အလုပ်သမား သမဂ္ဂနဲ့ NGO, INGO

145

Htay Oung (NP News) - စက်တင်ဘာ ၃ဝ
ပြီးခဲ့တဲ့ ဇူလိုင်လ(၂၅)ရက် ည (၉) နာရီ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နေအိမ်တစ်လုံးကို သက်ဆိုင်ရာက ဝင်ရောက်စစ် ဆေးပြီး အမျိုးသမီးကြီးတစ်ဦးကိုဖမ်းဆီးသွားခဲ့ ကြောင်း၊ အဲဒီနောက် ဇူလိုင် (၂၈)ရက်က “သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ)” (STUM)ရုံးခန်းကို သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးပြီး အဖွဲ့ဝင် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၃)ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ အဲဒီလိုဖမ်းဆီးရာမှာ ယခင်ရက်ကဖမ်းဆီးခံရသူအမျိုးသမီးကြီးရဲ့ သမီး ဖြစ်သူလည်းပါဝင်နေကြောင်း သတင်းကြားသိရပါတယ်။
ဒေါ်မျိုးမျိုးအေးဦးဆောင်တဲ့ STUM အဖွဲ့ကို (၂၀၁၆)ခုနှစ်မှာတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့ အမျိုးသားများလွှမ်း မိုးမှုကြောင့် သီးခြားဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆို ပါတယ်။ (၂၀၂၁)ခုနှစ်မှာ အစိုးရအပြောင်းအလဲဖြစ် ခဲ့ပါတယ်။ အင်္ဂလန်နဲ့ဂျာမနီအခြေစိုက် Business & Human Rights Resource Centre ရဲ့ (၂၀၂၁)ခုနှစ် ဧပြီလ (၁၅)ရက် နေ့စွဲပါထုတ်ပြန်ချက်အရ ဒေါ်မျိုး မျိုးအေးဟာ တပ်မတော်ကျောထောက်နောက်ခံပြု ကုန်သွယ်ရေးနဲ့ဘဏ္ဍာရေးဆိုင်ရာတို့ကို တားဆီးဖို့ နိုင်ငံတကာအစိုးရတို့ထံတောင်းဆိုနေတဲ့အတွက် အဲဒီနှစ် ဧပြီလ(၁၅)ရက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော် ပြပါတယ်။ အဲဒီတုန်းက ဒေါ်မျိုးမျိုးအေးဟာ အောက်တိုဘာလ(၂၅)ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ ကြောင်းလည်းသိရှိရပါတယ်။
Myanmar National Portal လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (၁-ရက်၊ မတ်လ၊ ၂၀၂၁ ရက်စွဲပါ) “တရားဝင်ဖွဲ့စည်းထားခြင်း မဟုတ်သောအဖွဲ့အစည်းများဖြစ်ကြောင်း ကြေညာ ခြင်း” အပိုဒ်(ဍ)မှာ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(မြန်မာ) STUM ကို တွေ့ရှိရပါတယ်။
(၂၀၁၁)ခုနှစ်မှာပြဋ္ဌာန်းခဲ့ပြီး (၂၀၁၂) ခုနှစ် မတ်လ (၉) ရက်မှာ စတင်အာဏာတည်ခဲ့တဲ့ “မြန်မာ နိုင်ငံ အလုပ်သမားအဖွဲ့အစည်းဥပဒေ” အရ အလုပ်သမားရေးရာကိစ္စရပ်တွေကို ဆောင်ရွက်လိုတဲ့ အလုပ်သမားတွေဟာ အဖွဲ့အစည်းတွေအဖြစ် ထူထောင်လိုပါက ယင်းဥပဒေပုဒ်မ (၉၊ ၁၀၊ ၁၁)နဲ့ (၁၂)ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ မှတ်ပုံတင်ရန်ဖို့လို အပ်ကြောင်း STUM ပါ အဖွဲ့အစည်း(၁၆)ခုဟာ မှတ်ပုံတင် ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။ ဒီလိုဆိုရင် မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေဟာ ကုလသမဂ္ဂရဲ့စံနှုန်းတွေနဲ့အညီဖြစ်ပါသလား။ NGO, INGO ဆို တာဘာလဲလို့ စိတ်ဝင်စားစရာဖြစ် လာပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)ရဲ့ (1948, Convention No. 87) အရ လွတ် လပ်စွာစုဖွဲ့ခွင့်နဲ့ စည်းရုံးဆောင်ရွက်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အရ အလုပ်သမားတွေဟာ မိမိတို့ကိုယ်တိုင် ပါဝင်တဲ့ အဖွဲ့အစည်းတွေ(သမဂ္ဂတွေ)ကို လွတ် လပ်စွာရွေးချယ်ဖွဲ့စည်းခွင့်နဲ့ ပါဝင်ခွင့်ရှိပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်ကို နိုင်ငံများစွာကအတည်ပြုထားပြီး ၎င်းတို့ရဲ့နိုင်ငံတွင်းဥပဒေတွေမှာ ထည့်သွင်းထားကြ ပါတယ်။ မြန်မာနိုင်ငံဟာ (၁၉၄၈)ခုနှစ်မှာ ILO အဖွဲ့ ဝင်ဖြစ်လာခဲ့ပြီး ILO ရဲ့ အကြံပြုချက်တွေနဲ့ အညီ အလုပ်သမားအဖွဲ့အစည်းဥပဒေကို (၂၀၁၁) ခုနှစ် မှာပြဋ္ဌာန်းခဲ့ကြောင်းတွေ့ရှိရပါတယ်။
