(၈)လအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တရားခံ (၅၁၀၀)ကျော်ကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ဟု ဗိုလ်ချုပ်မှူးကြီး ပြော

142

သန့်ဇင်(NP News)-အောက်တိုဘာ ၂
ယခုနှစ် (၈)လအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက် တရားခံ (၅၁၀၀)ကျော်ကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(အောက်တိုဘာ ၁ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသော (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ တရားခံ (၅,၁၁၅) ဦးကို စုစုပေါင်းတန်ဖိုးငွေ ကျပ် (၉၇၇) ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခုကဲ့သို့ ကမ္ဘာကိုဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင်ယခင်က ထိန်းချုပ်ဓာတုပစ္စည်း (၃၉) မျိုးကို ထိန်းချုပ်ခဲ့ရာမှ ယခုထိန်းချုပ်ဓာတုပစ္စည်း (၄) မျိုး ထပ်တိုးပြီး စုစုပေါင်း (၄၃) မျိုးကို ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင် ကျရောက်သည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲတွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊ စုစုပေါင်း ငွေကျပ် (၁,၀၇၂) ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ (၂၉၇) သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက် ဆီးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မူးယစ်ဆေးသည် လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမည့် အန္တရာယ်ဖြစ်သဖြင့် မူးယစ်ဆေးထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ ကအစဖော်ထုတ်ရှင်းလင်းသွားနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးကို အမျိုးသားရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်လာစေရေး ပညာပေးခြင်း၊ ဆန့်ကျင်ခြင်း၊ နှိမ်နင်းခြင်းတို့ကိုလည်းပူး ပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version
(၈)လအတြင္း မူးယစ္ေဆးဝါးႏွင့္ပတ္သက္ၿပီး တရားခံ (၅၁၀၀)ေက်ာ္ကို မူးယစ္ေဆးဝါး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ဟု ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂
ယခုႏွစ္ (၈)လအတြင္း မူးယစ္ေဆးဝါးႏွင့္ပတ္သက္ တရားခံ (၅၁၀၀)ေက်ာ္ကို မူးယစ္ေဆးဝါး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ေအာက္တိုဘာ ၁ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ မဂၤလာသီရိဟိုတယ္၌ က်င္းပေသာ (၆၁)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔မွ ဩဂုတ္လ ၃၁ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံတြင္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သူ တရားခံ (၅,၁၁၅) ဦးကို စုစုေပါင္းတန္ဖိုးေငြ က်ပ္ (၉၇၇) ဘီလီယံေက်ာ္ရွိသည့္ မူးယစ္ေဆးဝါး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္
ယခုကဲ့သို႔ ကမာၻကိုဒုကၡေပးေနသည့္ မူးယစ္ေဆးဝါးမ်ား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ခ်ီးက်ဴးဂုဏ္ျပဳသည္ကို ေျပာၾကားလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ျမန္မာႏိုင္ငံတြင္ယခင္က ထိန္းခ်ဳပ္ဓာတုပစၥည္း (၃၉) မ်ိဳးကို ထိန္းခ်ဳပ္ခဲ့ရာမွ ယခုထိန္းခ်ဳပ္ဓာတုပစၥည္း (၄) မ်ိဳး ထပ္တိုးၿပီး စုစုေပါင္း (၄၃) မ်ိဳးကို ထုတ္ျပန္ထားေၾကာင္း၊ ျမန္မာႏိုင္ငံသည္ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအတြက္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
၂၀၂၅ ခုႏွစ္၊ ဇြန္လ (၂၆) ရက္တြင္ က်ေရာက္သည့္ (၃၈) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ မီးရႈိ႕ဖ်က္ဆီးပြဲတြင္ မူးယစ္ေဆးဝါးႏွင့္ ဓာတုပစၥည္း ၆၆ မ်ိဳး၊ စုစုေပါင္း ေငြက်ပ္ (၁,၀၇၂) ဘီလီယံေက်ာ္ႏွင့္ အေမရိကန္ေဒၚလာ (၂၉၇) သန္းေက်ာ္ တန္ဖိုးရွိသည့္ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို မီးရႈိ႕ဖ်က္ ဆီးႏိုင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
မူးယစ္ေဆးသည္ လူသားမ်ိဳးႏြယ္တစ္ခုလုံးကို လူၫြန႔္တုံးေစမည့္ အႏၲရာယ္ျဖစ္သျဖင့္ မူးယစ္ေဆးထုတ္လုပ္ႏိုင္သည့္ အရင္းအျမစ္မ်ား ကအစေဖာ္ထုတ္ရွင္းလင္းသြားႏိုင္ေရး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးကို အမ်ိဳးသားေရး ၿခိမ္းေျခာက္မႈတစ္ရပ္အျဖစ္ ျပည္သူလူထုတစ္ရပ္လုံးက ဝိုင္းဝန္းဆန႔္က်င္လာေစေရး ပညာေပးျခင္း၊ ဆန႔္က်င္ျခင္း၊ ႏွိမ္နင္းျခင္းတို႔ကိုလည္းပူး ေပါင္းေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)