“တချို့ ရွာတွေဆို ပါတီဝင်တယ်ဆိုတာတောင် အပြောမခံဘူး”

324

သက်ပိုင် (NP News) - စက်တင်ဘာ ၃ဝ
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီသည် (၂၀၂၃) ခုနှစ် ဇွန်လ (၉) ရက်တွင် မှတ်ပုံတင်အမှတ် (၂၅) ဖြင့်ခွင့်ပြုခဲ့သော ပါတီတစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင်အခြေစိုက်သည့် ပါတီ တစ်ခုဖြစ်ကာ လာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခု လည်းဖြစ်သည်။ အဆိုပါ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့်ပတ်သက်၍ ပါတီ၏မူဝါဒ၊ အနာဂတ်ရည်မှန်း ချက်များနှင့် ရွေးကောက်ပွဲ အတွက် ကြိုးပမ်းအားထုတ်ရာတွင်တွေ့ကြုံရမှုများနှင့်ပတ်သက်၍ ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါ သည်။
မေး ။ လာမယ့်ရွေးကောက်ပွဲအပေါ်ထားရှိတဲ့ ပါတီ ရဲ့မူဝါဒကို သိလိုပါတယ်။
ဖြေ ။ ရွေးကောက်ပွဲပေါ်မူဝါဒကတော့ ရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်သွားဖို့ရှိတာပေါ့နော်။ ကျွန်မ တို့က ဒီရွေးကောက်ပွဲဟာ မြန်မာပြည်မှာ ဖြစ်သင့်တယ်လို့ထင်လို့ပေါ့နော်။ ကျွန်မတို့ ထောက်ခံပြီးတော့ ဝင်ပြိုင်တာပါ။ အခုတိုင်းပြည်က မငြိမ်မသက် ဖြစ်နေတယ်လေ။ ဒီတော့ ရွေးကောက်ပွဲပြီးတော့မှ တက် လာတဲ့အစိုးရက လွှတ်တော်ဖြစ်မယ်။ လွှတ်တော်ကနေတစ်ဆင့် မကျေမနပ်ဖြစ်နေတဲ့သူတွေနဲ့ စားပွဲ ဝိုင်းမှာ ငြိမ်းချမ်းရေးကိုသွားချင်တဲ့ဆန္ဒရှိပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကို ဝင်ပြိုင်ရခြင်းဖြစ် ပါတယ်။
မေး။ အခုကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ ထင်ပါသလား။
ဖြေ။ ထင်ပါတယ်။ လူကြီးတွေကတော့ ကောင်းအောင် လုပ်တယ်လို့တော့ နားလည်လက်ခံပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့အခြေအနေအရ မငြိမ်းချမ်းတဲ့နေရာတွေမှာလည်း အတော်ကို မငြိမ်းချမ်းကြဘူး ပေါ့နော်။ ဒါပေမဲ့ ကျွန်မကတော့ ဘာကိုစိတ်ပူလဲဆိုတော့ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ဘယ်လောက် ပဲ စည်းကမ်းတွေကျပ်တယ်ပဲပြောပြော မဲပေးတဲ့သူတွေရဲ့လုံခြုံရေးကိုတော့ အများကြီး စိတ်ပူတယ်။ UEC နဲ့ အစည်းအဝေးလုပ်တော့လည်း ဒါကိုပဲ ကျွန်မကပြောခဲ့တာ။ များသောအားဖြင့်ကတော့ ကိုယ့် ပါတီရဲ့အခက်အခဲတွေကို တင်ပြကြတာပေါ့နော်။ မဲပေးတဲ့သူတွေကို စိတ်ပူတယ်။ တစ်ခုခုဖြစ်သွားကြ မှာကို စိတ်ပူတာပေါ့နော်။ လုံခြုံရေးကို တကယ်ပဲ ပြည့်ပြည့်ဝဝပေးနိုင်မလားဆိုတာကိုလည်း စိတ်ပူ တယ်။
မေး။ UEC ကချမှတ်ထားတဲ့စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့ပါသ လဲ။
ဖြေ။ ကျွန်မတို့ပါတီက ပဲခူးတိုင်းကိုတာဝန်ယူထားတယ်။ ပဲခူးတိုင်းမှာပဲအခြေချထားတယ်။ ဒီတော့ တစ် ပြည်လုံးအတိုင်းအတာနဲ့လူတွေလိုတော့ အတွေ့အ ကြုံမရှိပါဘူး။ သူတို့ ဘာအခက်အခဲတွေတွေ့လဲ တော့ ကျွန်မ မသိဘူး။ ကျွန်မတို့ ပဲခူးတိုင်းဧရိယာဆိုတာကလည်း အရှေ့အနောက်ဆိုရင် တော်တော် များတယ်လေ။ (၂၈)မြို့နယ်တောင်ရှိတယ်။ အထူးသဖြင့် အရှေ့ပိုင်းမှာလည်းမငြိမ်သက်ဘူး။ နောက်ပြီး ပဲခူးရိုးမနဲ့ ကပ်နေတဲ့အခါကျတော့ အနောက်ပိုင်းမှာလည်း မငြိမ်သက်ဘူး။ အဲဒီတော့ မငြိမ်မသက်တဲ့ ကြားထဲကနေပြီးတော့ တော်တော်လေးကို အလုပ်လုပ်ခဲ့ရတာပေါ့။ အလုပ်လုပ်တဲ့အခါမှာ အဓိကက တော့ ပထမဆုံးလူတွေကိုရှာတာပေါ့နော်။ ကျွန်မကတော့ ရွာ (၃၂၅)ရွာကို အရင်ရွေးကောက်ပွဲတုန်းက ကိုယ်တိုင် ဆိုင်ကယ်စီးပြီးသွားစည်းရုံးဖူးတော့ အားလုံးနဲ့တော့ သိတယ်။ အဲဒီမှာလူတွေက ကျွန်မကို လည်းသဘောကျတယ်။ သူတို့အပေါ်မှာ စေတနာထားတယ်ဆိုတာကိုလည်း နားလည်တယ်။ သို့သော် လည်း ဘာအခက်အခဲဖြစ်လဲဆိုတော့ တချို့ရွာတွေဆိုရင် ပါတီဝင်တယ်ဆိုတာတောင် အပြောမခံဘူး။ အခုနောက်ဆုံးအခက် အခဲက အမတ်လောင်းပါ။ ကျွန်မတို့က အမတ် လောင်းလုပ်မယ့်သူတွေကို ဆွေ မျိုးသားချင်းလိုဖြစ် နေတဲ့အတွက်သာရခဲ့တာ။ ရပြီးတော့မှ တစ်ပြည်လုံး ပါတီတွေမှာလည်း အခက်အခဲ ဖြစ်ကြလို့ ဖြေလျှော့တာတွေလုပ်လိုက်ရတယ်လို့လည်းသိရတယ်။ ဒါပေမဲ့ ကျွန်မကတော့ အချိန်မီ အ မတ်လောင်း (၈၂) ယောက်တင်သွင်းနိုင်ခဲ့တယ်။ ဆိုတော့ တကယ်တမ်း မြေပြင်မှာလုပ်လိုက်တဲ့အခါ ကျတော့ အခက်အခဲတွေ ကတော့အများကြီးပေါ့နော်။ ဒီလုံခြုံရေးကြောင့် အသက်ကိုဖက်နဲ့ထုပ်ပြီး အလုပ်လုပ်ခဲ့ကြရတာပေါ့။ကျွန်မတို့ကတော့ ကံကောင်းတယ်ပေါ့နော်။ ပဲခူးတိုင်းတစ်ခုတည်းကို ကိုယ် စားလှယ်လောင်း (၈၂)ယောက်လောက်ရခဲ့တာပေါ့။
မေး ။ ပဲခူးတိုင်းက မဲဆန္ဒနယ်ဘယ်နှခုလောက်မှာ ပြိုင်ဖို့ရှိပါသလဲ။
