ဩစတြေးလျနိုင်ငံ၊ တက်စ်မေးနီးယား အမျိုးသားဥယျာဉ်မှာ ပြင်းထန်တဲ့ရာသီဥတုကြောင့် တောင်တက်အဖွဲ့မှ တရုတ်ခရီးသွားတစ်ဦး သေဆုံး

126

ရောင်နီ (NP News) - စက်တင်ဘာ ၂၉
ဩစတေးလျနိုင်ငံ၊ တက်စမေးနီးယား၊ Cradle Mountain အမျိုးသားဥယျာဉ်မှာ စက်တင်ဘာ ၂၆ ရက်က ပြင်းထန်ရာသီဥတုကြောင့် တောင်တက်အဖွဲ့မှ တရုတ်ခရီးသွားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသားလေးဦး ပါဝင်တဲ့ တောင်တက်အဖွဲ့ဟာ Cradle Mountain အမျိုးသားဥယျာဉ်မှာ ခြေလျင်တောင်တက်နေစဉ် ပြင်းထန်တဲ့အအေးဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းတို့အဖွဲ့ကို အခြားအဖွဲ့ တစ်ဖွဲ့က တွေ့ရှိပြီး စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီ ၃ဝ မိနစ်ခန့်မှာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားမှုနဲ့အတူ ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်ပျံသန်းနိုင်ခြင်း မရှိခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေက တစ်ညလုံး စခန်းချခဲ့ကြပြီး စက်တင်ဘာ ၂၇ ရက် နံနက်မှာမှ တောင်ပေါ်မှ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြားအုပ်စုဝင်တွေကတော့ အခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်။ တောင်တက်အဖွဲ့ဟာ တည်နေရာ အချက်ပြမီးရှူးမီးပန်းလို သင့်လျော်တဲ့ကိရိယာတွေ မပါရှိတာကြောင့်လည်း ကယ်ဆယ်ရေးခေါ်နိုင်ဖို့ နှောင့်နှေးခဲ့တယ်လို့ ဆိုပါတယ်။
ပန်းခြံရဲ့တောင်တန်းဒေသ ရာသီဥတုအခြေအနေဟာ အချိန်နဲ့အမျှ လျင်မြန်စွာပြောင်းလဲနိုင်တာကြောင့် ကယ်ဆယ်ရေးရဟတ်ယာဉ်တွေ (ဒါမှမဟုတ်) ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဝေးလံတဲ့ဒေသတွေကို သွားရောက်ကယ်ဆယ်နိုင်ဖို့ ခက်ခဲတယ်လို့ တက်စ်မေးနီးယားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဩစေၾတးလ်ႏိုင္ငံ၊ တက္စ္ေမးနီးယား အမ်ိဳးသားဥယ်ာဥ္မွာ ျပင္းထန္တဲ့ရာသီဥတုေၾကာင့္ ေတာင္တက္အဖြဲ႕မွ တ႐ုတ္ခရီးသြားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉
ဩစေတးလ်ႏိုင္ငံ၊ တက္စေမးနီးယား၊ Cradle Mountain အမ်ိဳးသားဥယ်ာဥ္မွာ စက္တင္ဘာ ၂၆ ရက္က ျပင္းထန္ရာသီဥတုေၾကာင့္ ေတာင္တက္အဖြဲ႕မွ တ႐ုတ္ခရီးသြားတစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံသားေလးဦး ပါဝင္တဲ့ ေတာင္တက္အဖြဲ႕ဟာ Cradle Mountain အမ်ိဳးသားဥယ်ာဥ္မွာ ေျခလ်င္ေတာင္တက္ေနစဥ္ ျပင္းထန္တဲ့အေအးဒဏ္နဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ၎တို႔အဖြဲ႕ကို အျခားအဖြဲ႕ တစ္ဖြဲ႕က ေတြ႕ရွိၿပီး စက္တင္ဘာ ၂၆ ရက္ ညေန ၃ နာရီ ၃ဝ မိနစ္ခန႔္မွာ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။ ရာသီဥတုဆိုး႐ြားမႈနဲ႔အတူ ကယ္ဆယ္ေရးအတြက္ ရဟတ္ယာဥ္ပ်ံသန္းႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ ကယ္ဆယ္ေရးသမားေတြက တစ္ညလုံး စခန္းခ်ခဲ့ၾကၿပီး စက္တင္ဘာ ၂၇ ရက္ နံနက္မွာမွ ေတာင္ေပၚမွ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး အျခားအုပ္စုဝင္ေတြကေတာ့ အေျခအေနေကာင္းမြန္တယ္လို႔ ဆိုပါတယ္။ ေတာင္တက္အဖြဲ႕ဟာ တည္ေနရာ အခ်က္ျပမီးရႉးမီးပန္းလို သင့္ေလ်ာ္တဲ့ကိရိယာေတြ မပါရွိတာေၾကာင့္လည္း ကယ္ဆယ္ေရးေခၚႏိုင္ဖို႔ ေႏွာင့္ေႏွးခဲ့တယ္လို႔ ဆိုပါတယ္။
ပန္းၿခံရဲ႕ေတာင္တန္းေဒသ ရာသီဥတုအေျခအေနဟာ အခ်ိန္နဲ႔အမွ် လ်င္ျမန္စြာေျပာင္းလဲႏိုင္တာေၾကာင့္ ကယ္ဆယ္ေရးရဟတ္ယာဥ္ေတြ (ဒါမွမဟုတ္) ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက ေဝးလံတဲ့ေဒသေတြကို သြားေရာက္ကယ္ဆယ္ႏိုင္ဖို႔ ခက္ခဲတယ္လို႔ တက္စ္ေမးနီးယားအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။