လာမည့်ရာသီတွင် ဈေးကွက်အသစ်များရှာ၍ သရက်သီး အလုံးလိုက်အစား အနှစ်ကိုသာ ဦးစားပေးတင်ပို့ရန် စီစဉ်နေ

 107

Pearl (NP News) - စက်တင်ဘာ ၃ဝ
လာမည့်ရာသီတွင် ဈေးကွက်အသစ်များရှာဖွေ၍ သရက်သီးအလုံး အစားအနှစ်ကိုသာ ဦးစား ပေးတင်ပို့ရန် စီစဉ်နေကြောင်း မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဈေးကွက်အတွင်းရှိ စိန်တလုံးသရက်၊ မချစ်စုသရက်နှင့် ပတ္တမြားငမောက်သရက်တို့ကို ရုရှား နိုင်ငံနှင့် စင်ကာပူနိုင်ငံအပါအဝင် နိုင်ငံအချို့ကို တန်ချိန်ဖြင့် သရက်သီးအလုံးလိုက် နှစ်စဉ် တင်ပို့လျက် ရှိရာ ပြီးခဲ့သည့်နှစ်က လမ်းကြောင်းအခက်အခဲများကြောင့် အနည်းငယ်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရ သည်။
“သရက် အမျိုးအစားပေါင်း (၂၀ဝ)ကျော် ရှိတယ်။ ဈေးကွက်ဝင်တဲ့သရက်သီးကတော့ စိန် တလုံးရယ်၊ ရွှေဟင်္သာရယ်၊ မချစ်စုတို့ ပတ္တမြား ငမောက်တို့ပေါ့နော်။ ဒါပေမဲ့လို့ သရက်သီးက Export ပို့တဲ့အခါ အလုံးကိုပို့တယ်။ စံချိန်စံနှုန်းနဲ့ သွားတာ ။ (၃)လုံး တစ်ကီလိုတို့၊ (၄) လုံးတစ်ကီလိုတို့ ပို့ကြ တဲ့အချိန် တချို့အသီးတွေ Reject တွေ ဖြစ်တာလေ။ သွားတဲ့လမ်းတွေ အဆင်ပြေချော့မွေ့မှု မရှိတဲ့ အတွက် ထင်သလောက် ဈေးကွက်မပေါက်ခဲ့ ဘူး။ ဈေးနှုန်းက သရက်သီးဆိုရင် တစ်တန်ကို သိန်း (၂၀) လောက်ရတယ်။ အရည်အ‌သွေးနိမ့်ရင် တန် တစ်တန်ဈေးနှုန်းက (၉)သိန်း (၁၀)သိန်း ပတ်ချာ လည်ပဲရတယ်” ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News သို့ပြောသည်။
ထို့ပြင် စိန်တလုံးသရက်၊ ရင်ကွဲသရက် နှင့် ပတ္တမြားငမောက်သရက်တို့၏ သရက်သီး အနှစ်များ ကိုလည်း စည်သွတ်ဘူးများဖြင့် အေးခဲ၍ ပြီးခဲ့သည့်သရက်တင်ပို့ရာသီက စမ်းသပ် တင်ပို့ခဲ့ရာ ဈေး ကောင်း ရရှိခဲ့ကြောင်းလည်း သိရသည်။
အနှစ်အမျိုးအစားလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး အနှစ် တစ်တန်လျှင် (၁၅)သိန်း ထက်မနည်း ပေါက်ဈေးရှိကာ ပြည်တွင်းတွင်သာမက ပြည်ပတွင် လည်း ဝယ်လိုအားများနေကြောင်းလည်း သိရ သည်။
ထို့ကြောင့် လာမည့်တင်ပို့ရာသီတွင် သရက်သီးအလုံးများအစား သရက်သီးအနှစ်များကိုသာ ဦးစားပေးတင်ပို့မည်ဖြစ်ကြောင်းနှင့် ဈေး ကွက် အသစ်များရှာဖွေနေကြောင်းလည်း သိရသည်။
“နောက်နှစ်တော့ သရက်သီးအနှစ်ကို ဦးစားပေးတင်ပို့ဖို့ ပြင်ဆင်နေတယ်။ လာမယ့် ရာသီမှာ သရက်သီးအနှစ်ကို ဦးစားပေးပို့မယ်။ အသီးနဲ့ အနှစ်ယှဉ်ရင် အနှစ်ပို့တာ ပိုအဆင်ပြေတယ်။ မျိုးလည်း ကျန်ရစ်ခဲ့တယ်။ သရက်သီးအနှစ်လုပ်တာက အခွံခွာ၊ အစေ့ဖယ်ပြီး စက်နဲ့ကြိတ်လိုက်တာပဲ။ စည် သွတ်ဘူးနဲ့ ထည့်မယ်ဆိုရင်တော့ သင့်တင့်တဲ့ Temperature တစ်ခုကိုထားပြီး စည်သွတ်ဘူးကို ပိုးသတ် ပြီးထည့်တာ။ Chemical တွေ မပါကြဘူး။ ရိုးရှင်းပါတယ်။ ပို့ရတာလည်း အဆင်ပြေတယ်။ အရင်က တော့ စမ်းလုပ်ကြည့် တယ်။ မနှစ်ကမှစပို့တာ။ ဟိုရက်ကလည်း ဘီလာရုစ် နိုင်ငံကိုပို့ဖို့လည်း အစည်း အဝေးလုပ်ကြသေးတယ်။ ဒါကလည်း SOP ဆွဲတုန်းရှိပါသေးတယ်။ ဈေးကွက်တွေ ချဲ့နေတယ်။ ကိုဗစ်မတိုင်ခင်တုန်းက ဂျပန်ကို ပို့ဖို့လုပ်သေးတယ်။ ကိုဗစ်ဖြစ်သွားတော့ ဂျပန်စက်ရုံတွေ ရပ်သွားတာ လေ။ အခုတော့ ထပ်ပြီး ဈေးကွက်ရှာနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် မြန်မာ့ သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် သရက်သီးအနှစ် ပြုလုပ်ခြင်း နှင့်ပတ်သက်၍ စံချိန်စံနှုန်းမီစွာထုတ် လုပ်တင်ပို့နိုင်ရန် value product Training များ ပြုလုပ်သင် ကြားပေးလျက်ရှိကြောင်း သိရသည်။
အလားတူ နိုင်ငံတော်အနေဖြင့်လည်း ပိုမို ကောင်းမွန်သည့် နည်းပညာများ မျှဝေပေးခြင်းနှင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်သစ်ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးစေ လိုကောင်းလည်း ၎င်းက တိုက်တွန်းပြောဆိုထားသည်။