ဖြေ ။ ပဲခူးတိုင်းက မဲဆန္ဒနယ်အားလုံးမှာ ပြိုင်သွားမှာပါ။ ရုံးကပြောသလောက်တော့ ပဲခူးတိုင်းမှာ အ မတ်ဦးရေ အများဆုံးရထားတယ်လို့တော့သိရတယ်။ လူဦးရေကတော့ မဲရွေးတဲ့အခါကျမှ သိမှာပေါ့နော်။
မေး။ လာမယ့်ရွေးကောက်ပွဲမှာ PR စနစ်နဲ့ FPTP စနစ်ရောထားတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ပထမကတော့ အံ့ဩတယ်။ အခက်အခဲဖြစ်မယ်လို့ထင်တာပေါ့နော်။ ဒါပေမဲ့ သေသေချာချာ မြေ ပြင်ကိုဆင်းပြီးအလုပ်လုပ်ရတဲ့အခါ ဘာကိုမြင်လာလဲဆိုတော့ လူကြီးတွေရဲ့စိတ်စေတနာကိုမြင်ရတယ်။ အရင်တုန်းကဆိုရင် ပြည်ခိုင်ဖြိုးဆိုရင် ပြည်ခိုင်ဖြိုး တစ်ခုတည်းပဲ လွှတ်တော်ကြီးကိုအုပ်ထားတာ။ NLD ဆိုရင်လည်း NLD တက်တယ်။ သူချည်းပဲ အုပ်ထားတယ်။ တစ်ပါတီကနေပြီးတော့ အုပ်ထားတဲ့ ပုံစံဖြစ် တယ်။ အခုဟာကတော့ နှစ်ခုရောလိုက်တဲ့အတွက် လွှတ်တော်ထဲမှာ ပါတီအစုံပါလာလိမ့်မယ်လို့ မြင်ပါ တယ်။ ပါတီငယ်လေးတွေ အစုံပါလာတဲ့အခါကျတော့ အလုပ်လုပ်တဲ့အခါမှာ လက်ဝါးကြီးအုပ်တဲ့ပုံစံမျိုး မဖြစ်နိုင်ဘူးလို့တော့ ကျွန်မမြင်ပါတယ်။ သိပ်ပြီး မသိတဲ့အခါတုန်းကတော့ တစ်မျိုးထင်စရာဖြစ်ခဲ့တာ ပေါ့။
မေး။ လက်ရှိမှာ ပါတီအတွက် ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိနေပါလဲ။
ဖြေ။ အခက်အခဲကတော့ အများကြီးရှိပါတယ်။ (၁)အချက်ကတော့ လုံခြုံရေးပေါ့နော်။ နောက်(၂)အချက်က အမတ်လောင်းတွေကိုခေါ်တဲ့အခါမှာ အမတ်လောင်းတွေရဲ့အိမ်တွေက ဆူပူတဲ့သူ တွေ ကြောက်လို့ဆိုပြီးတော့ မလိုက်ရဲတာတွေ အများကြီးပါပဲ။ အရမ်းစေတနာရှိတယ် ပါတီကို လည်း အရမ်း သဘောကျတယ်ဆိုပေမယ့်ပေါ့နော်။ ပဲခူးတိုင်း နတ်တလင်းမှာဆိုရင်လည်း ကျွန်မက လူမှုရေး အရ လယ်သမားအရေးတွေကို လိုက်ပြီးကူညီပေးနေတာဆိုတော့ အမေကြီးလိုလည်းဖြစ်နေတာပေါ့ နော်။ ဒါပေမဲ့ မြေပြင်ကိုဆင်းလိုက်တဲ့အခါမှာ လယ်သမားတွေက အရမ်းချစ်တယ်။ အရမ်း စေတနာ ရှိ ပေမယ့် တစ်ဖက်ကလည်း ဆူပူတဲ့သူတွေကိုလည်း ကြောက်နေကြရတယ်။ ဒါတွေကိုလည်း ကျွန်မတို့က နားလည်ပေးရတယ်။ ဆူပူတဲ့သူတွေက အဲဒီရွာတွေမှာနေတော့ သူတို့ရဲ့လုံခြုံရေးကို ဘယ်လိုလုပ်ရမှာ လဲ။ သူတို့ရဲ့ လုံခြုံရေးကို ဘယ်သူကနေပြီးတော့ အာမခံမှာတုံး။ အခုအမတ်လောင်းဝင်ပြိုင်မယ်။ မနက်ဖြန်ကျရင် ဝင် မပြိုင်တော့ဘူး ကြောက်တယ်ဆိုတာမျိုးတွေ ဖြစ်နေ တာပေါ့။ လုံခြုံရေးအရ၊ လုံခြုံ မှုမရှိဘူးဆိုတဲ့အတိုင်း သူတို့တွေက ကြောက်နေရတာပေါ့။ ဒီလိုတွေအများ ကြီးကြုံတွေ့ခဲ့ရပေမယ့် ကျွန်မကတော့ လုပ်နိုင်ခဲ့ တယ်ပေါ့လေ။ ကျွန်မက ပဲခူးတိုင်းမှာ ရွေးကောက်ပွဲ သုံးကြိမ် တိတိဝင်ပြိုင်ခဲ့ တယ်။ တစ်ခါမှ မနိုင်ဖူးခဲ့ဘူး ဆိုပေမယ့်လည်း ရွာပေါင်း(၃၂၅)ရွာကိုရောက်တဲ့အ တွက် အားလုံးရဲ့ ဆွေ မျိုးလိုဖြစ်နေတယ်။ ရှင်းရှင်း ပြောရရင် လူမဟုတ်ဘူး။ ခွေးပါသိနေတယ်လေ။ ကြိုးစားပမ်းစားတော့ လုပ်တာပေါ့။ အဓိကကတော့ လွှတ်တော်ထဲကိုရောက်ပြီး ပြည်သူတွေအတွက် လုပ် ပေးနိုင်ဖို့အတွက် ပါပဲ။
မေး။ လွှတ်တော်ထဲကိုရောက်ခဲ့ရင်ကော ဘယ်အရာ ကို အရင်ဆုံးလုပ်သွားမှာပါလဲ။
ဖြေ ။ လွှတ်တော်မှာက လုပ်စရာတွေအများကြီးရှိတယ်။ အဓိကရည်မှန်းချက်ကတော့ ငြိမ်းချမ်းရေး လုပ်ချင်တယ်။ တိုင်းပြည်မှာ မငြိမ်းချမ်းရင် ဘာကိုတိုးတက် အောင်လုပ်မလဲ စီးပွားရေးလား၊ ဘာလဲ၊ ဘာကိုမှ တိုးတက်အောင်လုပ်လို့မရနိုင်ဘူး။ ဒီမငြိမ်းချမ်းတာကြီး တစ်ခုက အားလုံးအတွက် အရမ်း အခက်အခဲကြီးဖြစ်တယ်။ အဲဒီတော့ လွှတ်တော်ကိုရောက်ခဲ့ရင် ကျွန်မက ဒီငြိမ်းချမ်းရေးကို အရင်ဆုံး လုပ်မှာပါ။ အားလုံး စားပွဲထက်မှာလာပြီးတော့ဖြေရှင်းကြပါ။ အဲဒီအတွက် လည်းလုပ်ပေးချင်တယ်။ လုပ်ပေးတဲ့အခါမှာ ဥပဒေ တွေကိုနားလည်တဲ့သူတွေပါရင် ပိုကောင်းမှာပေါ့။ ဒီအတွက် ဥပဒေ ပညာရှင် တွေ တော်တော်များများ ကိုလည်းရထားတယ်။ အဲဒါပါပဲ ။ အရင်ဆုံးတော့ ငြိမ်းချမ်းရေးကို လုပ်ရမှာ ပါပဲ။
မေး ။ ငြိမ်းချမ်းမှုမရှိတဲ့အတွက် ပဲခူးဒေသကလူတွေ ဘယ်လောက်အထိ ထိခိုက်နေရပါသလဲ။
ဖြေ ။ ဒါကတော့ မေးစရာတောင်မလိုတဲ့မေးခွန်းပါ။ စစ်ဘေးရှောင်ပြေးနေရတဲ့ကလေးတွေ၊ အဓိက (၁) အချက်က ထွက်ပြေးနေကြရတာက တော်တော်လေး ကို ရင်းကျိုးစရာကောင်းတယ်။ ရင်နာစရာလည်း ကောင်းတယ်။ (၂) အချက်က အဲဒီလိုဖြစ်သွားပြီဆိုရင် အဲဒီဒေသတွေ မြို့တွေ၊ ရွာတွေ၊ အဲဒီဒေသတွေမှာ ဆီ၊ ဆန်၊ ဆားတွေ၊ ဆေးတွေ ဘာမှမရှိတော့ဘူး။ ရှားကုန်တာပေါ့နော်။ အဲဒီလို ဆေးတွေရှားလာတော့ မသေသင့်ဘဲနဲ့ သေကုန်တာတွေအများကြီး ဖြစ်ကုန်တာပေါ့။ ဆိုချင်တာက စစ်ဆိုတာက ဘယ်ဟာ ကောင်းတာရှိလို့လဲ။ လူတွေ သေတယ်၊ ဒုက္ခရောက်တယ်၊ ပြေးကြရတယ်၊ လွှားကြရတယ်၊ ဗုံးတွေကျ တယ်။ စသည်ဖြင့် တစ်ခုမှ ကောင်းတာမရှိဘူးလေ။ ဒီတော့ ကျွန်မကလေ ဘာခေါင်းဆောင်ကြီးမှလည်း မဟုတ်ပါဘူး။ သို့သော်လည်း အဖေ့သမီးဆိုတော့ မြန်မာပြည်ကြီးကို ကောင်းစေချင်တာပေါ့နော်။ ဒီ တော့ ငြိမ်းချမ်းဖို့ကအရေးကြီးဆုံးလို့ ကျွန်မမြင်တယ်။ ငြိမ်းချမ်း မှတခြားဟာတွေကို အများကြီး၊ အများ ကြီး လုပ်နိုင်မှာလေ။ ဟိုပြေးလိုက်၊ ဒီပြေးလိုက်၊ လူတွေဒုက္ခရောက်လိုက် သေလိုက်ဆိုရင် ဘယ်လိုလုပ် ဖြစ်မလဲ။ အနိဋ္ဌာ ရုံတွေနဲ့ အင်မတန်ရင်နာစရာကောင်းတဲ့အခြေအနေကြီးပါ။
