ကျောက်မဲမြို့ပေါ်ဧရိယာအားလုံးကို တပ်မတော်က အပြီးသတ်ပြန်လည်ထိန်းချုပ်

 704

သန့်ဇင် (NP News) - အောက်တိုဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၏ မြို့ပေါ်ဧရိယာအားလုံးကို တပ်မတော်က ယနေ့ (အောက်တိုဘာ ၁ ရက်)၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် အပြီးသတ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်မဲမြို့ကို TNLA အဖွဲ့က (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့်ဖော်ဆောင်ခဲ့သော တိုက်ပွဲ ဒုတိယအပိုင်းတွင် ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး (၁)နှစ်ကျော်အကြာတွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျောက်မဲမြို့ပေါ်ရပ်ကွက်မြို့ပေါ်ဧရိယာအားလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်ပေါ့နော်။ မြို့ပေါ်ဧရိယာအားလုံးကို ထိန်းချုပ်နိုင်ခဲ့တာပေါ့။ စစ်ကြောင်းဝင်လာတော့လည်း ကြိုဆိုကြတယ်။ အားလုံးကလည်းကျွန်တော့်ကို ဖုန်းဆက်ကြတယ်။ ငိုကြတယ်။ မပြန်ရတာနှစ် ပေါက်နေပြီလေ။ တချို့ကျတော့လည်း ပြန်ချင်ပေမယ့် အဖေမရှိတော့တာတို့။ သားသမီးမှရှိတော့တာတို့ ဝမ်းသာ၊ ဝမ်းနည်းပေါ့” ဟု ကျောက်မဲမြို့ခံတစ်ဦးက NP News ကို ပြောသည်။
တပ်မတော်အနေဖြင့် ကျောက်မဲမြို့ပြန်လည်သိမ်းပိုင်နိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်က စတင်ကာ ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် TNLA လက်နက်ကိုင်အဖွဲ့သည် ကျောက်မဲမြို့မှမထွက်ခွာမီ ယမန်နေ့က ကမြို့အတွင်းရှိ တရားရုံး၊ ရဲစခန်း၊ မီးသက်စခန်း၊ ခရိုင်ထွေ အုပ်ရုံး၊ စည်ပင်ရုံး၊ ဆောက်လုပ်ရေးရုံး၊ စက်မှုလယ်ယာရုံးနှင့် USDP ရုံးများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေက်ာက္မဲၿမိဳ႕ေပၚဧရိယာအားလုံးကို တပ္မေတာ္က အၿပီးသတ္ျပန္လည္ထိန္းခ်ဳပ္
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕၏ ၿမိဳ႕ေပၚဧရိယာအားလုံးကို တပ္မေတာ္က ယေန႔ (ေအာက္တိုဘာ ၁ ရက္)၊ ညေန ၃ နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ အၿပီးသတ္ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ေက်ာက္မဲၿမိဳ႕ကို TNLA အဖြဲ႕က (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ေဖာ္ေဆာင္ခဲ့ေသာ တိုက္ပြဲ ဒုတိယအပိုင္းတြင္ ထိန္းခ်ဳပ္ခဲ့ျခင္းျဖစ္ၿပီး (၁)ႏွစ္ေက်ာ္အၾကာတြင္ တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“ေက်ာက္မဲၿမိဳ႕ေပၚရပ္ကြက္ၿမိဳ႕ေပၚဧရိယာအားလုံးကို ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္ေပါ့ေနာ္။ ၿမိဳ႕ေပၚဧရိယာအားလုံးကို ထိန္းခ်ဳပ္ႏိုင္ခဲ့တာေပါ့။ စစ္ေၾကာင္းဝင္လာေတာ့လည္း ႀကိဳဆိုၾကတယ္။ အားလုံးကလည္းကြၽန္ေတာ့္ကို ဖုန္းဆက္ၾကတယ္။ ငိုၾကတယ္။ မျပန္ရတာႏွစ္ ေပါက္ေနၿပီေလ။ တခ်ိဳ႕က်ေတာ့လည္း ျပန္ခ်င္ေပမယ့္ အေဖမရွိေတာ့တာတို႔။ သားသမီးမွရွိေတာ့တာတို႔ ဝမ္းသာ၊ ဝမ္းနည္းေပါ့” ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
တပ္မေတာ္အေနျဖင့္ ေက်ာက္မဲၿမိဳ႕ျပန္လည္သိမ္းပိုင္ႏိုင္ရန္ ၿပီးခဲ့သည့္ ဇူလိုင္လ တတိယအပတ္က စတင္ကာ ထိုးစစ္ဆင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ TNLA လက္နက္ကိုင္အဖြဲ႕သည္ ေက်ာက္မဲၿမိဳ႕မွမထြက္ခြာမီ ယမန္ေန႔က ကၿမိဳ႕အတြင္းရွိ တရား႐ုံး၊ ရဲစခန္း၊ မီးသက္စခန္း၊ ခ႐ိုင္ေထြ အုပ္႐ုံး၊ စည္ပင္႐ုံး၊ ေဆာက္လုပ္ေရး႐ုံး၊ စက္မႈလယ္ယာ႐ုံးႏွင့္ USDP ႐ုံးမ်ားကို မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.