စစ်ကြောင့် အေးစက်သွားသော ကျုံဒိုးမြို့

 195

သုတကျော် (NP News) - စက်တင်ဘာ ၃ဝ

ကရင်ပြည်နယ်မှကျုံဒိုးမြို့သည် မြို့တည်နေရာအရ အလွန်ပင်နေထိုင်ရန်ကောင်းသော ကြား မြို့တစ်မြို့ ဖြစ်သည်။ မြဝတီနှင့်နီးပြီး ဘားအံနှင့်လည်း အဆက်အသွယ်ကောင်းသည့်အပြင် အခြားမြို့ များနှင့်လည်း လမ်းသင့်သောကြောင့် စီးပွားရေးအရလည်း များစွာအကျိုးဖြစ်ထွန်းသည်။ သို့သော် ယင်း မြို့ကို စစ်မီးရောက်လာရာ ဒေသခံတို့မှာ တိမ်းရှောင်ရ၏။ လက်နက်ကိုင်တို့လည်း မြို့အနီးတွင် ရစ်သီ ခဲ့ကြသည်။ သို့သော် တပ်မတော်က နယ်မြေစိုးမိုးမှုရရှိခဲ့ပြီဖြစ်ရာ လုံခြုံမှုမှာများစွာ မြင့်မားသွားခဲ့ပြီဖြစ် သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - တိုက်ပွဲမဖြစ်ခင် ကျုံဒိုးမြို့အခြေအနေကို အရင်ပြောပြပေးပါလား။ ဟိုးအရင်း မဖွံ့ဖြိုးခင်၊ လမ်း ပန်းဆက်သွယ်ရေး အခုလောက်မကောင်းခင်တုန်း ကအခြေအနေပါ ပြောပြပေးပါလား။
ဖြေ - ကျွန်တော်တို့နဲ့ ကော့ကရိတ်က ဆယ့်ငါးမိုင် ဝေးတာပေါ့နော်။ ကျုံဒုံးမြို့က ကော့ကရိတ်ထက် ပတ်ဝန်းကျင် ကျေးရွာများတာပေါ့နော်။ ဥပမာ အရင် နယ်မြေအေးချမ်းတုန်းက ကျုံဒိုးနဲ့ကော့ကရိတ် မှာဆို ပစ္စည်း၊ ပစ္စယ ရောင်းတာဝယ်တာကအစ ကျုံဒိုးက နည်းနည်းဈေးသက်သာတယ်။ အိမ်ဆောက် ပစ္စည်းသော်လည်းကောင်း၊ စားသောက်ကုန်သော်လည်း ကောင်းပေါ့။ ကျုံဒိုးက တစ်နေ့ကို သင်္ဘော နှစ်စင်းလာတယ်။ မြဝတီကဆင်းလာတဲ့ကားတွေမှန်သမျှက ဘားအံဘက်ကို ဂျိုင်းတံတားမရှိခင်က ကျုံဒိုး ကနေ မော်လမြိုင်ကို သင်္ဘောနဲ့ကူးကြရတယ်။ ကျွန်တော် တို့မြို့မှာ ဧရာဝတီသင်္ဘောတွေက ဂိတ်ဆုံးတယ်။ သူက နေ့စဉ် အတက်အဆင်းပုံမှန်ရှိတယ်။ မြဝတီက ဆင်းတဲ့ကုန်မှန်သမျှကို မော်လမြိုင် ကို သင်္ဘောတွေနဲ့ သွားကြတာပေါ့။ အရင်တုန်းကပေါ့။ ကျုံဒိုးက တော် တော်စည်ခဲ့တာ။
မေး - ပြည်တွင်းသောင်းကျန်းမှု ကာလတုန်းကကော။
ဖြေ - (၉၀)ရှေ့ပိုင်းလောက်ပေါ့။ (၈၈) ပတ်ချာလည် လောက်ကတော့ ကျုံဒိုးမြို့ပတ်ဝန်းကျင်မှာ လက် နက် ကြီးနဲ့ပစ်ခဲ့လို့ ကျွန်တော့်မိဘအိမ်တောင် နှစ်ခါ၊ သုံးခါ လောက်မီးလောင်ဖူးတယ်။ အရင်က လက် နက်ကြီးနဲ့ ပစ်ပစ်ထည့်တော့ နွေရာသီဆိုတော့ မီးလောင်တာပေါ့။ ရဲစခန်းပစ်ရင် ကုန်းတွေ ကျော်ကျ တယ်။ မီး လောင်တယ်။ ပြေးရတာပေါ့။
မေး - အခုချိန်အထိ ကျုံဒိုးမြို့စီးပွားရေးက ဘာများ ဖြစ်မလဲ။
ဖြေ - အဓိကတော့ နယ်စပ်နဲ့မဝေးတော့ မြဝတီဘက် ကဆင်းတဲ့ကုန်တွေဘာတွေနဲ့ အရောင်းအဝယ် လုပ် ပြီး သွားကြလာကြတာပေါ့။ လယ်ယာနဲ့ပတ်သက်တဲ့ ပစ္စည်းဆိုရင်လည်း ဆိုင်တွေပေါ့။ မြဝတီက ကုန်တွေ ကိုအားပြုတာပေါ့။
မေး - ကျုံဒိုးမြို့ရဲ့စီးပွားရေးက ဘယ်အချိန်လောက် မှာ စကျလာပါသလဲ။
ဖြေ - ဖြစ်တာကတော့ (၂၀၂၃)လောက်ကစပြီး ဆင်းလာတာ။ (၂၀၂၃)ခုနှစ် (၃)လပိုင်း (၂၆)ရက် နောက် ပိုင်းဝင်တိုက်ပြီး နောက်ပိုင်းမှာတည်းက အခု ချိန်ထိလောက်ပေါ့။ အဲဒီရှေ့ပိုင်းက တော်တော်ကြီးကို စည် ခဲ့တာ။ အာရှလမ်းမကြီးပွင့်တော့လည်း ကျုံဒိုးမြို့ ကပွင့်သွားတာပေါ့။ လမ်းဧရိယာအကုန် ထပ်ချဲ့ပြီး တော့ မြို့ထဲမှာကို ပေ(၆၀)ကျော်လောက် လမ်းမကြီး ကအလွတ်ပဲ။ အာရှလမ်းမကြီးအတိုင်း ကျုံဒိုး မြို့ထဲကို ဖောက်တာ။ မြို့ရှောင်လမ်းလုပ်ဖို့က ဘေး ဘယ် ညာက ရေနက်ကွင်းနည်းနည်းရှိတော့ ကုန် ကျစရိတ် များမယ်ဆိုပြီး မလုပ်တာ။ မြို့ထဲမှာက လမ်းမက ပေ (၆၀)လောက်ရှိတယ်။