(၁) အလုပ်သမဂ္ဂ (Labour Union)ဆိုတာ အလုပ် သမားတို့ရဲ့အကျိုးစီးပွားတွေ(အလုပ်ကန် ထရိုက်စာချုပ်၊ လုပ်ခလစာ၊ အလုပ်ချိန်၊ လုပ်ငန်းခွင် ဘေး အန္တရာယ် စသည်) ကာကွယ်ရန်၊ တိုးတက် ကောင်းမွန် အောင်ဆောင်ရွက်ရန် အလုပ်သမားတွေကိုယ်တိုင် တည်ထောင်ထားတဲ့အဖွဲ့အစည်းဖြစ်ရ မယ်လို့ နိုင်ငံ တကာအဆင့် ILO က သတ်မှတ်ထားပါတယ်။
(၂) NGO (Non-Governmental Organization) “အစိုးရမဟုတ်သောအဖွဲ့အစည်း”ဆိုတာ အလုပ်သမား သမဂ္ဂမဟုတ်ပါ။ အလုပ်သမားနဲ့ဖွဲ့စည်းထားတာမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူတွေ၊ လေ့လာသုံးသပ်သူတွေပါဝင်ပါတယ်။ လုပ်ငန်းခွင်အခြေအနေကို စောင့်ကြည့်လေ့လာတာ၊ သတင်း အချက်အလက်တွေကို ဖြန့်ဝေ-ပညာပေး-သတိပေးတာ၊ အလုပ်သမား အရေးဆိုင်ရာ ဥပဒေ အကြံ ပေးတာ၊ ဖုံးကွယ်ထားတဲ့ မတရားမှုတွေကိုဖော်ထုတ်တာတွေ ဆောင်ရွက်ပေး ကြပါတယ်။
NGO တွေအနေနဲ့ အလုပ်သမား အခွင့်အရေးတွေချိုးဖောက်ခံရမှုကို စောင့်ကြည့်ဖို့၊ အသိပညာ ပေးဖို့၊ ဥပဒေကြောင်းအရ အကူအညီပေးဖို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းထံ အခြေအနေမှန်ကို တင် ပြဖို့ အရေးကြီးအခန်းကဏ္ဍမှပါဝင်နေပါတယ်။ အထူးသဖြင့် လွတ်လပ်တဲ့သမဂ္ဂဖွဲ့စည်းခွင့်ကန့် သတ်ခံ ထားရတဲ့နေရာတွေမှာ NGO တွေရဲ့ ကြားခံဆောင်ရွက်ပေးမှုဟာ အလွန်အရေးပါပါတယ်။
ဒါပေမဲ့ NGO တွေရဲ့အခန်းကဏ္ဍဟာ အဓိကအားဖြင့် အရေးယူမှုအတွက် ဖိအားပေးတာ၊ ပညာပေးတာနဲ့ အကူအညီပေးတာတို့ဖြစ်ပါတယ်။ Collective bargaining “စုပေါင်းညှိနှိုင်းဆောင် ရွက်ခွင့်” မျိုးလို သမဂ္ဂတွေရဲ့ တရားဝင်လုပ်ပိုင်ခွင့်တွေကို တိုက်ရိုက်လုပ်ဆောင်ခွင့်မရှိပါ။ အတိုချုပ် ဆိုရရင် NGO ဆိုတာ အလုပ်သမားသမဂ္ဂမဟုတ်ဘဲ အလုပ်သမားတွေအတွက် အထောက်အကူ မဟာ မိတ် အဖြစ်သာ ပါဝင်ဆောင်ရွက်ခွင့်ရှိပါတယ်။
(၃) NGO အပြင် (International Non-Governmental Organization) “အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သောအဖွဲ့အစည်း” ဆိုပြီး လည်းရှိပါသေးတယ်။ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင် ရွက်ကြတဲ့ အစိုးရမဟုတ်သူအဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။ နှစ်ခုစလုံးဟာ လုပ်ဆောင်ချက်တွေနဲ့ ရည် ရွယ်ချက်တွေဆင်တူညီပြီး INGO ကတော့ နိုင်ငံတကာမှာ လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး စတာတို့အတွက် အရေးကြီး အခန်းကဏ္ဍမှာပါဝင်နေကြပါတယ်။
NGO ဟာ နိုင်ငံတစ်နိုင်ငံတည်းအတွင်း (သို့မဟုတ်) ဒေသတစ်ခုအတွင်း အခြေစိုက်ပြီး လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီနိုင်ငံ/ ဒေသ ရဲ့ ဥပမာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ကူညီဆောင်ရွက်ပေးကြပါ တယ်။ INGO ကတော့ တိုင်းပြည်အသီးသီးမှာ ရပ်တည်လှုပ်ရှားပြီး နိုင်ငံတကာဆိုင်ရာပြဿနာတွေ (ဥပမာ ဆင်းရဲမွဲတေမှု၊ သဘာဝဘေးအန္တရာယ်၊ လူ့အခွင့်အရေး စတာတို့ကို ဖြေရှင်းဖို့ကြိုးပမ်းတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အတော်များများ မှာ ရုံးခွဲတွေဖွင့်လှစ်ပြီးလုပ်ကိုင်ကြတဲ့ ဥပမာ Oxfam, Save the Children, World Vision, Red Cross ကမ္ဘာ့ကြက်ခြေနီအသင်းတို့လို အဖွဲ့အစည်းတွေဖြစ်ပါ တယ်။