မေး။ အခုလို မငြိမ်းချမ်းတဲ့အနေအထားမှာ ပါတီဝင် ကိုယ်လှယ်လောင်းတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအစီအမံတွေထားရှိပါသလဲ။
ဖြေ။ ကျွန်မတို့ကတော့ ဘယ်သူနဲ့မှနီးစပ်တဲ့ ပါတီ မဟုတ်ဘူးလေ။ တခြားသော၊ ဘာညာတို့ကို ကိုယ် စားပြုတဲ့ပါတီတွေကတော့ ပိုကြောက်ရမှာပေါ့။ ကျွန်မတို့ကတော့ ပြည်သူလူထုနဲ့တစ်သားတည်းပဲ။ ကျွန်မတို့က နိုင်ငံရေးသမားစစ်စစ်တွေ။ ပြည်သူတွေ နဲ့လည်းတစ်သားတည်းပဲနေတယ်။ ကြောက်တော့ ကြောက်ကြတာပေါ့။ မလုံခြုံတဲ့နေရာကို သွားကြရ တာလေ။ ဒါပေမဲ့ ကျွန်မတို့စေတနာကို အားလုံးက အသိအမှတ်ပြုတယ်ထင်တယ်။ ဒီကနေ့အထိတော့ ဆိုးဆိုးရွားရွား ဘာတစ်ခုမှမဖြစ်သေးဘူးပါဘူး။ ကျွန်မတို့က နိုင်ငံရေးသမားအနေနဲ့ ငြိမ်းငြမ်းချမ်းချမ်း နဲ့ ရွေးကောက်ပွဲဖြစ်ချင်တယ်၊ ဖြစ်သင့်တယ်ထင် လို့ ကျွန်မတို့ဝင်ပါလာတာ။ ကျွန်မတို့က ဘယ်သူကမှ အနောက်ကပြောလို့၊ အရှေ့က ပြောလို့ မဟုတ် ဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် တောက်လျှောက်လုပ်လာ ခဲ့တာ။ ဘာလို့လုပ်လာလဲဆိုတော့ ကျွန်မ အဖေဘက်က အဘိုးက ဒိုက်ဦးက။ ဦးကျော်မြင့်ကို ဒိုက်ဦးသားတွေက ပျဉ်းမနားကထင်နေတာ။ ပျဉ်း မနားကတော့ မွေးတာက အမေ။ အမေက ပျဉ်းမနား။ အဖေက ဒိုက်ဦး။ အဘိုးကဒိုက်ဦးက။ အမေရဲ့ အမျိုးတွေက လည်း ဟိုးရှေးဘိုးဘေးစဉ်ဆက်ကတည်းက မွန်တွေ။ အမေက မွန်အစစ်။ အဲဒီတော့ ကျွန်မက ပဲခူးတိုင်းကို စေတနာရှိတယ်။ တခြားတိုင်းတွေနဲ့စာရင်ပေါ့။ ဒီတော့ ဒီတိုင်းကို ကောင်းအောင် လုပ်ပေးချင်တဲ့ စေတနာနဲ့ပဲ ဒီပါတီကိုဖွဲ့ခဲ့တာ။ ကျွန်မတို့က အလုပ်လုပ်တာလည်းကြာပြီ။ ကြာပြီဆို တော့ ပဲခူးတိုင်းအ နောက်အခြမ်းက ရွာပေါင်း (၃၂၅)ရွာကိုသွားခဲ့ပြီးပြီ။ အရှေ့အခြမ်းတော့ သိပ်မရောက် ဖြစ်ဘူး။ ကျွန်မက အစက ကြို့ပင်ကောက်မှာပဲဝင်ပြိုင်ခဲ့တော့ အနောက်အခြမ်းမှာတင် (၃၂၅)နဲ့ပဲ သွား တာ။ ဒါပေမဲ့ အခု အများကိုပေါ့နော်။ အရှေ့ရောအနောက်ရော သွား လိုက်တဲ့အခါကျတော့ အားလုံးကို လှုံ့ဆော်ရတာပေါ့ နော်။ ကျွန်မတို့က ပဲခူးဒေသကို ချစ်လို့လာတာ။ ပဲခူး ပြည်သူပြည်သားတွေ၊ နယ်သူ နယ်သားတွေကို ချစ် လို့လာတာ။ ကောင်းအောင်လုပ်ပေးချင်လို့လာတာ။ ကျွန်မတို့က ဘယ်ပါတီ၊ ဘယ် အဖွဲ့အစည်း၊ ဘယ်လူ ကြီးတွေရဲ့အနှောင်အဖွဲ့နဲ့မှလာတာမဟုတ်ဘူး။ ထောက်ခံချက်နဲ့လာတာ မဟုတ် ဘူး။ ကိုယ့်မှာရှိတဲ့ အသက်ကြီးလာရင်သုံးမယ့် ဆေးဖိုးဝါးခနဲ့ပဲ နိုင်သ လောက်ပဲလုပ်တာ။ ကျွန်မတို့က အပွင့်ကားကားကျယ် ကျယ်ကြီးတွေမလုပ်နိုင်ဘူးလေနော်။ ပြည်သူတွေ လည်း နားလည်လာတယ်လို့ ကျွန်မထင်တယ်။ ကျွန်မ တို့ကို ဒုက္ခပေးမယ့်လူလို့ သိပ်မမြင်ဘူး။ နောက်တစ် ချက်က ကျွန်မတို့က ဆူပူတဲ့လူတွေကိုလည်း မသိဘူးလေ။ ကျွန်မတို့က ရွာသားတွေနဲ့ပဲသိတာ၊ ရွာသားတွေနဲ့ပဲ ထိတွေ့ ဆက်ဆံတာ။ အဲဒီလူတွေကလည်း ဒီကနေ့အထိ ကျွန်မတို့ကို ဒုက္ခပေးတာမမြင်ပါဘူး။ မေတ္တာနဲ့ပဲ ဖြစ်လာတော့ မေတ္တာနဲ့ပဲ ပြန်လာတယ်လို့ထင်ပါတယ်။ ဒီလက်နက်ကိုင် ဘယ်သူနဲ့မှ အဆက် အသွယ် မရှိဘူး။ ဒါပေမဲ့ ကျွန်မတို့ကိုလည်း လာပြီး တော့ ပစ်မယ်၊ ခတ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေမရှိပါဘူး။
မေး။ ပဲခူးတိုင်းမှာရှိတဲ့ ပြည်သူလူထုကကော ပါတီ အပေါ် ဘယ်လိုသဘောထားပါလဲ။
ဖြေ။ ကျွန်မအမြင်ပြောရရင်တော့ ကျွန်မလည်း ကြောက်တာပေါ့။ ကြောက်ကြောက်လန့်လန့်နဲ့ သွား နေရတောပေါ့လေ။ ဒါပေမဲ့လေ အများကတော့ သူတို့အမြင်မှာ မြင်တာတွေရှိတာပေါ့။ ကျွန်မတို့ က တော့ ဘယ်အစိုးရကိုမှ ကိုယ်စားပြုထားတာ မဟုတ်ဘူး။ ကျွန်မတို့က အစိမ်းလည်းမဟုတ်ဘူး၊ အနီ လည်းမဟုတ်ဘူး။ Third ပါတီခေါ်မှာပေါ့။ကျွန်မတို့က တိုင်းပြည်ကိုချစ်လို့၊ လူတွေကိုချစ်လို့ လုပ်တဲ့ ပါတီဖြစ်တဲ့အခါကျတော့ အဲဒီလို အစွဲကြီးမျိုးတွေမရှိဘူးပေါ့နော်။ အနောက်ကထောက်ခံသူတို့ ဘာတို့ မရှိတော့ ကျွန်မတို့က Third ပါတီပေါ့။ ဒီတော့ လူထုက ကျွန်မတို့ပါတီအပေါ်မှာ မုန်းတီးရေး တရား သိပ်မရှိကြပါဘူး။
မေး။ ရွေးကောက်ပွဲကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ မြင်မိပါသလဲ။
