ပထမဦးဆုံးအဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံသည့်နေရာများ ဆက်လက် ရွေးချယ်သွားမည်

4982

Pearl (NP News) - စက်တင်ဘာ ၃၀
ပထမဦးဆုံးအဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံသည့်နေရာများ ဆက်လက် ရွေးချယ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ROSATOM မှကြီးမှူး ကျင်းပသည့် ကမ္ဘာ့အဏုမြူရက်သတ္တပတ်သို့ တက်ရောက်ခဲ့ပြီး အဏုမြူစွမ်းအင်နှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ၊ ပြည်သူလူထုအကျိုးအတွက် အသုံးပြုနိုင်ဖို့အတွက်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ဆွေးနွေးခဲ့တဲ့နေရာမှာ တက်ရောက်တဲ့နိုင်ငံတွေရဲ့ အမြင်သဘောထားတွေကိုလည်း နားထောင်ခဲ့ရတယ်။ နိုင်ငံတော်ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းလည်းပြောခဲ့ရတယ်။ ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းနဲ့ မြန်မာနိုင်ငံရဲ့ သဘောထားလည်း ပြောခဲ့ရတယ်။ ဒီထဲမှာ အနှစ်ချုပ်ပြောရရင် မြန်မာနိုင်ငံရဲ့ သဘောထားကတော့ အဏုမြူစွမ်းအင်ကို အသုံးပြုခြင်းရဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ စွမ်းအင်ပေါ့လေ၊ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအင်တစ်ခုရရှိဖို့၊ ပြီးရင်ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးရေးဘက်ဆိုင်ရာသုတေသနတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါတွေကို ကျွန်တော်တို့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ရုရှားရဲ့ အဏုမြူစွမ်းအင်အေဂျင်စီဖြစ်တဲ့ ROSATOM နဲ့လည်း ကျွန်တော်တို့ သဘောတူလက်မှတ်တွေ ရေးထိုးခဲ့ရတာတွေရှိတယ်။ ပြီးရင်တော့ ကျွန်တော်တို့ ရုရှားသမ္မတကြီး မစ္စတာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့တာရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ ခရီးစဉ်အတွင်း ရုရှားနိုင်ငံ မှ Rosatom Technical Academy နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးခဲ့ကာ ယင်း စာချုပ်အရ နျူကလီးယား သိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ သင်ရိုး ညွှန်းတမ်းများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာပြည်၏ လျှပ်စစ်ဓာတ်အားတိုးတက်ရေးအတွက် အသေးစား Nuclear စက်ရုံတည်ဆောက်ဖို့ စီစဉ်နေပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံသည့်နေရာများ ဆက်လက်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာရှိတယ်။ ယခင်နှစ်ကတည်းကတိုင် MoU ပေါ့ဗျာ။ ထပ်လောင်းပြီးတော့ ရေးထိုးခဲ့တာရှိတယ်။ အဓိကကတော့ ကျွန်တော်တို့က ပထမဦးဆုံးအဏုမြူစွမ်းအင်အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံတဲ့နေရာတွေ ဆက်လက်ပြီး ရွေးချယ်သွားဖို့ရှိတယ်။ အခုလည်း ရန်ကုန်မှာ ခင်ဗျားတို့မြင်တဲ့ အတိုင်းပဲ။ ကျွန်တော်တို့ဟိုမှာ World Atomic Week Forum လုပ်နေ တဲ့အချိန်မှာပဲ ရန်ကုန်မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တာမျိုးရှိတယ်။ ဒီအဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး ကျွန်တော်အသိပေးလိုတာက အဏုမြူစွမ်းအင်ဆိုတာက လုံခြုံမှုရှိတဲ့စွမ်းအင်ဖြစ်ပါတယ်။ အဏုမြူစွမ်းအင်ဆိုတာသည် တည်ငြိမ်တဲ့လျှပ်စစ်ကိုပေးနိုင်တဲ့ စွမ်းအင်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့ လျှပ်စစ်စွမ်းအားက ဘယ်လောက်ထိ လိုတယ်ဆိုတာကို အားလုံးက သိပြီးဖြစ်လိမ့်မယ်။ လျှပ်စစ်စွမ်းအားလိုတဲ့နေရာမှာ တည်ငြိမ်တဲ့လျှပ်စစ် စွမ်းအင်ရရှိဖို့ အရေးကြီးတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