နိုင်ငံတကာမှာ NGO, INGO တွေဟာ သက်ဆိုင်ရာတိုင်းပြည်မှာ တရားဝင်လုပ်ကိုင်ခွင့်ရရှိဖို့ မှတ်ပုံတင်ရပါတယ်။ လုပ်ငန်းဆောင်ရွက်ရာမှာ အဖွဲ့အစည်းကို တရားဝင်အသိအမှတ်ပြုခံရဖို့၊ ဥပဒေ ကြောင်းအရ အကာအကွယ်ရရှိဖို့၊ INGO ဆိုရင် ရုံးခန်းဖွင့်လှစ်ခွင့်၊ ပြည်ဝင်ခွင့် ဗီဇာရရှိဖို့နဲ့ ပြည်တွင်း ခရီးသွားလာခွင့်ရရှိဖို့ လိုအပ်တဲ့အတွက်ဖြစ်ပါတယ်။
NGO/INGO နဲ့ပတ်သက်လို့ နိုင်ငံတကာ အထွေထွညီလာခံနဲ့ တစုတဝေးတည်း အတိအကျ သဘောတူညီချက်မရှိသေးပါဘူး၊ ဒါပေမဲ့ နိုင်ငံအလိုက် ဥပဒေသတ်မှတ်ချက်တွေ ကွဲပြားတတ်ပါတယ်။ နိုင်ငံအများစု ဥပမာ အမေရိကန်၊ ဥရောပ၊ အိန္ဒိယ၊ အင်ဒိုနီးရှားတို့မှာ NGO တည်ထောင်ဖို့ အစိုးရဆိုင် ရာမှတ်ပုံတင်စနစ်လိုအပ်ပါတယ်။ ဥက္ကဋ္ဌနဲ့ ကော်မတီဝင်တွေရဲ့အမည်၊ ရည်ရွယ်ချက် ဥပဒေနဲ့အညီ အကျိုးအမြတ် မယူတဲ့လုပ်ငန်းဖြစ်ကြောင်း ဘဏ်အကောင့်/ ဝင်ငွေရရှိပုံနည်းလမ်း (ဥပမာ USAID, Open Society Foundation စသည်) အချက်အလက်တွေ တင်ပြရတတ်ပါတယ်။ ဘယ်လိုဝင်ငွေရလမ်း နဲ့ ဘယ်လိုရပ်တည်ကြောင်းတင်ပြဖို့နဲ့ စစ်ဆေးခံဖို့လိုအပ်ပါတယ်။ တချို့နိုင်ငံတွေမှာ နည်းပညာသင် တန်းအတွက် အခကြေးငွေ အနည်းငယ်တောင်းခံနိုင်ခြင်းမှတစ်ပါး အကျိုးအမြတ်ရှာဖွေခြင်း ခွင့်မပြုပါ ဘူး။ ဝင်ငွေရ လမ်းအရင်းအမြစ်နဲ့ အသုံးစရိတ်ကို အစိုးရဌာန ထံသတင်းပေးဖို့ပျက်ကွက်တာဟာ အသင်းအဖွဲ့ ပျက်ပြားတာဖြစ်ကြောင်း တိကျစွာညွှန်ကြားထားပါတယ်။ NGO တွေရဲ့ ငွေကြေးအရင်း အမြစ်၊ လက်ရှိလှုပ်ရှားမှုကို ကုလသမဂ္ဂက ထပ်မံစိစစ်ပြီးUN ECOSOC Consultative Status ပေး တတ်ပါတယ်။ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ တရားဝင်တက်ရောက်နိုင်ပြီး သံတမန်နည်းလမ်းနဲ့ နိုင်ငံတကာအဆင့် လုပ်ကိုင်နိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်နိုင်တာဟာ အဲဒီ တိုင်းပြည်မှာ အလုပ်သမားအခွင့်အရေး လေးစား လိုက်နာကြောင်း၊ အလုပ်ရှင် အလုပ်သမား ညီညွတ် ကြပြီး စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်း အလားအလာကောင်းတဲ့တိုင်းပြည်အဖြစ် နိုင်ငံတကာက လေးစားခံရပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်ဟာ အမေရိကန် လိုတိုင်းပြည်ကြီးတွေမှာတောင် အဆင်ပြေပြေမရှိ တတ်ပါဘူး၊ အလုပ်သမားအကျိုးဆောင်ရွက်ကြ ရမယ့် အလုပ်သမားသမဂ္ဂတွေဟာ “ဇိုးဂိုဏ်းဆန်ဆန်” ပြောင်းလဲသွားကြပြီး အလုပ်ခွင် အလုပ်သမား အရေအတွက်ကန့်သတ်မှု၊ လုပ်ခလစာတိုးမြှင့် တောင်းဆို ဖို့သာ လုပ်ဆောင်နေကြကြောင်း၊ ဒီဖြစ်ရပ် ဟာ ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေပြီး စီးပွားရေး ကျဆင်း မှုမှ ပြန်လည်နာလန်ထူရန် ကြာမြင့်စေကြောင်း၊ ရေရှည်မှာ အလုပ်သမားသမဂ္ဂတွေဟာ သူတို့ပါဝင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီအတွင်း အလုပ်အကိုင်တွေကို ဖျက်ဆီးပစ်ပြီး လုပ်ငန်းကြီးရဲ့ဝင်ငွေ (၃၃) ရာခိုင် နှုန်း နဲ့ညီမျှတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအပေါ် ဆိုးကျိုး သက်ရောက်လျက်ရှိတယ်လို့ အမေရိကန် NGO တစ်ခုဖြစ်တဲ့ “Heritage Foundation” ရဲ့ (21 May 2009) အစီရင်ခံစာမှာတွေ့ရှိရပါတယ်။