မေး - စီးပွားရေးကျပြီးနောက် မြို့က စွန့်ခွာသူတွေ ရှိလာလား။
ဖြေ - ကျွန်တော်တို့ (၂၀၂၄)နှစ်ဆန်းပိုင်းကစပြီး တော်တော်လေးစွန့်ခွာတယ်။ အခုဆို ဆိုင်ကြီးတွေ တော်တော်များများက မဝင်ရဲကြသေးဘူး။ လယ်ယာ သုံးပစ္စည်းဆိုင်တွေဆို မဝင်ရဲကြသေးဘူး။ ဘားအံ မှာဆင်းဖွင့်တယ်။ ဘားအံ့မြို့နယ်ထဲက ကရင်ပြည် နယ်က လက်ဝှေ့သမားတွေအရမ်းထွက်တဲ့ ရိုးမဟာ ဆိုတဲ့ရွာမှာသွားပြီး ဈေးဖွင့်တယ်။ အဲဒီရွာမှာ တချို့ ဆိုင်တွေသွားဖွင့်တယ်။ ပစ္စည်းတွေ သွားရောင်းကြ တယ်။ အခုထိ ရိုးမဟာမှာနေပြီးတော့ ကျုံဒိုးမြို့ထဲ ပြန်မဝင်တဲ့အဖွဲ့တွေက ရှိနေသေးတယ်။
မေး - ပြည်သူတွေက ဘာလို့ မြို့ကိုစွန့်ပြီး ပြန်မလာ သေးတာလဲ။ ကြောက်လို့လား။ မလုံခြုံတာခံစားရ လို့လား။
ဖြေ - ကော့ကရိတ်လို စိတ်ပူတာ။ ကော့ကရိတ်မှာ ပြည်သူက ပြန်ဝင်သွားတယ်။ လျှပ်တစ်ပြက် သူတို့ က တိုက်ပွဲပြန်ဖော်ဆောင်ရင် မြို့ထဲကလူက အပြင် ပြန်ထွက်လို့မရတော့ဘူး။ ပိတ်သွားရော။ ထွက်လို့မရ၊ ဝင်လို့မရဖြစ်ပြီး စားရေးသောက်ရေး အဆင်မပြေဖြစ် မယ်ဆိုပြီး လန့်ပြီးမဝင်ကြတာ။ ကော့ကရိတ်အခြေ အနေကို နမူနာယူပြီး ကြောက်လို့မဝင်ကြတာ။ ဒါပေ မဲ့ ကျွန်တော်ထင်တယ် ကျွန်တော်တို့မြို့က လေး ထောင်ဝန်းကျင်လောက်ရှိတယ်ဆိုရင် တော်တော် များများ ဝင်ကြပါပြီ။ ရွှေဆိုင် အကုန်မဟုတ်ပေမယ့် တချို့တလေတော့ဝင်ကြပါပြီ။
မေး - မြို့ရဲ့အဆိုးဆုံးအခြေအနေမှာ ဘာတွေကြုံ ရပါသလဲ။
ဖြေ - အဆိုးဆုံးအခြေအနေက (၂၀၂၃)ထဲမှာ အုပ် ချုပ်ရေးမှူးတစ်ယောက်အသတ်ခံရပြီး စ လန့်သွား တာပေါ့။ မြို့ကလေ။ တောနဲ့ဆက်စပ်တဲ့အဖွဲ့တွေက ဝင်ချင်တဲ့အချိန်ဝင်တယ်။ လုံခြုံမှုနည်းတယ်ဆိုတဲ့ ပုံစံမျိုး။ အခုချိန်အထိ အဲဒီကတည်းကစပြီး မြို့ကို ဖိဖိစီး စီးမစိုးမိုးနိုင်ပါဘူး။ သူတို့လာတိုက်တုန်းကလည်း တပ်က (၅၄၅)ရော (၅၄၆)ရော မကျခဲ့ပါဘူး။ အိမ် ခြေ (၂၀)လောက်တော့ သူတို့မီးရှို့သွားတယ်။
မေး - မြို့ကိုဝင်စီးတုန်းကအခြေအနေကို ပြောပြပေးပါလား။
ဖြေ - စဖြစ်တုန်းက မြို့က တော်တော်များများခွာကြတယ်။ မြို့ကိုစီးတာက (၃)လပိုင်း (၂၀) ရက် လောက် မှာဝင်စီးတာ။ (၂၂)ဘီးကားကြီးနဲ့ မြို့လယ်ကောင်ကို ရောက်ချလာ။ (၂၂)ဘီးမှာ အဝတ်တွေက အနက်တွေပေါ့။ DKBA ဝတ်စုံနဲ့ဝင်ချလာတော့ မြို့သူ၊ မြို့သားကလည်း လက်နက်ကိုင်အဖွဲ့နဲ့မစိမ်းတော့ ဘူးလေ။ DKBA တို့၊ BGF တို့ကမစိမ်းတော့ အဲဒါပဲ ထင်လိုက်တာပေါ့။ (၂၂)ဘီးကားပေါ်ကနေ ဆင်းလာ ပြီးတော့ ဟိုပြေး၊ ဒီပြေး ပြေးနေတော့ ရိပ်မိကုန်ကြပြီ။ ရဲစခန်းက မြို့လယ်ကောင်လောက်မှာ ရှိတာ။ ရဲစခန်းကိုစပစ်တာ။ သတင်းတော့ရထားတယ် ထင်တယ်။ တပ်မ(၂၂)က လူ (၃၀) လောက်မှာ အရင်က တည်းက နေရာယူထားတဲ့အတွက် ကံကောင်းသွားတာပေါ့။ နောက် (၅၄၅၊ ၅၄၆)ကလည်း နောက်ချန် အင်အားတွေရှိတယ်ဆိုတော့ အဲဒီမှာ သူတို့ထင်သလို မဖြစ်တာပေါ့။ စခန်းကိုဝင်စီးတယ် မကျဘူး။ (၅၄၅) အနောက်က အထက်တန်းကျောင်း မှာ သူတို့က နေရာယူလိုက်တာပဲ။ နောက် တပ်ကပြန် တိုက် တော့ သူတို့ဆုတ်ကွင်းသာအောင် အိမ်(၂၀)လောက်ကို မီးရှို့သွားတယ်။ သူတို့ အလောင်းတော်တော် ကျန်ခဲ့တယ်။ ကျုံဒိုးမြို့အလယ်ကောင် မိန်းလမ်းမကြီးမှာဆိုရင်လည်း ယူနီဖောင်းနဲ့ အမျိုးသမီးဆိုရင် လမ်းပေါ်ကျန်နေခဲ့တယ်။ မြို့ထဲက ပြန်တဲ့သူတွေက ပစ္စည်းတွေဘာတွေသွားယူတော့ မှတ်ပုံတင် ကောက်လာခဲ့တယ်။ သူက ပဲခူးသူ။ ကောင်မလေးတွေဆိုလည်း ကျပြီးကျန်ခဲ့တယ်။ မိန်းမတွေပါ ပါ တယ်။
