ကျောက်ဖြူတွင် AA အရေးနိမ့်ပြီးနောက် ရခိုင်ပြည်နယ်အရေး အဖြေထွက်လာဖွယ်ရှိနေ

 911

သုတကျော် (NP News)-စက်တင်ဘာ ၂၉
ကျောက်ဖြူတွင် AA အရေးနိမ့်ပြီးနောက် မကြာမီတွင် ရခိုင်ပြည်နယ်အရေး အဖြေထွက်လာ ဖွယ်ရှိနေကြောင်း NP News က သတင်းရင်းမြစ်များထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ကျောက်ဖြူမြို့နယ်သို့ AA တို့က တဖြည်းဖြည်းချင်းစိမ့်ဝင်ခဲ့ပြီးနောက် တိုက်ပွဲများဖော်ခဲ့သော် လည်း တပ်မတော်က အသာစီးရခဲ့ပြီဖြစ်ကာ AA ဘက်တွင် လက်နက်နှင့် ခဲယမ်းချို့တဲ့သော အနေ အထားကို မြင်တွေ့နေရကြောင်း မေးမြန်းထားသောအချက်အလက်များအရ သိရသည်။ တပ်မတော် ဘက်က ထောက်ပံ့ပို့ဆောင်ရေးကို ကောင်းမွန် စွာလုပ်နိုင်သည့်အပြင် အဆင့်မြှင့်တင် တိုက်ခိုက်မှု များကြောင့် AA တို့ အထိနာခဲ့ကြောင်း သိရသည်။ “အခြေချစခန်းတွေတော့ မရှိတော့ဘူး။ စစ်ရှောင် ပြည်သူတွေနဲ့ ရောပြီး ကိုယ်ယောင်ဖျောက်နေတဲ့အနေအထားဖြစ်နေတယ်။ ကျောက်ဖြူမှာကတော့ တိုက်သိမ်းစရာ AA စခန်း မရှိတော့ဘူး။ အလစ်အငိုက်မခံရအောင် သတိရှိရှိလုံခြုံရေးယူနိုင်မယ့် အနေ အထားပါ” ဟု မြေပြင် အခြေအနေနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။
တပ်မတော်ဘက်က AA တို့၏ ခြေကုပ် စခန်းများကို တိုက်ခိုက်ရာတွင် လျင်လျင် မြန် မြန်ဖြင့် စခန်းများကို သိမ်းပိုက်ရရှိနေခြင်းက ၎င်းတို့ဘက်တွင် လက်နက်ခဲယမ်း ချို့တဲ့နေပြီဆိုသော အချက်ကို ပြသနေခြင်းဖြစ်ကြောင်းလည်း အခြားသိရှိသူ တစ်ဦး ကဆိုသည်။ “မျက်နှာချင်းဆိုင် ကုန်း နှစ်ခုပေါ့ဗျာ။ လှမ်းမြင်နေရတာ။ ကျွန်တော်တို့ဘက်မှာက လွတ်လွတ်လပ်လပ် သွားနိုင်တယ်။ ကုန်း အောက်မှာ ကျွန်တော်တို့ ဘက်ကနေ ပေါ်ပေါ်ထင်ထင်သွားနေတာကို သူတို့ဘက်က လှမ်းမပစ်နိုင်ဘူး။ တကယ်က မီတာ (၇၀ဝ) (၈၀ဝ) ဆိုတာ လက်နက်ငယ်တော့ ပစ်မရပေမယ့် စိန်ပြောင်းဆိုရင် အသေး စား (၆၀) မမ စိန်ပြောင်း အသေးကစပြီး ပစ်လို့ပြီ။ ကျွန်တော်တို့ ဘက်ကနေ ဒီကောင်တွေကို ဒရုန်းနဲ့ တွေ့တွေ့၊ စနိုက်ပါသမားချောင်းလို့ တွေ့တွေ့ ရှိတဲ့စိန်ပြောင်းနဲ့ လှမ်းပစ်တာ။ ဒီဘက်က ပေါ်ပေါ် ထင် ထင်သွားတာကို