ဖြေ။ ရွေးကောက်ပွဲကာလမှာတော့ စောနကပြောခဲ့ သလိုပါပဲ။ အစိုးရိမ်ဆုံးကတော့ မဲပေးတဲ့သူတွေရဲ့ လုံခြုံရေးပါ။ အမတ်လောင်းတွေက သတ္တိရှိရှိနဲ့ဝင်ပြိုင် မယ်ဆိုပြီးတော့ တင်လိုက်ပြီ။ ဘယ်သူတွေ ဝင် ပြိုင်မယ်ဆိုတာက အကုန်သိကုန်ပြီ။ ဒါပေမဲ့ ကျွန်မတို့ပါတီရဲ့ အားသာချက်က ဘယ်အဖွဲ့အစည်းအကြီး ကြီးတွေရဲ့ ထောက်ခံချက်မှမဟုတ်ဘူး။ ကျွန်မတို့က Third ပါတီပဲဖြစ်နေ တယ်။ ပြည်သူတွေအားလုံး ကောင်းမွန်အောင်လုပ်ဖို့အတွက်ပဲလို့ ကျွန်မတို့ကပြောပြတယ်။ ကျွန်မတို့က ဘယ်ပါတီ အကြီးကြီးတွေ ရဲ့ ထောက်ခံချက်မှလည်းမရှိဘူး။ ဘယ်ကမှ အလှူအတန်းလည်း မရှိဘူး။ အသက်ကြီးရင် ဆေးကုမယ့် အထဲကပဲ လုပ်လာတာ။ တောက်လျှောက် ဘယ်သူ့ဆီကမှ တစ်ခါမှလည်းအလှူမခံဖူးဘူး ကျွန်မတို့ ပါတီကလေ။ ပြည်တွင်းမှာလည်း အလှူမခံဘူး။ ပြည်ပမှာလည်း အလှူမခံဘူး။ ကိုယ့်ဘာသာကိုယ် မိသားစုလေးတွေထဲက အမတ်ဝင်မယ်ဆိုရင်လည်း အမတ်က သူတို့တတ်နိုင် သလောက်လေးနဲ့ပဲ လုပ် ကြတာ။ ကျွန်မတို့က ဘာမှ လည်းအပွင့်စားပြီးလုပ်တဲ့ပါတီလည်းမဟုတ်ဘူး။ ဘယ်အာဏာရှိတဲ့သူရဲ့ ထောက်ခံချက်မှလည်းမရှိ ဘူး။ ကျွန်မတို့က Third ပါတီဖြစ်တဲ့အတွက် အားလုံးကတော့ အဆင်ပြေ တယ်။ သို့ပေမယ့်လည်း ကျွန်မစိတ်ပူနေတာက မဲပေးတဲ့အခါမှာ လာပေးတဲ့သူတွေကို အနှောင့် အယှက် မပေးပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်။လုံခြုံအောင် သက်ဆိုင်ရာက လုပ်ပေးနိုင်ပါစေလို့ပဲ ကျွန်မက တော့ မျှော်လင့်တယ်။
မေး။ လက်ရှိမှာ ပဲခူးက မငြိမ်းချမ်းတဲ့အနေအထား ဖြစ်နေတော့ ဆူပူသူတွေရဲ့အန္တရာယ်နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမယ်လို့ စဉ်းစားထားပါသလဲ။
ဖြေ ။ ကျွန်မက တပ်နဲ့လည်းအဆက်အသွယ်မရှိဘူး။ကျွန်မတို့က နိုင်ငံရေးသမားသက်သက်ပါပဲ။ အဖေ ကလည်း ဦးကျော်ငြိမ်းဆိုတာကို သိမယ်ထင်ပါတယ်။ အဖေမသေခင်မှာလည်း ကျွန်မတို့ကို ဘာလို့ နိုင်ငံ ရေးထဲကိုဝင်ရတာလဲဆိုပြီးတော့ မေးပြီးတော့ တိုင်းပြည်နဲ့လူမျိုးအတွက် လိုအပ်ရင် ဝင်ပေးဖို့အတွက် မှာခဲ့တယ်။ ကျွန်မဆိုရင်လည်း Single Mother ပါပဲ (၃၃)နှစ်ကတည်းက ကလေး(၅)ယောက်ကို ရှာ ကျွေးခဲ့ရတာ။ အဲဒီလိုတာဝန်ရှိတော့ ဒီနိုင်ငံရေးကို လုပ်ရမှာကို တော်တော်ကြောက်ခဲ့တယ်။ ဖြစ်နိုင်ပါ့မ လားပေါ့နော်။ ဒါပေမဲ့ တကယ်တမ်းလုပ်လိုက်တဲ့ အချိန်မှာကျတော့ ကျွန်မတို့က Third ပါတီဖြစ်တယ်။ ဘယ်လူကြီးရဲ့ထောက်ခံချက်မှမရှိဘူး။ အထောက်ခံ ပါတီမဟုတ်ဘူး။ ကျွန်မတို့က ရိုးရိုးသားသား Third ပါတီ၊ သန့်သန့်ရှင်းရှင်းဆိုတဲ့အတွက် ကျွန်မအမြင်ပေါ့လေ။ ကျွန်မမြင်တာကတော့ ပဲခူးတိုင်းတစ်ခုလုံး ကတော့ ကျွန်မတို့က ပြည်သူတွေအတွက်ကို ကောင်းသောအလုပ်တစ်ခုကိုလုပ်ပေးတဲ့ပါတီတစ်ခုလို့ မြင်တယ်လို့တော့ ကျွန်မကတော့ ဝမ်းသာအားရ မြင်မိပါ တယ်။ ဟိုလူ့ကိုကြောက်ရ ဒီလူ့ကို ကြောက် ရတော့ သိပ်မဖြစ်ခဲ့ပါဘူး။
မေး။ လက်ရှိမှာ ရွေးကောက်ပွဲကို ကန့်ကွက်နေကြတဲ့ သူတွေအပေါ်မှာကော ဘယ်လိုမျိုးမှတ်ချက်ပြု လိုပါလဲ။
ဖြေ။ ရွေးကောက်ပွဲကနေတစ်ဆင့်မှ အစိုးရဖွဲ့ဖို့ လွှတ်တော်ထဲကိုသွားရမှာ။ လွှတ်တော်ထဲမှာ ပြော စရာရှိတာကိုပြော၊ ပြင်စရာရှိတာကို ပြင်ရမှာ။ အဓိက ကတော့ ကျွန်မအနေနဲ့ ငြိမ်းချမ်းရေးကို အရမ်းလို ချင်တယ်။ အဲဒီအချိန်ကျရင်တော့ စားပွဲဝိုင်းကို လာကြပါ ဆိုပြီးခေါ်မှာပါ။ ကျွန်မကိုယ်တိုင်လည်း တိုက် တွန်းမယ်။ လူကြီးတွေကလည်း လက်ခံလိမ့်မယ်လို့ မျှော် လင့်တယ်။ ကျွန်မတို့က ငြိမ်းချမ်းရေးကို ခေါ်ရ မှာလေ။ ကိုယ့်မြန်မာ ပြည်သူ၊ ပြည်သားအချင်းချင်းပဲ။ အား လုံးက မြန်မာပြည်မှာနေကြတာလေ။ အားလုံးက မူဝါဒမတူတာရှိမယ်။ သူ့လူမျိုး၊ ငါ့လူမျိုးမတူတာရှိ မယ်။ ဒါပေမဲ့ ကျွန်မတို့က စားပွဲဝိုင်း ပေါ် မှာ ငြိမ်းချမ်းရေးကို စကားပြောပြီးမှ တိုင်းပြည်ကငြိမ်းချမ်းမှ၊ ရှေ့ဆက်တိုးတက်တာတို့ ဘာတို့ညာတို့ စသည့်ဖြင့်ကို လုပ်နိုင်မှာလေ။ ဒီတော့ ငြိမ်းချမ်းရေးကိုပဲ ဦးတည်ဖော်ဆောင်ရမှာပေါ့နော်။ ပြောချင် တာကတော့ ရွေးကောက်ပွဲကနေပြီး လွှတ်တော်ထဲကိုရောက်တဲ့အခါ မှာ ငြိမ်းချမ်းရေးခေါ်မှာပါ။ ခေါ်ရ အောင်လည်း ကျွန်မ ကြိုးစားမှာပါ။ လူတွေကို မဲလာပေးနိုင်အောင် အခြေအနေပေးပါပေါ့နော်။ ဟို ဘက်က ဒီရွေးကောက်ပွဲ ကိုမကြိုက်ဘူးတို့ ဘာတို့နဲ့ ဘယ်လိုပဲပြောပြော ဒီရွေး ကောက်ပွဲနေ့လေး မှာတော့ အားလုံးမဲပေးနိုင်ဖို့မျှော် လင့်ပါတယ်။ ပြည်သူတွေကလည်း မဲပေးကြဖို့မျှော်လင့်ပါတယ်။ လာ ပေးတဲ့အခါမှာလည်း ဆူဆူပူပူမဖြစ် ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီရွေးကောက်ပွဲလေးဖြစ်မြောက်သွားပြီး အဲဒီကနေမှတစ်ဆင့် ကျွန်မတို့လို Third Party က တိုင်းပြည်ကြီးကို ငြိမ်းချမ်းအောင်၊ တိုင်းပြည် ကောင်းအောင် လုပ်ပေးသွားမှာပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
