နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြု

 4093

သုတကျော် (NP News) - စက်တင်ဘာ ၃၀

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုကြောင်း ယနေ့ (စက်တင်ဘာလ ၃၀ ရက်) ညပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် အပိုင်း ၇ ပိုင်း ပါဝင်ရာအပိုင်း ၁ အနေဖြင့် ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး တွင် ဝန်ထမ်းများ အားအပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လ ကျပ် ၃ဝ,ဝဝဝ/- ကို ၂ဝ၂၃ ခုနှစ်၊အောက်တိုဘာလ မှစတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ် အဖြစ်လည်းကောင်း လစဉ်ခံစားခွင့်ပြုခဲ့ပါကြောင်း၊ ယခုအခါ လက်ရှိထောက်ပံ့လျက်ရှိသည့် အပို ထောက်ပံ့ကြေး ကျပ် ၆ဝ,ဝဝဝ/- အပြင် ထပ်မံ၍ ကျပ် ၃၀,ဝဝဝ/-(ကျပ်သုံးသောင်းတိတိ)ကို အပို ထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

အပိုင်း ၂ တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှစတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ ဒုတိယအကြိမ်အဖြစ်လည်းကောင်း လစဉ်ခံစားခွင့်ပြုခဲ့ရာ ယခုအခါ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀/-(ကျပ်သုံးသောင်း တိတိ) ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

အပိုင်း ၃ အနေဖြင့် ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးထုတ်ပေးရေးနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရာတွင် နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြ သည့် ဝန်ထမ်းများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ထုတ်ပေးရာ၌ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်(၄)လအတွက်နှင့် လစာပြည့် သို့မဟုတ် လစာဝက်အစရှိသည့် လစာငွေရရှိသော အခြားခွင့်ခံစားနေသည့်ကာလအတွင်း အပိုထောက်ပံ့ကြေးကို ခံစားခွင့်ရှိကြောင်း ဖော်ပြထားသည်။

ပညာသင်ကြားခွင့် ဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ စေလွှတ်ခြင်းခံရသော ဝန်ထမ်း များနှင့်ပညာသင်ခွင့်စည်းကမ်းချက်များ ဖြင့် နိုင်ငံခြားသို့ သွားရောက်ပညာသင် ကြားနေကြသည့်ဝန်ထမ်းများသည် ယင်းသို့သွားရောက်နေသည့် ကာလအတွင်း အပိုထောက်ပံ့ကြေးကို ခံစားခွင့်မရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာ၌ လိုအပ်သောအရည်အချင်း ပြည့်စုံမှုအတွက် ပြည်တွင်း တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတစ်ခုခုတွင်လည်းကောင်း၊ စက်မှုစိုက်ပျိုးနှင့် သက်မွေး ပညာဆိုင်ရာသိပ္ပံ သို့မဟုတ် အထက်တန်းကျောင်း တစ်ခုခုတွင်လည်းကောင်း ပညာသင်ခွင့် စည်းကမ်းချက်များဖြင့် တက်ရောက်ပညာသင်ကြားခွင့် ရရှိသော ဝန်ထမ်းများအား ပညာသင်ခွင့်ကာလအတွင်း အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုရမည် ဖြစ်ကြောင်း သိရသည်။

ရာထူးမှ ခေတ္တချထားခြင်းခံရသော ဝန်ထမ်းများအား တည်ဆဲနည်းဥပဒေများအရ နေထိုင်စားသောက်မှုစရိတ်ကို ထုတ်ပေးထားစဉ်ကာလအတွင်း အပိုထောက်ပံ့ ကြေးကို ခံစားခွင့်ပြုရပါမည်။ ပုံသေလစား ရရှိသော ဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ကြေးကို လစဉ် ခံစားခွင့်ရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အပိုင်း ၄ အနေဖြင့် အစိုးရဌာနများနှင့်အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈ဝဝ/-အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/-ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ထပ်မံ၍ ကျပ် ၁,၀၀၀/-ကို ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ်အဖြစ်လည်းကောင်းလစဉ်ခံစားခွင့်ပြုခဲ့ရာ ယခုအခါ လက်ရှိထောက်ပံ့လျက် ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀/-အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပို ထောက်ပံ့ကြေး အဖြစ် ခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၇,၈ဝဝ/-(ကျပ်ခုနစ်ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြုရန် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခွင့်ပြုရာတွင် လုပ်ငန်းစာချုပ်အစရှိသည့် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းပမာဏ သို့မဟုတ် အရေအတွက်ကိုလိုက်၍ အခကြေးငွေရရှိသည့် ဝန်ထမ်းများနှင့်အလုပ်သမားများ၊ အချိန်ပိုင်း၊ သာ ဆောင်ရွက်ရသည့် ဝန်ထမ်းများမှာ အပိုထောက်ပံ့ကြေးကို ခံစားခွင့်မရှိကြောင်း သိရသည်။

