အဆိုတော်၊ သရုပ်ဆောင် ဆယ်လီနာဂိုမက်ဇ် ဂီတထုတ်လုပ်သူ ဘန်နီဘလန်ကို နဲ့ လက်ထပ်

 155

ရောင်နီ (NP News) - စက်တင်ဘာ ၂၈
အဆိုတော်၊ သရုပ်ဆောင် ဆယ်လီနာဂိုမက်ဇ်ဟာ စက်တင်ဘာ ၂၇ ရက်မှာ ချစ်သူ အမေရိကန် ဂီတထုတ်လုပ်သူ၊ တေးရေးဆရာ ဘန်နီဘလန်ကို နဲ့ လက်ထပ်လိုက်တယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် အမေရိကန်အဆိုတော်-သရုပ်ဆောင်လဆယ်လီနာ က ငွေရောင်နှလုံးသား အီမိုဂျီနှစ်ခု ပါဝင်တဲ့ "9.27.25" ဆိုတဲ့ ကပ်ကရှင်နဲ့အတူ မင်္ဂလာဆောင်ပွဲရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို Instagram မှာ မျှဝေခဲ့တာဖြစ်ပါတယ်။
ဆယ်လီနာရဲ့ပို့စ်ကို ဘန်နီက "လက်တွေ့ဘဝရဲ့ကျွန်တော့်ဇနီး" ဆိုပြီး comment ရေးသားထားခဲ့ပါတယ်။ ဓာတ်ပုံတွေမှာ ဆယ်ခီနာ က ပန်းပွင့်တွေပါဝင်တဲ့ အဖြူရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သားကတော့ tuxedo ၀တ်စုံနဲ့ လိုက်ဖက်ညီစွာ ရှိနေတာ တွေ့ရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘာရာရှိ အိမ်ခြံမြေမြက်ခင်းပြင်မှာ သီးသန့်အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပြီး ဧည့်သည် ၁၇၀ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်က Jonas Brothers ဖျော်ဖြေပွဲမှာ တွေ့ဆုံပြီးကတည်းက ၁၇ နှစ်ကြာ သူငယ်ချင်းဖြစ်ခဲ့တဲ့ ပေါ့ပ်စတား တေလာဆွစ်ဖ်ကလည်း မင်္ဂလာပွဲတက်ရောက်ခဲ့ပါတယ်။ ဘလန်ကိုနဲ့ ဆယ်လီနာ ဟာ သူမရဲ့ Single Old Love စတင်ထွက်ရှိတဲ့ ၂၀၁၅ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ တရားဝင်တွဲခဲ့ကြကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဆယ္လီနာဂိုမက္ဇ္ ဂီတထုတ္လုပ္သူ ဘန္နီဘလန္ကို နဲ႔ လက္ထပ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၈
အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဆယ္လီနာဂိုမက္ဇ္ဟာ စက္တင္ဘာ ၂၇ ရက္မွာ ခ်စ္သူ အေမရိကန္ ဂီတထုတ္လုပ္သူ၊ ေတးေရးဆရာ ဘန္နီဘလန္ကို နဲ႔ လက္ထပ္လိုက္တယ္လို႔ သိရပါတယ္။
အသက္ ၃၃ ႏွစ္အ႐ြယ္ အေမရိကန္အဆိုေတာ္-သ႐ုပ္ေဆာင္လဆယ္လီနာ က ေငြေရာင္ႏွလုံးသား အီမိုဂ်ီႏွစ္ခု ပါဝင္တဲ့ "9.27.25" ဆိုတဲ့ ကပ္ကရွင္နဲ႔အတူ မဂၤလာေဆာင္ပြဲရဲ႕ ဓာတ္ပုံနဲ႔ ဗီဒီယိုဖိုင္ေတြကို Instagram မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။
ဆယ္လီနာရဲ႕ပို႔စ္ကို ဘန္နီက "လက္ေတြ႕ဘဝရဲ႕ကြၽန္ေတာ့္ဇနီး" ဆိုၿပီး comment ေရးသားထားခဲ့ပါတယ္။ ဓာတ္ပုံေတြမွာ ဆယ္ခီနာ က ပန္းပြင့္ေတြပါဝင္တဲ့ အျဖဴေရာင္သတို႔သမီးဝတ္စုံကို ဝတ္ဆင္ထားၿပီး သတို႔သားကေတာ့ tuxedo ၀တ္စုံနဲ႔ လိုက္ဖက္ညီစြာ ရွိေနတာ ေတြ႕ရပါတယ္။
ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္တာဘာဘာရာရွိ အိမ္ၿခံေျမျမက္ခင္းျပင္မွာ သီးသန႔္အခမ္းအနား ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဧည့္သည္ ၁၇၀ ဖိတ္ၾကားခဲ့တယ္လို႔ သိရပါတယ္။
၂၀၀၈ ခုႏွစ္က Jonas Brothers ေဖ်ာ္ေျဖပြဲမွာ ေတြ႕ဆုံၿပီးကတည္းက ၁၇ ႏွစ္ၾကာ သူငယ္ခ်င္းျဖစ္ခဲ့တဲ့ ေပါ့ပ္စတား ေတလာဆြစ္ဖ္ကလည္း မဂၤလာပြဲတက္ေရာက္ခဲ့ပါတယ္။ ဘလန္ကိုနဲ႔ ဆယ္လီနာ ဟာ သူမရဲ႕ Single Old Love စတင္ထြက္ရွိတဲ့ ၂၀၁၅ ခုႏွစ္မွာ စတင္ေတြ႕ဆုံခဲ့ၿပီး ၂၀၂၃ ခုႏွစ္မွာ တရားဝင္တြဲခဲ့ၾကကာ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာ ၁၁ ရက္ေန႔မွာေတာ့ ေစ့စပ္ေၾကာင္းလမ္းေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.