ဧရာဝတီတိုင်းအတွင်း မိုးမြေပဲဆန်များဝယ်လိုအားကောင်းနေ

138

ပြည့်ဖြိုး(NP News)- အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ၌ မြေပဲဆန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပန်းတနော်မြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။
ပန်းတနော်မြို့နယ် ပဲဈေးကွက်၌ ယခုနှစ် စက်တင်ဘာလ ဒုတိယ ပတ်မှစ၍ မြေပဲဆန်များ အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါမြေပဲဆန်များ အရောင်းအဝယ်ကောင်းလာခြင်းသည် မြေပဲဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းများက မြေပဲဆန်များ ဝယ်လိုအား ကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
''လက်ရှိပဲဈေးကွက်ထဲကို ဒေသထွက်မြေပဲတွေအပြင် တခြားဒေသ ကနေ မိုးမြေပဲတွေပါ ဝင်ရောက်နေပါတယ်။ မြေပဲဆီတွေ ထုတ်လုပ်မှု အားကောင်းလာတာကြောင့် မြေပဲဆန်အရောင်းအဝယ် ကောင်းလာတာပါ။ လာမယ့်နွေမြေပဲအသစ်တွေ မပေါ်သေးတဲ့အချိန်အထိ အရောင်းအဝယ်ကောင်းနေမှာပါ။ အခုလို မြေပဲဆန်တွေ အရောင်းအဝယ် ကောင်းမွန်နေတဲ့အတွက် တောင်သူတွေအပြင် လုပ်သားတွေနဲ့ကုန်သည်တွေလည်း အဆင်ပြေလာပါတယ်" ဟု ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဌေးဌေးမြင့်ကပြောသည်။
မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် (၈၀၀၀)၊ မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် (၁၅၅၀၀)၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် (၅၇၀၀) အသီးသီး ပေါက်ဈေး ရှိနေကြောင်းသိရသည်။
ပန်းတနော်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည်မြေပဲဆန်များကို ဝယ်ယူကြိတ်ခွဲပြီး မြေပဲဆီ၊ မြေပဲဆန်၊ မြေပဲအခွံပါ စသည်ဖြင့် ပုံစံအမျိုးမျိုး ထုတ်လုပ်ကာ ဝယ်ယူ သည့်ဒေသများသို့ စနစ်တကျထုပ်ပိုး တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

Zawgyi Version:
ဧရာဝတီတိုင္းအတြင္း မိုးေျမပဲဆန္မ်ားဝယ္လိုအားေကာင္းေန
ျပည့္ၿဖိဳး(NP News)- ေအာက္တိုဘာ ၁
ဧရာဝတီတိုင္းေဒသႀကီး ၌ ေျမပဲဆန္မ်ား ဝယ္လိုအားေကာင္းၿပီး အေရာင္းအဝယ္ေကာင္းမြန္ေနေၾကာင္း ပန္းတေနာ္ၿမိဳ႕နယ္မွ ပဲမ်ိဳးစုံေရာင္းဝယ္ေရး လုပ္ငန္းလုပ္ကိုင္သူ မ်ားထံမွ သိရသည္။
ပန္းတေနာ္ၿမိဳ႕နယ္ ပဲေဈးကြက္၌ ယခုႏွစ္ စက္တင္ဘာလ ဒုတိယ ပတ္မွစ၍ ေျမပဲဆန္မ်ား အေရာင္းအဝယ္ ေကာင္းမြန္ေနေၾကာင္း၊ အဆိုပါေျမပဲဆန္မ်ား အေရာင္းအဝယ္ေကာင္းလာျခင္းသည္ ေျမပဲဆီႀကိတ္ခြဲထုတ္လုပ္သည့္ လုပ္ငန္းမ်ားက ေျမပဲဆန္မ်ား ဝယ္လိုအား ေကာင္းလာျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။
''လက္ရွိပဲေဈးကြက္ထဲကို ေဒသထြက္ေျမပဲေတြအျပင္ တျခားေဒသ ကေန မိုးေျမပဲေတြပါ ဝင္ေရာက္ေနပါတယ္။ ေျမပဲဆီေတြ ထုတ္လုပ္မႈ အားေကာင္းလာတာေၾကာင့္ ေျမပဲဆန္အေရာင္းအဝယ္ ေကာင္းလာတာပါ။ လာမယ့္ေႏြေျမပဲအသစ္ေတြ မေပၚေသးတဲ့အခ်ိန္အထိ အေရာင္းအဝယ္ေကာင္းေနမွာပါ။ အခုလို ေျမပဲဆန္ေတြ အေရာင္းအဝယ္ ေကာင္းမြန္ေနတဲ့အတြက္ ေတာင္သူေတြအျပင္ လုပ္သားေတြနဲ႔ကုန္သည္ေတြလည္း အဆင္ေျပလာပါတယ္" ဟု ပဲမ်ိဳးစုံေရာင္းဝယ္ေရးလုပ္ငန္းရွင္ ေဒၚေဌးေဌးျမင့္ကေျပာသည္။
ေျမပဲအနီလုံးဆန္ တစ္ပိႆာလွ်င္ ေငြက်ပ္ (၈၀၀၀)၊ ေျမပဲဆီ တစ္ ပိႆာလွ်င္ ေငြက်ပ္ (၁၅၅၀၀)၊ ပဲဖတ္တစ္ပိႆာလွ်င္ ေငြက်ပ္ (၅၇၀၀) အသီးသီး ေပါက္ေဈး ရွိေနေၾကာင္းသိရသည္။
ပန္းတေနာ္ၿမိဳ႕နယ္မွ စားေသာက္ကုန္ေရာင္းဝယ္ေရး လုပ္ငန္းလုပ္ကိုင္သူမ်ားသည္ေျမပဲဆန္မ်ားကို ဝယ္ယူႀကိတ္ခြဲၿပီး ေျမပဲဆီ၊ ေျမပဲဆန္၊ ေျမပဲအခြံပါ စသည္ျဖင့္ ပုံစံအမ်ိဳးမ်ိဳး ထုတ္လုပ္ကာ ဝယ္ယူ သည့္ေဒသမ်ားသို႔ စနစ္တက်ထုပ္ပိုး တင္ပို႔ေရာင္းခ်လ်က္ ရွိေၾကာင္း သိရသည္။