အပိုင်း ၅ အနေဖြင့် (တပ်မတော်အငြိမ်းစား ဝန်ထမ်းများအပါအဝင်)အား အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လ ကျပ် ၃၀,ဝဝဝ/- ကို ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ပထမအကြိမ်အဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ရာ ယခုအခါ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,ဝဝဝ/- အပြင်ထပ်မံ၍ ကျပ် ၃၀,၀၀၀/-(ကျပ်သုံးသောင်းတိတိ)ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုရန် ဖြစ်ကြောင်း သိရသည်။

အပိုင်း ၆ အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား အပိုထောက်ပံ့ကြေးပေးရေးနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်မှာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် အငြိမ်းစားဝန်ထမ်းများကိုသာ အပို ထောက်ပံ့ကြေးကို ခံစားခွင့်ပြုရန်ဖြစ်၍ နိုင်ငံခြားတိုင်းပြည်များတွင် ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ သွားရောက်နေထိုင်ကြသူများကို နိုင်ငံခြားတွင်သွားရောက်နေ စဉ်အတွင်း အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုမည် မဟုတ်ကြောင်း၊ ပင်စင်လစာတစ်ခုထက်ပို၍ ရရှိနေသော အငြိမ်းစားဝန်ထမ်းများအတွက် ယင်းသို့ ရရှိနေသည့် ပင်စင်လစာအားလုံး၏စုစုပေါင်းအပေါ်တွင် အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုရန်ဖြစ်ကြောင်း သိရသည်။

မိသားစုပင်စင်နှင့်ပတ်သက်၍ အကျိုးခံစားခွင့်ရှိသူအားလုံး(ဥပမာ-ကွယ်လွန်သူ ဝန်ထမ်း၏ ဇနီးနှင့်သားသမီးများအားလုံး)ခံစားရရှိနေသည့် ပင်စင်ငွေစုစုပေါင်း အပေါ်တွင် အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုရန်နှင့် ယင်းအပိုထောက်ပံ့ကြေး ကို တစ်ကြိမ်သတ်မှတ်ပြီးဖြစ်ပါက တစ်ဦးတစ်ယောက်၏ခံစားခွင့်ရပ်စဲသွားသည့် အခါ အပိုထောက်ပံ့ကြေးကို ထပ်မံပြင်ဆင်သတ်မှတ်ရန် မလိုကြောင်း၊ ယခုခွင့်ပြုသော အပိုထောက်ပံ့ကြေးကို တစ်လုံးတည်းပင်စင်အဖြစ် လဲလှယ်ခွင့် မရှိကြောင်း၊ ပင်စင်နှင့်လုပ်သက်ဆုငွေများကို လက်ရှိပြဋ္ဌာန်းထားသော စည်းမျဉ်းများအတိုင်း ပင် ဆက်လက်ခံစားခွင့်ပြုရမည် ဖြစ်ကာ ယခင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၅-၈-၂ဝ၂၄ ရက်စွဲပါ စာအမှတ်၊ စဘ/ဘဏ္ဍာ-၂/၂/၃၁၀ (၃၉၀၄/၂ဝ၂၄)ဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အပိုဒ် ၂ ပါ အချက်များကိုပါ လိုက်နာဆောင်ရွက်ရမည် ဟု ဖော်ပြထားသည်။

အပိုင်း ၇ အနေဖြင့် ဤအမိန့်သည် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အတည်ဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အတွက် ပေးရန်ရှိသော လစာ၊ လုပ်ခ၊ ပင်စင်လစာနှင့်အတူ အပိုထောက်ပံ့ကြေးကို ထုတ်ပေးနိုင် အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