မေး - တစ်ဝက်တစ်ပျက်ပဲဝင်နိုင်ခဲ့တာပေါ့။
ဖြေ - နှစ်ပတ်လောက်ပဲ သူတို့နေနိုင်သွားပါတယ်။ တပ်ကလည်း တောက်လျှောက်ခုခံတယ်။ ဘယ်တပ် မှမကျဘူး။ အနားလည်း မကပ်နိုင်ပါဘူး။ ပြန်ထွက်တဲ့အချိန်မှာ နွားခြံကုန်းဆိုတာ ကြားမှာပေါ့။ နွားခြံ ကုန်း ဘက်တို့မှာဆိုရင် လေယာဉ်နဲ့လာပစ်တော့ သူတို့အ လောင်းတွေက ပိုးစိုးပက်စက်ကျန်ခဲ့တာ။ ပြန် ဆုတ်တဲ့ အချိန်မှာလေ။
မေး - သူတို့ အမြတ်ရော အရင်းရော မရတော့တာပေါ့။
ဖြေ - ကျုံဒိုးမြို့က မြစ်ခံထားတော့ ထင်သလို ဝင်လို့ မရဘူး။ ကျွန်တော်တို့ ကျုံဒိုးက နှစ်စဉ် မီးပုံပွဲက လုပ်တယ်လေ။ ဒီလောက် သောင်းကျန်းတာတောင် နှစ်စဉ် မီးပုံပွဲကလုပ်ရတယ်။ ဘယ်လောက်ပဲ သောင်းကျန်းကျန်းပေါ့။ အရင်ခေတ်ကတောင် ဘယ်လောက် သောင်းကျန်း သောင်းကျန်း မီးပုံပွဲကို မနှောင့်ယှက်ရဘူး။ အဲဒီအချိန်မှာ လုံခြုံရေးက သတ်သတ်မှတ်မှတ် မရှိဘူး။ ရဲပဲရှိတယ်။ ငပွေးကလည်း ရဲဘော်ပဲတွေ့ တွေ့၊ တပ်ကိုပဲတွေ့တွေ့ ဘာမှမလုပ်ဘူး။ မနှောင့်ယှက်ဘူး။ (၂၀၂၁) ရှေ့ပိုင်းပေါ့။ ဒီ PDF ဝင်လာတော့မှ သူတို့က ဖျက်ဆီးမယ်ဆိုတော့ ဒီမီးပုံပွဲကို လုပ်မရဘူး။ ကျွန်တော်တို့ နှစ်စဉ် စည်စည် ကားကား မလုပ်ဖြစ်တော့တာက (၂၀၂၂) တည်းကပေါ့။ ရိုးရာ မီးပုံပွဲပဲလုပ်တာပေါ့။ မီးပုံပွဲမှာ မီးညွန့်ကို ကြည့်ပြီး လူကြီးတွေက မြို့အေးချမ်းမယ်၊ မအေးချမ်းဘူး ဆိုတာသိတယ်။ ဝင်စီးမယ့်နှစ်တုန်းကလည်း မြို့တစ်ခုခု ဖြစ်လိမ့်မယ်ဆိုတာ လူကြီးတွေကပြောတယ်။ မီးညွန့်ကို ကြည့်ပြီး သုံးသပ်တာပေါ့။ အရင်နှစ် တွေကတော့ ကိုချစ်သူက တစ်လှည့်၊ ကိုမုတ်သုန်ကတစ်လှည့် စည်စည်ကားကားလုပ်ပါတယ်။ ထိပ် တန်း အဆိုတော်တွေကိုတောင် အခမဲ့ပွဲသွင်းတာ။
မေး - မြို့ကိုဝင်စီးပြီးတဲ့နောက် သူတို့ဆုတ်တော့ ပြန်ဝင်ကြသေးလား။
ဖြေ - ပြန်ဝင်တယ်ဗျ။ ပုံမှန်လိုပြန်ဝင်တယ်။ ပြန် ဖြစ်သွားတယ်။ အခုကော့ကရိတ်ဖြစ်တဲ့နောက်ပိုင်း မှာ လူက ပြန်ခွာသွားတာပေါ့။ (၂၀၂၄)ခုနှစ် (၆)လ နောက်ပိုင်းမှာ ဒရုန်းက တောက်လျှောက်သုံးတော့ မြို့ ဧရိယာပတ်လည်မှာအခြေချထားတော့ လူက တစ်ခါ ပြန်ကြောက်သွားတာ။
မေး - စီးပွားပြန်ကျသွားတာပေါ့။
ဖြေ - ဟုတ်တယ်။ ဈေးပိတ်ထားတာကို (၂၀၂၄) ခုနှစ်ကနေပြီးတော့ အခု ဈေးနည်းနည်းပြန်ဖွင့်ပြီ။ ပြီးခဲ့တဲ့(၆) လပိုင်းအထိတော့ ဈေးမဖွင့်နိုင်ဘူး။
မေး - ကျုံဒိုး-ကော့ကရိတ်လမ်းကို တပ်က ပြန်မဖွင့်ခင်မှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။ ကော့က ရိတ်ဘက်မှာကော ဘယ်လိုအခက်အခဲရှိခဲ့လဲ။
ဖြေ - ကျုံဒိုးမြို့က အဲဒီလမ်းပိတ်ထားလည်း ဘားအံ နဲ့က နေ့တိုင်း ဈေးကားတွေသွားနေတော့ ပြဿနာ မရှိဘူး။ အဓိက ကော့ကရိတ်ပဲ။ တကယ် အရေးပေါ် ဖြစ်ပြီဆို ကော့ကရိတ်က ကျုံဒိုးကိုလာမှီခိုရတာပေါ့ နော်။ ကျုံဒိုးကတော့ အမြဲတမ်း ဘားအံနဲ့ နေ့တိုင်း ကားနဲ့အဆက်အသွယ်ရှိတော့ ကြီးကြီးမားမား ပြဿနာမရှိဘူးဗျ။ ကျုံဒိုးနဲ့ ကော့ကရိတ် (၁၅) မိုင် ကြားကို သူတို့က နေရာဝင်ယူလိုက်တော့ ဘယ်သူမှ အသွားအလာမရှိတော့ မြဝတီဘက်ကိုလည်း သူတို့ ကပိတ်လိုက်တာမှာ ပြည်သူက တော်တော် ဒုက္ခ ရောက်သွားတာ။