လုံးဝမပစ်နိုင်ဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက သိရှိရသော အခြေအနေကိုပြောကြား သည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း AA တို့ ဘက်တွင် ကျဆင်းနေသော အနေအထားဖြစ်ပြီး တိုက်ပွဲအတွင်း အုပ်ချုပ်ထောက်ပံ့ပေးနိုင်မှုအပိုင်း၌ တပ်မတော်က များစွာသာလွန်နေခြင်းသည်လည်း အချက်တစ်ချက်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“AA ဘက်မှာက ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကလည်း တဖြည်းဖြည်းကျဆင်းလာ တာ တွေ့ရတယ်။ တပ်ဘက်က ရှေ့တန်းကျကျတိုက် နေတဲ့ အဖွဲ့တွေအထိကို နောက်ကနေ မနက်၊ နေ့ လယ်၊ ညစာတွေအထိကို ထမင်းထုပ်ရောက်အောင် ပို့နိုင်တယ်။ ခဲယမ်းသယ်ပို့၊ လူနာ ကယ်ထုတ်က အစ ယာဉ်ကြီး၊ ယာဉ်ငယ် သုံးပြီး မြန်မြန်ဆောင်ရွက်နိုင်တယ်။ မိမိစိုးမိုးထားတဲ့ မြေမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်တယ်။ AA ဘက်ကျတော့ အုပ်ချုပ်ထောက်ပံ့မှုကိစ္စတွေကို ညဘက်ကျမှ ခိုးကြောင် ခိုးဝှက်လုပ်ရတယ်။ ဒါတောင် ခဲယမ်းနဲ့ ရိက္ခာအတွက်က လိုသလောက်ရနိုင်မှာ မဟုတ်ဘူး။ ဥပမာတစ်ခု ပြောရရင် လူနာတစ်ယောက်ဖြစ်လာတယ်။ တပ်ဘက်က ကျောက်ဖြူဆေးရုံ၊ အဲဒီကမှမနိုင်ရင် မင်္ဂလာ ဒုံ စစ်ဆေးရုံပို့တာတို့ အဆင့်ဆင့်ဆေးကုသမှုလုပ်လို့ရတယ်။ AA ဘက်က တစ်ယောက်ထိရင် ဆေးရုံနေ ရာ၊ ဆရာဝန်၊ ဆေးဝါးအများကြီး ကန့်သတ်ချက်ရှိ တယ်။ နည်းပညာနဲ့ စစ်ဆင်နေရတဲ့ကာလမှာ စွမ်း အင်ထောက်ပံ့ဖို့ တပ်ဘက်က ရှေ့တန်းတပ်ခွဲတွေ အထိ Jammer နဲ့ မီးစက်၊ ဆီ အလုံအလောက်ထုတ် ပေးနိုင်တယ်။ ရန်သူ့ဘက်မှာကျ ဒါမျိုးဘယ်ရမလဲ” ဟု ၎င်း ဆိုသည်။
နည်းပညာအားဖြင့်လည်း တပ်မတော်က Drone သုံးနိုင်သော အရေအတွက် သာမက အသုံး ပြုချိန်၊ ပံ့ပိုးနိုင်သော စွမ်းအင် ပိုမိုကောင်းမွန်ကြောင်း ၎င်းက ရှင်းပြသည်။ “၂၄ နာရီ Flight ရဖို့ Spare battery တွေ Heary charge လုပ်နိုင်မယ့် မီးစက်အကြီးတွေနဲ့ တပ်ဘက်က လုပ်နေချိန်မှာ AA ဘက်က Solar လောက်နဲ့ Power ရဖို့ လုပ်နေတာ တွေ့ရတယ်။ Solar သုံးတယ်ဆိုတာလည်း အားနည်းချက်ပဲ ဘာကြောင့်လဲဆို ကောင်းကင်ကနေ Drone နဲ့ ကင်းထောက်ရင် solar ကြီးကြီးထားလေလေလွယ် လွယ်မြင်ရလေလေ။ solar ဆိုတာကလည်း အရိပ်ထဲ ဖွက်ထားလို့မှ မရပဲကို။ ဒီလိုစစ်ဆင်နေရတဲ့ အ ခြေအနေတွေက အများကြီးကွာခြားတဲ့အတွက် စိတ်ဓာတ်ပိုင်းမှာတော့ တပ်ဘက်က သာလွန်နေပြီလို့ တော့ မှတ်ချက်ပေးနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ရိုးမ ဘက်ဆီမှ တိုက်ပွဲများအတွင်း AA ဘက်တွင် သေဆုံးသူ များပြားခဲ့ကြောင်းနှင့် ရခိုင် ကမ်းရိုးတန်း တလျှောက်တွင် တပ်မတော် (ရေ) မှ စစ်သင်္ဘောများက စောင့်ကြည့်နေကြောင်း အခြား သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “စစ်တွေ၊ ဘူး သီးတောင် မောင်းတော ရခိုင်ကမ်းရိုးတမ်း တစ် လျှောက်လုံး ရေတပ်က သင်္ဘောတွေ စောင့်ကြည့်နေပါတယ်။ တန်ပြန်ထိုးစစ်အတွက် စစ်နည်း ဗျူဟာ ပိုင်းမှာတော့ drone ကို အဓိကထားသုံးပြီး တိုက်ခိုက်တာမို့ တခြား စစ်ဆင်ရေးနယ်မြေကဲ့သို့ အတူတူပဲ လို့ ပြောလို့ပါတယ်။ မကြာခင်မှာလည်း သီတင်းကျွတ်ရင် မိုးရာသီကုန်ဆုံးတော့ မှာမို့ ပွင့်လင်းရာသီမှာ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်နိုင်လိမ့်မယ်လို့ ယူဆနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူတွင် အခြားအသုံးပြုသည့် နည်းတစ်ခုမှာ စနိုက်ပါကို ဖောဖောသီသီသုံးတတ်သည့် AA တို့အတွက် သေနတ်သံကြားသော နေရာသို့ စိန်ပြောင်းနဲ့ ဒရုန်းမှ Drop bomb တို့ဖြင့် ပစ်ခတ်၊ ကြဲချ သည့် နည်းဖြစ်ရာ ယင်းအတွက်လည်း အထိနာခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ ကော်မရှင်က လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၀) မြို့နယ်တွင် ရွေးကောက်ပွဲမလုပ်ကြောင်း ကြေညာထားသော် လည်း ယင်းမြို့နယ်များအနက် AA ထိန်းချုပ်မှုအောက်တွင်ရှိသော အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွတို့ကို ယင်းစာရင်း မထည့်ထားသည့်အတွက် အဆိုပါမြို့နယ်များကို မည်သို့ဆောင်ရွက်မည်ဆို သောအချက်မှာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ တစ်ဖက်တွင် တပ်မတော်အနေဖြင့် ဒရုန်းစွမ်းအား သာလွန် တိုးတက်လာသည့်သာမက အခြား အဆင့်မြှင့်တင်မှုများကိုလည်း ဆောင်ရွက်နေသည့်အတွက် ခံစစ်မှ ထိုးစစ်အသွင်ဖြင့် တိုက်ပွဲပြန်လည်ဖော်ဆောင်နိုင်မည့်အနေအထားဖြစ်ကြောင်း မေးမြန်းထားချက်များ အရ သိရသည်။
