BigBang အဖွဲ့ဝင် T.O.P၊ Squid Game ဒါရိုက်တာရဲ့တည်းဖြတ်မှုနဲ့အတူ တစ်ကိုယ်တော်သီချင်း ထွက်ရှိမည်

 118

ရောင်နီ (NP News) - အောက်တိုဘာ ၁

K-pop ယောက်ျားလေးအဖွဲ့ BigBang ရဲ့ အဖွဲ့ဝင်ဟောင်း တောင်ကိုရီးယား ရက်ပ်အဆိုတော် T.O.P ဟာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ တစ်ကိုယ်တော်သီချင်းနဲ့ တစ်ကိုယ်တော်အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက စက်တင်ဘာ ၃ဝ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ T.O.P အတွက် ၂၀၁၃ ခုနှစ်က ဒစ်ဂျစ်တယ်တေးသီချင်း Doom Dada ထွက်ရှိပြီး နောက်ပိုင်း ၁၂ နှစ်ကြာအချိန်ကာလအတွင်း ပထမဆုံး ထွက်ရှိတဲ့ တစ်ကိုယ်တော်သီချင်းဖြစ်ပါတယ်။ T.O.P ဟာ Netflix စီးရီး Squid Game Season 2 မှာ အကြွေးတွေနဲ့ရုန်းကန်နေရတဲ့ မူးယစ်ဆေးစွဲနေသူ ရက်ပ်ပါဟောင်း သာနိုး (Player 230) အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။
အဲဒီနောက် T.O.P ဟာSquid Gane ဒါရိုက်တာ ချီကျောင်းဆမ်ရဲ့တေးဖြတ်မှုနဲ့အတူ တစ်ကိုယ်တော် သီချင်းသစ်ထွက်ဖို့ စီစဉ်ထားတာဖြစ်ပြီး အောက်တိုဘာလအတွင်း ဒါမှမဟုတ် အောက်တိုင်ဘာလ နောက်ပိုင်းမှာ ဖြန့်ချိမယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Zawgyi Version;
BigBang အဖြဲ႕ဝင္ T.O.P၊ Squid Game ဒါ႐ိုက္တာရဲ႕တည္းျဖတ္မႈနဲ႔အတူ တစ္ကိုယ္ေတာ္သီခ်င္း ထြက္ရွိမည္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁
K-pop ေယာက္်ားေလးအဖြဲ႕ BigBang ရဲ႕ အဖြဲ႕ဝင္ေဟာင္း ေတာင္ကိုရီးယား ရက္ပ္အဆိုေတာ္ T.O.P ဟာ ၂၀၂၅ ခုႏွစ္ေႏွာင္းပိုင္းမွာ တစ္ကိုယ္ေတာ္သီခ်င္းနဲ႔ တစ္ကိုယ္ေတာ္အႏုပညာရွင္တစ္ဦးအျဖစ္ ပရိသတ္ေရွ႕ ျပန္လည္ေရာက္ရွိလာဖို႔ စီစဥ္ထားတယ္လို႔ သတင္းရင္းျမစ္ေတြက စက္တင္ဘာ ၃ဝ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ဒါဟာ T.O.P အတြက္ ၂၀၁၃ ခုႏွစ္က ဒစ္ဂ်စ္တယ္ေတးသီခ်င္း Doom Dada ထြက္ရွိၿပီး ေနာက္ပိုင္း ၁၂ ႏွစ္ၾကာအခ်ိန္ကာလအတြင္း ပထမဆုံး ထြက္ရွိတဲ့ တစ္ကိုယ္ေတာ္သီခ်င္းျဖစ္ပါတယ္။ T.O.P ဟာ Netflix စီးရီး Squid Game Season 2 မွာ အေႂကြးေတြနဲ႔႐ုန္းကန္ေနရတဲ့ မူးယစ္ေဆးစြဲေနသူ ရက္ပ္ပါေဟာင္း သာႏိုး (Player 230) အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး လူႀကိဳက္မ်ားခဲ့ပါတယ္။
အဲဒီေနာက္ T.O.P ဟာSquid Gane ဒါ႐ိုက္တာ ခ်ီေက်ာင္းဆမ္ရဲ႕ေတးျဖတ္မႈနဲ႔အတူ တစ္ကိုယ္ေတာ္ သီခ်င္းသစ္ထြက္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး ေအာက္တိုဘာလအတြင္း ဒါမွမဟုတ္ ေအာက္တိုင္ဘာလ ေနာက္ပိုင္းမွာ ျဖန႔္ခ်ိမယ္လို႔ သတင္းရင္းျမစ္ေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.