မေး - လက်ရှိ ကျုံဒိုးမြို့ရဲ့လုံခြုံမှုက မြင့်တက်နေပြီလို့ ပြောလို့ရမလား။
ဖြေ - အခု ကျွန်တော်တို့ တစ်လခွဲလောက်ရှိပြီ သူတို့ က ကျွန်တော်တို့မြို့ကို ပြန်မပစ်နိုင်တော့ဘူး။ အရင် တုန်းက ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ဒရုန်းနဲ့ဗုံးချတယ်။ ရန်သူ့ဘက်က အခုဆို အနှောင့်အယှက် လာမပေး တော့ပါဘူး။
မေး - အဲဒီဘက်က PDF အဖွဲ့တွေ အခြေအနေက ကော ဘယ်လိုရှိပါသလဲ။
ဖြေ - PDF က ကျွန်တော်တို့ဆီက နယ်မြေခံ PDF မရှိဘူး။ အညာဘက်က PDF တွေပဲ ဖြစ်ဖို့များတယ်။ သူတို့ တော်တော်လာတယ်။ သူတို့က ကရင်နဲ့ ပေါင်း တယ်။ အခုတော့ တော်တော်ငြိမ်သွားတယ်။ ကျွန် တော်တို့ဘက်မှာ ကော့ဝါလဲ ဆရာတော်ဆိုတာ ကျွန် တော်တို့ဘက်ကတော့ ရဟန္တာလို့သမုတ်ထားတာ ပေါ့။ အဲဒီဆရာတော်ကျောင်းဆိုရင် နှစ်စဉ် သံဃာ အပါး သုံးထောင်နဲ့ လေးထောင်ကြားလောက် စာဖြေ အမြဲတမ်းကျင်းပတယ်လေ။ အဲဒီကျောင်းမှာဆိုရင် PDF ၊ KNU က အမြဲတမ်းဝင်တယ်။ ဝင်ရင် ဆရာ တော်ကနေပြီးတော့ သူတို့ကို လက်မခံဘူး။ မင်းတို့ ယူချင်တာယူ၊ စားချင်တာ စား၊ ဘာပေးရမလဲဆိုပြီး ဆရာတော်က တရားသဘောအရ တရားဟောပြီး အမြဲ နှင်နှင်ထုတ်တယ်။ ပထမတော့ သူတို့ စကား နားထောင်တယ်။ နောက်ကျတော့ ဆရာတော် စကား ကို နားမထောင်တော့ဘူး။ ဆရာတော်က နားမ ထောင်တော့ ရှောင်ထွက်သွားပြီးတော့ ဘားအံ တောင်က လေးနားမှာတောင်မှ ကျောင်းတစ် ကျောင်း ပြန်တည်မယ်ထင်တယ်။
မေး - လက်ရှိ ဒေသခံတွေက သူပုန်တွေအပေါ်မှာ သဘောထားဘယ်လိုရှိပါသလဲ။
ဖြေ - ပထမတော့ ဝင်စီးခါစက သူတို့က အသာရပြီး တော့ သူတို့ကဝမ်းသာကြပေမယ့် အခုတော့ စိတ် ကုန်သွားတဲ့သဘောရှိပါတယ်။ နောက်ပိုင်း တောက် လျှောက် ဒီလိုလုပ်လာတယ်လေ။ သူတို့က ဘယ် သူမှ မရွေးတော့ဘူးလေ။ ဒရုန်းက ရပ်ကွက်ထဲလည်းချ တယ်။ ချတာက ရဲစခန်းနဲ့တပ်ဆိုပေမယ့် ရပ်ကွက်ထဲချည်း ကျတာများတာကိုး။ တပ်ထဲမှာကျတာက နည်း တယ်။ မထိသလောက်ပဲ။ လမ်းသွား လမ်းလာတို့၊ ဈေးတို့ကျတော့ နောက်ပိုင်းကျ အမြင်မကြည်တာ ပေါ့။ တော်တော်များများက အမြင် မကြည်တော့ပါဘူး။ အခု တချို့ရွာတွေဆို သတင်းတော်တော် ပေးပါတယ်။ သူတို့ ကပ်လာပြီဆိုရင်လေ။
မေး - ဆိုတော့ ကျုံဒိုးမြို့ခံတွေက စစ်ကိုလန့်သွား တယ်ပြောမလား၊ ကြောက်သွားတယ်ပြောမလား၊ ရွံသွားတယ်ပြောမလား။
ဖြေ - ရွံမုန်းသွားတဲ့သဘောရှိတယ်။ သိတတ်တဲ့ ကလေးကအစ တော်တော်လေးကို ရွံမုန်းတဲ့သဘော ဖြစ်နေပြီ။ နယ်မြေအေးချမ်းပြီးမှ ဒီလိုဖြစ်တယ်၊ ကိုယ့်မျက်စိရှေ့မှာလည်း ဖြစ်တာတွေ၊ သေတာတွေနဲ့ ဆိုတော့ တော်တော်ကိုပဲ ရွံမုန်းတဲ့ပုံစံဖြစ်နေတယ်။ အရင်က အဖွဲ့အစည်းဆိုရင် တော်တော် ချစ်ကြခင် ကြတာကိုး။ အခုက တံဆိပ်တွေနဲ့ပတ်သက်ပြီး တော် တော်ကြောက်သွားတာပေါ့။ တပ်လောက်ပဲ ဦးစား ပေးတယ်။ တော်တော်များများက တပ်ကိုပဲ အလေးထား ကြတယ်။ သိတဲ့သူကလေ။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
စစ္ေၾကာင့္ ေအးစက္သြားေသာ က်ဳံဒိုးၿမိဳ႕