သို့သော် တပ်မတော်အနေဖြင့် ဦးစားပေးလုပ်ငန်းများကို တစ်ဆင့်ချင်းဆောင်ရွက်သွားမည့် အခြေအနေကို မြင်ရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ပြန်ယူတာ‌တော့ တစ်ပြည်နယ်လုံး ပြန်ယူမှာပါ။ ဘယ်ဟာကို အရင်ယူမလဲတော့ လူကြီးတွေပဲ သိမှာပေါ့လေ။ ပြီးရင် ရခိုင်ပြည်နယ်ရဲ့ မြို့ တွေက စစ်တွေနဲ့ကျောက်ဖြူကလွဲရင် ကျန်တဲ့မြို့တွေက အရေးမှမကြီးပဲကို။ AA ကိုပေးထားလည်း သူ စီးပွားဖြစ်သွားနိုင်တဲ့မြို့ မရှိဘူးလေ။ ထိုင်းနယ်စပ်တို့၊ တရုတ်နယ်စပ်တို့ မိုးကုတ်တို့လိုမြို့တွေကျ လက်နက်ကိုင်တွေ စီးပွားဖြစ်နိုင်တာဆိုတော့ သူတို့ကိုအရင် ဦးစားပေး ရှင်းနေတယ်လို့ သုံးသပ်ရပါ တယ်” ဟု ၎င်းကဆိုသည်။

Zawgyi Version:
ေက်ာက္ျဖဴတြင္ AA အေရးနိမ့္ၿပီးေနာက္ ရခိုင္ျပည္နယ္အေရး အေျဖထြက္လာဖြယ္ရွိေန
သုတေက်ာ္ (NP News)-စက္တင္ဘာ ၂၉
ေက်ာက္ျဖဴတြင္ AA အေရးနိမ့္ၿပီးေနာက္ မၾကာမီတြင္ ရခိုင္ျပည္နယ္အေရး အေျဖထြက္လာ ဖြယ္ရွိေနေၾကာင္း NP News က သတင္းရင္းျမစ္မ်ားထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ေက်ာက္ျဖဴၿမိဳ႕နယ္သို႔ AA တို႔က တျဖည္းျဖည္းခ်င္းစိမ့္ဝင္ခဲ့ၿပီးေနာက္ တိုက္ပြဲမ်ားေဖာ္ခဲ့ေသာ္ လည္း တပ္မေတာ္က အသာစီးရခဲ့ၿပီျဖစ္ကာ AA ဘက္တြင္ လက္နက္ႏွင့္ ခဲယမ္းခ်ိဳ႕တဲ့ေသာ အေန အထားကို ျမင္ေတြ႕ေနရေၾကာင္း ေမးျမန္းထားေသာအခ်က္အလက္မ်ားအရ သိရသည္။ တပ္မေတာ္ ဘက္က ေထာက္ပံ့ပို႔ေဆာင္ေရးကို ေကာင္းမြန္ စြာလုပ္ႏိုင္သည့္အျပင္ အဆင့္ျမႇင့္တင္ တိုက္ခိုက္မႈ မ်ားေၾကာင့္ AA တို႔ အထိနာခဲ့ေၾကာင္း သိရသည္။ “အေျခခ်စခန္းေတြေတာ့ မရွိေတာ့ဘူး။ စစ္ေရွာင္ ျပည္သူေတြနဲ႔ ေရာၿပီး ကိုယ္ေယာင္ေဖ်ာက္ေနတဲ့အေနအထားျဖစ္ေနတယ္။ ေက်ာက္ျဖဴမွာကေတာ့ တိုက္သိမ္းစရာ AA စခန္း မရွိေတာ့ဘူး။ အလစ္အငိုက္မခံရေအာင္ သတိရွိရွိလုံၿခဳံေရးယူႏိုင္မယ့္ အေန အထားပါ” ဟု ေျမျပင္ အေျခအေနႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ဆိုသည္။
