ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၉)ခု ခွင့်ပြု၊ အလုပ်အကိုင်နေရာပေါင်း (၄၄၀၀) ကျော် ဖန်းတီးနိုင်ခဲ့

 141

NP News - စက်တင်ဘာ ၂၉

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မရှင်မှ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ခြင်း အပါအဝင် လုပ်ငန်းပေါင်း (၁၉)ခုကို ခွင့်ပြုပေးခဲ့ရာ အလုပ်အကိုင်နေရာပေါင်း ၄၄၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (၅/၂၀၂၅) အစည်းအဝေးပွဲမှ သိရသည်။
လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၄ ခု ၊ စက်မှု၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၉.၆၂၆ သန်းနှင့် ကျပ် ၄၁၇၅၄၂.၁၂ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၄၄၆ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
အစည်းအဝေးက ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့်အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၅၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Zawgyi Version:
ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ (၁၉)ခု ခြင့္ျပဳ၊ အလုပ္အကိုင္ေနရာေပါင္း (၄၄၀၀) ေက်ာ္ ဖန္းတီးႏိုင္ခဲ့
NP News - စက္တင္ဘာ ၂၉
ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မရွင္မွ ရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမင့္ျခင္း အပါအဝင္ လုပ္ငန္းေပါင္း (၁၉)ခုကို ခြင့္ျပဳေပးခဲ့ရာ အလုပ္အကိုင္ေနရာေပါင္း ၄၄၀၀ ေက်ာ္ ဖန္တီးေပးႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ (၅/၂၀၂၅) အစည္းအေဝးပြဲမွ သိရသည္။
လက္ရွိေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းတိုးျမႇင့္ျခင္း အပါအဝင္ စက္မႈက႑ႏွင့္ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးက႑တို႔မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ ၄ ခု ၊ စက္မႈ၊ ဝန္ေဆာင္မႈ၊ လွ်ပ္စစ္၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑မ်ားမွ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ ၁၅ ခုတို႔ကို ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၁၀၉.၆၂၆ သန္းႏွင့္ က်ပ္ ၄၁၇၅၄၂.၁၂ သန္းျဖစ္ၿပီး အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၄၄၄၆ ဦးကို ဖန္တီးေပးႏိုင္မည္ျဖစ္သည္။
အစည္းအေဝးက ခြင့္ျပဳေပးသည့္လုပ္ငန္းမ်ားတြင္ ႏိုင္ငံအတြက္ အဓိကလိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းမ်ား၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးလုပ္ငန္းမ်ား၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအျပင္ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ားႏွင့္အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးႏိုင္မည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား ပါဝင္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ/ေဒသေပါင္း ၅၃ ခု အနက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံ/ေဒသမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္သည္။
စီးပြားေရးက႑ ၁၂ ခု အနက္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားသည့္က႑မ်ားမွာ လွ်ပ္စစ္ဓာတ္အားက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၈.၃၂ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ ေရနံႏွင့္သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၄.၆၈ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ စက္မႈက႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄.၅၈ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.