ပုဂံ-ရန်ကုန် ရထားလမ်းပိုင်းတွင် ချောင်းကူးရထားလမ်းတံတားအလယ်တိုင် နိမ့်ဆင်းမှုဖြစ်ပွား

 346

သက်ပိုင်(NP News) -စက်တင်ဘာ ၃၀
ပုဂံ-ရန်ကုန် အစုံအဆန်ပြေးဆွဲနေသည့် ရထားလမ်းပိုင်းမှ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်ရှိ ရန်ပယ်ချောင်းသံလမ်းတံတား အလယ်ကွန်ကရစ်တိုင် နိမ့်ဆင်းမှု ဖြစ်ပွားခဲ့ကြောင်း NP News မှ စုံစမ်းချက်များအရသိသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရန်ပယ်ချောင်းအတွင်း ချောင်းရေ မြင့်တက်လာပြီး ရေစီးပြင်းထန်သည့်အတွက် ယခုကဲ့သို့ ချောင်းကူးသံလမ်းတံတား အလယ်တိုင်နိမ့်ဆင်းသွားခြင်းဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို ဘယ်လို လုပ်သွားမယ်ဆိုတာကိုတော့ ညွှန်ကြားချက်မရသေးတော့ မပြောနိုင်သေးပါဘူး။အထက်က တိကျတဲ့ ညွှန်ကြားချက်တွေရလာရင် အသိပေးကြေညာသွားမယ် ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ပုဂံ - ရန်ကုန် ရထားလမ်းပိုင်းကို (၆၁) အဆန်၊ (၆၂) အစုန် ရထားများဖြင့် အပတ်စဉ် သောကြာနေ့တိုင်း ပြေးဆွဲပေးလျက် ရှိကြောင်းနှင့် ယခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ပုဂံ-ရန္ကုန္ ရထားလမ္းပိုင္းတြင္ ေခ်ာင္းကူးရထားလမ္းတံတားအလယ္တိုင္ နိမ့္ဆင္းမႈျဖစ္ပြား
သက္ပိုင္(NP News) -စက္တင္ဘာ ၃၀
ပုဂံ-ရန္ကုန္ အစုံအဆန္ေျပးဆြဲေနသည့္ ရထားလမ္းပိုင္းမွ မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီး ၿမိဳ႕နယ္ရွိ ရန္ပယ္ေခ်ာင္းသံလမ္းတံတား အလယ္ကြန္ကရစ္တိုင္ နိမ့္ဆင္းမႈ ျဖစ္ပြားခဲ့ေၾကာင္း NP News မွ စုံစမ္းခ်က္မ်ားအရသိသည္။
မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ားေၾကာင့္ ရန္ပယ္ေခ်ာင္းအတြင္း ေခ်ာင္းေရ ျမင့္တက္လာၿပီး ေရစီးျပင္းထန္သည့္အတြက္ ယခုကဲ့သို႔ ေခ်ာင္းကူးသံလမ္းတံတား အလယ္တိုင္နိမ့္ဆင္းသြားျခင္းျဖစ္ေၾကာင္း ရန္ကုန္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“ျဖစ္စဥ္ကေတာ့ ဟုတ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေျပးဆြဲေနတဲ့ ခရီးစဥ္ေတြကို ဘယ္လို လုပ္သြားမယ္ဆိုတာကိုေတာ့ ၫႊန္ၾကားခ်က္မရေသးေတာ့ မေျပာႏိုင္ေသးပါဘူး။အထက္က တိက်တဲ့ ၫႊန္ၾကားခ်က္ေတြရလာရင္ အသိေပးေၾကညာသြားမယ္ ” ဟု အဆိုပါတာဝန္ရွိသူက ေျပာသည္။
ပုဂံ - ရန္ကုန္ ရထားလမ္းပိုင္းကို (၆၁) အဆန္၊ (၆၂) အစုန္ ရထားမ်ားျဖင့္ အပတ္စဥ္ ေသာၾကာေန႔တိုင္း ေျပးဆြဲေပးလ်က္ ရွိေၾကာင္းႏွင့္ ယခုႏွစ္တြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.