“တခ်ိဳ႕ ႐ြာေတြဆို ပါတီဝင္တယ္ဆိုတာေတာင္ အေျပာမခံဘူး”
သက္ပိုင္ (NP News) - စက္တင္ဘာ ၃ဝ
ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီသည္ (၂၀၂၃) ခုႏွစ္ ဇြန္လ (၉) ရက္တြင္ မွတ္ပုံတင္အမွတ္ (၂၅) ျဖင့္ခြင့္ျပဳခဲ့ေသာ ပါတီတစ္ခုျဖစ္ၿပီး ပဲခူးတိုင္းေဒသႀကီး ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္အေျခစိုက္သည့္ ပါတီ တစ္ခုျဖစ္ကာ လာမည့္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခု လည္းျဖစ္သည္။ အဆိုပါ ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီႏွင့္ပတ္သက္၍ ပါတီ၏မူဝါဒ၊ အနာဂတ္ရည္မွန္း ခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲ အတြက္ ႀကိဳးပမ္းအားထုတ္ရာတြင္ေတြ႕ႀကဳံရမႈမ်ားႏွင့္ပတ္သက္၍ ပါတီ ဥကၠ႒ျဖစ္သူ ေဒၚခ်ိဳခ်ိဳ ေက်ာ္ၿငိမ္းႏွင့္ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါ သည္။
ေမး ။ လာမယ့္ေ႐ြးေကာက္ပြဲအေပၚထားရွိတဲ့ ပါတီ ရဲ႕မူဝါဒကို သိလိုပါတယ္။
ေျဖ ။ ေ႐ြးေကာက္ပြဲေပၚမူဝါဒကေတာ့ ေ႐ြးေကာက္ပြဲျဖစ္ေျမာက္ေအာင္လုပ္သြားဖို႔ရွိတာေပါ့ေနာ္။ ကြၽန္မ တို႔က ဒီေ႐ြးေကာက္ပြဲဟာ ျမန္မာျပည္မွာ ျဖစ္သင့္တယ္လို႔ထင္လို႔ေပါ့ေနာ္။ ကြၽန္မတို႔ ေထာက္ခံၿပီးေတာ့ ဝင္ၿပိဳင္တာပါ။ အခုတိုင္းျပည္က မၿငိမ္မသက္ ျဖစ္ေနတယ္ေလ။ ဒီေတာ့ ေ႐ြးေကာက္ပြဲၿပီးေတာ့မွ တက္ လာတဲ့အစိုးရက လႊတ္ေတာ္ျဖစ္မယ္။ လႊတ္ေတာ္ကေနတစ္ဆင့္ မေက်မနပ္ျဖစ္ေနတဲ့သူေတြနဲ႔ စားပြဲ ဝိုင္းမွာ ၿငိမ္းခ်မ္းေရးကိုသြားခ်င္တဲ့ဆႏၵရွိပါတယ္။ ဒါေၾကာင့္လည္း ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ရျခင္းျဖစ္ ပါတယ္။
ေမး။ အခုက်င္းပမယ့္ေ႐ြးေကာက္ပြဲဟာ တရားမွ်တမႈ ရွိတဲ့ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ ထင္ပါသလား။
ေျဖ။ ထင္ပါတယ္။ လူႀကီးေတြကေတာ့ ေကာင္းေအာင္ လုပ္တယ္လို႔ေတာ့ နားလည္လက္ခံပါတယ္။ ဒါေပမဲ့ အခုျဖစ္ေနတဲ့အေျခအေနအရ မၿငိမ္းခ်မ္းတဲ့ေနရာေတြမွာလည္း အေတာ္ကို မၿငိမ္းခ်မ္းၾကဘူး ေပါ့ေနာ္။ ဒါေပမဲ့ ကြၽန္မကေတာ့ ဘာကိုစိတ္ပူလဲဆိုေတာ့ ေ႐ြးေကာက္ပြဲလုပ္တဲ့အခ်ိန္မွာ ဘယ္ေလာက္ ပဲ စည္းကမ္းေတြက်ပ္တယ္ပဲေျပာေျပာ မဲေပးတဲ့သူေတြရဲ႕လုံၿခဳံေရးကိုေတာ့ အမ်ားႀကီး စိတ္ပူတယ္။ UEC နဲ႔ အစည္းအေဝးလုပ္ေတာ့လည္း ဒါကိုပဲ ကြၽန္မကေျပာခဲ့တာ။ မ်ားေသာအားျဖင့္ကေတာ့ ကိုယ့္ ပါတီရဲ႕အခက္အခဲေတြကို တင္ျပၾကတာေပါ့ေနာ္။ မဲေပးတဲ့သူေတြကို စိတ္ပူတယ္။ တစ္ခုခုျဖစ္သြားၾက မွာကို စိတ္ပူတာေပါ့ေနာ္။ လုံၿခဳံေရးကို တကယ္ပဲ ျပည့္ျပည့္ဝဝေပးႏိုင္မလားဆိုတာကိုလည္း စိတ္ပူ တယ္။
ေမး။ UEC ကခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြအတိုင္း လုပ္ေဆာင္ရာမွာ ဘယ္လိုအခက္အခဲေတြရွိခဲ့ပါသ လဲ။
ေျဖ။ ကြၽန္မတို႔ပါတီက ပဲခူးတိုင္းကိုတာဝန္ယူထားတယ္။ ပဲခူးတိုင္းမွာပဲအေျခခ်ထားတယ္။ ဒီေတာ့ တစ္ ျပည္လုံးအတိုင္းအတာနဲ႔လူေတြလိုေတာ့ အေတြ႕အ ႀကဳံမရွိပါဘူး။ သူတို႔ ဘာအခက္အခဲေတြေတြ႕လဲ ေတာ့ ကြၽန္မ မသိဘူး။ ကြၽန္မတို႔ ပဲခူးတိုင္းဧရိယာဆိုတာကလည္း အေရွ႕အေနာက္ဆိုရင္ ေတာ္ေတာ္ မ်ားတယ္ေလ။ (၂၈)ၿမိဳ႕နယ္ေတာင္ရွိတယ္။ အထူးသျဖင့္ အေရွ႕ပိုင္းမွာလည္းမၿငိမ္သက္ဘူး။ ေနာက္ၿပီး ပဲခူး႐ိုးမနဲ႔ ကပ္ေနတဲ့အခါက်ေတာ့ အေနာက္ပိုင္းမွာလည္း မၿငိမ္သက္ဘူး။ အဲဒီေတာ့ မၿငိမ္မသက္တဲ့ ၾကားထဲကေနၿပီးေတာ့ ေတာ္ေတာ္ေလးကို အလုပ္လုပ္ခဲ့ရတာေပါ့။ အလုပ္လုပ္တဲ့အခါမွာ အဓိကက ေတာ့ ပထမဆုံးလူေတြကိုရွာတာေပါ့ေနာ္။ ကြၽန္မကေတာ့ ႐ြာ (၃၂၅)႐ြာကို အရင္ေ႐ြးေကာက္ပြဲတုန္းက ကိုယ္တိုင္ ဆိုင္ကယ္စီးၿပီးသြားစည္း႐ုံးဖူးေတာ့ အားလုံးနဲ႔ေတာ့ သိတယ္။ အဲဒီမွာလူေတြက ကြၽန္မကို လည္းသေဘာက်တယ္။ သူတို႔အေပၚမွာ ေစတနာထားတယ္ဆိုတာကိုလည္း နားလည္တယ္။ သို႔ေသာ္ လည္း ဘာအခက္အခဲျဖစ္လဲဆိုေတာ့ တခ်ိဳ႕႐ြာေတြဆိုရင္ ပါတီဝင္တယ္ဆိုတာေတာင္ အေျပာမခံဘူး။ အခုေနာက္ဆုံးအခက္ အခဲက အမတ္ေလာင္းပါ။ ကြၽန္မတို႔က အမတ္ ေလာင္းလုပ္မယ့္သူေတြကို ေဆြ မ်ိဳးသားခ်င္းလိုျဖစ္ ေနတဲ့အတြက္သာရခဲ့တာ။ ရၿပီးေတာ့မွ တစ္ျပည္လုံး ပါတီေတြမွာလည္း အခက္အခဲ ျဖစ္ၾကလို႔ ေျဖေလွ်ာ့တာေတြလုပ္လိုက္ရတယ္လို႔လည္းသိရတယ္။ ဒါေပမဲ့ ကြၽန္မကေတာ့ အခ်ိန္မီ အ မတ္ေလာင္း (၈၂) ေယာက္တင္သြင္းႏိုင္ခဲ့တယ္။ ဆိုေတာ့ တကယ္တမ္း ေျမျပင္မွာလုပ္လိုက္တဲ့အခါ က်ေတာ့ အခက္အခဲေတြ ကေတာ့အမ်ားႀကီးေပါ့ေနာ္။ ဒီလုံၿခဳံေရးေၾကာင့္ အသက္ကိုဖက္နဲ႔ထုပ္ၿပီး အလုပ္လုပ္ခဲ့ၾကရတာေပါ့။ကြၽန္မတို႔ကေတာ့ ကံေကာင္းတယ္ေပါ့ေနာ္။ ပဲခူးတိုင္းတစ္ခုတည္းကို ကိုယ္ စားလွယ္ေလာင္း (၈၂)ေယာက္ေလာက္ရခဲ့တာေပါ့။
