ကမ္ဘောဇဘဏ်သို့ ချေးငွေပြန်ဆပ်ရန် ပျက်ကွက်သူ (၆၀)ကျော်ကို သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်

 234

စော (NP News) - အောက်တိုဘာ ၁
ကမ္ဘောဇဘဏ်လီမိတက်၏ Quick Access Loan, Personal Loan, Shopper Loan နှင့် Shopper Installment Loan ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူ (၆၂)ဦးကို သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာထားသည်။
အဆိုပါလုပ်ငန်းရှင်များသည် ချေးငွေ အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများအား ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိနေသည့်အတွက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ဆက်သွယ်တောင်းခံခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ပေးဆပ်ခြင်းမရှိဘဲ ဆက်လက်ပျက်ကွက်နေကြောင်း ကြေညာထားချက်အရ သိရသည်။
ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများမှာ ဦးဖြိုးမောင်မောင် {ငွေကျော့ (၂) စတိုး (စတိုးဆိုင်)}၊ဒေါ်နီနီအေး {ဦးမြင့်သိန်း (၂) (ကုန်စုံဆိုင်)}၊ ဒေါ်ဆုမြတ်စန္ဒာ {ဗိုလ်ရွှေထိုက်စု (မီနီမတ် နှင့် စားသောက်ဆိုင်)}၊ ဒေါ်သက်သက်ဝေ {မေတ္တာစမ်းရေ (ရေသန့်)}နှင့်ဒေါ်အေးနန္ဒာဝင်း {Shwe Yamin (စတိုးဆိုင်)} စသည့်တို့အပြင် လုပ်ငန်းရှင် (၅၇)ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်သို့ ပေးဆပ်ရန်ရှိသည့် အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများကို ယနေ့ (အောက်တိုဘာ ၁ ရက်) မှ (၁၄) ရက်အတွင်း နီးစပ်ရာဘဏ်ခွဲသို့ လာရောက်ဆက်သွယ်ပေးဆပ်ပါရန် နှင့် သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆက်လက်၍ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။

Zawgyi Version;
ကေမာၻဇဘဏ္သို႔ ေခ်းေငြျပန္ဆပ္ရန္ ပ်က္ကြက္သူ (၆၀)ေက်ာ္ကို သတ္မွတ္ရက္အတြင္း ေပးဆပ္ျခင္းမရွိပါက ဥပေဒႏွင့္အညီေဆာင္႐ြက္သြားမည္
ေစာ (NP News) - ေအာက္တိုဘာ ၁
ကေမာၻဇဘဏ္လီမိတက္၏ Quick Access Loan, Personal Loan, Shopper Loan ႏွင့္ Shopper Installment Loan ေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္ေနသူ (၆၂)ဦးကို သတ္မွတ္ရက္အတြင္း ေပးဆပ္ျခင္းမရွိပါက ဥပေဒႏွင့္အညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာတြင္ ထည့္သြင္းေၾကညာထားသည္။
အဆိုပါလုပ္ငန္းရွင္မ်ားသည္ ေခ်းေငြ အရင္း၊ အတိုးႏွင့္ က်သင့္သည့္ အဖိုးအခမ်ားအား ျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္လ်က္ရွိေနသည့္အတြက္ နည္းမ်ိဳးစုံျဖင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ေတာင္းခံျခင္း၊ ေၾကညာခ်က္ထုတ္ျပန္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေပးဆပ္ျခင္းမရွိဘဲ ဆက္လက္ပ်က္ကြက္ေနေၾကာင္း ေၾကညာထားခ်က္အရ သိရသည္။
ေခ်းေငြျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္ေနသူမ်ားမွာ ဦးၿဖိဳးေမာင္ေမာင္ {ေငြေက်ာ့ (၂) စတိုး (စတိုးဆိုင္)}၊ေဒၚနီနီေအး {ဦးျမင့္သိန္း (၂) (ကုန္စုံဆိုင္)}၊ ေဒၚဆုျမတ္စႏၵာ {ဗိုလ္ေ႐ႊထိုက္စု (မီနီမတ္ ႏွင့္ စားေသာက္ဆိုင္)}၊ ေဒၚသက္သက္ေဝ {ေမတၱာစမ္းေရ (ေရသန႔္)}ႏွင့္ေဒၚေအးနႏၵာဝင္း {Shwe Yamin (စတိုးဆိုင္)} စသည့္တို႔အျပင္ လုပ္ငန္းရွင္ (၅၇)ဦးတို႔လည္း ပါဝင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေခ်းေငြျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္ေနသူမ်ားအေနျဖင့္ ကေမာၻဇဘဏ္လီမိတက္သို႔ ေပးဆပ္ရန္ရွိသည့္ အရင္း၊ အတိုးႏွင့္ က်သင့္သည့္ အဖိုးအခမ်ားကို ယေန႔ (ေအာက္တိုဘာ ၁ ရက္) မွ (၁၄) ရက္အတြင္း နီးစပ္ရာဘဏ္ခြဲသို႔ လာေရာက္ဆက္သြယ္ေပးဆပ္ပါရန္ ႏွင့္ သတ္မွတ္ရက္အတြင္း ေပးဆပ္ျခင္းမရွိပါက ဥပေဒႏွင့္အညီ ဆက္လက္၍ တရားစြဲဆိုေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.