zawgyi version

ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကး ထပ္မံခံစားခြင့္ျပဳ

သုတေက်ာ္ (NP News) - စက္တင္ဘာ ၃၀

ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကး ထပ္မံခံစားခြင့္ျပဳေၾကာင္း ယေန႔ (စက္တင္ဘာလ ၃၀ ရက္) ညပိုင္းတြင္ ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ယင္းထုတ္ျပန္ခ်က္တြင္ အပိုင္း ၇ ပိုင္း ပါဝင္ရာအပိုင္း ၁ အေနျဖင့္ ဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကး တြင္ ဝန္ထမ္းမ်ား အားအပိုေထာက္ပံ့ေၾကးအျဖစ္ တစ္ဦးလွ်င္တစ္လ က်ပ္ ၃ဝ,ဝဝဝ/- ကို ၂ဝ၂၃ ခုႏွစ္၊ေအာက္တိုဘာလ မွစတင္၍ ပထမအႀကိမ္အျဖစ္လည္းေကာင္း၊ ၂ဝ၂၄ ခုႏွစ္၊ ဩဂုတ္လမွစတင္၍ ဒုတိယအႀကိမ္ အျဖစ္လည္းေကာင္း လစဥ္ခံစားခြင့္ျပဳခဲ့ပါေၾကာင္း၊ ယခုအခါ လက္ရွိေထာက္ပံ့လ်က္ရွိသည့္ အပို ေထာက္ပံ့ေၾကး က်ပ္ ၆ဝ,ဝဝဝ/- အျပင္ ထပ္မံ၍ က်ပ္ ၃၀,ဝဝဝ/-(က်ပ္သုံးေသာင္းတိတိ)ကို အပို ေထာက္ပံ့ေၾကးအျဖစ္ လစဥ္ခံစားခြင့္ျပဳလိုက္ေၾကာင္း ေဖာ္ျပထားသည္။

အပိုင္း ၂ တြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)ဝန္ထမ္းမ်ားအား အပိုေထာက္ပံ့ေၾကးအျဖစ္ တစ္ဦးလွ်င္ တစ္လ က်ပ္ ၃၀,၀၀၀/- ကို ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ မွစတင္၍ ပထမအႀကိမ္အျဖစ္လည္းေကာင္း၊ ၂ဝ၂၄ ခုႏွစ္၊ ဩဂုတ္လမွ စတင္၍ ဒုတိယအႀကိမ္အျဖစ္လည္းေကာင္း လစဥ္ခံစားခြင့္ျပဳခဲ့ရာ ယခုအခါ လက္ရွိေထာက္ပံ့လ်က္ရွိသည့္ အပိုေထာက္ပံ့ေၾကး က်ပ္ ၆၀,၀၀၀/- အျပင္ ထပ္မံ၍ က်ပ္ ၃၀,၀၀၀/-(က်ပ္သုံးေသာင္း တိတိ) ကို အပိုေထာက္ပံ့ေၾကးအျဖစ္ လစဥ္ခံစားခြင့္ျပဳလိုက္ေၾကာင္း ေဖာ္ျပထားသည္။

အပိုင္း ၃ အေနျဖင့္ ဝန္ထမ္းမ်ားအား အပိုေထာက္ပံ့ေၾကးထုတ္ေပးေရးႏွင့္စပ္လ်ဥ္း၍ လိုက္နာေဆာင္႐ြက္ရာတြင္ ႏိုင္ငံေတာ္၏တာဝန္ကို ထမ္းေဆာင္လ်က္ရွိၾက သည့္ ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)ဝန္ထမ္းမ်ားအား အပိုေထာက္ပံ့ေၾကး ထုတ္ေပးရာ၌ အၿငိမ္းစားယူရန္ ႀကိဳတင္ျပင္ဆင္ခြင့္(၄)လအတြက္ႏွင့္ လစာျပည့္ သို႔မဟုတ္ လစာဝက္အစရွိသည့္ လစာေငြရရွိေသာ အျခားခြင့္ခံစားေနသည့္ကာလအတြင္း အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္ရွိေၾကာင္း ေဖာ္ျပထားသည္။

ပညာသင္ၾကားခြင့္ ျဖင့္ ႏိုင္ငံျခားတိုင္းျပည္မ်ားသို႔ ေစလႊတ္ျခင္းခံရေသာ ဝန္ထမ္း မ်ားႏွင့္ပညာသင္ခြင့္စည္းကမ္းခ်က္မ်ား ျဖင့္ ႏိုင္ငံျခားသို႔ သြားေရာက္ပညာသင္ ၾကားေနၾကသည့္ဝန္ထမ္းမ်ားသည္ ယင္းသို႔သြားေရာက္ေနသည့္ ကာလအတြင္း အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္မရွိေၾကာင္း၊ တာဝန္ထမ္းေဆာင္ရာ၌ လိုအပ္ေသာအရည္အခ်င္း ျပည့္စုံမႈအတြက္ ျပည္တြင္း တကၠသိုလ္၊ ေကာလိပ္၊ သိပၸံတစ္ခုခုတြင္လည္းေကာင္း၊ စက္မႈစိုက္ပ်ိဳးႏွင့္ သက္ေမြး ပညာဆိုင္ရာသိပၸံ သို႔မဟုတ္ အထက္တန္းေက်ာင္း တစ္ခုခုတြင္လည္းေကာင္း ပညာသင္ခြင့္ စည္းကမ္းခ်က္မ်ားျဖင့္ တက္ေရာက္ပညာသင္ၾကားခြင့္ ရရွိေသာ ဝန္ထမ္းမ်ားအား ပညာသင္ခြင့္ကာလအတြင္း အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္ျပဳရမည္ ျဖစ္ေၾကာင္း သိရသည္။