အမေရိကန် လွတ်လပ်-ဘက်မလိုက်-ပါတီ၊ ဂိုဏ်းဂဏစွဲမရှိသူများပါဝင်တဲ့ “The Council on Foreign Relations (CFR)” နိုင်ငံရေး-စီးပွားရေး အကြံပြုသူတွေရဲ့ ဇွန် (၂၄)၊ (၂၀၂၄) ခုနှစ်အစီရင်ခံစာ မှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀)အတွင်း အမေရိကန်မှာ အလုပ်သမားသပိတ် မှောက်မှုအများဆုံး ဖြစ် ပွားခဲ့တယ်လို့ ကောက်ချက် ချထားပါတယ်။ မော်တော်ကားထုတ်လုပ်ရေးနဲ့ ဟောလိဝုဒ်လိုနေရာမျိုးမှာ အလုပ်သမား(၅)သိန်းကျော် သပိတ်မှောက်ခြင်းဖြင့် (၂၀၂၃)ခုနှစ်မှာ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ လုပ်ခ လစာနည်းပါးတဲ့အလုပ်တွေသာ များပြားလာပြီး လစာကောင်းအလုပ်တွေ ရှားပါးလာမှု၊ လူနေမှုစရိတ် ဆက်လက်မြင့်တက်လာမှု၊ ကိုဗစ်ကပ် ရောဂါအလွန် စီးပွားရေးပြန်လည်ထူထောင်စဉ်ကာလ အလုပ် ရှင်တို့က အလုပ်သမားတွေအပေါ် ပိုမိုမှီခိုလာရချိန် အလုပ်သမားတို့ဘက်က တောင်းဆိုမှုများပြားလာ ကြောင်း၊ မီးရထား၊ စာတိုက် စသဖြင့် အရေးကြီး ဝန်ဆောင်မှုကဏ္ဍတွေမှာ သပိတ်မှောက်မှုတွေထပ် ဖြစ်ရင် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်နိုင်ကြောင်း၊ ဆယ်စုနှစ်ကြာ လုပ်ခလစာတိုးမြင့်မလာမှုနဲ့ အလုပ်အကိုင်မတည်ငြိမ်မှုဟာ အမေရိကန်ရဲ့ စီးပွားရေးသာမက နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကို ပါ ထိခိုက်လာနိုင်ကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြည်ပနိုင်ငံတွေအပေါ် ကုန်သွယ်ခွန်တို့းမြှင့်မှုဟာ ပြည်တွင်း အခြေခံကုန်ပစ္စည်းတွေကို ဈေးတက်စေပြီး စိမ်းလန်း စွမ်းအင်တည်ဆောက်မှုကို နှောင့်နှေး စေနိုင်တယ်လို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်း ပြည်အဖြစ် ပြည်ပပို့ကုန်တွေမှာ ကုန်သွယ်ခွန်သက် သာခွင့်ရရှိထားပါတယ်။ ဒီအတွက် ပြည်ပနိုင်ငံတချို့က မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ မက် လုံးတစ်ခုဖြစ်နေပါတယ်။ သမ္မတထရမ့်က မြန်မာအပေါ် ကုန်သွယ်ခွန် (၄၀)ရာခိုင်နှုန်းသတ်မှတ် တာဟာ ဥရောပထက်စာရင် အမေရိကန်ကို ပို့ကုန်နည်းပါးတဲ့အတွက် သာမန်အားဖြင့် သိပ်ပြီး စိုးရိမ် စရာ မရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်မလာအောင် နိုင်ငံရေး ဖိအား ဖြစ်ပေါ်နိုင်ပါတယ်။
နှစ်ပေါင်း(၇၀)ကျော် ပြည်တွင်းစစ်ဖြစ် ပွားနေတဲ့မြန်မာနိုင်ငံမှာ လူမျိုးစုအပါအဝင် လက်နက် ကိုင်အဖွဲ့အစည်းပေါင်း (၂၀ဝ)ကျော်ရှိနေပါတယ်။ ဆန့်ကျင်ဘက်လက်နက်ကိုင်တွေကို တရုတ် အကူ အညီနဲ့ မြန်မာ့တပ်မတော်က နှိမ်နင်းနေတယ်လို့ စွပ်စွဲမှုတွေရှိနေပါတယ်။ တစ်ဆက်တည်းမှာပဲ ပေကျင်းနဲ့ နေပြည်တော်အကြား နီးကပ်မှုကြောင့် မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပျက်ပြား အောင် ကြိုးစားလာနိုင်ပါတယ်။
(၂၀၂၁) ဖေဖော်ဝါရီ (၁) ရက်နေ့ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံမှု အများစုတည်ရှိရာ ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ မငြိမ်သက်မှုတွေဖြစ်ပွားပြီး စက်ရုံအလုပ်ရုံအများအပြား ကို ပိတ်သိမ်းခဲ့ရပါတယ်။ သမဂ္ဂနဲ့ အသွင်ယူ NGO တွေ ရဲ့မွှေနှောက်မှုကြောင့် အလုပ်ရှင်အလုပ်သမား ကြား ဆက်လက်လုပ်ကိုင်ဖို့မဖြစ်နိုင်တော့ဘဲ စက်ရုံပိတ် ပစ်ရတာ၊ အလုပ်သမားတချို့ အလုပ်ပြုတ်တာ တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မှီခိုသူမိသားစုတွေပါ စားဝတ်နေရေး အကျပ်အတည်းဖြစ်ရပြီး တစ်ဖက်မှာ လည်း တိုင်းပြည်ကုန်ထုတ်လုပ်မှုကျဆင်းသွားရပါတယ်။ အဲဒီအခိုက်အတန့်မှာ အလုပ်သမားတစ်သန်း ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)က သတင်း ထုတ်ပြန်ပါတယ်။
အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ဆူပူအောင်လှုံ့ဆော်ကြောင်း ပုဒ်မ (၅၀၅-က)နဲ့ တရားစွဲဆို မှုတွေဖြစ်ပေါ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနကလည်း အလုပ်သမားရေးရာအဖွဲ့(၁၆)ဖွဲ့ကို တရားမဝင် ကြောင်း ကြေညာခဲ့တာကိုတွေ့ရှိရပါတယ်။

Zawgyi Version:
အလုပ္သမား သမဂၢနဲ႔ NGO, INGO
Htay Oung (NP News) - စက္တင္ဘာ ၃ဝ
ၿပီးခဲ့တဲ့ ဇူလိုင္လ(၂၅)ရက္ ည (၉) နာရီ ခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္ ေနအိမ္တစ္လုံးကို သက္ဆိုင္ရာက ဝင္ေရာက္စစ္ ေဆးၿပီး အမ်ိဳးသမီးႀကီးတစ္ဦးကိုဖမ္းဆီးသြားခဲ့ ေၾကာင္း၊ အဲဒီေနာက္ ဇူလိုင္ (၂၈)ရက္က “ေသြးစည္းညီၫြတ္ေသာသမဂၢမ်ားအဖြဲ႕ခ်ဳပ္(ျမန္မာ)” (STUM)႐ုံးခန္းကို သက္ဆိုင္ရာက ဝင္ေရာက္စစ္ေဆးၿပီး အဖြဲ႕ဝင္ အမ်ိဳးသား (၃)ဦး၊ အမ်ိဳးသမီး (၃)ဦးကို ထပ္မံဖမ္းဆီးခဲ့ေၾကာင္း၊ အဲဒီလိုဖမ္းဆီးရာမွာ ယခင္ရက္ကဖမ္းဆီးခံရသူအမ်ိဳးသမီးႀကီးရဲ႕ သမီး ျဖစ္သူလည္းပါဝင္ေနေၾကာင္း သတင္းၾကားသိရပါတယ္။
ေဒၚမ်ိဳးမ်ိဳးေအးဦးေဆာင္တဲ့ STUM အဖြဲ႕ကို (၂၀၁၆)ခုႏွစ္မွာတည္ေထာင္ခဲ့ၿပီး ျမန္မာႏိုင္ငံ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္ရဲ႕ အမ်ိဳးသားမ်ားလႊမ္း မိုးမႈေၾကာင့္ သီးျခားေဆာင္႐ြက္ျခင္းျဖစ္တယ္လို႔ ဆို ပါတယ္။ (၂၀၂၁)ခုႏွစ္မွာ အစိုးရအေျပာင္းအလဲျဖစ္ ခဲ့ပါတယ္။ အဂၤလန္နဲ႔ဂ်ာမနီအေျခစိုက္ Business & Human Rights Resource Centre ရဲ႕ (၂၀၂၁)ခုႏွစ္ ဧၿပီလ (၁၅)ရက္ ေန႔စြဲပါထုတ္ျပန္ခ်က္အရ ေဒၚမ်ိဳး မ်ိဳးေအးဟာ တပ္မေတာ္ေက်ာေထာက္ေနာက္ခံျပဳ ကုန္သြယ္ေရးနဲ႔ဘ႑ာေရးဆိုင္ရာတို႔ကို တားဆီးဖို႔ ႏိုင္ငံတကာအစိုးရတို႔ထံေတာင္းဆိုေနတဲ့အတြက္ အဲဒီႏွစ္ ဧၿပီလ(၁၅)ရက္မွာ ဖမ္းဆီးခံခဲ့ရတယ္လို႔ ေဖာ္ ျပပါတယ္။ အဲဒီတုန္းက ေဒၚမ်ိဳးမ်ိဳးေအးဟာ ေအာက္တိုဘာလ(၂၅)ရက္မွာ ျပန္လည္လြတ္ေျမာက္လာခဲ့ ေၾကာင္းလည္းသိရွိရပါတယ္။
Myanmar National Portal လူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန (၁-ရက္၊ မတ္လ၊ ၂၀၂၁ ရက္စြဲပါ) “တရားဝင္ဖြဲ႕စည္းထားျခင္း မဟုတ္ေသာအဖြဲ႕အစည္းမ်ားျဖစ္ေၾကာင္း ေၾကညာ ျခင္း” အပိုဒ္(ဍ)မွာ ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္(ျမန္မာ) STUM ကို ေတြ႕ရွိရပါတယ္။
(၂၀၁၁)ခုႏွစ္မွာျပ႒ာန္းခဲ့ၿပီး (၂၀၁၂) ခုႏွစ္ မတ္လ (၉) ရက္မွာ စတင္အာဏာတည္ခဲ့တဲ့ “ျမန္မာ ႏိုင္ငံ အလုပ္သမားအဖြဲ႕အစည္းဥပေဒ” အရ အလုပ္သမားေရးရာကိစၥရပ္ေတြကို ေဆာင္႐ြက္လိုတဲ့ အလုပ္သမားေတြဟာ အဖြဲ႕အစည္းေတြအျဖစ္ ထူေထာင္လိုပါက ယင္းဥပေဒပုဒ္မ (၉၊ ၁၀၊ ၁၁)နဲ႔ (၁၂)ပါ ျပ႒ာန္းခ်က္ေတြနဲ႔အညီ မွတ္ပုံတင္ရန္ဖို႔လို အပ္ေၾကာင္း STUM ပါ အဖြဲ႕အစည္း(၁၆)ခုဟာ မွတ္ပုံတင္ ထားျခင္းမရွိေၾကာင္း စိစစ္ေတြ႕ရွိတယ္လို႔ ဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္ကဆိုပါတယ္။ ဒီလိုဆိုရင္ ျမန္မာႏိုင္ငံရဲ႕ အလုပ္သမားဥပေဒဟာ ကုလသမဂၢရဲ႕စံႏႈန္းေတြနဲ႔အညီျဖစ္ပါသလား။ NGO, INGO ဆို တာဘာလဲလို႔ စိတ္ဝင္စားစရာျဖစ္ လာပါတယ္။
အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ခ်ဳပ္ (ILO)ရဲ႕ (1948, Convention No. 87) အရ လြတ္ လပ္စြာစုဖြဲ႕ခြင့္နဲ႔ စည္း႐ုံးေဆာင္႐ြက္ခြင့္ဆိုင္ရာ ျပ႒ာန္းခ်က္အရ အလုပ္သမားေတြဟာ မိမိတို႔ကိုယ္တိုင္ ပါဝင္တဲ့ အဖြဲ႕အစည္းေတြ(သမဂၢေတြ)ကို လြတ္ လပ္စြာေ႐ြးခ်ယ္ဖြဲ႕စည္းခြင့္နဲ႔ ပါဝင္ခြင့္ရွိပါတယ္။ အဲဒီ ျပ႒ာန္းခ်က္ကို ႏိုင္ငံမ်ားစြာကအတည္ျပဳထားၿပီး ၎တို႔ရဲ႕ႏိုင္ငံတြင္းဥပေဒေတြမွာ ထည့္သြင္းထားၾက ပါတယ္။ ျမန္မာႏိုင္ငံဟာ (၁၉၄၈)ခုႏွစ္မွာ ILO အဖြဲ႕ ဝင္ျဖစ္လာခဲ့ၿပီး ILO ရဲ႕ အႀကံျပဳခ်က္ေတြနဲ႔ အညီ အလုပ္သမားအဖြဲ႕အစည္းဥပေဒကို (၂၀၁၁) ခုႏွစ္ မွာျပ႒ာန္းခဲ့ေၾကာင္းေတြ႕ရွိရပါတယ္။