တပ္မေတာ္ဘက္က AA တို႔၏ ေျခကုပ္ စခန္းမ်ားကို တိုက္ခိုက္ရာတြင္ လ်င္လ်င္ ျမန္ ျမန္ျဖင့္ စခန္းမ်ားကို သိမ္းပိုက္ရရွိေနျခင္းက ၎တို႔ဘက္တြင္ လက္နက္ခဲယမ္း ခ်ိဳ႕တဲ့ေနၿပီဆိုေသာ အခ်က္ကို ျပသေနျခင္းျဖစ္ေၾကာင္းလည္း အျခားသိရွိသူ တစ္ဦး ကဆိုသည္။ “မ်က္ႏွာခ်င္းဆိုင္ ကုန္း ႏွစ္ခုေပါ့ဗ်ာ။ လွမ္းျမင္ေနရတာ။ ကြၽန္ေတာ္တို႔ဘက္မွာက လြတ္လြတ္လပ္လပ္ သြားႏိုင္တယ္။ ကုန္း ေအာက္မွာ ကြၽန္ေတာ္တို႔ ဘက္ကေန ေပၚေပၚထင္ထင္သြားေနတာကို သူတို႔ဘက္က လွမ္းမပစ္ႏိုင္ဘူး။ တကယ္က မီတာ (၇၀ဝ) (၈၀ဝ) ဆိုတာ လက္နက္ငယ္ေတာ့ ပစ္မရေပမယ့္ စိန္ေျပာင္းဆိုရင္ အေသး စား (၆၀) မမ စိန္ေျပာင္း အေသးကစၿပီး ပစ္လို႔ၿပီ။ ကြၽန္ေတာ္တို႔ ဘက္ကေန ဒီေကာင္ေတြကို ဒ႐ုန္းနဲ႔ ေတြ႕ေတြ႕၊ စႏိုက္ပါသမားေခ်ာင္းလို႔ ေတြ႕ေတြ႕ ရွိတဲ့စိန္ေျပာင္းနဲ႔ လွမ္းပစ္တာ။ ဒီဘက္က ေပၚေပၚ ထင္ ထင္သြားတာကို လုံးဝမပစ္ႏိုင္ဘူး” ဟု သတင္းရင္းျမစ္တစ္ဦးက သိရွိရေသာ အေျခအေနကိုေျပာၾကား သည္။
စိတ္ဓာတ္ပိုင္းဆိုင္ရာ အားျဖင့္လည္း AA တို႔ ဘက္တြင္ က်ဆင္းေနေသာ အေနအထားျဖစ္ၿပီး တိုက္ပြဲအတြင္း အုပ္ခ်ဳပ္ေထာက္ပံ့ေပးႏိုင္မႈအပိုင္း၌ တပ္မေတာ္က မ်ားစြာသာလြန္ေနျခင္းသည္လည္း အခ်က္တစ္ခ်က္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“AA ဘက္မွာက ျပည္သူလူထုရဲ႕ အားေပးေထာက္ခံမႈကလည္း တျဖည္းျဖည္းက်ဆင္းလာ တာ ေတြ႕ရတယ္။ တပ္ဘက္က ေရွ႕တန္းက်က်တိုက္ ေနတဲ့ အဖြဲ႕ေတြအထိကို ေနာက္ကေန မနက္၊ ေန႔ လယ္၊ ညစာေတြအထိကို ထမင္းထုပ္ေရာက္ေအာင္ ပို႔ႏိုင္တယ္။ ခဲယမ္းသယ္ပို႔၊ လူနာ ကယ္ထုတ္က အစ ယာဥ္ႀကီး၊ ယာဥ္ငယ္ သုံးၿပီး ျမန္ျမန္ေဆာင္႐ြက္ႏိုင္တယ္။ မိမိစိုးမိုးထားတဲ့ ေျမမွာ လြတ္လပ္စြာ လႈပ္ရွားသြားလာႏိုင္တယ္။ AA ဘက္က်ေတာ့ အုပ္ခ်ဳပ္ေထာက္ပံ့မႈကိစၥေတြကို ညဘက္က်မွ ခိုးေၾကာင္ ခိုးဝွက္လုပ္ရတယ္။ ဒါေတာင္ ခဲယမ္းနဲ႔ ရိကၡာအတြက္က လိုသေလာက္ရႏိုင္မွာ မဟုတ္ဘူး။ ဥပမာတစ္ခု ေျပာရရင္ လူနာတစ္ေယာက္ျဖစ္လာတယ္။ တပ္ဘက္က ေက်ာက္ျဖဴေဆး႐ုံ၊ အဲဒီကမွမႏိုင္ရင္ မဂၤလာ ဒုံ စစ္ေဆး႐ုံပို႔တာတို႔ အဆင့္ဆင့္ေဆးကုသမႈလုပ္လို႔ရတယ္။ AA ဘက္က တစ္ေယာက္ထိရင္ ေဆး႐ုံေန ရာ၊ ဆရာဝန္၊ ေဆးဝါးအမ်ားႀကီး ကန႔္သတ္ခ်က္ရွိ တယ္။ နည္းပညာနဲ႔ စစ္ဆင္ေနရတဲ့ကာလမွာ စြမ္း အင္ေထာက္ပံ့ဖို႔ တပ္ဘက္က ေရွ႕တန္းတပ္ခြဲေတြ အထိ Jammer နဲ႔ မီးစက္၊ ဆီ အလုံအေလာက္ထုတ္ ေပးႏိုင္တယ္။ ရန္သူ႔ဘက္မွာက် ဒါမ်ိဳးဘယ္ရမလဲ” ဟု ၎ ဆိုသည္။
နည္းပညာအားျဖင့္လည္း တပ္မေတာ္က Drone သုံးႏိုင္ေသာ အေရအတြက္ သာမက အသုံး ျပဳခ်ိန္၊ ပံ့ပိုးႏိုင္ေသာ စြမ္းအင္ ပိုမိုေကာင္းမြန္ေၾကာင္း ၎က ရွင္းျပသည္။ “၂၄ နာရီ Flight ရဖို႔ Spare battery ေတြ Heary charge လုပ္ႏိုင္မယ့္ မီးစက္အႀကီးေတြနဲ႔ တပ္ဘက္က လုပ္ေနခ်ိန္မွာ AA ဘက္က Solar ေလာက္နဲ႔ Power ရဖို႔ လုပ္ေနတာ ေတြ႕ရတယ္။ Solar သုံးတယ္ဆိုတာလည္း အားနည္းခ်က္ပဲ ဘာေၾကာင့္လဲဆို ေကာင္းကင္ကေန Drone နဲ႔ ကင္းေထာက္ရင္ solar ႀကီးႀကီးထားေလေလလြယ္ လြယ္ျမင္ရေလေလ။ solar ဆိုတာကလည္း အရိပ္ထဲ ဖြက္ထားလို႔မွ မရပဲကို။ ဒီလိုစစ္ဆင္ေနရတဲ့ အ ေျခအေနေတြက အမ်ားႀကီးကြာျခားတဲ့အတြက္ စိတ္ဓာတ္ပိုင္းမွာေတာ့ တပ္ဘက္က သာလြန္ေနၿပီလို႔ ေတာ့ မွတ္ခ်က္ေပးႏိုင္ပါတယ္” ဟု ၎က ဆိုသည္။
ရခိုင္႐ိုးမ ဘက္ဆီမွ တိုက္ပြဲမ်ားအတြင္း AA ဘက္တြင္ ေသဆုံးသူ မ်ားျပားခဲ့ေၾကာင္းႏွင့္ ရခိုင္ ကမ္း႐ိုးတန္း တေလွ်ာက္တြင္ တပ္မေတာ္ (ေရ) မွ စစ္သေဘၤာမ်ားက ေစာင့္ၾကည့္ေနေၾကာင္း အျခား သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။ “စစ္ေတြ၊ ဘူး သီးေတာင္ ေမာင္းေတာ ရခိုင္ကမ္း႐ိုးတမ္း တစ္ ေလွ်ာက္လုံး ေရတပ္က သေဘၤာေတြ ေစာင့္ၾကည့္ေနပါတယ္။ တန္ျပန္ထိုးစစ္အတြက္ စစ္နည္း ဗ်ဴဟာ ပိုင္းမွာေတာ့ drone ကို အဓိကထားသုံးၿပီး တိုက္ခိုက္တာမို႔ တျခား စစ္ဆင္ေရးနယ္ေျမကဲ့သို႔ အတူတူပဲ လို႔ ေျပာလို႔ပါတယ္။ မၾကာခင္မွာလည္း သီတင္းကြၽတ္ရင္ မိုးရာသီကုန္ဆုံးေတာ့ မွာမို႔ ပြင့္လင္းရာသီမွာ ဒီထက္ပိုၿပီး ျပင္းျပင္းထန္ထန္ တိုက္စစ္ဆင္ႏိုင္လိမ့္မယ္လို႔ ယူဆႏိုင္ပါတယ္” ဟု ၎က ဆိုသည္။