Zawgyi Version:
လာမည့္ရာသီတြင္ ေဈးကြက္အသစ္မ်ားရွာ၍ သရက္သီး အလုံးလိုက္အစား အႏွစ္ကိုသာ ဦးစားေပးတင္ပို႔ရန္ စီစဥ္ေန
Pearl (NP News) - စက္တင္ဘာ ၃ဝ
လာမည့္ရာသီတြင္ ေဈးကြက္အသစ္မ်ားရွာေဖြ၍ သရက္သီးအလုံး အစားအႏွစ္ကိုသာ ဦးစား ေပးတင္ပို႔ရန္ စီစဥ္ေနေၾကာင္း ျမန္မာ့သရက္ ေဈးကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။
ေဈးကြက္အတြင္းရွိ စိန္တလုံးသရက္၊ မခ်စ္စုသရက္ႏွင့္ ပတၱျမားငေမာက္သရက္တို႔ကို ႐ုရွား ႏိုင္ငံႏွင့္ စင္ကာပူႏိုင္ငံအပါအဝင္ ႏိုင္ငံအခ်ိဳ႕ကို တန္ခ်ိန္ျဖင့္ သရက္သီးအလုံးလိုက္ ႏွစ္စဥ္ တင္ပို႔လ်က္ ရွိရာ ၿပီးခဲ့သည့္ႏွစ္က လမ္းေၾကာင္းအခက္အခဲမ်ားေၾကာင့္ အနည္းငယ္သာ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရ သည္။
“သရက္ အမ်ိဳးအစားေပါင္း (၂၀ဝ)ေက်ာ္ ရွိတယ္။ ေဈးကြက္ဝင္တဲ့သရက္သီးကေတာ့ စိန္ တလုံးရယ္၊ ေ႐ႊဟသၤာရယ္၊ မခ်စ္စုတို႔ ပတၱျမား ငေမာက္တို႔ေပါ့ေနာ္။ ဒါေပမဲ့လို႔ သရက္သီးက Export ပို႔တဲ့အခါ အလုံးကိုပို႔တယ္။ စံခ်ိန္စံႏႈန္းနဲ႔ သြားတာ ။ (၃)လုံး တစ္ကီလိုတို႔၊ (၄) လုံးတစ္ကီလိုတို႔ ပို႔ၾက တဲ့အခ်ိန္ တခ်ိဳ႕အသီးေတြ Reject ေတြ ျဖစ္တာေလ။ သြားတဲ့လမ္းေတြ အဆင္ေျပေခ်ာ့ေမြ႕မႈ မရွိတဲ့ အတြက္ ထင္သေလာက္ ေဈးကြက္မေပါက္ခဲ့ ဘူး။ ေဈးႏႈန္းက သရက္သီးဆိုရင္ တစ္တန္ကို သိန္း (၂၀) ေလာက္ရတယ္။ အရည္အ‌ေသြးနိမ့္ရင္ တန္ တစ္တန္ေဈးႏႈန္းက (၉)သိန္း (၁၀)သိန္း ပတ္ခ်ာ လည္ပဲရတယ္” ဟု ျမန္မာ့သရက္ေဈးကြက္ႏွင့္ နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News သို႔ေျပာသည္။
ထို႔ျပင္ စိန္တလုံးသရက္၊ ရင္ကြဲသရက္ ႏွင့္ ပတၱျမားငေမာက္သရက္တို႔၏ သရက္သီး အႏွစ္မ်ား ကိုလည္း စည္သြတ္ဘူးမ်ားျဖင့္ ေအးခဲ၍ ၿပီးခဲ့သည့္သရက္တင္ပို႔ရာသီက စမ္းသပ္ တင္ပို႔ခဲ့ရာ ေဈး ေကာင္း ရရွိခဲ့ေၾကာင္းလည္း သိရသည္။