ရာထူးမွ ေခတၱခ်ထားျခင္းခံရေသာ ဝန္ထမ္းမ်ားအား တည္ဆဲနည္းဥပေဒမ်ားအရ ေနထိုင္စားေသာက္မႈစရိတ္ကို ထုတ္ေပးထားစဥ္ကာလအတြင္း အပိုေထာက္ပံ့ ေၾကးကို ခံစားခြင့္ျပဳရပါမည္။ ပုံေသလစား ရရွိေသာ ဝန္ထမ္းမ်ားသည္လည္း အပိုေထာက္ပံ့ေၾကးကို လစဥ္ ခံစားခြင့္ရွိမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အပိုင္း ၄ အေနျဖင့္ အစိုးရဌာနမ်ားႏွင့္အဖြဲ႕အစည္းမ်ားရွိ ေန႔စားဝန္ထမ္းမ်ားႏွင့္ ေန႔စားအလုပ္သမားမ်ား၏ လုပ္ခကို အလုပ္ခ်ိန္ တစ္ေန႔ (၈)နာရီအတြက္ လက္ရွိသတ္မွတ္ထားေသာ လုပ္ခ က်ပ္ ၄,၈ဝဝ/-အေပၚတြင္ အပိုေထာက္ပံ့ေၾကး က်ပ္ ၁,၀၀၀/-ကို ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလမွစတင္၍ ပထမအႀကိမ္အျဖစ္လည္းေကာင္း၊ ထပ္မံ၍ က်ပ္ ၁,၀၀၀/-ကို ၂ဝ၂၄ ခုႏွစ္၊ ဩဂုတ္လမွစတင္၍ ဒုတိယအႀကိမ္အျဖစ္လည္းေကာင္းလစဥ္ခံစားခြင့္ျပဳခဲ့ရာ ယခုအခါ လက္ရွိေထာက္ပံ့လ်က္ ရွိသည့္ အပိုေထာက္ပံ့ေၾကး က်ပ္ ၂,၀၀၀/-အျပင္ ထပ္မံ၍ က်ပ္ ၁,၀၀၀/- ကို အပို ေထာက္ပံ့ေၾကး အျဖစ္ ခံစားခြင့္ျပဳရန္ျဖစ္သျဖင့္ ေန႔စားအလုပ္သမားမ်ားအား ေန႔စဥ္လုပ္ခ က်ပ္ ၇,၈ဝဝ/-(က်ပ္ခုနစ္ေထာင့္ရွစ္ရာတိတိ)ကို ခြင့္ျပဳရန္ ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ ခြင့္ျပဳရာတြင္ လုပ္ငန္းစာခ်ဳပ္အစရွိသည့္ ေဆာင္႐ြက္ၿပီးစီးေသာ လုပ္ငန္းပမာဏ သို႔မဟုတ္ အေရအတြက္ကိုလိုက္၍ အခေၾကးေငြရရွိသည့္ ဝန္ထမ္းမ်ားႏွင့္အလုပ္သမားမ်ား၊ အခ်ိန္ပိုင္း၊ သာ ေဆာင္႐ြက္ရသည့္ ဝန္ထမ္းမ်ားမွာ အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္မရွိေၾကာင္း သိရသည္။