သုတေက်ာ္ (NP News) - စက္တင္ဘာ ၃ဝ
ကရင္ျပည္နယ္မွက်ဳံဒိုးၿမိဳ႕သည္ ၿမိဳ႕တည္ေနရာအရ အလြန္ပင္ေနထိုင္ရန္ေကာင္းေသာ ၾကား ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။ ျမဝတီႏွင့္နီးၿပီး ဘားအံႏွင့္လည္း အဆက္အသြယ္ေကာင္းသည့္အျပင္ အျခားၿမိဳ႕ မ်ားႏွင့္လည္း လမ္းသင့္ေသာေၾကာင့္ စီးပြားေရးအရလည္း မ်ားစြာအက်ိဳးျဖစ္ထြန္းသည္။ သို႔ေသာ္ ယင္း ၿမိဳ႕ကို စစ္မီးေရာက္လာရာ ေဒသခံတို႔မွာ တိမ္းေရွာင္ရ၏။ လက္နက္ကိုင္တို႔လည္း ၿမိဳ႕အနီးတြင္ ရစ္သီ ခဲ့ၾကသည္။ သို႔ေသာ္ တပ္မေတာ္က နယ္ေျမစိုးမိုးမႈရရွိခဲ့ၿပီျဖစ္ရာ လုံၿခဳံမႈမွာမ်ားစြာ ျမင့္မားသြားခဲ့ၿပီျဖစ္ သည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးထံ ဆက္သြယ္ေမးျမန္း ထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - တိုက္ပြဲမျဖစ္ခင္ က်ဳံဒိုးၿမိဳ႕အေျခအေနကို အရင္ေျပာျပေပးပါလား။ ဟိုးအရင္း မဖြံ႕ၿဖိဳးခင္၊ လမ္း ပန္းဆက္သြယ္ေရး အခုေလာက္မေကာင္းခင္တုန္း ကအေျခအေနပါ ေျပာျပေပးပါလား။
ေျဖ - ကြၽန္ေတာ္တို႔နဲ႔ ေကာ့ကရိတ္က ဆယ့္ငါးမိုင္ ေဝးတာေပါ့ေနာ္။ က်ဳံဒုံးၿမိဳ႕က ေကာ့ကရိတ္ထက္ ပတ္ဝန္းက်င္ ေက်း႐ြာမ်ားတာေပါ့ေနာ္။ ဥပမာ အရင္ နယ္ေျမေအးခ်မ္းတုန္းက က်ဳံဒိုးနဲ႔ေကာ့ကရိတ္ မွာဆို ပစၥည္း၊ ပစၥယ ေရာင္းတာဝယ္တာကအစ က်ဳံဒိုးက နည္းနည္းေဈးသက္သာတယ္။ အိမ္ေဆာက္ ပစၥည္းေသာ္လည္းေကာင္း၊ စားေသာက္ကုန္ေသာ္လည္း ေကာင္းေပါ့။ က်ဳံဒိုးက တစ္ေန႔ကို သေဘၤာ ႏွစ္စင္းလာတယ္။ ျမဝတီကဆင္းလာတဲ့ကားေတြမွန္သမွ်က ဘားအံဘက္ကို ဂ်ိဳင္းတံတားမရွိခင္က က်ဳံဒိုး ကေန ေမာ္လၿမိဳင္ကို သေဘၤာနဲ႔ကူးၾကရတယ္။ ကြၽန္ေတာ္ တို႔ၿမိဳ႕မွာ ဧရာဝတီသေဘၤာေတြက ဂိတ္ဆုံးတယ္။ သူက ေန႔စဥ္ အတက္အဆင္းပုံမွန္ရွိတယ္။ ျမဝတီက ဆင္းတဲ့ကုန္မွန္သမွ်ကို ေမာ္လၿမိဳင္ ကို သေဘၤာေတြနဲ႔ သြားၾကတာေပါ့။ အရင္တုန္းကေပါ့။ က်ဳံဒိုးက ေတာ္ ေတာ္စည္ခဲ့တာ။
ေမး - ျပည္တြင္းေသာင္းက်န္းမႈ ကာလတုန္းကေကာ။
ေျဖ - (၉၀)ေရွ႕ပိုင္းေလာက္ေပါ့။ (၈၈) ပတ္ခ်ာလည္ ေလာက္ကေတာ့ က်ဳံဒိုးၿမိဳ႕ပတ္ဝန္းက်င္မွာ လက္ နက္ ႀကီးနဲ႔ပစ္ခဲ့လို႔ ကြၽန္ေတာ့္မိဘအိမ္ေတာင္ ႏွစ္ခါ၊ သုံးခါ ေလာက္မီးေလာင္ဖူးတယ္။ အရင္က လက္ နက္ႀကီးနဲ႔ ပစ္ပစ္ထည့္ေတာ့ ေႏြရာသီဆိုေတာ့ မီးေလာင္တာေပါ့။ ရဲစခန္းပစ္ရင္ ကုန္းေတြ ေက်ာ္က် တယ္။ မီး ေလာင္တယ္။ ေျပးရတာေပါ့။
ေမး - အခုခ်ိန္အထိ က်ဳံဒိုးၿမိဳ႕စီးပြားေရးက ဘာမ်ား ျဖစ္မလဲ။
ေျဖ - အဓိကေတာ့ နယ္စပ္နဲ႔မေဝးေတာ့ ျမဝတီဘက္ ကဆင္းတဲ့ကုန္ေတြဘာေတြနဲ႔ အေရာင္းအဝယ္ လုပ္ ၿပီး သြားၾကလာၾကတာေပါ့။ လယ္ယာနဲ႔ပတ္သက္တဲ့ ပစၥည္းဆိုရင္လည္း ဆိုင္ေတြေပါ့။ ျမဝတီက ကုန္ေတြ ကိုအားျပဳတာေပါ့။
ေမး - က်ဳံဒိုးၿမိဳ႕ရဲ႕စီးပြားေရးက ဘယ္အခ်ိန္ေလာက္ မွာ စက်လာပါသလဲ။
ေျဖ - ျဖစ္တာကေတာ့ (၂၀၂၃)ေလာက္ကစၿပီး ဆင္းလာတာ။ (၂၀၂၃)ခုႏွစ္ (၃)လပိုင္း (၂၆)ရက္ ေနာက္ ပိုင္းဝင္တိုက္ၿပီး ေနာက္ပိုင္းမွာတည္းက အခု ခ်ိန္ထိေလာက္ေပါ့။ အဲဒီေရွ႕ပိုင္းက ေတာ္ေတာ္ႀကီးကို စည္ ခဲ့တာ။ အာရွလမ္းမႀကီးပြင့္ေတာ့လည္း က်ဳံဒိုးၿမိဳ႕ ကပြင့္သြားတာေပါ့။ လမ္းဧရိယာအကုန္ ထပ္ခ်ဲ႕ၿပီး ေတာ့ ၿမိဳ႕ထဲမွာကို ေပ(၆၀)ေက်ာ္ေလာက္ လမ္းမႀကီး ကအလြတ္ပဲ။ အာရွလမ္းမႀကီးအတိုင္း က်ဳံဒိုး ၿမိဳ႕ထဲကို ေဖာက္တာ။ ၿမိဳ႕ေရွာင္လမ္းလုပ္ဖို႔က ေဘး ဘယ္ ညာက ေရနက္ကြင္းနည္းနည္းရွိေတာ့ ကုန္ က်စရိတ္ မ်ားမယ္ဆိုၿပီး မလုပ္တာ။ ၿမိဳ႕ထဲမွာက လမ္းမက ေပ (၆၀)ေလာက္ရွိတယ္။