အႏွစ္အမ်ိဳးအစားလိုက္ ေဈးႏႈန္းကြာျခားမႈရွိၿပီး အႏွစ္ တစ္တန္လွ်င္ (၁၅)သိန္း ထက္မနည္း ေပါက္ေဈးရွိကာ ျပည္တြင္းတြင္သာမက ျပည္ပတြင္ လည္း ဝယ္လိုအားမ်ားေနေၾကာင္းလည္း သိရ သည္။
ထို႔ေၾကာင့္ လာမည့္တင္ပို႔ရာသီတြင္ သရက္သီးအလုံးမ်ားအစား သရက္သီးအႏွစ္မ်ားကိုသာ ဦးစားေပးတင္ပို႔မည္ျဖစ္ေၾကာင္းႏွင့္ ေဈး ကြက္ အသစ္မ်ားရွာေဖြေနေၾကာင္းလည္း သိရသည္။
“ေနာက္ႏွစ္ေတာ့ သရက္သီးအႏွစ္ကို ဦးစားေပးတင္ပို႔ဖို႔ ျပင္ဆင္ေနတယ္။ လာမယ့္ ရာသီမွာ သရက္သီးအႏွစ္ကို ဦးစားေပးပို႔မယ္။ အသီးနဲ႔ အႏွစ္ယွဥ္ရင္ အႏွစ္ပို႔တာ ပိုအဆင္ေျပတယ္။ မ်ိဳးလည္း က်န္ရစ္ခဲ့တယ္။ သရက္သီးအႏွစ္လုပ္တာက အခြံခြာ၊ အေစ့ဖယ္ၿပီး စက္နဲ႔ႀကိတ္လိုက္တာပဲ။ စည္ သြတ္ဘူးနဲ႔ ထည့္မယ္ဆိုရင္ေတာ့ သင့္တင့္တဲ့ Temperature တစ္ခုကိုထားၿပီး စည္သြတ္ဘူးကို ပိုးသတ္ ၿပီးထည့္တာ။ Chemical ေတြ မပါၾကဘူး။ ႐ိုးရွင္းပါတယ္။ ပို႔ရတာလည္း အဆင္ေျပတယ္။ အရင္က ေတာ့ စမ္းလုပ္ၾကည့္ တယ္။ မႏွစ္ကမွစပို႔တာ။ ဟိုရက္ကလည္း ဘီလာ႐ုစ္ ႏိုင္ငံကိုပို႔ဖို႔လည္း အစည္း အေဝးလုပ္ၾကေသးတယ္။ ဒါကလည္း SOP ဆြဲတုန္းရွိပါေသးတယ္။ ေဈးကြက္ေတြ ခ်ဲ႕ေနတယ္။ ကိုဗစ္မတိုင္ခင္တုန္းက ဂ်ပန္ကို ပို႔ဖို႔လုပ္ေသးတယ္။ ကိုဗစ္ျဖစ္သြားေတာ့ ဂ်ပန္စက္႐ုံေတြ ရပ္သြားတာ ေလ။ အခုေတာ့ ထပ္ၿပီး ေဈးကြက္ရွာေနတယ္” ဟု ၎က ဆက္လက္ေျပာသည္။ လက္ရွိတြင္ ျမန္မာ့ သရက္ေဈးကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းအေနျဖင့္ သရက္သီးအႏွစ္ ျပဳလုပ္ျခင္း ႏွင့္ပတ္သက္၍ စံခ်ိန္စံႏႈန္းမီစြာထုတ္ လုပ္တင္ပို႔ႏိုင္ရန္ value product Training မ်ား ျပဳလုပ္သင္ ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ႏိုင္ငံေတာ္အေနျဖင့္လည္း ပိုမို ေကာင္းမြန္သည့္ နည္းပညာမ်ား မွ်ေဝေပးျခင္းႏွင့္ ႏိုင္ငံတကာေဈးကြက္သို႔ တင္ပို႔ႏိုင္ေရးအတြက္ ေဈးကြက္သစ္ရွာေဖြေပးျခင္းမ်ား ေဆာင္႐ြက္ေပးေစ လိုေကာင္းလည္း ၎က တိုက္တြန္းေျပာဆိုထားသည္။

Related news

© 2021. All rights reserved.