(၁) အလုပ္သမဂၢ (Labour Union)ဆိုတာ အလုပ္ သမားတို႔ရဲ႕အက်ိဳးစီးပြားေတြ(အလုပ္ကန္ ထ႐ိုက္စာခ်ဳပ္၊ လုပ္ခလစာ၊ အလုပ္ခ်ိန္၊ လုပ္ငန္းခြင္ ေဘး အႏၲရာယ္ စသည္) ကာကြယ္ရန္၊ တိုးတက္ ေကာင္းမြန္ ေအာင္ေဆာင္႐ြက္ရန္ အလုပ္သမားေတြကိုယ္တိုင္ တည္ေထာင္ထားတဲ့အဖြဲ႕အစည္းျဖစ္ရ မယ္လို႔ ႏိုင္ငံ တကာအဆင့္ ILO က သတ္မွတ္ထားပါတယ္။
(၂) NGO (Non-Governmental Organization) “အစိုးရမဟုတ္ေသာအဖြဲ႕အစည္း”ဆိုတာ အလုပ္သမား သမဂၢမဟုတ္ပါ။ အလုပ္သမားနဲ႔ဖြဲ႕စည္းထားတာမဟုတ္ဘဲ တက္ႂကြလႈပ္ရွားသူေတြ၊ ေလ့လာသုံးသပ္သူေတြပါဝင္ပါတယ္။ လုပ္ငန္းခြင္အေျခအေနကို ေစာင့္ၾကည့္ေလ့လာတာ၊ သတင္း အခ်က္အလက္ေတြကို ျဖန႔္ေဝ-ပညာေပး-သတိေပးတာ၊ အလုပ္သမား အေရးဆိုင္ရာ ဥပေဒ အႀကံ ေပးတာ၊ ဖုံးကြယ္ထားတဲ့ မတရားမႈေတြကိုေဖာ္ထုတ္တာေတြ ေဆာင္႐ြက္ေပး ၾကပါတယ္။
NGO ေတြအေနနဲ႔ အလုပ္သမား အခြင့္အေရးေတြခ်ိဳးေဖာက္ခံရမႈကို ေစာင့္ၾကည့္ဖို႔၊ အသိပညာ ေပးဖို႔၊ ဥပေဒေၾကာင္းအရ အကူအညီေပးဖို႔အျပင္ ႏိုင္ငံတကာအသိုင္းအဝိုင္းထံ အေျခအေနမွန္ကို တင္ ျပဖို႔ အေရးႀကီးအခန္းက႑မွပါဝင္ေနပါတယ္။ အထူးသျဖင့္ လြတ္လပ္တဲ့သမဂၢဖြဲ႕စည္းခြင့္ကန႔္ သတ္ခံ ထားရတဲ့ေနရာေတြမွာ NGO ေတြရဲ႕ ၾကားခံေဆာင္႐ြက္ေပးမႈဟာ အလြန္အေရးပါပါတယ္။
ဒါေပမဲ့ NGO ေတြရဲ႕အခန္းက႑ဟာ အဓိကအားျဖင့္ အေရးယူမႈအတြက္ ဖိအားေပးတာ၊ ပညာေပးတာနဲ႔ အကူအညီေပးတာတို႔ျဖစ္ပါတယ္။ Collective bargaining “စုေပါင္းညႇိႏႈိင္းေဆာင္ ႐ြက္ခြင့္” မ်ိဳးလို သမဂၢေတြရဲ႕ တရားဝင္လုပ္ပိုင္ခြင့္ေတြကို တိုက္႐ိုက္လုပ္ေဆာင္ခြင့္မရွိပါ။ အတိုခ်ဳပ္ ဆိုရရင္ NGO ဆိုတာ အလုပ္သမားသမဂၢမဟုတ္ဘဲ အလုပ္သမားေတြအတြက္ အေထာက္အကူ မဟာ မိတ္ အျဖစ္သာ ပါဝင္ေဆာင္႐ြက္ခြင့္ရွိပါတယ္။
(၃) NGO အျပင္ (International Non-Governmental Organization) “အျပည္ျပည္ဆိုင္ရာ အစိုးရ မဟုတ္ေသာအဖြဲ႕အစည္း” ဆိုၿပီး လည္းရွိပါေသးတယ္။ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို ေဆာင္ ႐ြက္ၾကတဲ့ အစိုးရမဟုတ္သူအဖြဲ႕အစည္းေတြ ျဖစ္ၾကပါတယ္။ ႏွစ္ခုစလုံးဟာ လုပ္ေဆာင္ခ်က္ေတြနဲ႔ ရည္ ႐ြယ္ခ်က္ေတြဆင္တူညီၿပီး INGO ကေတာ့ ႏိုင္ငံတကာမွာ လူသားခ်င္းစာနာေထာက္ထားမႈ၊ ဖြံ႕ၿဖိဳးေရး၊ လူ႔အခြင့္အေရး စတာတို႔အတြက္ အေရးႀကီး အခန္းက႑မွာပါဝင္ေနၾကပါတယ္။
NGO ဟာ ႏိုင္ငံတစ္ႏိုင္ငံတည္းအတြင္း (သို႔မဟုတ္) ေဒသတစ္ခုအတြင္း အေျခစိုက္ၿပီး လူမႈေရး၊ စီးပြားေရး၊ ပတ္ဝန္းက်င္ဆိုင္ရာကိစၥရပ္ေတြကို ေဆာင္႐ြက္တဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။ အဲဒီႏိုင္ငံ/ ေဒသ ရဲ႕ ဥပမာ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး၊ ပညာေရး၊ က်န္းမာေရးကိစၥေတြမွာ ကူညီေဆာင္႐ြက္ေပးၾကပါ တယ္။ INGO ကေတာ့ တိုင္းျပည္အသီးသီးမွာ ရပ္တည္လႈပ္ရွားၿပီး ႏိုင္ငံတကာဆိုင္ရာျပႆနာေတြ (ဥပမာ ဆင္းရဲမြဲေတမႈ၊ သဘာဝေဘးအႏၲရာယ္၊ လူ႔အခြင့္အေရး စတာတို႔ကို ေျဖရွင္းဖို႔ႀကိဳးပမ္းတဲ့ အဖြဲ႕ အစည္းျဖစ္ပါတယ္။ ကမာၻ႔ႏိုင္ငံ အေတာ္မ်ားမ်ား မွာ ႐ုံးခြဲေတြဖြင့္လွစ္ၿပီးလုပ္ကိုင္ၾကတဲ့ ဥပမာ Oxfam, Save the Children, World Vision, Red Cross ကမာၻ႔ၾကက္ေျခနီအသင္းတို႔လို အဖြဲ႕အစည္းေတြျဖစ္ပါ တယ္။