ေမး - စီးပြားေရးက်ၿပီးေနာက္ ၿမိဳ႕က စြန႔္ခြာသူေတြ ရွိလာလား။
ေျဖ - ကြၽန္ေတာ္တို႔ (၂၀၂၄)ႏွစ္ဆန္းပိုင္းကစၿပီး ေတာ္ေတာ္ေလးစြန႔္ခြာတယ္။ အခုဆို ဆိုင္ႀကီးေတြ ေတာ္ေတာ္မ်ားမ်ားက မဝင္ရဲၾကေသးဘူး။ လယ္ယာ သုံးပစၥည္းဆိုင္ေတြဆို မဝင္ရဲၾကေသးဘူး။ ဘားအံ မွာဆင္းဖြင့္တယ္။ ဘားအံ့ၿမိဳ႕နယ္ထဲက ကရင္ျပည္ နယ္က လက္ေဝွ႔သမားေတြအရမ္းထြက္တဲ့ ႐ိုးမဟာ ဆိုတဲ့႐ြာမွာသြားၿပီး ေဈးဖြင့္တယ္။ အဲဒီ႐ြာမွာ တခ်ိဳ႕ ဆိုင္ေတြသြားဖြင့္တယ္။ ပစၥည္းေတြ သြားေရာင္းၾက တယ္။ အခုထိ ႐ိုးမဟာမွာေနၿပီးေတာ့ က်ဳံဒိုးၿမိဳ႕ထဲ ျပန္မဝင္တဲ့အဖြဲ႕ေတြက ရွိေနေသးတယ္။
ေမး - ျပည္သူေတြက ဘာလို႔ ၿမိဳ႕ကိုစြန႔္ၿပီး ျပန္မလာ ေသးတာလဲ။ ေၾကာက္လို႔လား။ မလုံၿခဳံတာခံစားရ လို႔လား။
ေျဖ - ေကာ့ကရိတ္လို စိတ္ပူတာ။ ေကာ့ကရိတ္မွာ ျပည္သူက ျပန္ဝင္သြားတယ္။ လွ်ပ္တစ္ျပက္ သူတို႔ က တိုက္ပြဲျပန္ေဖာ္ေဆာင္ရင္ ၿမိဳ႕ထဲကလူက အျပင္ ျပန္ထြက္လို႔မရေတာ့ဘူး။ ပိတ္သြားေရာ။ ထြက္လို႔မရ၊ ဝင္လို႔မရျဖစ္ၿပီး စားေရးေသာက္ေရး အဆင္မေျပျဖစ္ မယ္ဆိုၿပီး လန႔္ၿပီးမဝင္ၾကတာ။ ေကာ့ကရိတ္အေျခ အေနကို နမူနာယူၿပီး ေၾကာက္လို႔မဝင္ၾကတာ။ ဒါေပ မဲ့ ကြၽန္ေတာ္ထင္တယ္ ကြၽန္ေတာ္တို႔ၿမိဳ႕က ေလး ေထာင္ဝန္းက်င္ေလာက္ရွိတယ္ဆိုရင္ ေတာ္ေတာ္ မ်ားမ်ား ဝင္ၾကပါၿပီ။ ေ႐ႊဆိုင္ အကုန္မဟုတ္ေပမယ့္ တခ်ိဳ႕တေလေတာ့ဝင္ၾကပါၿပီ။
ေမး - ၿမိဳ႕ရဲ႕အဆိုးဆုံးအေျခအေနမွာ ဘာေတြႀကဳံ ရပါသလဲ။
ေျဖ - အဆိုးဆုံးအေျခအေနက (၂၀၂၃)ထဲမွာ အုပ္ ခ်ဳပ္ေရးမႉးတစ္ေယာက္အသတ္ခံရၿပီး စ လန႔္သြား တာေပါ့။ ၿမိဳ႕ကေလ။ ေတာနဲ႔ဆက္စပ္တဲ့အဖြဲ႕ေတြက ဝင္ခ်င္တဲ့အခ်ိန္ဝင္တယ္။ လုံၿခဳံမႈနည္းတယ္ဆိုတဲ့ ပုံစံမ်ိဳး။ အခုခ်ိန္အထိ အဲဒီကတည္းကစၿပီး ၿမိဳ႕ကို ဖိဖိစီး စီးမစိုးမိုးႏိုင္ပါဘူး။ သူတို႔လာတိုက္တုန္းကလည္း တပ္က (၅၄၅)ေရာ (၅၄၆)ေရာ မက်ခဲ့ပါဘူး။ အိမ္ ေျခ (၂၀)ေလာက္ေတာ့ သူတို႔မီးရႈိ႕သြားတယ္။
ေမး - ၿမိဳ႕ကိုဝင္စီးတုန္းကအေျခအေနကို ေျပာျပေပးပါလား။
ေျဖ - စျဖစ္တုန္းက ၿမိဳ႕က ေတာ္ေတာ္မ်ားမ်ားခြာၾကတယ္။ ၿမိဳ႕ကိုစီးတာက (၃)လပိုင္း (၂၀) ရက္ ေလာက္ မွာဝင္စီးတာ။ (၂၂)ဘီးကားႀကီးနဲ႔ ၿမိဳ႕လယ္ေကာင္ကို ေရာက္ခ်လာ။ (၂၂)ဘီးမွာ အဝတ္ေတြက အနက္ေတြေပါ့။ DKBA ဝတ္စုံနဲ႔ဝင္ခ်လာေတာ့ ၿမိဳ႕သူ၊ ၿမိဳ႕သားကလည္း လက္နက္ကိုင္အဖြဲ႕နဲ႔မစိမ္းေတာ့ ဘူးေလ။ DKBA တို႔၊ BGF တို႔ကမစိမ္းေတာ့ အဲဒါပဲ ထင္လိုက္တာေပါ့။ (၂၂)ဘီးကားေပၚကေန ဆင္းလာ ၿပီးေတာ့ ဟိုေျပး၊ ဒီေျပး ေျပးေနေတာ့ ရိပ္မိကုန္ၾကၿပီ။ ရဲစခန္းက ၿမိဳ႕လယ္ေကာင္ေလာက္မွာ ရွိတာ။ ရဲစခန္းကိုစပစ္တာ။ သတင္းေတာ့ရထားတယ္ ထင္တယ္။ တပ္မ(၂၂)က လူ (၃၀) ေလာက္မွာ အရင္က တည္းက ေနရာယူထားတဲ့အတြက္ ကံေကာင္းသြားတာေပါ့။ ေနာက္ (၅၄၅၊ ၅၄၆)ကလည္း ေနာက္ခ်န္ အင္အားေတြရွိတယ္ဆိုေတာ့ အဲဒီမွာ သူတို႔ထင္သလို မျဖစ္တာေပါ့။ စခန္းကိုဝင္စီးတယ္ မက်ဘူး။ (၅၄၅) အေနာက္က အထက္တန္းေက်ာင္း မွာ သူတို႔က ေနရာယူလိုက္တာပဲ။ ေနာက္ တပ္ကျပန္ တိုက္ ေတာ့ သူတို႔ဆုတ္ကြင္းသာေအာင္ အိမ္(၂၀)ေလာက္ကို မီးရႈိ႕သြားတယ္။ သူတို႔ အေလာင္းေတာ္ေတာ္ က်န္ခဲ့တယ္။ က်ဳံဒိုးၿမိဳ႕အလယ္ေကာင္ မိန္းလမ္းမႀကီးမွာဆိုရင္လည္း ယူနီေဖာင္းနဲ႔ အမ်ိဳးသမီးဆိုရင္ လမ္းေပၚက်န္ေနခဲ့တယ္။ ၿမိဳ႕ထဲက ျပန္တဲ့သူေတြက ပစၥည္းေတြဘာေတြသြားယူေတာ့ မွတ္ပုံတင္ ေကာက္လာခဲ့တယ္။ သူက ပဲခူးသူ။ ေကာင္မေလးေတြဆိုလည္း က်ၿပီးက်န္ခဲ့တယ္။ မိန္းမေတြပါ ပါ တယ္။
