နတ်မောက်ရှိရေလှောင်တမံ၊ရေလှောင်ကန်နှင့်ရေပေးဝေရေးနေရာများမှ ရေကျော်ခြင်း မရှိ

122

သက်ပိုင်( NP News) - စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ၊ ပင်းကန်နှင့် ကျောက်တံခါး လက်ဝဲမြောင်းတို့မှ ရေလှောင်တမံ၊ရေပိုလွှဲမှရေကျော်ကျဆင်းမှုမရှိသည့်အတွက် တမံကြံ့ခိုင်မှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ရာဂါဆာမုန်တိုင်း မိုးရွာသွန်းမှုကြောင့် နတ်မောက်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ နတ်မောက်ယင်းချောင်းအတွင်း ရေပမာဏများစွာစီးဆင်း လျက်ရှိပြီး ၊နတ်မောက်ယင်းချောင်းတွင် တည်ဆောက်ထားသော နတ်မောက်ရေလှောင်တမံမှာ မိုးရေချိန် (၁.၆၅)လက်မ ရွာသွန်းခြင်းကြောင့် ကန်ရေပြည့်အမှတ်သို့ ရေရောက်ရှိရန် (၅.၈) ပေ ရှိ၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု မရှိခဲ့သည့်အပြင် နတ်မောက်ရေလှောင်တမံ ၊နတ်မောက် ရေလွှဲဆည်နှင့် ပင်းကန် တို့မှာ ကြံ့ခိုင်ကောင်းမွန်ပြီး တမံနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။
“စက်တင်ဘာလ ၁၈ ရက်နေ့က ကန်တစ်ခု ကျိုးပေါက်ခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရေကြီးရေလျှံဖြစ်တာကတော့ မိုးရေချိန်အများကြီးရွာပြီး ချောင်းရေလျှံတဲ့အတွက် ရေကြီးမှု ဖြစ်ခဲ့ရတာပါ။အဲ့ဒီရေကြီးမှုမှာ ချောင်းဘေးမှာဆောက်ထားတဲ့ နေအိမ်တစ်လုံးမျောပါသွားတယ် လို့လည်း သိရပါတယ်။ကန်ကျိုးပေါက်လို့ ရေကြီးရေလျှံတာမဟုတ်ပါဘူး။ နောက်ပြီး ကျိုးသွားတဲ့ကန်ကလည်း ကျွန်တော်တို့ ဌာနက ထိန်းသိမ်းထားတဲ့ ကန်မဟုတ်ပါဘူး။ ကျေးရွာက သောက်သုံးဖို့အတွက် အသုံးပြုတဲ့ ကန်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ ရေလှောင်ကန်၊ရေလှောင်တမံတွေကတော့ စိုးရိမ်စရာအခြေအနေမရှိပါဘူး” ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်က ရာဂါဆာမုန်တိုင်း မိုးရွာသွန်းမှုကြောင့် နတ်မောက်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်ကာ အဆိုပါဒေသများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကူညီကူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
နတ္ေမာက္ရွိေရေလွာင္တမံ၊ေရေလွာင္ကန္ႏွင့္ေရေပးေဝေရးေနရာမ်ားမွ ေရေက်ာ္ျခင္း မရွိ
သက္ပိုင္( NP News) - စက္တင္ဘာ ၂၉
မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္တြင္ နတ္ေမာက္ေရေလွာင္တမံ၊ ပင္းကန္ႏွင့္ ေက်ာက္တံခါး လက္ဝဲေျမာင္းတို႔မွ ေရေလွာင္တမံ၊ေရပိုလႊဲမွေရေက်ာ္က်ဆင္းမႈမရွိသည့္အတြက္ တမံႀကံ့ခိုင္မႈအတြက္ စိုးရိမ္ဖြယ္မရွိေၾကာင္း ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာန တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၂၈ ရက္ေန႔က ရာဂါဆာမုန္တိုင္း မိုး႐ြာသြန္းမႈေၾကာင့္ နတ္ေမာက္ၿမိဳ႕ေပၚႏွင့္ အနီးပတ္ဝန္းက်င္ ေက်း႐ြာမ်ား ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ရာ နတ္ေမာက္ယင္းေခ်ာင္းအတြင္း ေရပမာဏမ်ားစြာစီးဆင္း လ်က္ရွိၿပီး ၊နတ္ေမာက္ယင္းေခ်ာင္းတြင္ တည္ေဆာက္ထားေသာ နတ္ေမာက္ေရေလွာင္တမံမွာ မိုးေရခ်ိန္ (၁.၆၅)လက္မ ႐ြာသြန္းျခင္းေၾကာင့္ ကန္ေရျပည့္အမွတ္သို႔ ေရေရာက္ရွိရန္ (၅.၈) ေပ ရွိ၍ ေရပိုလႊဲမွ ေရေက်ာ္စီးဆင္းမႈ မရွိခဲ့သည့္အျပင္ နတ္ေမာက္ေရေလွာင္တမံ ၊နတ္ေမာက္ ေရလႊဲဆည္ႏွင့္ ပင္းကန္ တို႔မွာ ႀကံ့ခိုင္ေကာင္းမြန္ၿပီး တမံႏွင့္ ဆက္စပ္အေဆာက္အအုံမ်ား ႀကံ့ခိုင္ေကာင္းမြန္ေၾကာင္း အဆိုပါ တာဝန္ရွိသူကဆိုသည္။
“စက္တင္ဘာလ ၁၈ ရက္ေန႔က ကန္တစ္ခု က်ိဳးေပါက္ခဲ့တာေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ ေရႀကီးေရလွ်ံျဖစ္တာကေတာ့ မိုးေရခ်ိန္အမ်ားႀကီး႐ြာၿပီး ေခ်ာင္းေရလွ်ံတဲ့အတြက္ ေရႀကီးမႈ ျဖစ္ခဲ့ရတာပါ။အဲ့ဒီေရႀကီးမႈမွာ ေခ်ာင္းေဘးမွာေဆာက္ထားတဲ့ ေနအိမ္တစ္လုံးေမ်ာပါသြားတယ္ လို႔လည္း သိရပါတယ္။ကန္က်ိဳးေပါက္လို႔ ေရႀကီးေရလွ်ံတာမဟုတ္ပါဘူး။ ေနာက္ၿပီး က်ိဳးသြားတဲ့ကန္ကလည္း ကြၽန္ေတာ္တို႔ ဌာနက ထိန္းသိမ္းထားတဲ့ ကန္မဟုတ္ပါဘူး။ ေက်း႐ြာက ေသာက္သုံးဖို႔အတြက္ အသုံးျပဳတဲ့ ကန္ပဲျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ ထိန္းသိမ္းထားတဲ့ ေရေလွာင္ကန္၊ေရေလွာင္တမံေတြကေတာ့ စိုးရိမ္စရာအေျခအေနမရွိပါဘူး” ဟု ၎ကရွင္းျပသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ (၂၈) ရက္က ရာဂါဆာမုန္တိုင္း မိုး႐ြာသြန္းမႈေၾကာင့္ နတ္ေမာက္ၿမိဳ႕ေပၚႏွင့္ အနီးပတ္ဝန္းက်င္ ေက်း႐ြာမ်ား ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ၿပီး လက္ရွိတြင္ ေရျပန္က်သြားၿပီျဖစ္ကာ အဆိုပါေဒသမ်ားသို႔ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက သြားေရာက္ကူညီကူရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။