အပိုင္း ၅ အေနျဖင့္ (တပ္မေတာ္အၿငိမ္းစား ဝန္ထမ္းမ်ားအပါအဝင္)အား အပိုေထာက္ပံ့ေၾကးအျဖစ္ တစ္ဦးလွ်င္တစ္လ က်ပ္ ၃၀,ဝဝဝ/- ကို ၂ဝ၂၄ ခုႏွစ္၊ ဩဂုတ္လမွစတင္၍ ပထမအႀကိမ္အျဖစ္ လစဥ္ခံစားခြင့္ျပဳခဲ့ရာ ယခုအခါ လက္ရွိေထာက္ပံ့လ်က္ရွိသည့္ အပိုေထာက္ပံ့ေၾကး က်ပ္ ၃၀,ဝဝဝ/- အျပင္ထပ္မံ၍ က်ပ္ ၃၀,၀၀၀/-(က်ပ္သုံးေသာင္းတိတိ)ကို အပိုေထာက္ပံ့ေၾကးအျဖစ္ လစဥ္ခံစားခြင့္ျပဳရန္ ျဖစ္ေၾကာင္း သိရသည္။

အပိုင္း ၆ အေနျဖင့္ အၿငိမ္းစားဝန္ထမ္းမ်ားအား အပိုေထာက္ပံ့ေၾကးေပးေရးႏွင့္စပ္လ်ဥ္း၍ လိုက္နာေဆာင္႐ြက္ရန္မွာ ႏိုင္ငံေတာ္အတြင္း မွီတင္းေနထိုင္ၾကသည့္ အၿငိမ္းစားဝန္ထမ္းမ်ားကိုသာ အပို ေထာက္ပံ့ေၾကးကို ခံစားခြင့္ျပဳရန္ျဖစ္၍ ႏိုင္ငံျခားတိုင္းျပည္မ်ားတြင္ ယာယီျဖစ္ေစ၊ အၿမဲတမ္းျဖစ္ေစ သြားေရာက္ေနထိုင္ၾကသူမ်ားကို ႏိုင္ငံျခားတြင္သြားေရာက္ေန စဥ္အတြင္း အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္ျပဳမည္ မဟုတ္ေၾကာင္း၊ ပင္စင္လစာတစ္ခုထက္ပို၍ ရရွိေနေသာ အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ ယင္းသို႔ ရရွိေနသည့္ ပင္စင္လစာအားလုံး၏စုစုေပါင္းအေပၚတြင္ အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္ျပဳရန္ျဖစ္ေၾကာင္း သိရသည္။

မိသားစုပင္စင္ႏွင့္ပတ္သက္၍ အက်ိဳးခံစားခြင့္ရွိသူအားလုံး(ဥပမာ-ကြယ္လြန္သူ ဝန္ထမ္း၏ ဇနီးႏွင့္သားသမီးမ်ားအားလုံး)ခံစားရရွိေနသည့္ ပင္စင္ေငြစုစုေပါင္း အေပၚတြင္ အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္ျပဳရန္ႏွင့္ ယင္းအပိုေထာက္ပံ့ေၾကး ကို တစ္ႀကိမ္သတ္မွတ္ၿပီးျဖစ္ပါက တစ္ဦးတစ္ေယာက္၏ခံစားခြင့္ရပ္စဲသြားသည့္ အခါ အပိုေထာက္ပံ့ေၾကးကို ထပ္မံျပင္ဆင္သတ္မွတ္ရန္ မလိုေၾကာင္း၊ ယခုခြင့္ျပဳေသာ အပိုေထာက္ပံ့ေၾကးကို တစ္လုံးတည္းပင္စင္အျဖစ္ လဲလွယ္ခြင့္ မရွိေၾကာင္း၊ ပင္စင္ႏွင့္လုပ္သက္ဆုေငြမ်ားကို လက္ရွိျပ႒ာန္းထားေသာ စည္းမ်ဥ္းမ်ားအတိုင္း ပင္ ဆက္လက္ခံစားခြင့္ျပဳရမည္ ျဖစ္ကာ ယခင္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ ၁၅-၈-၂ဝ၂၄ ရက္စြဲပါ စာအမွတ္၊ စဘ/ဘ႑ာ-၂/၂/၃၁၀ (၃၉၀၄/၂ဝ၂၄)ျဖင့္ ထုတ္ျပန္ထားသည့္ ၫႊန္ၾကားခ်က္အပိုဒ္ ၂ ပါ အခ်က္မ်ားကိုပါ လိုက္နာေဆာင္႐ြက္ရမည္ ဟု ေဖာ္ျပထားသည္။

အပိုင္း ၇ အေနျဖင့္ ဤအမိန႔္သည္ ၂ဝ၂၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔မွစ၍ အတည္ျဖစ္ေသာေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ားအား ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလ အတြက္ ေပးရန္ရွိေသာ လစာ၊ လုပ္ခ၊ ပင္စင္လစာႏွင့္အတူ အပိုေထာက္ပံ့ေၾကးကို ထုတ္ေပးႏိုင္ ေအာင္ ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.