ေမး - တစ္ဝက္တစ္ပ်က္ပဲဝင္ႏိုင္ခဲ့တာေပါ့။
ေျဖ - ႏွစ္ပတ္ေလာက္ပဲ သူတို႔ေနႏိုင္သြားပါတယ္။ တပ္ကလည္း ေတာက္ေလွ်ာက္ခုခံတယ္။ ဘယ္တပ္ မွမက်ဘူး။ အနားလည္း မကပ္ႏိုင္ပါဘူး။ ျပန္ထြက္တဲ့အခ်ိန္မွာ ႏြားၿခံကုန္းဆိုတာ ၾကားမွာေပါ့။ ႏြားၿခံ ကုန္း ဘက္တို႔မွာဆိုရင္ ေလယာဥ္နဲ႔လာပစ္ေတာ့ သူတို႔အ ေလာင္းေတြက ပိုးစိုးပက္စက္က်န္ခဲ့တာ။ ျပန္ ဆုတ္တဲ့ အခ်ိန္မွာေလ။
ေမး - သူတို႔ အျမတ္ေရာ အရင္းေရာ မရေတာ့တာေပါ့။
ေျဖ - က်ဳံဒိုးၿမိဳ႕က ျမစ္ခံထားေတာ့ ထင္သလို ဝင္လို႔ မရဘူး။ ကြၽန္ေတာ္တို႔ က်ဳံဒိုးက ႏွစ္စဥ္ မီးပုံပြဲက လုပ္တယ္ေလ။ ဒီေလာက္ ေသာင္းက်န္းတာေတာင္ ႏွစ္စဥ္ မီးပုံပြဲကလုပ္ရတယ္။ ဘယ္ေလာက္ပဲ ေသာင္းက်န္းက်န္းေပါ့။ အရင္ေခတ္ကေတာင္ ဘယ္ေလာက္ ေသာင္းက်န္း ေသာင္းက်န္း မီးပုံပြဲကို မေႏွာင့္ယွက္ရဘူး။ အဲဒီအခ်ိန္မွာ လုံၿခဳံေရးက သတ္သတ္မွတ္မွတ္ မရွိဘူး။ ရဲပဲရွိတယ္။ ငေပြးကလည္း ရဲေဘာ္ပဲေတြ႕ ေတြ႕၊ တပ္ကိုပဲေတြ႕ေတြ႕ ဘာမွမလုပ္ဘူး။ မေႏွာင့္ယွက္ဘူး။ (၂၀၂၁) ေရွ႕ပိုင္းေပါ့။ ဒီ PDF ဝင္လာေတာ့မွ သူတို႔က ဖ်က္ဆီးမယ္ဆိုေတာ့ ဒီမီးပုံပြဲကို လုပ္မရဘူး။ ကြၽန္ေတာ္တို႔ ႏွစ္စဥ္ စည္စည္ ကားကား မလုပ္ျဖစ္ေတာ့တာက (၂၀၂၂) တည္းကေပါ့။ ႐ိုးရာ မီးပုံပြဲပဲလုပ္တာေပါ့။ မီးပုံပြဲမွာ မီးၫြန႔္ကို ၾကည့္ၿပီး လူႀကီးေတြက ၿမိဳ႕ေအးခ်မ္းမယ္၊ မေအးခ်မ္းဘူး ဆိုတာသိတယ္။ ဝင္စီးမယ့္ႏွစ္တုန္းကလည္း ၿမိဳ႕တစ္ခုခု ျဖစ္လိမ့္မယ္ဆိုတာ လူႀကီးေတြကေျပာတယ္။ မီးၫြန႔္ကို ၾကည့္ၿပီး သုံးသပ္တာေပါ့။ အရင္ႏွစ္ ေတြကေတာ့ ကိုခ်စ္သူက တစ္လွည့္၊ ကိုမုတ္သုန္ကတစ္လွည့္ စည္စည္ကားကားလုပ္ပါတယ္။ ထိပ္ တန္း အဆိုေတာ္ေတြကိုေတာင္ အခမဲ့ပြဲသြင္းတာ။
ေမး - ၿမိဳ႕ကိုဝင္စီးၿပီးတဲ့ေနာက္ သူတို႔ဆုတ္ေတာ့ ျပန္ဝင္ၾကေသးလား။
ေျဖ - ျပန္ဝင္တယ္ဗ်။ ပုံမွန္လိုျပန္ဝင္တယ္။ ျပန္ ျဖစ္သြားတယ္။ အခုေကာ့ကရိတ္ျဖစ္တဲ့ေနာက္ပိုင္း မွာ လူက ျပန္ခြာသြားတာေပါ့။ (၂၀၂၄)ခုႏွစ္ (၆)လ ေနာက္ပိုင္းမွာ ဒ႐ုန္းက ေတာက္ေလွ်ာက္သုံးေတာ့ ၿမိဳ႕ ဧရိယာပတ္လည္မွာအေျခခ်ထားေတာ့ လူက တစ္ခါ ျပန္ေၾကာက္သြားတာ။
ေမး - စီးပြားျပန္က်သြားတာေပါ့။
ေျဖ - ဟုတ္တယ္။ ေဈးပိတ္ထားတာကို (၂၀၂၄) ခုႏွစ္ကေနၿပီးေတာ့ အခု ေဈးနည္းနည္းျပန္ဖြင့္ၿပီ။ ၿပီးခဲ့တဲ့(၆) လပိုင္းအထိေတာ့ ေဈးမဖြင့္ႏိုင္ဘူး။
ေမး - က်ဳံဒိုး-ေကာ့ကရိတ္လမ္းကို တပ္က ျပန္မဖြင့္ခင္မွာ ဘယ္လိုအခက္အခဲေတြရွိခဲ့လဲ။ ေကာ့က ရိတ္ဘက္မွာေကာ ဘယ္လိုအခက္အခဲရွိခဲ့လဲ။