ေမး ။ ပဲခူးတိုင္းက မဲဆႏၵနယ္ဘယ္ႏွခုေလာက္မွာ ၿပိဳင္ဖို႔ရွိပါသလဲ။
ေျဖ ။ ပဲခူးတိုင္းက မဲဆႏၵနယ္အားလုံးမွာ ၿပိဳင္သြားမွာပါ။ ႐ုံးကေျပာသေလာက္ေတာ့ ပဲခူးတိုင္းမွာ အ မတ္ဦးေရ အမ်ားဆုံးရထားတယ္လို႔ေတာ့သိရတယ္။ လူဦးေရကေတာ့ မဲေ႐ြးတဲ့အခါက်မွ သိမွာေပါ့ေနာ္။
ေမး။ လာမယ့္ေ႐ြးေကာက္ပြဲမွာ PR စနစ္နဲ႔ FPTP စနစ္ေရာထားတဲ့အေပၚ ဘယ္လိုျမင္ပါလဲ။
ေျဖ။ ပထမကေတာ့ အံ့ဩတယ္။ အခက္အခဲျဖစ္မယ္လို႔ထင္တာေပါ့ေနာ္။ ဒါေပမဲ့ ေသေသခ်ာခ်ာ ေျမ ျပင္ကိုဆင္းၿပီးအလုပ္လုပ္ရတဲ့အခါ ဘာကိုျမင္လာလဲဆိုေတာ့ လူႀကီးေတြရဲ႕စိတ္ေစတနာကိုျမင္ရတယ္။ အရင္တုန္းကဆိုရင္ ျပည္ခိုင္ၿဖိဳးဆိုရင္ ျပည္ခိုင္ၿဖိဳး တစ္ခုတည္းပဲ လႊတ္ေတာ္ႀကီးကိုအုပ္ထားတာ။ NLD ဆိုရင္လည္း NLD တက္တယ္။ သူခ်ည္းပဲ အုပ္ထားတယ္။ တစ္ပါတီကေနၿပီးေတာ့ အုပ္ထားတဲ့ ပုံစံျဖစ္ တယ္။ အခုဟာကေတာ့ ႏွစ္ခုေရာလိုက္တဲ့အတြက္ လႊတ္ေတာ္ထဲမွာ ပါတီအစုံပါလာလိမ့္မယ္လို႔ ျမင္ပါ တယ္။ ပါတီငယ္ေလးေတြ အစုံပါလာတဲ့အခါက်ေတာ့ အလုပ္လုပ္တဲ့အခါမွာ လက္ဝါးႀကီးအုပ္တဲ့ပုံစံမ်ိဳး မျဖစ္ႏိုင္ဘူးလို႔ေတာ့ ကြၽန္မျမင္ပါတယ္။ သိပ္ၿပီး မသိတဲ့အခါတုန္းကေတာ့ တစ္မ်ိဳးထင္စရာျဖစ္ခဲ့တာ ေပါ့။
ေမး။ လက္ရွိမွာ ပါတီအတြက္ ဘယ္လိုစိန္ေခၚမႈေတြ၊ အခက္အခဲေတြရွိေနပါလဲ။
ေျဖ။ အခက္အခဲကေတာ့ အမ်ားႀကီးရွိပါတယ္။ (၁)အခ်က္ကေတာ့ လုံၿခဳံေရးေပါ့ေနာ္။ ေနာက္(၂)အခ်က္က အမတ္ေလာင္းေတြကိုေခၚတဲ့အခါမွာ အမတ္ေလာင္းေတြရဲ႕အိမ္ေတြက ဆူပူတဲ့သူ ေတြ ေၾကာက္လို႔ဆိုၿပီးေတာ့ မလိုက္ရဲတာေတြ အမ်ားႀကီးပါပဲ။ အရမ္းေစတနာရွိတယ္ ပါတီကို လည္း အရမ္း သေဘာက်တယ္ဆိုေပမယ့္ေပါ့ေနာ္။ ပဲခူးတိုင္း နတ္တလင္းမွာဆိုရင္လည္း ကြၽန္မက လူမႈေရး အရ လယ္သမားအေရးေတြကို လိုက္ၿပီးကူညီေပးေနတာဆိုေတာ့ အေမႀကီးလိုလည္းျဖစ္ေနတာေပါ့ ေနာ္။ ဒါေပမဲ့ ေျမျပင္ကိုဆင္းလိုက္တဲ့အခါမွာ လယ္သမားေတြက အရမ္းခ်စ္တယ္။ အရမ္း ေစတနာ ရွိ ေပမယ့္ တစ္ဖက္ကလည္း ဆူပူတဲ့သူေတြကိုလည္း ေၾကာက္ေနၾကရတယ္။ ဒါေတြကိုလည္း ကြၽန္မတို႔က နားလည္ေပးရတယ္။ ဆူပူတဲ့သူေတြက အဲဒီ႐ြာေတြမွာေနေတာ့ သူတို႔ရဲ႕လုံၿခဳံေရးကို ဘယ္လိုလုပ္ရမွာ လဲ။ သူတို႔ရဲ႕ လုံၿခဳံေရးကို ဘယ္သူကေနၿပီးေတာ့ အာမခံမွာတုံး။ အခုအမတ္ေလာင္းဝင္ၿပိဳင္မယ္။ မနက္ျဖန္က်ရင္ ဝင္ မၿပိဳင္ေတာ့ဘူး ေၾကာက္တယ္ဆိုတာမ်ိဳးေတြ ျဖစ္ေန တာေပါ့။ လုံၿခဳံေရးအရ၊ လုံၿခဳံ မႈမရွိဘူးဆိုတဲ့အတိုင္း သူတို႔ေတြက ေၾကာက္ေနရတာေပါ့။ ဒီလိုေတြအမ်ား ႀကီးႀကဳံေတြ႕ခဲ့ရေပမယ့္ ကြၽန္မကေတာ့ လုပ္ႏိုင္ခဲ့ တယ္ေပါ့ေလ။ ကြၽန္မက ပဲခူးတိုင္းမွာ ေ႐ြးေကာက္ပြဲ သုံးႀကိမ္ တိတိဝင္ၿပိဳင္ခဲ့ တယ္။ တစ္ခါမွ မႏိုင္ဖူးခဲ့ဘူး ဆိုေပမယ့္လည္း ႐ြာေပါင္း(၃၂၅)႐ြာကိုေရာက္တဲ့အ တြက္ အားလုံးရဲ႕ ေဆြ မ်ိဳးလိုျဖစ္ေနတယ္။ ရွင္းရွင္း ေျပာရရင္ လူမဟုတ္ဘူး။ ေခြးပါသိေနတယ္ေလ။ ႀကိဳးစားပမ္းစားေတာ့ လုပ္တာေပါ့။ အဓိကကေတာ့ လႊတ္ေတာ္ထဲကိုေရာက္ၿပီး ျပည္သူေတြအတြက္ လုပ္ ေပးႏိုင္ဖို႔အတြက္ ပါပဲ။
ေမး။ လႊတ္ေတာ္ထဲကိုေရာက္ခဲ့ရင္ေကာ ဘယ္အရာ ကို အရင္ဆုံးလုပ္သြားမွာပါလဲ။
ေျဖ ။ လႊတ္ေတာ္မွာက လုပ္စရာေတြအမ်ားႀကီးရွိတယ္။ အဓိကရည္မွန္းခ်က္ကေတာ့ ၿငိမ္းခ်မ္းေရး လုပ္ခ်င္တယ္။ တိုင္းျပည္မွာ မၿငိမ္းခ်မ္းရင္ ဘာကိုတိုးတက္ ေအာင္လုပ္မလဲ စီးပြားေရးလား၊ ဘာလဲ၊ ဘာကိုမွ တိုးတက္ေအာင္လုပ္လို႔မရႏိုင္ဘူး။ ဒီမၿငိမ္းခ်မ္းတာႀကီး တစ္ခုက အားလုံးအတြက္ အရမ္း အခက္အခဲႀကီးျဖစ္တယ္။ အဲဒီေတာ့ လႊတ္ေတာ္ကိုေရာက္ခဲ့ရင္ ကြၽန္မက ဒီၿငိမ္းခ်မ္းေရးကို အရင္ဆုံး လုပ္မွာပါ။ အားလုံး စားပြဲထက္မွာလာၿပီးေတာ့ေျဖရွင္းၾကပါ။ အဲဒီအတြက္ လည္းလုပ္ေပးခ်င္တယ္။ လုပ္ေပးတဲ့အခါမွာ ဥပေဒ ေတြကိုနားလည္တဲ့သူေတြပါရင္ ပိုေကာင္းမွာေပါ့။ ဒီအတြက္ ဥပေဒ ပညာရွင္ ေတြ ေတာ္ေတာ္မ်ားမ်ား ကိုလည္းရထားတယ္။ အဲဒါပါပဲ ။ အရင္ဆုံးေတာ့ ၿငိမ္းခ်မ္းေရးကို လုပ္ရမွာ ပါပဲ။
ေမး ။ ၿငိမ္းခ်မ္းမႈမရွိတဲ့အတြက္ ပဲခူးေဒသကလူေတြ ဘယ္ေလာက္အထိ ထိခိုက္ေနရပါသလဲ။
ေျဖ ။ ဒါကေတာ့ ေမးစရာေတာင္မလိုတဲ့ေမးခြန္းပါ။ စစ္ေဘးေရွာင္ေျပးေနရတဲ့ကေလးေတြ၊ အဓိက (၁) အခ်က္က ထြက္ေျပးေနၾကရတာက ေတာ္ေတာ္ေလး ကို ရင္းက်ိဳးစရာေကာင္းတယ္။ ရင္နာစရာလည္း ေကာင္းတယ္။ (၂) အခ်က္က အဲဒီလိုျဖစ္သြားၿပီဆိုရင္ အဲဒီေဒသေတြ ၿမိဳ႕ေတြ၊ ႐ြာေတြ၊ အဲဒီေဒသေတြမွာ ဆီ၊ ဆန္၊ ဆားေတြ၊ ေဆးေတြ ဘာမွမရွိေတာ့ဘူး။ ရွားကုန္တာေပါ့ေနာ္။ အဲဒီလို ေဆးေတြရွားလာေတာ့ မေသသင့္ဘဲနဲ႔ ေသကုန္တာေတြအမ်ားႀကီး ျဖစ္ကုန္တာေပါ့။ ဆိုခ်င္တာက စစ္ဆိုတာက ဘယ္ဟာ ေကာင္းတာရွိလို႔လဲ။ လူေတြ ေသတယ္၊ ဒုကၡေရာက္တယ္၊ ေျပးၾကရတယ္၊ လႊားၾကရတယ္၊ ဗုံးေတြက် တယ္။ စသည္ျဖင့္ တစ္ခုမွ ေကာင္းတာမရွိဘူးေလ။ ဒီေတာ့ ကြၽန္မကေလ ဘာေခါင္းေဆာင္ႀကီးမွလည္း မဟုတ္ပါဘူး။ သို႔ေသာ္လည္း အေဖ့သမီးဆိုေတာ့ ျမန္မာျပည္ႀကီးကို ေကာင္းေစခ်င္တာေပါ့ေနာ္။ ဒီ ေတာ့ ၿငိမ္းခ်မ္းဖို႔ကအေရးႀကီးဆုံးလို႔ ကြၽန္မျမင္တယ္။ ၿငိမ္းခ်မ္း မွတျခားဟာေတြကို အမ်ားႀကီး၊ အမ်ား ႀကီး လုပ္ႏိုင္မွာေလ။ ဟိုေျပးလိုက္၊ ဒီေျပးလိုက္၊ လူေတြဒုကၡေရာက္လိုက္ ေသလိုက္ဆိုရင္ ဘယ္လိုလုပ္ ျဖစ္မလဲ။ အနိ႒ာ ႐ုံေတြနဲ႔ အင္မတန္ရင္နာစရာေကာင္းတဲ့အေျခအေနႀကီးပါ။