ႏိုင္ငံတကာမွာ NGO, INGO ေတြဟာ သက္ဆိုင္ရာတိုင္းျပည္မွာ တရားဝင္လုပ္ကိုင္ခြင့္ရရွိဖို႔ မွတ္ပုံတင္ရပါတယ္။ လုပ္ငန္းေဆာင္႐ြက္ရာမွာ အဖြဲ႕အစည္းကို တရားဝင္အသိအမွတ္ျပဳခံရဖို႔၊ ဥပေဒ ေၾကာင္းအရ အကာအကြယ္ရရွိဖို႔၊ INGO ဆိုရင္ ႐ုံးခန္းဖြင့္လွစ္ခြင့္၊ ျပည္ဝင္ခြင့္ ဗီဇာရရွိဖို႔နဲ႔ ျပည္တြင္း ခရီးသြားလာခြင့္ရရွိဖို႔ လိုအပ္တဲ့အတြက္ျဖစ္ပါတယ္။
NGO/INGO နဲ႔ပတ္သက္လို႔ ႏိုင္ငံတကာ အေထြထြညီလာခံနဲ႔ တစုတေဝးတည္း အတိအက် သေဘာတူညီခ်က္မရွိေသးပါဘူး၊ ဒါေပမဲ့ ႏိုင္ငံအလိုက္ ဥပေဒသတ္မွတ္ခ်က္ေတြ ကြဲျပားတတ္ပါတယ္။ ႏိုင္ငံအမ်ားစု ဥပမာ အေမရိကန္၊ ဥေရာပ၊ အိႏၵိယ၊ အင္ဒိုနီးရွားတို႔မွာ NGO တည္ေထာင္ဖို႔ အစိုးရဆိုင္ ရာမွတ္ပုံတင္စနစ္လိုအပ္ပါတယ္။ ဥကၠ႒နဲ႔ ေကာ္မတီဝင္ေတြရဲ႕အမည္၊ ရည္႐ြယ္ခ်က္ ဥပေဒနဲ႔အညီ အက်ိဳးအျမတ္ မယူတဲ့လုပ္ငန္းျဖစ္ေၾကာင္း ဘဏ္အေကာင့္/ ဝင္ေငြရရွိပုံနည္းလမ္း (ဥပမာ USAID, Open Society Foundation စသည္) အခ်က္အလက္ေတြ တင္ျပရတတ္ပါတယ္။ ဘယ္လိုဝင္ေငြရလမ္း နဲ႔ ဘယ္လိုရပ္တည္ေၾကာင္းတင္ျပဖို႔နဲ႔ စစ္ေဆးခံဖို႔လိုအပ္ပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ နည္းပညာသင္ တန္းအတြက္ အခေၾကးေငြ အနည္းငယ္ေတာင္းခံႏိုင္ျခင္းမွတစ္ပါး အက်ိဳးအျမတ္ရွာေဖြျခင္း ခြင့္မျပဳပါ ဘူး။ ဝင္ေငြရ လမ္းအရင္းအျမစ္နဲ႔ အသုံးစရိတ္ကို အစိုးရဌာန ထံသတင္းေပးဖို႔ပ်က္ကြက္တာဟာ အသင္းအဖြဲ႕ ပ်က္ျပားတာျဖစ္ေၾကာင္း တိက်စြာၫႊန္ၾကားထားပါတယ္။ NGO ေတြရဲ႕ ေငြေၾကးအရင္း အျမစ္၊ လက္ရွိလႈပ္ရွားမႈကို ကုလသမဂၢက ထပ္မံစိစစ္ၿပီးUN ECOSOC Consultative Status ေပး တတ္ပါတယ္။ ကုလသမဂၢ အစည္းအေဝးေတြမွာ တရားဝင္တက္ေရာက္ႏိုင္ၿပီး သံတမန္နည္းလမ္းနဲ႔ ႏိုင္ငံတကာအဆင့္ လုပ္ကိုင္ႏိုင္ပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံမွာ အလုပ္သမားသမဂၢေတြ ေအာင္ျမင္စြာ လည္ပတ္ေဆာင္႐ြက္ႏိုင္တာဟာ အဲဒီ တိုင္းျပည္မွာ အလုပ္သမားအခြင့္အေရး ေလးစား လိုက္နာေၾကာင္း၊ အလုပ္ရွင္ အလုပ္သမား ညီၫြတ္ ၾကၿပီး စီးပြားေရး အလုပ္အကိုင္အခြင့္အလမ္း အလားအလာေကာင္းတဲ့တိုင္းျပည္အျဖစ္ ႏိုင္ငံတကာက ေလးစားခံရပါတယ္။ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။
ဒါေပမဲ့ အဲဒီလုပ္ငန္းစဥ္ဟာ အေမရိကန္ လိုတိုင္းျပည္ႀကီးေတြမွာေတာင္ အဆင္ေျပေျပမရွိ တတ္ပါဘူး၊ အလုပ္သမားအက်ိဳးေဆာင္႐ြက္ၾက ရမယ့္ အလုပ္သမားသမဂၢေတြဟာ “ဇိုးဂိုဏ္းဆန္ဆန္” ေျပာင္းလဲသြားၾကၿပီး အလုပ္ခြင္ အလုပ္သမား အေရအတြက္ကန႔္သတ္မႈ၊ လုပ္ခလစာတိုးျမႇင့္ ေတာင္းဆို ဖို႔သာ လုပ္ေဆာင္ေနၾကေၾကာင္း၊ ဒီျဖစ္ရပ္ ဟာ ဖြံ႕ၿဖိဳးတိုးတက္မႈကိုေႏွာင့္ေႏွးေစၿပီး စီးပြားေရး က်ဆင္း မႈမွ ျပန္လည္နာလန္ထူရန္ ၾကာျမင့္ေစေၾကာင္း၊ ေရရွည္မွာ အလုပ္သမားသမဂၢေတြဟာ သူတို႔ပါဝင္ လုပ္ကိုင္ေနတဲ့ ကုမၸဏီအတြင္း အလုပ္အကိုင္ေတြကို ဖ်က္ဆီးပစ္ၿပီး လုပ္ငန္းႀကီးရဲ႕ဝင္ေငြ (၃၃) ရာခိုင္ ႏႈန္း နဲ႔ညီမွ်တဲ့ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈအေပၚ ဆိုးက်ိဳး သက္ေရာက္လ်က္ရွိတယ္လို႔ အေမရိကန္ NGO တစ္ခုျဖစ္တဲ့ “Heritage Foundation” ရဲ႕ (21 May 2009) အစီရင္ခံစာမွာေတြ႕ရွိရပါတယ္။