ေျဖ - က်ဳံဒိုးၿမိဳ႕က အဲဒီလမ္းပိတ္ထားလည္း ဘားအံ နဲ႔က ေန႔တိုင္း ေဈးကားေတြသြားေနေတာ့ ျပႆနာ မရွိဘူး။ အဓိက ေကာ့ကရိတ္ပဲ။ တကယ္ အေရးေပၚ ျဖစ္ၿပီဆို ေကာ့ကရိတ္က က်ဳံဒိုးကိုလာမွီခိုရတာေပါ့ ေနာ္။ က်ဳံဒိုးကေတာ့ အၿမဲတမ္း ဘားအံနဲ႔ ေန႔တိုင္း ကားနဲ႔အဆက္အသြယ္ရွိေတာ့ ႀကီးႀကီးမားမား ျပႆနာမရွိဘူးဗ်။ က်ဳံဒိုးနဲ႔ ေကာ့ကရိတ္ (၁၅) မိုင္ ၾကားကို သူတို႔က ေနရာဝင္ယူလိုက္ေတာ့ ဘယ္သူမွ အသြားအလာမရွိေတာ့ ျမဝတီဘက္ကိုလည္း သူတို႔ ကပိတ္လိုက္တာမွာ ျပည္သူက ေတာ္ေတာ္ ဒုကၡ ေရာက္သြားတာ။
ေမး - လက္ရွိ က်ဳံဒိုးၿမိဳ႕ရဲ႕လုံၿခဳံမႈက ျမင့္တက္ေနၿပီလို႔ ေျပာလို႔ရမလား။
ေျဖ - အခု ကြၽန္ေတာ္တို႔ တစ္လခြဲေလာက္ရွိၿပီ သူတို႔ က ကြၽန္ေတာ္တို႔ၿမိဳ႕ကို ျပန္မပစ္ႏိုင္ေတာ့ဘူး။ အရင္ တုန္းက ေရွာ့တိုက္ဒုံးနဲ႔ပစ္တယ္။ ဒ႐ုန္းနဲ႔ဗုံးခ်တယ္။ ရန္သူ႔ဘက္က အခုဆို အေႏွာင့္အယွက္ လာမေပး ေတာ့ပါဘူး။
ေမး - အဲဒီဘက္က PDF အဖြဲ႕ေတြ အေျခအေနက ေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - PDF က ကြၽန္ေတာ္တို႔ဆီက နယ္ေျမခံ PDF မရွိဘူး။ အညာဘက္က PDF ေတြပဲ ျဖစ္ဖို႔မ်ားတယ္။ သူတို႔ ေတာ္ေတာ္လာတယ္။ သူတို႔က ကရင္နဲ႔ ေပါင္း တယ္။ အခုေတာ့ ေတာ္ေတာ္ၿငိမ္သြားတယ္။ ကြၽန္ ေတာ္တို႔ဘက္မွာ ေကာ့ဝါလဲ ဆရာေတာ္ဆိုတာ ကြၽန္ ေတာ္တို႔ဘက္ကေတာ့ ရဟႏၲာလို႔သမုတ္ထားတာ ေပါ့။ အဲဒီဆရာေတာ္ေက်ာင္းဆိုရင္ ႏွစ္စဥ္ သံဃာ အပါး သုံးေထာင္နဲ႔ ေလးေထာင္ၾကားေလာက္ စာေျဖ အၿမဲတမ္းက်င္းပတယ္ေလ။ အဲဒီေက်ာင္းမွာဆိုရင္ PDF ၊ KNU က အၿမဲတမ္းဝင္တယ္။ ဝင္ရင္ ဆရာ ေတာ္ကေနၿပီးေတာ့ သူတို႔ကို လက္မခံဘူး။ မင္းတို႔ ယူခ်င္တာယူ၊ စားခ်င္တာ စား၊ ဘာေပးရမလဲဆိုၿပီး ဆရာေတာ္က တရားသေဘာအရ တရားေဟာၿပီး အၿမဲ ႏွင္ႏွင္ထုတ္တယ္။ ပထမေတာ့ သူတို႔ စကား နားေထာင္တယ္။ ေနာက္က်ေတာ့ ဆရာေတာ္ စကား ကို နားမေထာင္ေတာ့ဘူး။ ဆရာေတာ္က နားမ ေထာင္ေတာ့ ေရွာင္ထြက္သြားၿပီးေတာ့ ဘားအံ ေတာင္က ေလးနားမွာေတာင္မွ ေက်ာင္းတစ္ ေက်ာင္း ျပန္တည္မယ္ထင္တယ္။
ေမး - လက္ရွိ ေဒသခံေတြက သူပုန္ေတြအေပၚမွာ သေဘာထားဘယ္လိုရွိပါသလဲ။
ေျဖ - ပထမေတာ့ ဝင္စီးခါစက သူတို႔က အသာရၿပီး ေတာ့ သူတို႔ကဝမ္းသာၾကေပမယ့္ အခုေတာ့ စိတ္ ကုန္သြားတဲ့သေဘာရွိပါတယ္။ ေနာက္ပိုင္း ေတာက္ ေလွ်ာက္ ဒီလိုလုပ္လာတယ္ေလ။ သူတို႔က ဘယ္ သူမွ မေ႐ြးေတာ့ဘူးေလ။ ဒ႐ုန္းက ရပ္ကြက္ထဲလည္းခ် တယ္။ ခ်တာက ရဲစခန္းနဲ႔တပ္ဆိုေပမယ့္ ရပ္ကြက္ထဲခ်ည္း က်တာမ်ားတာကိုး။ တပ္ထဲမွာက်တာက နည္း တယ္။ မထိသေလာက္ပဲ။ လမ္းသြား လမ္းလာတို႔၊ ေဈးတို႔က်ေတာ့ ေနာက္ပိုင္းက် အျမင္မၾကည္တာ ေပါ့။ ေတာ္ေတာ္မ်ားမ်ားက အျမင္ မၾကည္ေတာ့ပါဘူး။ အခု တခ်ိဳ႕႐ြာေတြဆို သတင္းေတာ္ေတာ္ ေပးပါတယ္။ သူတို႔ ကပ္လာၿပီဆိုရင္ေလ။
ေမး - ဆိုေတာ့ က်ဳံဒိုးၿမိဳ႕ခံေတြက စစ္ကိုလန႔္သြား တယ္ေျပာမလား၊ ေၾကာက္သြားတယ္ေျပာမလား၊ ႐ြံသြားတယ္ေျပာမလား။
ေျဖ - ႐ြံမုန္းသြားတဲ့သေဘာရွိတယ္။ သိတတ္တဲ့ ကေလးကအစ ေတာ္ေတာ္ေလးကို ႐ြံမုန္းတဲ့သေဘာ ျဖစ္ေနၿပီ။ နယ္ေျမေအးခ်မ္းၿပီးမွ ဒီလိုျဖစ္တယ္၊ ကိုယ့္မ်က္စိေရွ႕မွာလည္း ျဖစ္တာေတြ၊ ေသတာေတြနဲ႔ ဆိုေတာ့ ေတာ္ေတာ္ကိုပဲ ႐ြံမုန္းတဲ့ပုံစံျဖစ္ေနတယ္။ အရင္က အဖြဲ႕အစည္းဆိုရင္ ေတာ္ေတာ္ ခ်စ္ၾကခင္ ၾကတာကိုး။ အခုက တံဆိပ္ေတြနဲ႔ပတ္သက္ၿပီး ေတာ္ ေတာ္ေၾကာက္သြားတာေပါ့။ တပ္ေလာက္ပဲ ဦးစား ေပးတယ္။ ေတာ္ေတာ္မ်ားမ်ားက တပ္ကိုပဲ အေလးထား ၾကတယ္။ သိတဲ့သူကေလ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.