ဒေါ်နယ်ထရမ့်အဆိုပြုထားတဲ့ သဘောတူညီချက်ကို လက်ခံကြဖို့ ပါတီဝင်အားလုံးကို ကုလသမဂ္ဂအကြီးအကဲတိုက်တွန်း

 493

Pika (NP News) - အောက်တိုဘာ ၂

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် ကတိပြုကြဖို့ ပါဝင်ပတ်သက်နေတဲ့ပါတီဝင်တွေအားလုံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က”သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် ပါတီဝင်အားလုံးက ကတိပြုဖို့ အချိန်ကျနေပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်အဆိုပြုထားတဲ့ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအစီအစဉ်ထဲမှာ ဓါးစာခံတွေအားလုံးကို အချိန်(၇၂)နာရီအတွင်း ပြန်လွှတ်ပေးဖို့၊ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေရုတ်သိမ်းဖို့နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းဖို့တို့ပါဝင်တယ်လို့လည်း သိရပါတယ်။

အာရပ်နိုင်ငံတွေနဲ့ မွတ်ဆလင်နိုင်ငံတွေအပါအဝင် အင်အားကြီးနိုင်ငံတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို ကြိုဆိုခဲ့ကြပေမယ့်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့ဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီးနောက် အဲ့ဒီသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်အဆိုပြုခဲ့တဲ့ သ‌ဘောတူညီချက်နဲ့ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ အကြီးတန်းအရာရှိအချို့ဟာ ဆွေးနွေးညှိနှိုင်းမှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ပါလက်စတိုင်းသတင်းရင်းမြစ်တစ်ခုက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ရှုပ်ထွေးမှုအချို့ရှိနေတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရက်အတော်ကြာ ကြာမြင့်နိုင်တယ်လို့လည်း ပါလက်စတိုင်းသတင်းရင်းမြစ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

zawgyi version

ေဒၚနယ္ထရမ့္အဆိုျပဳထားတဲ့ သေဘာတူညီခ်က္ကို လက္ခံၾကဖို႔ ပါတီဝင္အားလုံးကို ကုလသမဂၢအႀကီးအကဲတိုက္တြန္း

Pika (NP News) - ေအာက္တိုဘာ ၂

အေမရိကန္သမၼတေဒၚနယ္ထရမ့္ အဆိုျပဳထားတဲ့ ဂါဇာကမ္းေျမာင္ေဒသၿငိမ္းခ်မ္းေရးအစီအစဥ္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ကတိျပဳၾကဖို႔ ပါဝင္ပတ္သက္ေနတဲ့ပါတီဝင္ေတြအားလုံကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

အန္တိုနီယိုဂူတာရက္စ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဖာဟန္ဟက္က”သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ပါတီဝင္အားလုံးက ကတိျပဳဖို႔ အခ်ိန္က်ေနပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္အဆိုျပဳထားတဲ့ ဂါဇာကမ္းေျမာင္ေဒသၿငိမ္းခ်မ္းေရးအစီအစဥ္ထဲမွာ ဓါးစာခံေတြအားလုံးကို အခ်ိန္(၇၂)နာရီအတြင္း ျပန္လႊတ္ေပးဖို႔၊ဂါဇာကေန အစၥေရးတပ္ဖြဲ႕ေတြ႐ုတ္သိမ္းဖို႔နဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းဖို႔တို႔ပါဝင္တယ္လို႔လည္း သိရပါတယ္။

အာရပ္ႏိုင္ငံေတြနဲ႔ မြတ္ဆလင္ႏိုင္ငံေတြအပါအဝင္ အင္အားႀကီးႏိုင္ငံေတြဟာ ေဒၚနယ္ထရမ့္ရဲ႕ အဆိုျပဳခ်က္ကို ႀကိဳဆိုခဲ့ၾကေပမယ့္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕ဘက္ကေတာ့ တစ္စုံတစ္ရာတုံ႔ျပန္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ အဲ့ဒီသေဘာတူညီခ်က္ကို ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။

ေဒၚနယ္ထရမ့္အဆိုျပဳခဲ့တဲ့ သ‌ေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕ အႀကီးတန္းအရာရွိအခ်ိဳ႕ဟာ ေဆြးေႏြးညႇိႏႈိင္းမႈတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ ပါလက္စတိုင္းသတင္းရင္းျမစ္တစ္ခုက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ရႈပ္ေထြးမႈအခ်ိဳ႕ရွိေနတာေၾကာင့္ ေဆြးေႏြးညႇိႏႈိင္းမႈေတြဟာ ရက္အေတာ္ၾကာ ၾကာျမင့္ႏိုင္တယ္လို႔လည္း ပါလက္စတိုင္းသတင္းရင္းျမစ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.