မဲဆန္ဒရှင်စာရင်းကို အပိုင်း(၂)ပိုင်းခွဲကာ ကြေညာမည်

279

သန့်ဇင် (NP News) - စက်တင်ဘာ ၂၉
လာမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို အပိုင်း (၂)ပိုင်းခွဲကာ ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ယနေ့(စက်တင်ဘာ ၂၉ ရက်) တွင် ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ လ ၂၈ ရက်တွင် စတင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို မနက်ဖြန် စက်တင်ဘာ ၃ဝ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ (၁၄) ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်း ကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြေကြာင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည်ဖြစ်ေကြာင်းလည်း UEC က ထုတ်ပြန်ထားသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်းလည်း UEC က ထုတ်ပြန်ထားသည်။
ထို့ကြောင့် လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်းသိရသည်။
ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ကြောင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်) လာရောက် ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် UEC က မေတ္တာရပ်ခံထားသည်။

Zawgyi Version:
မဲဆႏၵရွင္စာရင္းကို အပိုင္း(၂)ပိုင္းခြဲကာ ေၾကညာမည္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၉
လာမည့္အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းကို အပိုင္း (၂)ပိုင္းခြဲကာ ေၾကညာမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)က ယေန႔(စက္တင္ဘာ ၂၉ ရက္) တြင္ ထုတ္ျပန္ထားသည္။
ဒီဇင္ဘာ လ ၂၈ ရက္တြင္ စတင္က်င္းပမည့္အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းမ်ားကို မနက္ျဖန္ စက္တင္ဘာ ၃ဝ ရက္မွ ေအာက္တိုဘာ ၁၃ ရက္အထိ (၁၄) ရက္ၾကာ သက္ဆိုင္ရာ ရပ္ကြက္/ေက်း႐ြာအုပ္စုေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားႏွင့္ ေက်း႐ြာအုပ္စုအတြင္းရွိ ေက်း႐ြာမ်ားတြင္ ပထမအႀကိမ္အျဖစ္ ကပ္ထားေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္စုမ်ားတြင္ ကပ္ထားေၾကညာႏိုင္ျခင္း မရွိပါက သက္ဆိုင္ရာၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားတြင္ မဲစာရင္း ၾကည့္ရႈႏိုင္ေရးေဆာင္႐ြက္ထားမည္ျဖေၾကာင္း သိရသည္။
မဲဆႏၵရွင္စာရင္းမ်ား ကပ္ထားေၾကညာစဥ္ မဲဆႏၵရွင္မ်ားက မဲစာရင္း လာေရာက္ၾကည့္ရႈမွသာ ျပည့္စုံမွန္ကန္ေသာ မဲစာရင္း ရရွိႏိုင္မည္ျဖစ္ေၾကာင္းလည္း UEC က ထုတ္ျပန္ထားသည္။
မဲဆႏၵရွင္မ်ားအေနျဖင့္ မဲစာရင္းကို လာေရာက္ၾကည့္ရႈၿပီး မိမိအမည္ မဲစာရင္းတြင္ မပါဝင္ပါက ပုံစံ ( ၃ ) ျဖင့္ မဲစာရင္းတြင္ အမည္ထည့္သြင္းေပးရန္ ေတာင္းဆိုျခင္း၊ မပါဝင္သင့္သူမ်ားပါဝင္ေနပါက ပုံစံ (၄) ျဖင့္ ကန႔္ကြက္ျခင္း၊ မဲစာရင္းပါ အခ်က္အလက္မ်ား မွားယြင္းေနပါက ပုံစံ (၄-ဂ) ျဖင့္ ျပင္ဆင္လႊာ တင္သြင္းျခင္းတို႔ကို ေဆာင္႐ြက္ေစလိုေၾကာင္းလည္း UEC က ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ လိုအပ္ေသာပုံစံမ်ားကိုလည္း ရပ္ကြက္/ေက်း႐ြာအုပ္စုေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားတြင္ အခမဲ့ (အခမဲ့) ရယူႏိုင္ေၾကာင္းသိရသည္။
ထိုသို႔ျဖည့္စြက္ျခင္း၊ ပယ္ဖ်က္ျခင္း၊ ျပင္ဆင္ျခင္းတို႔ ေဆာင္႐ြက္ၿပီးပါက အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းကို ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ အတြင္းတြင္ ေနာက္ဆုံးအႀကိမ္အျဖစ္ ထပ္မံကပ္ထားေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။
မဲဆႏၵရွင္မ်ားအေနျဖင့္လည္း လိုအပ္ေသာ ေတာင္းဆိုမႈ၊ ျပင္ဆင္မႈ၊ ကန႔္ကြက္မႈမ်ား ထပ္မံေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ေၾကာင့္ ျပည့္စုံမွန္ကန္ေသာ မဲဆႏၵရွင္စာရင္း ရရွိရန္အတြက္ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ အိမ္ေထာင္စုတစ္စုလွ်င္ အနည္းဆုံး တစ္ဦး (မပ်က္မကြက္) လာေရာက္ ၾကည့္ရႈျခင္းျဖင့္ ပူးေပါင္းကူညီေဆာင္႐ြက္ေပးၾကပါရန္ UEC က ေမတၱာရပ္ခံထားသည္။