(၈)ထပ်ရေတံခွန်တွင် ရေကစားသော ကိုယ်ပိုင်ကျောင်းမှ ဆရာ၊ ဆရာမ(၅)ဦး တောင်ကျရေစီး နှင့်မျောပါရာ (၂)ဦးသေဆုံး၍ (၂)ဦးပျောက်နေ

2743

သန့်ဇင် (NP News) - စက်တင်ဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၈)ထပ်ရေတံခွန်တွင် ရေကစားသော ကိုယ်ပိုင်ကျောင်းမှ ဆရာ၊ ဆရာမအဖွဲ့ တောင်ကျရေစီး နှင့်မျောကာ (၂)ဦးသေဆုံးသွားခဲ့ပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိကာ (၂)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၂၉ ရက်)၊ ညနေ ၃ နာရီအချိန်ခန့်က ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာအရှေ့ဘက်၊ (၈) ထပ်ရေတံခွန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က ရေသွားကစားကြတဲ့အထဲက (၅)ယောက်က တောင်ကျရေကြောင့်မျောပါသွားကြတာ။ (၈)ထပ်ရေတံခွန်မှာ ရေကစားရင်းနဲ့ ရေစီးနဲ့ မျောပါသွားကြတာပေါ့နော်။ ကိုယ်ပိုင်ကျောင်းတစ်ခုကလို့ သိရတယ်။ ရုရှားနိုင်ငံသားတစ်ဦးလည်းပါတယ်” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ် - ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက NP News ကို
ပြောသည်။
ထို့နောက် ရေစီးနှင့်မျှောပါသူ (၅)ဦးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေးအသင်းများသွားရောက်ကူညီခဲ့ရာ အသက်(၂၀)နှင့် (၂၅)နှစ်အရွယ် အမျိုးသမီး(၂)ဦးအား သေဆုံးလျှက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အသက် (၄၃)နှစ်အရွယ် ရုရှားနိုင်ငံသားတစ်ဦးအား ညာဘက်ခြေထောက်ကျိုးဒဏ်ရာများဖြင့် ပြန်လည်ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
“ရေစီးနှင့်မျောပါသူတွေထဲမှာ ပျောက်ဆုံးတာ မ (၂)ဦးရှိနေသေးတယ်။ အလောင်းတွေ့တာက မ(၂)ဦးတွေ့တယ်။ ကျားတစ်ဦးကိုလည်း ပြန်တွေ့ထားတယ်။ သေဆုံး (၂)ယောက်က အသက်(၂၀)နဲ့ (၂၅)နှစ်ပါ။ ဒဏ်ရာရတဲ့အမျိုးသားက ရုရှားနိုင်ငံသား (၄၃)နှစ်ပါ။ ဒဏ်ရာရ သူကို ညနေ (၆)နာရီမှာတွေ့တယ်။ သေဆုံးတဲ့ အမျိုးသမီး(၂)ယောက်ကိုတော့ ညနေ(၅)နာရီမှာပြန်တွေ့တယ်။ ပျောက်နေတဲ့လူတွေက ညကအချိန်မရှိတော့လို့ ဆက်ရှာလို့မရတော့တဲ့အတွက် အခုဆက်ပြီး ရှာနေပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ပျောက်ဆုံးနေဆဲဖြစ်သော အမျိုးသမီး(၂)ဦးအား ရှာဖွေကယ်ဆယ်မှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့နောက် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ပုသိမ်ကြီးမြို့နယ် - စေတနာမွန်လူမှုကူညီရေးအဖွဲ့ (အုန်းချော)နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ် - ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့) အသင်းတိုက ပြင်ဦးလွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။
တောတောင်ရေတံခွန်များသို့ သွားရောက်လည်ပတ် အပန်းဖြေကြသည့် မိဘပြည်သူများအနေဖြင့် မျှော်လင့်မထားနိုင်သည့် သဘာဝဘေး အခြေအနေများကို သတိပြုတွက်ဆစေလိုပါကြောင်းလည်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)က အကြံပေးထားထုတ်ပြန် ထားသည်။