ေမး။ အခုလို မၿငိမ္းခ်မ္းတဲ့အေနအထားမွာ ပါတီဝင္ ကိုယ္လွယ္ေလာင္းေတြရဲ႕လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုအစီအမံေတြထားရွိပါသလဲ။
ေျဖ။ ကြၽန္မတို႔ကေတာ့ ဘယ္သူနဲ႔မွနီးစပ္တဲ့ ပါတီ မဟုတ္ဘူးေလ။ တျခားေသာ၊ ဘာညာတို႔ကို ကိုယ္ စားျပဳတဲ့ပါတီေတြကေတာ့ ပိုေၾကာက္ရမွာေပါ့။ ကြၽန္မတို႔ကေတာ့ ျပည္သူလူထုနဲ႔တစ္သားတည္းပဲ။ ကြၽန္မတို႔က ႏိုင္ငံေရးသမားစစ္စစ္ေတြ။ ျပည္သူေတြ နဲ႔လည္းတစ္သားတည္းပဲေနတယ္။ ေၾကာက္ေတာ့ ေၾကာက္ၾကတာေပါ့။ မလုံၿခဳံတဲ့ေနရာကို သြားၾကရ တာေလ။ ဒါေပမဲ့ ကြၽန္မတို႔ေစတနာကို အားလုံးက အသိအမွတ္ျပဳတယ္ထင္တယ္။ ဒီကေန႔အထိေတာ့ ဆိုးဆိုး႐ြား႐ြား ဘာတစ္ခုမွမျဖစ္ေသးဘူးပါဘူး။ ကြၽန္မတို႔က ႏိုင္ငံေရးသမားအေနနဲ႔ ၿငိမ္းျငမ္းခ်မ္းခ်မ္း နဲ႔ ေ႐ြးေကာက္ပြဲျဖစ္ခ်င္တယ္၊ ျဖစ္သင့္တယ္ထင္ လို႔ ကြၽန္မတို႔ဝင္ပါလာတာ။ ကြၽန္မတို႔က ဘယ္သူကမွ အေနာက္ကေျပာလို႔၊ အေရွ႕က ေျပာလို႔ မဟုတ္ ဘူး။ ကိုယ့္ယုံၾကည္ခ်က္နဲ႔ကိုယ္ ေတာက္ေလွ်ာက္လုပ္လာ ခဲ့တာ။ ဘာလို႔လုပ္လာလဲဆိုေတာ့ ကြၽန္မ အေဖဘက္က အဘိုးက ဒိုက္ဦးက။ ဦးေက်ာ္ျမင့္ကို ဒိုက္ဦးသားေတြက ပ်ဥ္းမနားကထင္ေနတာ။ ပ်ဥ္း မနားကေတာ့ ေမြးတာက အေမ။ အေမက ပ်ဥ္းမနား။ အေဖက ဒိုက္ဦး။ အဘိုးကဒိုက္ဦးက။ အေမရဲ႕ အမ်ိဳးေတြက လည္း ဟိုးေရွးဘိုးေဘးစဥ္ဆက္ကတည္းက မြန္ေတြ။ အေမက မြန္အစစ္။ အဲဒီေတာ့ ကြၽန္မက ပဲခူးတိုင္းကို ေစတနာရွိတယ္။ တျခားတိုင္းေတြနဲ႔စာရင္ေပါ့။ ဒီေတာ့ ဒီတိုင္းကို ေကာင္းေအာင္ လုပ္ေပးခ်င္တဲ့ ေစတနာနဲ႔ပဲ ဒီပါတီကိုဖြဲ႕ခဲ့တာ။ ကြၽန္မတို႔က အလုပ္လုပ္တာလည္းၾကာၿပီ။ ၾကာၿပီဆို ေတာ့ ပဲခူးတိုင္းအ ေနာက္အျခမ္းက ႐ြာေပါင္း (၃၂၅)႐ြာကိုသြားခဲ့ၿပီးၿပီ။ အေရွ႕အျခမ္းေတာ့ သိပ္မေရာက္ ျဖစ္ဘူး။ ကြၽန္မက အစက ႀကိဳ႕ပင္ေကာက္မွာပဲဝင္ၿပိဳင္ခဲ့ေတာ့ အေနာက္အျခမ္းမွာတင္ (၃၂၅)နဲ႔ပဲ သြား တာ။ ဒါေပမဲ့ အခု အမ်ားကိုေပါ့ေနာ္။ အေရွ႕ေရာအေနာက္ေရာ သြား လိုက္တဲ့အခါက်ေတာ့ အားလုံးကို လႈံ႕ေဆာ္ရတာေပါ့ ေနာ္။ ကြၽန္မတို႔က ပဲခူးေဒသကို ခ်စ္လို႔လာတာ။ ပဲခူး ျပည္သူျပည္သားေတြ၊ နယ္သူ နယ္သားေတြကို ခ်စ္ လို႔လာတာ။ ေကာင္းေအာင္လုပ္ေပးခ်င္လို႔လာတာ။ ကြၽန္မတို႔က ဘယ္ပါတီ၊ ဘယ္ အဖြဲ႕အစည္း၊ ဘယ္လူ ႀကီးေတြရဲ႕အေႏွာင္အဖြဲ႕နဲ႔မွလာတာမဟုတ္ဘူး။ ေထာက္ခံခ်က္နဲ႔လာတာ မဟုတ္ ဘူး။ ကိုယ့္မွာရွိတဲ့ အသက္ႀကီးလာရင္သုံးမယ့္ ေဆးဖိုးဝါးခနဲ႔ပဲ ႏိုင္သ ေလာက္ပဲလုပ္တာ။ ကြၽန္မတို႔က အပြင့္ကားကားက်ယ္ က်ယ္ႀကီးေတြမလုပ္ႏိုင္ဘူးေလေနာ္။ ျပည္သူေတြ လည္း နားလည္လာတယ္လို႔ ကြၽန္မထင္တယ္။ ကြၽန္မ တို႔ကို ဒုကၡေပးမယ့္လူလို႔ သိပ္မျမင္ဘူး။ ေနာက္တစ္ ခ်က္က ကြၽန္မတို႔က ဆူပူတဲ့လူေတြကိုလည္း မသိဘူးေလ။ ကြၽန္မတို႔က ႐ြာသားေတြနဲ႔ပဲသိတာ၊ ႐ြာသားေတြနဲ႔ပဲ ထိေတြ႕ ဆက္ဆံတာ။ အဲဒီလူေတြကလည္း ဒီကေန႔အထိ ကြၽန္မတို႔ကို ဒုကၡေပးတာမျမင္ပါဘူး။ ေမတၱာနဲ႔ပဲ ျဖစ္လာေတာ့ ေမတၱာနဲ႔ပဲ ျပန္လာတယ္လို႔ထင္ပါတယ္။ ဒီလက္နက္ကိုင္ ဘယ္သူနဲ႔မွ အဆက္ အသြယ္ မရွိဘူး။ ဒါေပမဲ့ ကြၽန္မတို႔ကိုလည္း လာၿပီး ေတာ့ ပစ္မယ္၊ ခတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္မႈေတြမရွိပါဘူး။
ေမး။ ပဲခူးတိုင္းမွာရွိတဲ့ ျပည္သူလူထုကေကာ ပါတီ အေပၚ ဘယ္လိုသေဘာထားပါလဲ။
ေျဖ။ ကြၽန္မအျမင္ေျပာရရင္ေတာ့ ကြၽန္မလည္း ေၾကာက္တာေပါ့။ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ သြား ေနရေတာေပါ့ေလ။ ဒါေပမဲ့ေလ အမ်ားကေတာ့ သူတို႔အျမင္မွာ ျမင္တာေတြရွိတာေပါ့။ ကြၽန္မတို႔ က ေတာ့ ဘယ္အစိုးရကိုမွ ကိုယ္စားျပဳထားတာ မဟုတ္ဘူး။ ကြၽန္မတို႔က အစိမ္းလည္းမဟုတ္ဘူး၊ အနီ လည္းမဟုတ္ဘူး။ Third ပါတီေခၚမွာေပါ့။ကြၽန္မတို႔က တိုင္းျပည္ကိုခ်စ္လို႔၊ လူေတြကိုခ်စ္လို႔ လုပ္တဲ့ ပါတီျဖစ္တဲ့အခါက်ေတာ့ အဲဒီလို အစြဲႀကီးမ်ိဳးေတြမရွိဘူးေပါ့ေနာ္။ အေနာက္ကေထာက္ခံသူတို႔ ဘာတို႔ မရွိေတာ့ ကြၽန္မတို႔က Third ပါတီေပါ့။ ဒီေတာ့ လူထုက ကြၽန္မတို႔ပါတီအေပၚမွာ မုန္းတီးေရး တရား သိပ္မရွိၾကပါဘူး။
ေမး။ ေ႐ြးေကာက္ပြဲကာလမွာ ဘယ္လိုစိန္ေခၚမႈေတြ ရွိလာႏိုင္တယ္လို႔ ျမင္မိပါသလဲ။