အေမရိကန္ လြတ္လပ္-ဘက္မလိုက္-ပါတီ၊ ဂိုဏ္းဂဏစြဲမရွိသူမ်ားပါဝင္တဲ့ “The Council on Foreign Relations (CFR)” ႏိုင္ငံေရး-စီးပြားေရး အႀကံျပဳသူေတြရဲ႕ ဇြန္ (၂၄)၊ (၂၀၂၄) ခုႏွစ္အစီရင္ခံစာ မွာေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၂၀)အတြင္း အေမရိကန္မွာ အလုပ္သမားသပိတ္ ေမွာက္မႈအမ်ားဆုံး ျဖစ္ ပြားခဲ့တယ္လို႔ ေကာက္ခ်က္ ခ်ထားပါတယ္။ ေမာ္ေတာ္ကားထုတ္လုပ္ေရးနဲ႔ ေဟာလိဝုဒ္လိုေနရာမ်ိဳးမွာ အလုပ္သမား(၅)သိန္းေက်ာ္ သပိတ္ေမွာက္ျခင္းျဖင့္ (၂၀၂၃)ခုႏွစ္မွာ အျမင့္ဆုံး ျဖစ္ခဲ့ေၾကာင္း၊ လုပ္ခ လစာနည္းပါးတဲ့အလုပ္ေတြသာ မ်ားျပားလာၿပီး လစာေကာင္းအလုပ္ေတြ ရွားပါးလာမႈ၊ လူေနမႈစရိတ္ ဆက္လက္ျမင့္တက္လာမႈ၊ ကိုဗစ္ကပ္ ေရာဂါအလြန္ စီးပြားေရးျပန္လည္ထူေထာင္စဥ္ကာလ အလုပ္ ရွင္တို႔က အလုပ္သမားေတြအေပၚ ပိုမိုမွီခိုလာရခ်ိန္ အလုပ္သမားတို႔ဘက္က ေတာင္းဆိုမႈမ်ားျပားလာ ေၾကာင္း၊ မီးရထား၊ စာတိုက္ စသျဖင့္ အေရးႀကီး ဝန္ေဆာင္မႈက႑ေတြမွာ သပိတ္ေမွာက္မႈေတြထပ္ ျဖစ္ရင္ ေထာက္ပံ့ေရးကြင္းဆက္ျပတ္ေတာက္ႏိုင္ေၾကာင္း၊ ဆယ္စုႏွစ္ၾကာ လုပ္ခလစာတိုးျမင့္မလာမႈနဲ႔ အလုပ္အကိုင္မတည္ၿငိမ္မႈဟာ အေမရိကန္ရဲ႕ စီးပြားေရးသာမက ႏိုင္ငံေရးနဲ႔ ႏိုင္ငံတကာဆက္ဆံေရးကို ပါ ထိခိုက္လာႏိုင္ေၾကာင္း၊ သမၼတေဒၚနယ္ထရမ့္ရဲ႕ ျပည္ပႏိုင္ငံေတြအေပၚ ကုန္သြယ္ခြန္တို႔းျမႇင့္မႈဟာ ျပည္တြင္း အေျခခံကုန္ပစၥည္းေတြကို ေဈးတက္ေစၿပီး စိမ္းလန္း စြမ္းအင္တည္ေဆာက္မႈကို ေႏွာင့္ေႏွး ေစႏိုင္တယ္လို႔ သတိေပးထားပါတယ္။
ျမန္မာႏိုင္ငံဟာ ဖြံ႕ၿဖိဳးမႈအနည္းဆုံးတိုင္း ျပည္အျဖစ္ ျပည္ပပို႔ကုန္ေတြမွာ ကုန္သြယ္ခြန္သက္ သာခြင့္ရရွိထားပါတယ္။ ဒီအတြက္ ျပည္ပႏိုင္ငံတခ်ိဳ႕က ျမန္မာႏိုင္ငံမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ မက္ လုံးတစ္ခုျဖစ္ေနပါတယ္။ သမၼတထရမ့္က ျမန္မာအေပၚ ကုန္သြယ္ခြန္ (၄၀)ရာခိုင္ႏႈန္းသတ္မွတ္ တာဟာ ဥေရာပထက္စာရင္ အေမရိကန္ကို ပို႔ကုန္နည္းပါးတဲ့အတြက္ သာမန္အားျဖင့္ သိပ္ၿပီး စိုးရိမ္ စရာ မရွိဘူးလို႔ ထင္ရပါတယ္။ ဒါေပမဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြ ထပ္ဝင္မလာေအာင္ ႏိုင္ငံေရး ဖိအား ျဖစ္ေပၚႏိုင္ပါတယ္။
ႏွစ္ေပါင္း(၇၀)ေက်ာ္ ျပည္တြင္းစစ္ျဖစ္ ပြားေနတဲ့ျမန္မာႏိုင္ငံမွာ လူမ်ိဳးစုအပါအဝင္ လက္နက္ ကိုင္အဖြဲ႕အစည္းေပါင္း (၂၀ဝ)ေက်ာ္ရွိေနပါတယ္။ ဆန႔္က်င္ဘက္လက္နက္ကိုင္ေတြကို တ႐ုတ္ အကူ အညီနဲ႔ ျမန္မာ့တပ္မေတာ္က ႏွိမ္နင္းေနတယ္လို႔ စြပ္စြဲမႈေတြရွိေနပါတယ္။ တစ္ဆက္တည္းမွာပဲ ေပက်င္းနဲ႔ ေနျပည္ေတာ္အၾကား နီးကပ္မႈေၾကာင့္ ျမန္မာႏိုင္ငံမွာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပ်က္ျပား ေအာင္ ႀကိဳးစားလာႏိုင္ပါတယ္။
(၂၀၂၁) ေဖေဖာ္ဝါရီ (၁) ရက္ေန႔ အစိုးရအေျပာင္းအလဲျဖစ္ၿပီးေနာက္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားစုတည္ရွိရာ ရန္ကုန္ၿမိဳ႕ စက္မႈဇုန္ေတြမွာ မၿငိမ္သက္မႈေတြျဖစ္ပြားၿပီး စက္႐ုံအလုပ္႐ုံအမ်ားအျပား ကို ပိတ္သိမ္းခဲ့ရပါတယ္။ သမဂၢနဲ႔ အသြင္ယူ NGO ေတြ ရဲ႕ေမႊေႏွာက္မႈေၾကာင့္ အလုပ္ရွင္အလုပ္သမား ၾကား ဆက္လက္လုပ္ကိုင္ဖို႔မျဖစ္ႏိုင္ေတာ့ဘဲ စက္႐ုံပိတ္ ပစ္ရတာ၊ အလုပ္သမားတခ်ိဳ႕ အလုပ္ျပဳတ္တာ ေတြ ျဖစ္ေပၚခဲ့ပါတယ္။ မွီခိုသူမိသားစုေတြပါ စားဝတ္ေနေရး အက်ပ္အတည္းျဖစ္ရၿပီး တစ္ဖက္မွာ လည္း တိုင္းျပည္ကုန္ထုတ္လုပ္မႈက်ဆင္းသြားရပါတယ္။ အဲဒီအခိုက္အတန႔္မွာ အလုပ္သမားတစ္သန္း ေက်ာ္ အလုပ္လက္မဲ့ျဖစ္ခဲ့ရတယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ခ်ဳပ္(ILO)က သတင္း ထုတ္ျပန္ပါတယ္။
အလုပ္သမားသမဂၢအဖြဲ႕ဝင္ေတြကို ဆူပူေအာင္လႈံ႕ေဆာ္ေၾကာင္း ပုဒ္မ (၅၀၅-က)နဲ႔ တရားစြဲဆို မႈေတြျဖစ္ေပၚခဲ့ၿပီး အလုပ္သမားဝန္ႀကီးဌာနကလည္း အလုပ္သမားေရးရာအဖြဲ႕(၁၆)ဖြဲ႕ကို တရားမဝင္ ေၾကာင္း ေၾကညာခဲ့တာကိုေတြ႕ရွိရပါတယ္။