Zawgyi Version:
(၈)ထပ္ေရတံခြန္တြင္ ေရကစားေသာ ကိုယ္ပိုင္ေက်ာင္းမွ ဆရာ၊ ဆရာမ(၅)ဦး ေတာင္က်ေရစီး ႏွင့္ေမ်ာပါရာ (၂)ဦးေသဆုံး၍ (၂)ဦးေပ်ာက္ေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၃ဝ
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ (၈)ထပ္ေရတံခြန္တြင္ ေရကစားေသာ ကိုယ္ပိုင္ေက်ာင္းမွ ဆရာ၊ ဆရာမအဖြဲ႕ ေတာင္က်ေရစီး ႏွင့္ေမ်ာကာ (၂)ဦးေသဆုံးသြားခဲ့ၿပီး (၁)ဦးထိခိုက္ဒဏ္ရာရရွိကာ (၂)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ လူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာ ၂၉ ရက္)၊ ညေန ၃ နာရီအခ်ိန္ခန႔္က ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာ႐ြာအေရွ႕ဘက္၊ (၈) ထပ္ေရတံခြန္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မေန႔က ေရသြားကစားၾကတဲ့အထဲက (၅)ေယာက္က ေတာင္က်ေရေၾကာင့္ေမ်ာပါသြားၾကတာ။ (၈)ထပ္ေရတံခြန္မွာ ေရကစားရင္းနဲ႔ ေရစီးနဲ႔ ေမ်ာပါသြားၾကတာေပါ့ေနာ္။ ကိုယ္ပိုင္ေက်ာင္းတစ္ခုကလို႔ သိရတယ္။ ႐ုရွားႏိုင္ငံသားတစ္ဦးလည္းပါတယ္” ဟု ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕ (ပုသိမ္ႀကီးၿမိဳ႕နယ္ - ထာဝရလူမႈကယ္ဆယ္ေရးအဖြဲ႕)မွ တာဝန္ရွိသူတစ္ဦးက NP News ကို
ေျပာသည္။
ထို႔ေနာက္ ေရစီးႏွင့္ေမွ်ာပါသူ (၅)ဦးအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ႏွင့္ ေဒသတြင္းလူမႈကူညီေရးအသင္းမ်ားသြားေရာက္ကူညီခဲ့ရာ အသက္(၂၀)ႏွင့္ (၂၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီး(၂)ဦးအား ေသဆုံးလွ်က္ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီး အသက္ (၄၃)ႏွစ္အ႐ြယ္ ႐ုရွားႏိုင္ငံသားတစ္ဦးအား ညာဘက္ေျခေထာက္က်ိဳးဒဏ္ရာမ်ားျဖင့္ ျပန္လည္ရွာေဖြကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“ေရစီးႏွင့္ေမ်ာပါသူေတြထဲမွာ ေပ်ာက္ဆုံးတာ မ (၂)ဦးရွိေနေသးတယ္။ အေလာင္းေတြ႕တာက မ(၂)ဦးေတြ႕တယ္။ က်ားတစ္ဦးကိုလည္း ျပန္ေတြ႕ထားတယ္။ ေသဆုံး (၂)ေယာက္က အသက္(၂၀)နဲ႔ (၂၅)ႏွစ္ပါ။ ဒဏ္ရာရတဲ့အမ်ိဳးသားက ႐ုရွားႏိုင္ငံသား (၄၃)ႏွစ္ပါ။ ဒဏ္ရာရ သူကို ညေန (၆)နာရီမွာေတြ႕တယ္။ ေသဆုံးတဲ့ အမ်ိဳးသမီး(၂)ေယာက္ကိုေတာ့ ညေန(၅)နာရီမွာျပန္ေတြ႕တယ္။ ေပ်ာက္ေနတဲ့လူေတြက ညကအခ်ိန္မရွိေတာ့လို႔ ဆက္ရွာလို႔မရေတာ့တဲ့အတြက္ အခုဆက္ၿပီး ရွာေနပါတယ္” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
လက္ရွိတြင္ ေပ်ာက္ဆုံးေနဆဲျဖစ္ေသာ အမ်ိဳးသမီး(၂)ဦးအား ရွာေဖြကယ္ဆယ္မႈမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေနာက္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ( ပုသိမ္ႀကီးၿမိဳ႕နယ္ - ေစတနာမြန္လူမႈကူညီေရးအဖြဲ႕ (အုန္းေခ်ာ)ႏွင့္ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ပုသိမ္ႀကီးၿမိဳ႕နယ္ - ထာဝရလူမႈကယ္ဆယ္ေရးအဖြဲ႕) အသင္းတိုက ျပင္ဦးလြင္ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္းလည္း သိရသည္။
ေတာေတာင္ေရတံခြန္မ်ားသို႔ သြားေရာက္လည္ပတ္ အပန္းေျဖၾကသည့္ မိဘျပည္သူမ်ားအေနျဖင့္ ေမွ်ာ္လင့္မထားႏိုင္သည့္ သဘာဝေဘး အေျခအေနမ်ားကို သတိျပဳတြက္ဆေစလိုပါေၾကာင္းလည္း ေစတနာမြန္လူမႈကူညီေရးအသင္း(အုန္းေခ်ာ)က အႀကံေပးထားထုတ္ျပန္ ထားသည္။