ေက်ာက္ျဖဴတြင္ အျခားအသုံးျပဳသည့္ နည္းတစ္ခုမွာ စႏိုက္ပါကို ေဖာေဖာသီသီသုံးတတ္သည့္ AA တို႔အတြက္ ေသနတ္သံၾကားေသာ ေနရာသို႔ စိန္ေျပာင္းနဲ႔ ဒ႐ုန္းမွ Drop bomb တို႔ျဖင့္ ပစ္ခတ္၊ ႀကဲခ် သည့္ နည္းျဖစ္ရာ ယင္းအတြက္လည္း အထိနာခဲ့ေၾကာင္း သိရသည္။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က လည္း ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ (၁၀) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲမလုပ္ေၾကာင္း ေၾကညာထားေသာ္ လည္း ယင္းၿမိဳ႕နယ္မ်ားအနက္ AA ထိန္းခ်ဳပ္မႈေအာက္တြင္ရွိေသာ အမ္း၊ ေတာင္ကုတ္၊ သံတြဲႏွင့္ ဂြတို႔ကို ယင္းစာရင္း မထည့္ထားသည့္အတြက္ အဆိုပါၿမိဳ႕နယ္မ်ားကို မည္သို႔ေဆာင္႐ြက္မည္ဆို ေသာအခ်က္မွာ ေစာင့္ၾကည့္ရမည့္ အေျခအေနျဖစ္သည္။ တစ္ဖက္တြင္ တပ္မေတာ္အေနျဖင့္ ဒ႐ုန္းစြမ္းအား သာလြန္ တိုးတက္လာသည့္သာမက အျခား အဆင့္ျမႇင့္တင္မႈမ်ားကိုလည္း ေဆာင္႐ြက္ေနသည့္အတြက္ ခံစစ္မွ ထိုးစစ္အသြင္ျဖင့္ တိုက္ပြဲျပန္လည္ေဖာ္ေဆာင္ႏိုင္မည့္အေနအထားျဖစ္ေၾကာင္း ေမးျမန္းထားခ်က္မ်ား အရ သိရသည္။
သို႔ေသာ္ တပ္မေတာ္အေနျဖင့္ ဦးစားေပးလုပ္ငန္းမ်ားကို တစ္ဆင့္ခ်င္းေဆာင္႐ြက္သြားမည့္ အေျခအေနကို ျမင္ရေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။ “ျပန္ယူတာ‌ေတာ့ တစ္ျပည္နယ္လုံး ျပန္ယူမွာပါ။ ဘယ္ဟာကို အရင္ယူမလဲေတာ့ လူႀကီးေတြပဲ သိမွာေပါ့ေလ။ ၿပီးရင္ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ ေတြက စစ္ေတြနဲ႔ေက်ာက္ျဖဴကလြဲရင္ က်န္တဲ့ၿမိဳ႕ေတြက အေရးမွမႀကီးပဲကို။ AA ကိုေပးထားလည္း သူ စီးပြားျဖစ္သြားႏိုင္တဲ့ၿမိဳ႕ မရွိဘူးေလ။ ထိုင္းနယ္စပ္တို႔၊ တ႐ုတ္နယ္စပ္တို႔ မိုးကုတ္တို႔လိုၿမိဳ႕ေတြက် လက္နက္ကိုင္ေတြ စီးပြားျဖစ္ႏိုင္တာဆိုေတာ့ သူတို႔ကိုအရင္ ဦးစားေပး ရွင္းေနတယ္လို႔ သုံးသပ္ရပါ တယ္” ဟု ၎ကဆိုသည္။

Picture

Tha Lwin

29/09/2025 15:21

ကြားသိရတာမင်္ဂလာသတင်းဆိုပေမဲ့ သူတို့ကသင်းဘောစီးလုံးကျွတ် လူထောင်ချီသတ်ဖြတ် တပ်ကအဆင့်မြင့်အရာရှိကြီးတွေကိုလူမှုကွန်ယက်မှာတင်အရှက်ခွဲသိက္ခာချခဲ့တာစဥ်မမေ့ပဲအမြစ်မြန်မြန်ဖြတ်ပါ

Related news

© 2021. All rights reserved.