အောက်တိုဘာ (၁)ရက်မှ စတင်၍ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် Manual နည်းလမ်းအစား MACCS စနစ်ဖြင့် ဆောက်ရွက်ရမည်

 217

Pearl (NP News) -စက်တင်ဘာ ၂၉
အောက်တိုဘာ (၁)ရက်မှ စတင်၍ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် Manual နည်းလမ်းအစားMACCS စနစ်ဖြင့် ဆောက်ရွက်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံက သိရသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်အား ကုန်သေတ္တာစနစ်အား အသုံးပြု၍ တင်သွင်း၊ တင်ပို့မှုဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို အကောက်ခွန်ဦးစီးဌာန၏ အမိန့်အမှတ် ၃/၂၀၂၄ ၏ စံပြုလုပ်ငန်းစဉ်တွင် Manual နည်းဖြင့် ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယခုအခါ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် လက်ရှိဆောင်ရွက်နေသော Manual နည်းလမ်းအစား လာမည့် အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ MACCS စနစ်ဖြင့် ဆောက်ရွက်ရမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
Declarant များအနေဖြင့် ကြေညာလွှာတွင် မိမိတင်သွင်း/တင်ပို့မှုနှင့် သက်ဆိုင်သော အချက်အလက်များကို မပျက်မကွက်ဖြည့်စွက်ရမည်ဖြစ်ပြီး ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် အထူးဂရုပြုဖြည့်စွက်ရမည့်အချက်များကိုလည်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေအာက္တိုဘာ (၁)ရက္မွ စတင္၍ ရေနာင္း-ရန္ကုန္ ကုန္ေသတၱာစနစ္ျဖင့္ တင္ပို႔မႈမ်ားအတြက္ Manual နည္းလမ္းအစား MACCS စနစ္ျဖင့္ ေဆာက္႐ြက္ရမည္
Pearl (NP News) -စက္တင္ဘာ ၂၉
ေအာက္တိုဘာ (၁)ရက္မွ စတင္၍ ရေနာင္း-ရန္ကုန္ ကုန္ေသတၱာစနစ္ျဖင့္ တင္ပို႔မႈမ်ားအတြက္ Manual နည္းလမ္းအစားMACCS စနစ္ျဖင့္ ေဆာက္႐ြက္ရမည္ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာနထံက သိရသည္။
ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမွန္ကန္ျမန္ဆန္ေစေရးအတြက္ နယ္စပ္ကုန္သြယ္ေရးနည္းလမ္းျဖင့္ ရေနာင္း-ရန္ကုန္ ကုန္ေသတၱာစနစ္အား ကုန္ေသတၱာစနစ္အား အသုံးျပဳ၍ တင္သြင္း၊ တင္ပို႔မႈေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္ကို အေကာက္ခြန္ဦးစီးဌာန၏ အမိန႔္အမွတ္ ၃/၂၀၂၄ ၏ စံျပဳလုပ္ငန္းစဥ္တြင္ Manual နည္းျဖင့္ ေဆာင္႐ြက္ရန္ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ယခုအခါ ရေနာင္း-ရန္ကုန္ ကုန္ေသတၱာစနစ္ျဖင့္ တင္ပို႔မႈမ်ားအတြက္ လက္ရွိေဆာင္႐ြက္ေနေသာ Manual နည္းလမ္းအစား လာမည့္ ေအာက္တိုဘာ (၁)ရက္ေန႔မွ စတင္၍ MACCS စနစ္ျဖင့္ ေဆာက္႐ြက္ရမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ထားသည္။
Declarant မ်ားအေနျဖင့္ ေၾကညာလႊာတြင္ မိမိတင္သြင္း/တင္ပို႔မႈႏွင့္ သက္ဆိုင္ေသာ အခ်က္အလက္မ်ားကို မပ်က္မကြက္ျဖည့္စြက္ရမည္ျဖစ္ၿပီး ရေနာင္း-ရန္ကုန္ ကုန္ေသတၱာစနစ္ျဖင့္ အထူးဂ႐ုျပဳျဖည့္စြက္ရမည့္အခ်က္မ်ားကိုလည္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.