေရးလုပ္ငန္းမ်ားကိုလည္း စဥ္ဆက္မျပတ္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရသည္။

မိမိတို႔ႏိုင္ငံသည္ ခရီးသြားအရင္းအျမစ္ႂကြယ္ဝသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္အတြက္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ရန္ အလားအလာ ေကာင္းမ်ားစြာရွိသည့္အျပင္ ရွိရင္းစြဲခရီးသြားအရင္းအျမစ္မ်ားကို စနစ္တက်ေရရွည္တည္တံ့ေအာင္ ထိန္းသိမ္းေဆာင္႐ြက္သြားၾကရန္ႏွင့္ ခရီးစဥ္အသစ္မ်ား ေဖာ္ထုတ္ႏိုင္ရန္လည္း အေရးႀကီးေၾကာင္းလည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသည္ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္မႈမ်ားမွတစ္ဆင့္ ေရရွည္တည္တံ့သည့္ ခရီးသြား လုပ္ငန္းကို ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိရာတြင္ အာဆီယံခရီးသြားလုပ္ငန္းစံႏႈန္းမ်ားကိုလည္း လိုက္ပါေဆာင္႐ြက္ၾကရမည္ ျဖစ္သကဲ့သို႔ ခရီးသြားလုပ္ငန္းမ်ားတြင္ Green Energy အသုံးျပဳမႈကိုလည္း အားေပးျမႇင့္တင္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဆိုသည္။

ခရီးသြားလုပ္ငန္းသည္ ကမာၻတစ္ဝန္းႏွင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္ႏိုင္သကဲ့သို႔ ပိုမိုေကာင္းမြန္သည့္အနာဂတ္ကို ေဖာ္ေဆာင္ ႏိုင္ျခင္းေၾကာင့္ ရွင္းလင္းတိက်သည့္ ဦးစားေပးအစီအစဥ္မ်ား ခ်မွတ္ၿပီး ႏိုင္ငံေတာ္ႏွင့္ျပည္သူမ်ား စဥ္ဆက္မျပတ္ ေရရွည္ဖြံ႕ၿဖိဳး တိုးတက္ေစရန္ႏွင့္ ႀကံ့ႀကံ့ခံႏိုင္သည့္ အနာဂတ္ကိုတည္ေဆာက္ႏိုင္ရန္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေအာင္ တက္ညီလက္ညီပူးေပါင္း ေဆာင္႐ြက္ရန္လည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဆိုသည္။

Related news

© 2021. All rights reserved.