ေျဖ။ ေ႐ြးေကာက္ပြဲကာလမွာေတာ့ ေစာနကေျပာခဲ့ သလိုပါပဲ။ အစိုးရိမ္ဆုံးကေတာ့ မဲေပးတဲ့သူေတြရဲ႕ လုံၿခဳံေရးပါ။ အမတ္ေလာင္းေတြက သတၱိရွိရွိနဲ႔ဝင္ၿပိဳင္ မယ္ဆိုၿပီးေတာ့ တင္လိုက္ၿပီ။ ဘယ္သူေတြ ဝင္ ၿပိဳင္မယ္ဆိုတာက အကုန္သိကုန္ၿပီ။ ဒါေပမဲ့ ကြၽန္မတို႔ပါတီရဲ႕ အားသာခ်က္က ဘယ္အဖြဲ႕အစည္းအႀကီး ႀကီးေတြရဲ႕ ေထာက္ခံခ်က္မွမဟုတ္ဘူး။ ကြၽန္မတို႔က Third ပါတီပဲျဖစ္ေန တယ္။ ျပည္သူေတြအားလုံး ေကာင္းမြန္ေအာင္လုပ္ဖို႔အတြက္ပဲလို႔ ကြၽန္မတို႔ကေျပာျပတယ္။ ကြၽန္မတို႔က ဘယ္ပါတီ အႀကီးႀကီးေတြ ရဲ႕ ေထာက္ခံခ်က္မွလည္းမရွိဘူး။ ဘယ္ကမွ အလႉအတန္းလည္း မရွိဘူး။ အသက္ႀကီးရင္ ေဆးကုမယ့္ အထဲကပဲ လုပ္လာတာ။ ေတာက္ေလွ်ာက္ ဘယ္သူ႔ဆီကမွ တစ္ခါမွလည္းအလႉမခံဖူးဘူး ကြၽန္မတို႔ ပါတီကေလ။ ျပည္တြင္းမွာလည္း အလႉမခံဘူး။ ျပည္ပမွာလည္း အလႉမခံဘူး။ ကိုယ့္ဘာသာကိုယ္ မိသားစုေလးေတြထဲက အမတ္ဝင္မယ္ဆိုရင္လည္း အမတ္က သူတို႔တတ္ႏိုင္ သေလာက္ေလးနဲ႔ပဲ လုပ္ ၾကတာ။ ကြၽန္မတို႔က ဘာမွ လည္းအပြင့္စားၿပီးလုပ္တဲ့ပါတီလည္းမဟုတ္ဘူး။ ဘယ္အာဏာရွိတဲ့သူရဲ႕ ေထာက္ခံခ်က္မွလည္းမရွိ ဘူး။ ကြၽန္မတို႔က Third ပါတီျဖစ္တဲ့အတြက္ အားလုံးကေတာ့ အဆင္ေျပ တယ္။ သို႔ေပမယ့္လည္း ကြၽန္မစိတ္ပူေနတာက မဲေပးတဲ့အခါမွာ လာေပးတဲ့သူေတြကို အေႏွာင့္ အယွက္ မေပးပါေစနဲ႔လို႔ပဲ ဆုေတာင္းေနရတယ္။လုံၿခဳံေအာင္ သက္ဆိုင္ရာက လုပ္ေပးႏိုင္ပါေစလို႔ပဲ ကြၽန္မက ေတာ့ ေမွ်ာ္လင့္တယ္။
ေမး။ လက္ရွိမွာ ပဲခူးက မၿငိမ္းခ်မ္းတဲ့အေနအထား ျဖစ္ေနေတာ့ ဆူပူသူေတြရဲ႕အႏၲရာယ္နဲ႔ပတ္သက္ၿပီး ဘယ္လိုေျဖရွင္းမယ္လို႔ စဥ္းစားထားပါသလဲ။
ေျဖ ။ ကြၽန္မက တပ္နဲ႔လည္းအဆက္အသြယ္မရွိဘူး။ကြၽန္မတို႔က ႏိုင္ငံေရးသမားသက္သက္ပါပဲ။ အေဖ ကလည္း ဦးေက်ာ္ၿငိမ္းဆိုတာကို သိမယ္ထင္ပါတယ္။ အေဖမေသခင္မွာလည္း ကြၽန္မတို႔ကို ဘာလို႔ ႏိုင္ငံ ေရးထဲကိုဝင္ရတာလဲဆိုၿပီးေတာ့ ေမးၿပီးေတာ့ တိုင္းျပည္နဲ႔လူမ်ိဳးအတြက္ လိုအပ္ရင္ ဝင္ေပးဖို႔အတြက္ မွာခဲ့တယ္။ ကြၽန္မဆိုရင္လည္း Single Mother ပါပဲ (၃၃)ႏွစ္ကတည္းက ကေလး(၅)ေယာက္ကို ရွာ ေကြၽးခဲ့ရတာ။ အဲဒီလိုတာဝန္ရွိေတာ့ ဒီႏိုင္ငံေရးကို လုပ္ရမွာကို ေတာ္ေတာ္ေၾကာက္ခဲ့တယ္။ ျဖစ္ႏိုင္ပါ့မ လားေပါ့ေနာ္။ ဒါေပမဲ့ တကယ္တမ္းလုပ္လိုက္တဲ့ အခ်ိန္မွာက်ေတာ့ ကြၽန္မတို႔က Third ပါတီျဖစ္တယ္။ ဘယ္လူႀကီးရဲ႕ေထာက္ခံခ်က္မွမရွိဘူး။ အေထာက္ခံ ပါတီမဟုတ္ဘူး။ ကြၽန္မတို႔က ႐ိုး႐ိုးသားသား Third ပါတီ၊ သန႔္သန႔္ရွင္းရွင္းဆိုတဲ့အတြက္ ကြၽန္မအျမင္ေပါ့ေလ။ ကြၽန္မျမင္တာကေတာ့ ပဲခူးတိုင္းတစ္ခုလုံး ကေတာ့ ကြၽန္မတို႔က ျပည္သူေတြအတြက္ကို ေကာင္းေသာအလုပ္တစ္ခုကိုလုပ္ေပးတဲ့ပါတီတစ္ခုလို႔ ျမင္တယ္လို႔ေတာ့ ကြၽန္မကေတာ့ ဝမ္းသာအားရ ျမင္မိပါ တယ္။ ဟိုလူ႔ကိုေၾကာက္ရ ဒီလူ႔ကို ေၾကာက္ ရေတာ့ သိပ္မျဖစ္ခဲ့ပါဘူး။
ေမး။ လက္ရွိမွာ ေ႐ြးေကာက္ပြဲကို ကန႔္ကြက္ေနၾကတဲ့ သူေတြအေပၚမွာေကာ ဘယ္လိုမ်ိဳးမွတ္ခ်က္ျပဳ လိုပါလဲ။
ေျဖ။ ေ႐ြးေကာက္ပြဲကေနတစ္ဆင့္မွ အစိုးရဖြဲ႕ဖို႔ လႊတ္ေတာ္ထဲကိုသြားရမွာ။ လႊတ္ေတာ္ထဲမွာ ေျပာ စရာရွိတာကိုေျပာ၊ ျပင္စရာရွိတာကို ျပင္ရမွာ။ အဓိက ကေတာ့ ကြၽန္မအေနနဲ႔ ၿငိမ္းခ်မ္းေရးကို အရမ္းလို ခ်င္တယ္။ အဲဒီအခ်ိန္က်ရင္ေတာ့ စားပြဲဝိုင္းကို လာၾကပါ ဆိုၿပီးေခၚမွာပါ။ ကြၽန္မကိုယ္တိုင္လည္း တိုက္ တြန္းမယ္။ လူႀကီးေတြကလည္း လက္ခံလိမ့္မယ္လို႔ ေမွ်ာ္ လင့္တယ္။ ကြၽန္မတို႔က ၿငိမ္းခ်မ္းေရးကို ေခၚရ မွာေလ။ ကိုယ့္ျမန္မာ ျပည္သူ၊ ျပည္သားအခ်င္းခ်င္းပဲ။ အား လုံးက ျမန္မာျပည္မွာေနၾကတာေလ။ အားလုံးက မူဝါဒမတူတာရွိမယ္။ သူ႔လူမ်ိဳး၊ ငါ့လူမ်ိဳးမတူတာရွိ မယ္။ ဒါေပမဲ့ ကြၽန္မတို႔က စားပြဲဝိုင္း ေပၚ မွာ ၿငိမ္းခ်မ္းေရးကို စကားေျပာၿပီးမွ တိုင္းျပည္ကၿငိမ္းခ်မ္းမွ၊ ေရွ႕ဆက္တိုးတက္တာတို႔ ဘာတို႔ညာတို႔ စသည့္ျဖင့္ကို လုပ္ႏိုင္မွာေလ။ ဒီေတာ့ ၿငိမ္းခ်မ္းေရးကိုပဲ ဦးတည္ေဖာ္ေဆာင္ရမွာေပါ့ေနာ္။ ေျပာခ်င္ တာကေတာ့ ေ႐ြးေကာက္ပြဲကေနၿပီး လႊတ္ေတာ္ထဲကိုေရာက္တဲ့အခါ မွာ ၿငိမ္းခ်မ္းေရးေခၚမွာပါ။ ေခၚရ ေအာင္လည္း ကြၽန္မ ႀကိဳးစားမွာပါ။ လူေတြကို မဲလာေပးႏိုင္ေအာင္ အေျခအေနေပးပါေပါ့ေနာ္။ ဟို ဘက္က ဒီေ႐ြးေကာက္ပြဲ ကိုမႀကိဳက္ဘူးတို႔ ဘာတို႔နဲ႔ ဘယ္လိုပဲေျပာေျပာ ဒီေ႐ြး ေကာက္ပြဲေန႔ေလး မွာေတာ့ အားလုံးမဲေပးႏိုင္ဖို႔ေမွ်ာ္ လင့္ပါတယ္။ ျပည္သူေတြကလည္း မဲေပးၾကဖို႔ေမွ်ာ္လင့္ပါတယ္။ လာ ေပးတဲ့အခါမွာလည္း ဆူဆူပူပူမျဖစ္ ဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဒီေ႐ြးေကာက္ပြဲေလးျဖစ္ေျမာက္သြားၿပီး အဲဒီကေနမွတစ္ဆင့္ ကြၽန္မတို႔လို Third Party က တိုင္းျပည္ႀကီးကို ၿငိမ္းခ်မ္းေအာင္၊ တိုင္းျပည္ ေကာင္းေအာင္ လုပ္ေပးသြားမွာပါ။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။