Zawgyi Version:
ပထမဦးဆုံးအဏုျမဴစြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံအတြက္ လုံၿခဳံသည့္ေနရာမ်ား ဆက္လက္ ေ႐ြးခ်ယ္သြားမည္
Pearl (NP News) - စက္တင္ဘာ ၃၀
ပထမဦးဆုံးအဏုျမဴစြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံအတြက္ လုံၿခဳံသည့္ေနရာမ်ား ဆက္လက္ ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ႐ုရွားခရီးစဥ္အတြင္း ROSATOM မွႀကီးမႉး က်င္းပသည့္ ကမာၻ႔အဏုျမဴရက္သတၱပတ္သို႔ တက္ေရာက္ခဲ့ၿပီး အဏုျမဴစြမ္းအင္ႏွင့္ပတ္သက္၍ ၿငိမ္းခ်မ္းစြာ အသုံးျပဳႏိုင္ရန္ ၊ ျပည္သူလူထုအက်ိဳးအတြက္ အသုံးျပဳႏိုင္ဖို႔အတြက္ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
“ေဆြးေႏြးခဲ့တဲ့ေနရာမွာ တက္ေရာက္တဲ့ႏိုင္ငံေတြရဲ႕ အျမင္သေဘာထားေတြကိုလည္း နားေထာင္ခဲ့ရတယ္။ ႏိုင္ငံေတာ္ယာယီသမၼတႀကီးရဲ႕ မိန႔္ခြန္းလည္းေျပာခဲ့ရတယ္။ ယာယီသမၼတႀကီးရဲ႕ မိန႔္ခြန္းနဲ႔ ျမန္မာႏိုင္ငံရဲ႕ သေဘာထားလည္း ေျပာခဲ့ရတယ္။ ဒီထဲမွာ အႏွစ္ခ်ဳပ္ေျပာရရင္ ျမန္မာႏိုင္ငံရဲ႕ သေဘာထားကေတာ့ အဏုျမဴစြမ္းအင္ကို အသုံးျပဳျခင္းရဲ႕ အေၾကာင္းရင္းကေတာ့ ျမန္မာႏိုင္ငံမွာ စြမ္းအင္ေပါ့ေလ၊ တည္ၿငိမ္တဲ့ လွ်ပ္စစ္စြမ္းအင္တစ္ခုရရွိဖို႔၊ ၿပီးရင္ေဆးဘက္ဆိုင္ရာ၊ စိုက္ပ်ိဳးေရးဘက္ဆိုင္ရာသုေတသနေတြမွာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ဒါေတြကို ကြၽန္ေတာ္တို႔ေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္။ ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ ႐ုရွားရဲ႕ အဏုျမဴစြမ္းအင္ေအဂ်င္စီျဖစ္တဲ့ ROSATOM နဲ႔လည္း ကြၽန္ေတာ္တို႔ သေဘာတူလက္မွတ္ေတြ ေရးထိုးခဲ့ရတာေတြရွိတယ္။ ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ ႐ုရွားသမၼတႀကီး မစၥတာ ဗလာဒီမာပူတင္နဲ႔ ေတြ႕ဆုံခဲ့တာရွိတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အဆိုပါ ခရီးစဥ္အတြင္း ႐ုရွားႏိုင္ငံ မွ Rosatom Technical Academy ႏွင့္ ရန္ကုန္ နည္းပညာတကၠသိုလ္တို႔အၾကား ပူးေပါင္း ေဆာင္႐ြက္မႈဆိုင္ရာသေဘာတူစာခ်ဳပ္ (MOU) လက္မွတ္ေရးထိုးခဲ့ကာ ယင္း စာခ်ဳပ္အရ န်ဴကလီးယား သိပၸံ၊ နည္းပညာ၊ သုေတသနႏွင့္ လူ႔စြမ္းအား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေရး၊ သင္႐ိုး ၫႊန္းတမ္းမ်ား ဖလွယ္ေရးဆိုင္ရာ ကိစၥရပ္မ်ားအျပင္ အျပည္ျပည္ဆိုင္ရာစီမံကိန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ျခင္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ျမန္မာျပည္၏ လွ်ပ္စစ္ဓာတ္အားတိုးတက္ေရးအတြက္ အေသးစား Nuclear စက္႐ုံတည္ေဆာက္ဖို႔ စီစဥ္ေနၿပီး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံအတြက္ လုံၿခဳံသည့္ေနရာမ်ား ဆက္လက္ၿပီး ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
“ကြၽန္ေတာ္တို႔ သေဘာတူလက္မွတ္ေရးထိုးခဲ့တာရွိတယ္။ ယခင္ႏွစ္ကတည္းကတိုင္ MoU ေပါ့ဗ်ာ။ ထပ္ေလာင္းၿပီးေတာ့ ေရးထိုးခဲ့တာရွိတယ္။ အဓိကကေတာ့ ကြၽန္ေတာ္တို႔က ပထမဦးဆုံးအဏုျမဴစြမ္းအင္အသုံးျပဳႏိုင္ဖို႔အတြက္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံအတြက္ လုံၿခဳံတဲ့ေနရာေတြ ဆက္လက္ၿပီး ေ႐ြးခ်ယ္သြားဖို႔ရွိတယ္။ အခုလည္း ရန္ကုန္မွာ ခင္ဗ်ားတို႔ျမင္တဲ့ အတိုင္းပဲ။ ကြၽန္ေတာ္တို႔ဟိုမွာ World Atomic Week Forum လုပ္ေန တဲ့အခ်ိန္မွာပဲ ရန္ကုန္မွာလည္း ကြၽန္ေတာ္တို႔ လုပ္ခဲ့တာမ်ိဳးရွိတယ္။ ဒီအဏုျမဴစြမ္းအင္နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္အသိေပးလိုတာက အဏုျမဴစြမ္းအင္ဆိုတာက လုံၿခဳံမႈရွိတဲ့စြမ္းအင္ျဖစ္ပါတယ္။ အဏုျမဴစြမ္းအင္ဆိုတာသည္ တည္ၿငိမ္တဲ့လွ်ပ္စစ္ကိုေပးႏိုင္တဲ့ စြမ္းအင္မ်ိဳးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတိုးတက္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ လွ်ပ္စစ္စြမ္းအားက ဘယ္ေလာက္ထိ လိုတယ္ဆိုတာကို အားလုံးက သိၿပီးျဖစ္လိမ့္မယ္။ လွ်ပ္စစ္စြမ္းအားလိုတဲ့ေနရာမွာ တည္ၿငိမ္တဲ့လွ်ပ္စစ္ စြမ္းအင္ရရွိဖို႔ အေရးႀကီးတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။